Friday, May 22, 2009

ကြားနာထိုက်သော အမှုအဖြစ် တရားရုံးဆုံးဖြတ် သောကြာနေ့၊ မေလ 22 2009 19:50 - မြန်မာစံတော်ချိန်

နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကာ အပြစ်ပေးပါရန် စစ်အစိုးရက အင်းစိန်ထောင်အတွင်း အထူးတရားရုံးသို့ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်

ယနေ့ ညနေ ၄ နာရီ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်တခါ ရုံးချိန်းကို တင်္နလာနေ့သို့ ချိန်းဆိုလိုက်သည်။

No comments: