Wednesday, June 6, 2012

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံခြင်း


ငြိမ်းငြိမ်းနိုင်7Day News Journal
 
 “နှစ်နိုင်ငံကြားမှာရှိနေတဲ့ ဘယ်စီမံကိန်းကမှ မြန်မာပြည်သူတွေရဲ့အခြေခံအကျိုးစီးပွားကို ဆန့်ကျင်မယ်လို့ ကျွန်တော်ကတော့ မထင်ဘူး”



နယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ထိစပ်နေသော ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်တို့သည် ရှေးမဆွကပင် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။ သို့သော် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်နိုင်ငံအစိုးရဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့သည်။ အထူးသဖြင့် အမေရိကန် အပါအ၀င် ဥရောပသမဂ္ဂနှင့် အနောက်အုပ်စုက မြန်မာနိုင်ငံတပ်မတော်အစိုးရအပေါ် သံတမန်ရေး ဖိအားပေးမှု၊ စီးပွားရေး ကန့်သတ် ဖြတ်တောက်ပိတ်ဆို့မှုများ ပိုမိုဆောင်ရွက်လာသည့် ၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ကာ တရုတ်-မြန်မာဆက်ဆံရေးက ပိုပြီးထဲထဲဝင်ဝင် ဖြစ်လာခဲ့သည်။

ယခုအခါ သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ က နိုင်ငံတော်အာဏာလွှဲပြောင်း ရယူခဲ့ပြီး သိသာမြင်သာသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လာခဲ့သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ ကြားဖြတ်ရွေးကောက်ပွဲမှ တစ်ဆင့် လွှတ်တော်နိုင်ငံရေးသို့ ခြေချလာနိုင်ခဲ့သည်။

ထိုကဲ့သို့ တိုးတက်ဖြစ်ထွန်းမှုအခြေအနေများကြောင့် နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာ့ အသိုင်းအ၀ိုင်းအလယ်တွင် ၀ိုင်း ၀န်းပိတ်ဆို့ထားခြင်းခံရသည့် မြန်မာနိုင်ငံအား အမေရိကန် အပါ
အ၀င် ဥရောပသမဂ္ဂနှင့် အနောက် အုပ်စုတို့က အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့အဆင့်သို့ လျှော့ချပေးခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ကဲ့သို့သော နိုင်ငံ့ခေါင်းဆောင်များ၏ မြန်မာ့ခရီးစဉ်များက အေးစက်နေသော ဆက်ဆံရေးကို နွေးထွေးစေခဲ့သည်။ အစိုးရအနေဖြင့်လည်းအိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သောတရုတ်ပြည်သူ့သမ္မတနိုင်ငံတစ် နိုင်ငံကိုသာ မှီခိုနေရသည့်အခြေအနေမှ ကမ္ဘာသို့ လမ်းပေါက်များပွင့်လာခဲ့သည်။

ဤအခြေအနေတို့အပေါ်တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့်မည်သို့ အမြင်များရှိနေသည်ကို7 Day News က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာလီဂျန်ဝှာနှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လက်ရှိ မြန်မာပြည်က ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်တွေကို သံအမတ်ကြီးအနေနဲ့ ဘယ်လို သုံး
သပ်မိပါသလဲ။
မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုအခြေအနေတွေကို မြင်တွေ့ ရတာ နိုင်ငံတကာအသိုင်းအ၀ိုင်း အဖို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို အလွန်လည်း အံ့သြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနိုင်ငံမှာ သံတမန် တစ်ဦးအနေနဲ့ တစ်နှစ်ခွဲလောက် နေထိုင်အပြီးမှာတော့ အခုလို လျင်မြန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကို မျက်မြင်တွေ့ရလို့ ကျွန်တော် သိပ်ကံကောင်းတယ်လို့ ပြောရမယ်။ ဒီအပြောင်းအလဲတွေ
က မြန်မာပြည်သူတို့ရဲ့ အခြေခံအကျိုးစီးပွားအတွက်လို့ ကျွန်တော်ယုံကြည်တယ်။ မြန်မာပြည်
ဟာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့ရတယ်။ နိုင်ငံတကာ အဆင့်မှာရော၊ ဒေသတွင်းအဆင့်မှာ
ပါ အထီးကျန်ခဲ့ပါတယ်။ ဒါဟာခင်ဗျားတို့ကြောင့် မဟုတ်ဘူး။ တခြားလူတွေကြောင့်ဖြစ်တယ်။ ကျွန်တော်က ကုလသမဂ္ဂမှာလည်း အလုပ်လုပ်ခဲ့ရတော့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဖိအားက ဘယ်လိုပုံစံလဲဆိုတာ သိ ခဲ့ရပါတယ်။ သေချာတာကတော့ တရုတ်က ဒါကိုသဘောမတူပါဘူး။ ဒါပေမဲ့ ဘာဖြစ်ဖြစ် ရွေးကောက်ခံ အစိုးရတစ်ရပ်က ခေါင်းဆောင်ပြီး နိုင်ငံအတွက်၊ ပြည်သူတွေအတွက်
ပိုကောင်းတဲ့ စတင်မှုတစ်ခုကို ဖော်ဆောင်နိုင်ပြီ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းမှာ မြန်မာဟာ ဒီဒေသရဲ့ တကယ့်ဦးဆောင်နိုင်ငံတစ်ခုဖြစ်ခဲ့တယ်။ ၁၉၅၀-၁၉၆၀
ပြည့်လွန်နှစ်တွေကပေါ့။ အခုတော့မြန်မာနိုင်ငံဟာ သူ့လမ်းကြောင်း ကိုသူဖန်တီးခဲ့ပါ ပြီ။ ကျွန်တော်ထင်
တယ်၊ ခင်ဗျားမေးခွန်းအတွက် တူညီတဲ့အဖြေတွေပဲ ရလိမ့်မယ်ဆိုတာ။ ဒီအပြောင်းအလဲတွေကို ကျွန်
တော်တို့ သိပ်ကျေနပ်မိပါတယ်။

ဒါဆိုအခုဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်တွေဟာ တရုတ်နိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေများ ရှိနေမလား။
ခင်ဗျားသိတဲ့အတိုင်း တရုတ်နဲ့ မြန်မာဟာ အလွန်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေပါ။ ကျွန် တော်တို့ဟာ အပြန်အလှန်ထောက်ခံအားပေးခဲ့ကြတယ်။ သိပ်ခက်ခဲတဲ့ အခြေအနေတွေမှာတောင်
ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦးနားလည်ခဲ့ကြတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်
ရတဲ့ အကြောင်းအရင်းကတော့မြန်မာနိုင်ငံဟာ အနောက်အုပ်စုရဲ့ ဖိအားပေးမှုကို ခံနေရလို့ပါပဲ။ ကျွန်တော်တို့ မြန်မာအစိုးရကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် နဲ့ နိုင်ငံခြားအစိုးရတွေနဲ့ ဆွေးနွေး စေ့စပ်ဖို့ အမြဲပဲ တိုက်တွန်းခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့ ယုံကြည်တာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်သင့်ဘူး။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစား သင့်တယ်ဆိုတာပဲ။ ဒါကြောင့်
မြန်မာနဲ့ တရုတ် ဆက်ဆံရေးကို အပြောင်းအလဲတွေက အကျိုးသက်ရောက်မလားဆိုရင် “ဟုတ်ကဲ့သက်ရောက်ပါတယ်လို့ ဖြေရမှာ ပဲ”။ ဒါဟာအပြုသဘော ဆောင်တဲ့ အခွင့်အလမ်းသက်ရောက်မှု မျိုးပါ။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ ပြည်တွင်းအခြေအနေတွေကို တိုးတက်စေပြီး၊ အားလုံးပါဝင်မှုကို ဖြစ်ပေါ်စေလို့ပါ။ ဒါဆိုရင် ကျွန်တော်တို့အတွက်
ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဟာလည်း ကျယ်ဝန်းလာ ပါမယ်။ ဒါကြောင့် အလွန်အပြု သဘောဆောင်တဲ့ အခွင့်အလမ်း လို့ ကျွန်တော်ပြောတာပါ။ တရုတ် နိုင်ငံနဲ့ ပတ်သက်လို့ တချို့မမှန် မကန်တင်းပေးပို့ချက်တွေက လည်း မြန်မာ့စီးပွားရေးမှာ တရုတ်ရဲ့ ပါဝင်မှုကို ရောင်ပြန်ဟပ်စေခဲ့ပါ တယ်။ ရိုးရိုးသားသား ပြောရရင်
ကျွန်တော် အလွန်ပဲ အံ့အားသင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့အဲဒီသတင်းတွေဟာ တကယ့်ရည်ရွယ်ချက် အစစ်အမှန်၊ တကယ့်အချက်အလက် အမှန်တွေကို သဘောပေါက်ထားတယ်လို့ ကျွန်တော်မထင်လို့ပါပဲ။

မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ပါဝင်လာမှုအများအပြားကို သံအမတ်ကြီးမြင်နေရပြီဆိုတော့ ဒီအချက်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို တစ်စုံတစ်ရာ ခြိမ်းခြောက်မှု ဖြစ်မယ်လို့ထင်ပါသလား။
လုံးဝ မထင်ပါဘူး။ အကြောင်း ပြချက်ကတော့ ရိုးရိုးလေးပါ။ စဉ်း စားစရာကလည်း ရိုးရိုးလေးပါ။ မြန်မာနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာဖို့၊ ပိုကြယ်ဝပြီး ပိုတည်ငြိမ်လာဖို့ နိုင်ငံခြား တိုင်း ပြည်တွေနဲ့ ပိုပူးပေါင်းဆောင်ရွက် လာနိုင်မယ်။ အဲဒါဆို မြန်မာနဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းတွေ ပိုချဲ့ထွင်လာ နိုင်ပြီး အပြိုင်ဖြစ်လာမယ်။ ဒါကြောင့် မြန်မာနဲ့ အခြားနိုင်ငံတွေ ကြားဆက်ဆံရေး တိုးတက်လာ ခြင်းကြောင့် မြန်မာနဲ့ တရုတ်ပိုမိုပူးပေါင်းဆောင်ရွက်လာဖို့ အခွင့်အလမ်းတွေ များလာမယ်လို့ ကျွန်
တော်ပြောရခြင်းပါ။ ပိုပြီးပြိုင်ဆိုင်မှုများလာပြီဆိုရင် ကျွန်တော်တို့ကလည်း အခြေအနေနဲ့လိုက်အောင် ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် မြန်မာနဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုဟာ တခြား နိုင်ငံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ မေးခွန်းကို ဖြေရရင် မြန်မာနဲ့ပူးပေါင်းဆောင် ရွက်မှုတိုးတက်မြှင့်တင်ပြီး တခြား နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက် နိုင်အောင် လုပ်ဆောင်ရမှာဖြစ် ပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို နှစ်စဉ်နှစ်တိုင်းပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီးတော့လည်း
မေးချင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကူအညီတွေ ပြည်သူတွေဆီ တိုက်ရိုက်ရောက်ဖို့ ဘယ်လမ်းကြောင်း
တွေက သွားနေလဲဆိုတာ သံအမတ်ကြီး ပြောပြပေးပါ။
ခင်ဗျားရဲ့ မေးခွန်းကို ဒီလို ဖြေချင်ပါတယ်။ တရုတ်ရဲ့ အကူအညီဟာ အမြဲပဲ အစိုးရအချင်း ချင်းသွားနေတာအမှန်ပါ။ ဒါဟာ မြန်မာနဲ့ တရုတ်ကြားက ခြင်းချက် မဟုတ်ဘဲ မြန်မာနဲ့ အိနိယ၊ ဂျပန်
နဲ့ မြန်မာကြားမှာလည်း ဒီလိုပဲလို့ ထင်ပါတယ်။ အာဆီယံနဲ့ မြန်မာကြားမှာရောပေါ့။ ဒါဟာ နိုင်ငံတကာက ကျင့်သုံးနေတာဖြစ်ပြီးတရုတ်နိုင်ငံတစ်နိုင်ငံတည်းက မဟုတ်ပါဘူး။ တရုတ်နိုင်ငံအကူ အညီတွေဟာ မြန်မာပြည်သူတွေဆီ ဘယ်လောက်တိုက်ရိုက်ရောက် လဲဆိုရင် ခင်ဗျားသိတဲ့အတိုင်း တရုတ်အကူအညီဟာ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ တံတားတွေ၊ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ၊ ဓာတ်အားပေး စက်ရုံတွေလို အခြေခံအဆောက် အအုံတွေအတွက် သုံးနေတာပါ။ ကျွန်တော်ထင်တာကတော့ တံ တားတစ်စင်းဆောက်တာဟာ အ စိုးရပဲ သုံးနေပြီးတော့ သာမန်ပြည် သူတွေမသုံးနိုင်ဘူးလို့ ပြောမယ် ဆိုရင် အဲဒါမမှန်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ တံတားသုံး သူအများစုဟာ သာမန်ပြည်သူ တွေပဲလေ။ ဒါပေမဲ့ နောင်အနာဂတ်မှာ တရုတ်ရဲ့အကူအညီဟာ အစိုးရချင်းကဏ္ဍမှာတင်မဟုတ် ဘဲ ပြည်သူအချင်းချင်း ပုံစံမျိုးနဲ့ သွားရမှာပါ။ မြန်မာကို တရုတ်ရဲ့ အကူအညီဟာ အစိုးရအချင်းချင်း ဖြစ်ပေမဲ့ အစိုးရကိုပဲ ကန့်သတ် ပြီးပေးတာ မဟုတ်ပါဘူး။ ပိုပြီးအ ရေးကြီးတာ ဘယ်တံတား၊ ဘယ် စက်ရုံပဲ ဆောက်ဆောက် ပြည်သူတွေအကျိုးကို အာရုံပြုပြီး အခြေခံ ၀န်ဆောင်မှုတွေပေးဖို့ အမြဲဦး တည်ပါတယ်။

ခုနပြောသလို အခြေခံအဆောက် အအုံဆိုင်ရာ အကူအညီတွေ ပေးတာထက် လူသားချင်းစာနာမှုအ
ကူအညီတွေပေးဖို့ သံအမတ်ကြီးတို့ တရုတ်နိုင်ငံက ဆောင်ရွက်ထားတာမျိုးမရှိဘူးလား။
အခြေခံအားဖြင့် နှစ်ခုပြော ရမယ်ထင်ပါတယ်။ ပထမက နာဂစ်မုန်တိုင်းနဲ့ ငလျင်တုန်းကလို အရေးပေါ်အခြေအနေနဲ့ ပတ်သက်လို့ အကူအညီတွေပေးခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ နေ့စဉ်ဘ၀ရှင်သန်ရေးမှာ ဒေသခံတွေအတွက် ကျောင်းတွေ၊ ဆေး ခန်းတွေ ဆောက်ဖို့၊ လမ်းပန်း ဆက်သွယ်ရေးတိုးတက်ဖို့ မိဘ မဲ့ကလေးတွေ စတာတွေအတွက် ကန်ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့ပါတယ်။ ဒါတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှူဒါန်းမှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေသာ မကဘဲ လုပ်သားတွေပြည့်လျှံနေတဲ့ စက်ရုံတွေ တည်ဆောက်ရေးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကိုပဲ မြင်ချင်ပါတယ်။ ဒါဆိုရင် မြန်မာပြည်သူတွေ အလုပ် အကိုင်အခွင့်အလမ်းတွေ ပိုရလာ ပါလိမ့်မယ်။

မြန်မာပြည်သူတွေဟာ တရုတ် နိုင်ငံနဲ့ ပတ်သက်ပြီး နားလည်ထားကြတာက တရုတ်နိုင်ငံဟာ မြန်မာ
နိုင်ငံနဲ့ အလုပ်လုပ်တဲ့အခါတိုင်းသူ့အကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ ဆိုကြတယ်။ ဒီလို ထင်မြင်ချက်
ကို သံအမတ်ကြီးအနေနဲ့ သဘောတူပါသလား။
ဒီလိုယူဆချက်မျိုးကို သဘော မတူနိုင်ပါဘူး။ ကျွန်တော်တို့မှာ အမြဲပဲ ကွာခြားတဲ့ အကျိုးစီးပွား တွေရှိပါတယ်။ ဒါပေမဲ့ တရုတ် အစိုးရရဲ့ အခြေခံသဘောတရား က နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပူး ပေါင်းဆောင်ရွက်ရာမှာ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အတူတူ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ပထမထားပြီးလုပ်ဖို့ မဟုတ်ပါဘူး။ ပူးပေါင်း ဆောင်ရွက်မှုလုပ်ရာမှာ ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမထားသင့်တယ်။ နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ ဘယ်စီမံကိန်းကမှ မြန်မာပြည်သူတွေရဲ့ အခြေ ခံအကျိုးစီးပွားကို ဆန့်ကျင်မယ်လို့ ကျွန်တော်ကတော့ မထင်ဘူး။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးအမြင်ကို ပြောပါဦး။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက် ပြီး ကြီးကြီးမားမား ငြင်းခုံမှုတွေရှိနေပါတယ်။ ဒီစီမံကိန်းကို ရပ်နားခဲ့ တယ်။ အဲဒီမှာ ကျွန်တော်သမိုင်းကြောင်းလေး ပြန်ပြောချင်ပါတယ်။ ဒီစီမံကိန်းကို မြန်မာအစိုးရဘက် ကစခဲ့တာ။ တရုတ်ကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့တာပါ။ နှစ်ပေါင်းများ စွာနှစ်ဖက်ဆွေးနွေးမှုတွေလုပ်ပြီး နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တယ်။ အခု အစိုးရက ဒီစီမံကိန်းကို ဆိုင်းငံ့ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်း ကို ရပ်ပစ်မယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ အခုမြစ်ဆုံကိစ္စပြောနေကြတဲ့ မြန်မာမဟုတ်တဲ့ အဖွဲ့တွေ က မြန်မာပြည်သူတွေထက်တောင်စိုးရိမ်ပြီး ပိုသိနေကြသလိုပဲ။ မြန်မာပြည်သူတွေအားလုံး ဒီစီမံကိန်း ကို လက်ခံတယ်လို့ ကျွန်တော် မပြောပါဘူး။ ပြီးတော့ ပြည်သူ တွေအားလုံးက ထောက်ခံတယ် လို့လည်း မပြောပါဘူး။ ဒေသခံလူနည်းစုက ဆန့်ကျင်ကြမှာပါ။ တကယ်လို့ ဒီဆည်တွေဟာ ဘေး အန္တရာယ်မကင်းဘူး၊ စိတ်မချရဘူးဆိုရင် စိတ်ထဲမှာ ပေါ်လာတဲ့ မေးခွန်းက အဲဒီလို ဆည်ကြီးတွေ ဆောက်ထားပြီးတဲ့ နိုင်ငံတွေမှာ ဆို ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ ဒီဒေသကလူတွေရဲ့ အရမ်းကို သဘာဝကျတဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်နားလည်နိုင်ပါတယ်။ ကျွန်တော်ထင်တယ်၊ တာဝန်ရှိတဲ့ ချဉ်းကပ်မှုလိုသလို စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့၊ ချေဖျက်ပေးဖို့ အဖြေရှာဖို့ လိုမယ်ထင်ပါတယ်။ အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးမဟာဗျူ ဟာတွေကို ချိန်ဆရသလို လေး လေးနက်နက်လည်း စဉ်းစားရပါ တယ်။ ကျွန်တော်တို့ရဲ့ အရင်း
အမြစ်တွေကို အသုံးချဖို့၊ ဖွံ့ဖြိုး အောင်လုပ်ဖို့၊ လူအများအတွက် အကျိုးရှိအောင် လုပ်ဖို့အတွက် နည်းလမ်းရှာဖွေရပါမယ်။ လူ နည်းစုရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေရ ပါမယ်။ သူတို့ရဲ့ ဘ၀တွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ် ရပါမယ်။ ကျွန်တော်ထင်တာက တော့ ဒါလည်း ဒီမိုကရေစီနည်းလမ်းပဲဖြစ်ပါတယ်။

မကြာသေးခင်က တရုတ်မီဒီယာ တွေမှာ ရေးသားထားတာမှာ အဲဒီစီမံကိန်းပြန်စမယ်ဆိုတဲ့ သတင်း တွေပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ တိတိကျကျပြောနိုင်ပါသလား။
အဲဒီသတင်းမမှန်ပါဘူး။ မ ကြာခင်မှာ ဒီစီမံကိန်းကြီးပြန်စမယ်ဆိုတာ မမှန်ပါဘူး။ ဆွေးနွေး တိုင်ပင်မှုတွေ မပြီးပြတ်ဘဲနဲ့ အ ချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက မီးစိမ်း မပြခဲ့ရင် နိုင်ငံခြားကုမ္ပဏီတွေဖြစ် တဲ့ တရုတ်ကုမ္ပဏီတွေက ဘယ်လိုလုပ် ဆည်ဆောက်လို့ရမလဲ။ ဒါရိုးရိုးရှင်းရှင်းလေးပါ။တစ်ဖက် ကလည်း တရုတ်ကုမ္ပဏီတွေ အနေနဲ့ ဒါကိုအမြန်ဆုံး ပြန်မစလို
ဘူးလို့ မဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကလည်း ငွေ ကြေးတွေ ဆုံးရှုံးနေတယ်။ ဒေါ် လာဘီလီယံနဲ့ချီနေပြီ။ ဆောက် လုပ်ရေးသုံး ကိရိယာတွေကလည်း ဒီအတိုင်းပစ်ထားရတယ်။ ကုမ္ပဏီ
က ဒီလိုရင်းနှီးထားပြီးခါမှ ဒီလိုဆိုင်းငံ့လိုက်တယ်ဆိုတော့ ဖျက်သိမ်းတာမဟုတ်ဘူးလို့ ကုမ္ပဏီတွေကို အသိပေးထားတဲ့အတွက် စီမံ ကိန်းပြန်စဖို့ ဘယ်လို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြမလဲဆိုတဲ့ မေး ခွန်းတွေက ထွက်လာတယ်။

ခုနက သံအမတ်ကြီးပြောတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုပေါ့လေ။ကျွန်မတို့ သမ္မတက ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက တရုတ်နိုင်ငံကိုသက်ရောက်နေတယ်လို့ ပြောရမှာပေါ့။
သမ္မတက ဒီစီမံကိန်းကို ဆိုင်း ငံ့ဖို့ ကြေညာလိုက်တဲ့ အချိန်မှာတရုတ်ကုမ္ပဏီတွေက ဒေါ်လာဘီ လီယံများစွာ ရင်းနှီးထားပြီး ဖြစ်တဲ့အတွက်ကြောင့် ထိခိုက်မှုရှိတယ်ဆိုတာ အထင်အရှားပါပဲ။ ဒါပေမဲ့ တကယ်တော့ သေချာတာက တရုတ်ကုမ္ပဏီတွေတင် မကဘူး။ နိုင်ငံခြားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအများကြီး လုပ်ပြီးတဲ့အခါ အဲဒီစီမံကိန်းတွေကို နောက်ကျရင် ဆိုင်းငံ့ပစ်မှာလားဆိုတဲ့
မေးခွန်းမျိုး မေးလာလိမ့်မယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံ ကြည်မှုကို ထိခိုက်စေနိုင်တယ်။ နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ရတဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ခိုင်မာအောင်လုပ်ရပါမယ်။ မကြာသေးခင်က ဖယောင်းတိုင်ထွန်းပြီး ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် ထင်ရှားနေတာကတော့ လျှပ်စစ်ဓာတ်အားမရှိဘဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်း
ကျင်တစ်ရပ် မဖန်တီးနိုင်ဘူးဆိုတာပါပဲ။ ဒါဆိုရင် သာမန်ပြည်သူတွေအတွက် တင့်တောင့်တင့်တယ်
ဘ၀ရရှိဖို့ မမျှော်လင့်နိုင်ပါဘူး။

သံအမတ်ကြီးပြောသလိုပဲ နိုင်ငံ တစ်ဝန်းက ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှုတွေနဲ့ မြေယာ ဆုံးရှုံးမှုကြောင့် ဆနဖော်ထုတ်မှုတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်စီးပွားရေးသမားတွေ ကို တစ်နည်းအားဖြင့် ခြိမ်းခြောက်သလို ဖြစ်နေပါသလား။
ဒါကိုအပိုင်းနှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမအချက်က မြန်မာပြည်သူတွေဟာ သူတို့ အခွင့်အရေးတွေကို ဥပဒေတွေ နဲ့ အညီဖော်ထုတ်ခွင့်ရှိတယ်။ ဥပဒေစိုးမိုးခွင့်လည်း ရှိတယ်။ ဒုတိ ယအချက်အနေနဲ့ အဲဒီဆန္ဒဖော်ထုတ်သူတွေဟာ တရုတ်ကုမ္ပဏီ တွေကို ပစ်မှတ်ထား ဆန္ဒဖော် ထုတ်နေတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဆန္ဒဖော်ထုတ်သူတွေ ရဲ့ စိတ်ပျက်မှုတွေက တရုတ်စီမံ ကိန်းတွေကို ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထားနေ တယ်လို့ မထင်ဘူး။ ဒီအခြေအ နေကို ဖြေရှင်းဖို့ရာ နည်းလမ်းကတော့ အစိုးရနဲ့ ဒေသခံတွေကြား အသီးအပွင့်တွေ ပေါ်ထွက်လာ အောင် ညှိနှိုင်းရေးလို့ပဲ ထင်ပါတယ်။ မြစ်ဆုံလို့ မဆိုလိုပါဘူး။ ရေအားလျှပ်စစ်စီမံကိန်းတွေကို မြန်မြန် တည်ဆောက်ရပါလိမ့်မယ်။ ဒါဆို လျှပ်စစ်ဓာတ်အားပိုပြီးထုတ်နိုင်ပါမှာ။

သံအမတ်ကြီးက ဆနဖော်ထုတ် သူတွေဟာ တရုတ်စီမံကိန်းတွေ ကို ပစ်မှတ်မထားဘူးဆိုပေမယ့် ဥပမာအားဖြင့် မန္တလေးက တချို့တက်ကြွလှုပ်ရှားသူတွေဟာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆနဖော်
ထုတ်ကြပါတယ်။ သံအမတ်ကြီးပြောသလို တရုတ်နဲ့ဘာမှမဆိုင်ဘူးဆိုရင် လူတွေဘာကြောင့် အဲဒီကို သွားတယ်လို့ထင်ပါသလဲ။
ဒီမေးခွန်းက ဆန္ဒဖော်ထုတ် သူတွေကို မေးရင်ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့် လဲဆို ကျွန်တော့်မှာလည်း ဒီမေးခွန်း ရှိနေလို့ပါ။ ဒီလျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ တရုတ်စီမံကိန်း တွေနဲ့ မဆက်စပ်ပါဘူး။ ဘာဖြစ်လို့ တရုတ်နိုင်ငံက ဒီလိုမျိုးပစ် မှတ်ဖြစ်နေရတာလဲ။ ဒါဟာ ကျွန် တော်လည်း သိပ်သိချင်တဲ့အ ကြောင်းပဲ ဖြစ်ပါတယ်။

ဒါနဲ့ နောက်ဆုံးအနေနဲ့ မေးချင်တာ တစ်ခုပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီး တွေ့ဖြစ်
တယ်နော်။ ဘယ်နှကြိမ်ရှိပြီလဲ။ တွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစု ကြည်ပြောတဲ့ တရုတ်နိုင်ငံအစိုးရ
အတွက် သတင်းစကားက ဘာဖြစ်မလဲ။
တွေ့ဖြစ်တာပေါ့။ သုံးကြိမ် တောင်ရှိပါပြီ။ သူပေးတဲ့ သတင်းစကားနဲ့ ပတ်သက်ပြီး သံတမန် ဆန်ဆန် အဖြေပေးရရင်တော့ ခင်ဗျားစိတ်ပျက်သွားမှာ အသေ အချာပါပဲ။ ဒါပေမဲ့ သူ့ဆီက ကျွန် တော်လက်ခံရရှိတဲ့ သတင်းစကား ကတော့ သူမပြောတဲ့အတိုင်းနီး ပါးပါပဲ။ သူမဟာ တကယ့်ကို ရိုး ဖြောင့်သူတစ်ယောက်ပါ။ နှစ်နိုင် ငံကြားဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ အ ပြန်အလှန်နားလည်မှုမြှင့်တင်နိုင် ဖို့အတွက် သူမကလည်းမြန်မာနဲ့ တရုတ်နိုင်ငံကြား ပြည်သူအချင်းချင်းတိုက်ရိုက်(P to P) ဖြစ်စေချင်ပါတယ်။ ပြီးတော့ သူမက အထူးပြုပြောတာကတော့ မိတ်ဆွေသူငယ်ချင်းကို ရွေးချယ်လို့ရပေမယ့်အိမ်နီးချင်းကိုတော့ ရွေးချယ်လို့ မရနိုင်ပါဘူးတဲ့။ မြန်မာနဲ့ တရုတ်ဟာ အိမ်နီးချင်းတွေဖြစ်တယ်။ ကံကောင်းစွာပဲ ကျွန်တော်တို့ဟာ အိမ်နီးချင်း ကောင်းတွေ ဖြစ်ပါတယ်။

ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
အသေအချာရှိတာပေါ့ဗျာ။ ကျွန်တော်တစ်နှစ်ကျော် တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း မှာ ကျွန်တော့်နိုင်ငံနဲ့ ပတ်သက်ပြီးအထူးသဖြင့် သာမန်တရုတ်ပြည်သူတွေနဲ့ပတ်သက်ပြီး သိရှိမှုက အတော်လေး အကန့်အသတ်နဲ့ ရှိနေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး သိရှိလာဖို့ အခွင့်အလမ်းတွေ ပိုရှိလာဖို့ မျှော်လင့်ပါတယ်။ ကျွန် တော်အခုတွေ့ဆုံမှုကနေ မြန်မာ ပြည်သူတွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရနဲ့ တရုတ်ပြည်သူတွေရဲ့ မှန်ကန်တဲ့ သဘောထားနဲ့ ရည် ရွယ်ချက်တွေကို ပြည်သူတွေ နားလည်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။
ပြည်တွင်းပုံနှိပ်မီဒီယာနဲ့ ပထမဆုံးတွေ့ဆုံမှုအဖြစ် 7Day News ကိုဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူး
ပါပဲရှင့်။

No comments: