Thursday, May 21, 2009

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ...။‏



ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့—! ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီ လက်ညီဖြင့်အ ထွေထွေသပိတ်ဆင်နွှဲရမည့် အချိန်ရောက်နေပါပြီ။
န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။ ပြည်သူလူထူကြီးတရပ်လုံးရှိခိုး ပူဇော်ရာဖြစ်သော သံဃာ တော် များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ ယုတ်မာချင်တိုင်းယုတ်မာနေကြ ပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။ ယခု အခါ အပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မနေလွတ်ရမည်ဖြစ်သောကြောင့်မလွှတ်ချင်သည့်
အတွက်အကောက်ကြံကာမိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာစိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန် ဆိုး ရွားနေပါသောကြောင့် လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာတနိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။



moethihaaung/ aung moe

No comments: