Sunday, May 31, 2009

အလိုချင်ဆုံး ဆန္ဒ



နှစ်ထောင့်တဆယ်သို့ ရက်ပေါင်း နှစ်ရာတဆယ့်သုံး

တုတ်ကြီး (ခေတ္တ - တာဝတိံသာ)

ကျွန်ုပ်တုတ်ကြီးသည် နိုင်ငံရေးခေါင်းဆောင်တယောက်မဟုတ်။ ပညာဟုတ်တိပတ်တိ တတ်လှသည်မဟုတ်။ လုပ်ချင်ရာလုပ်သလို နေချင်ရာနေတတ်သည့် လူတယောက်ဖြစ်ကြောင်း ကနဦးအသိပေးလို၏။ သို့သော် တုတ်ကြီးသည် အမိမြန်မာ အဖမြန်မာမှ မွေးဖွားသော မြန်မာပြည်သူတယောက်ဖြစ်၏။ ထို့ကြောင့် ပြည်သူတ ယောက်အနေဖြင့် ပြည်သူတယောက်၏ အမြင်အား တင်ပြခြင်းသာဖြစ်၏။ ရှင်းရှင်းကလေးပင်။

ထိုအချက်အလက်များအား လက်ခံမှသာလျှင် သင့်အနေဖြင့် ဆက်လက်ဖတ်ရှုသင့်ကြောင်း အသိပေးမေတ္တာ ရပ်ခံပါ၏။ ဂရုစိုက်သည် မစိုက်သည်က ကိုယ်တော်တို့၏ ကိစ္စဖြစ်ပေသည် ဆိုသည်ကိုလည်း ကျွန်ုပ်အနေဖြင့် ကောင်းကောင်း အသိအမှတ်ပြုပြီးဖြစ်ပါကြောင်း ...

မျှော်လင့်ခြင်းဖြင့် မူးယစ်ခြင်း

တောင်းကြ၏။ မေတ္တာရပ်ခံကြ၏။ ဟုတ်ပြီ။
လက်မှတ်များစွာလည်း ထိုးလိုက်ကြ၏။ တင်လိုက်ကြ၏။

နအဖစစ်အာဏာရှင်အား တကမ္ဘာလုံးက ရှုတ်ချကြ၏။ ဒါက သိပ်ထူးဆန်းလှသည့်ကိစ္စမဟုတ်တော့။ ကုလသ မဂ္ဂ၏ လုံခြုံရေးကောင်စီမှလည်း စာထုတ်အပြစ်တင်၏။ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတို့လည်း တတ်နိုင် သည့် နည်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း၊ စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်တရပ်ကို လိုလားကြောင်း နအဖသံရုံးများ ကုလသမဂ္ဂရုံးများရှေ့မှောက် ဆန္ဒပြကြွေးကြော်ကြ၏။ တိုင်းပြည်တွင်းမှ ပြည် သူလူထုတရပ်လုံးမှာလည်း ခံပြင်းဒေါသထွက်ကြ၏။

တပ်မတော်အတွင်းမှ ပြည်သူလူထုကို စာနာသော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးသော တပ်မှူး တပ်သားရဲဘော်အပေါင်းတို့လည်း မီးစင်ကြည့်ကနေရင်း ရင်တမမဖြင့် အခွင့်အခါကောင်းကို စောင့်မျှော်နေ ကြ၏။

ဤနေရာတွင် အာဆီယံအဖွဲ့အစည်း၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်နှင့်အတူ အီးယူအဖွဲ့အစည်း အမေရိကန်၊ ကုလသမဂ္ဂတို့၏ အသံကို ဆန်းစစ်လေ့လာကြည့်ရမည်ဆိုလျှင် ...

ကမ္ဘာ့နိုင်ငံများအား ချဉ်းကပ်ခြင်းအကျဉ်း

တရုတ်ကတော့ ခပ်ပြောင်ပြောင်ပင်။ သူ့ပြည်တွင်းရေးဖြစ်သည် မိမိတို့ဝင်မရှုပ်ဟူသော စကားတလုံးဖြင့် လူ ကြီးလူကောင်းလိုလို လေသံပစ်ကာခေါင်းရှောင်၏။ တကယ်တော့ ထိုကဲ့သို့ ခေါင်းရှောင်စကားကိုပြောခဲ့သည့် တရုတ်အစိုးရသည် တရုတ်ပြည်တော်လှန်ရေးတွင် အသက်ပေးသွားကြသော ၄င်းတို့ရဲဘော်ရဲဘက်များ၏ ရုပ် အလောင်းများကို တက်မုဒိန်းကျင့်လိုက်သည်နှင့် အတူတူပင်ဖြစ်၏။ တရုတ်အစိုးရလောက်ဖောက်ပြန်သည့် ကွန်မြူနစ်အစိုးရ ဤကမ္ဘာပေါ်တွင် မရှိသေး။ ကမ္ဘာ့အဖိနှိပ်ခံ အလုပ်သမားထုကြီးအတွက် အလုပ်အကျွေးပြု နေသည်ဆိုသော ကွန်မြူနစ်ဝါဒကို ၀ါသနာအရ ဖြစ်လာသည့် ပြည့်တန်ဆာမ ဓမ္မတာလာသည့် ဂါဝန်ဖြင့် အ လံထူပြီး တရုတ်အစိုးရက အကြိမ်ကြိမ် ဗလက္ကာရ တ၀ပြုကျင့်နေ၏။ နအဖပြည့်တန်ဆာခေါင်းနှင့် အကြောင်း သင့်သောကြောင့် ဖောက်ပြန်ပါသည်ဆိုသည့် အရင်းရှင်နိုင်ငံများထက်ပင် ဖောက်ပြန်သည့်လုပ်ရပ်ဖြင့် တောက်လျှောက်မျက်နှာပြောင်နေခဲ့၏။
နယ်ချဲ့လက်ပါးစေ၊ မြေရှင်ချစ်တီးတို့၏ ဇာတိသား၊ ရထားလမ်းမြင်လျှင် နောက်လှည့်ကာ ပုဆိုးလှန်မပြဘဲ မ နေနိုင်သော ကုလားတို့ကလည်း နအဖစစ်အာဏာရှင်ထံမှ ပေါချောင်ကောင်း အလကားနီးနီးရနေသော မြန် မာ့သယံဇာတ အရင်းအမြစ်တို့အတွက် နအဖ၏ ယုတ်ချင်တိုင်းယုတ်၊ ရမ်းချင်တိုင်းရမ်းနေသော ကိစ္စရပ်တိုင်း အား တုံဏှိဘာဝေ သူနှင့်မဆိုသလို နေတတ်သလိုနေကာ ရသမျှနှိုက်ယူ၏။

အမြဲတမ်းတောက်လျှောက် နအဖဘက်က ရပ်တည်ကာ အမြတ်ထုတ်နိုင်သမျှထုတ်ဖို့ရန်သာ စိတ်ကူးရှိသည့် အာဆီယံနိုင်ငံများကတော့ ယခုအခါ အီးယူ၏ ဖိအား၊ ကမ္ဘာ့ဖိအားတို့ကြောင့်အပြင် အနည်းငယ် အရှက်ရှိပုံရ သေးသော ထိုင်းဝန်ကြီးချုပ်၏ ကောင်းမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင် ဖမ်းဆီး သော နိုင်ငံရေးလုပ်ကြံမှုကြီးကို ပထမအကြိမ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ကြ၏။

အမေရိကားက ဟီလာရီတို့၊ အိုဘားမားတို့ကလည်း ဒေါသတွေ ထွက်ပြနေကြ၏။ ဘန်ကီမွန်းဆိုသည့် ချဉ်ဖတ် သည် မျက်မှေးကလည်း ကမ္ဘာကြီးနှင့် တလေသံထဲထွက်စေရန် သူ့ခမျာ ကြိုးစားသေး၏။

ပကတိဖြစ်စဉ်အား ချည်းကပ်ခြင်းအကျဉ်း

ဘိုသန်းရွှေတို့၊ လေဒီ ဒန်ဒရိုဘီယံသိန်းစိန်တို့ကတော့ မမှုရေးချမမှု။

တကယ်တမ်း သူတို့အနေနှင့် အာဆီယံထဲမှ အချိန်မရွေး ထွက်သွားနိုင်လောက်သည့် အနေအထားများရှိနေ ၏။ နအဖသည် ဆမူဆာနှင့် အီကြာကွေးရှိနေသမျှ အထီးကျန်ဖြစ်မှာ သိပ်ဂရုစိုက်လှသည်မဟုတ်။ မြောက်ကို ရီးယား၏ အဏုမြူစီမံကိန်းအတွက် ကုန်ကြမ်းရောင်းခြင်း၊ ရုရှား၏ အဏုမြူစီမံကိန်းများအတွက် ကုန်ကြမ်း ရောင်းခြင်း၊ လောင်စာနှင့် စွမ်းအင်ဆာလောင်နေသော တရုတ်နှင့် ကုလားအား သဘာဝအရင်းအမြစ်များ ရောင်းချခြင်းတို့ကို လုပ်နေနိုင်သမျှ၊ နအဖအနေဖြင့် နည်းနည်းမျှ မှုမည်မဟုတ်။

အမေရိကန်၊ အီးယူနိုင်ငံများနှင့် ထိုင်းပါသော အာဆီယံတို့က စာတွေထုတ်၊ ဒေါသတွေထွက်ပြ အပြစ်တွေ ပြောနေကြသော်လည်း တကယ်တမ်းတော့ အမေရိကန်သည် နအဖထံမှ သွယ်ဝိုက်သောနည်းဖြင့် အကျိုးအ မြတ်ရှိနေ၏။ အမေရိကန်အစိုးရအနေဖြင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င် ဒီမိုကရေစီရေးအတွက် အကျဉ်းကျခံနေရသော လွတ်မြောက်ရေးတိုက်ပွဲဝင်သူအပေါင်းအား စာနာပါလျှင် ၄င်းတို့နိုင်ငံမှ ချယ်ဗရွန်ကုမ္ပဏီအား နအဖနှင့်ပူးတွဲလျက် အကျိုးအမြတ်ရှာနေသည်ကို ချက်ချင်း ရပ်တန်းကရပ်ရန် ဆောင်ရွက်ရမည်ဖြစ်သလို အီးယူအုပ်စုသည်လည်း တိုတယ်ကုမ္ပဏီကို မြန်မာပြည်တွင်းမှ ပြန်လည်ထွက်ခွာလာစေရန် လုပ်ဆောင်သင့်၏။

ပခြုပ်ဆိုင်စကားနှင့်ပြောရသော် အိုဘားမားသည်လည်း ကတုံးရိတ် ဦးထုတ်ဆောင်းလာသည့် အသစ်ကလေး သာဖြစ်၏။ တကယ်တော့ သူလည်း American interest ကို အထိခံကျော်လွန်ပြီး မြန်မာပြည်သူတွေအတွက် စွမ်းစွမ်းတမံလုပ်မည့် လူမဟုတ်။ နအဖအနေဖြင့် American interest ကို တည့်တည့်ထိမှသာလျှင် ထိထိ ရောက်ရောက် တုန့်ပြန်မည့်သူဖြစ်သည်။

ကုလသမဂ္ဂသည်လည်း ကမ္ဘာ့မျက်နှာအပြောင်ဆုံး ဗြူရိုကရက်များ၏ စုရပ်ဆုံရပ်ဖြစ်၏။ အားကိုးလောက်ဖွယ် မရှိ။ နအဖစစ်အာဏာရှင်အနေဖြင့် ထိုအရာအားလုံးအား ကောင်းကောင်းသိပြီးသားဖြစ်၏။ နိုင်ငံတကာခုံရုံး တော်အထိ ဘိုသန်းရွှေနှင့် အပေါင်းပါများ၏ ကုတ်ကိုဆွဲပြီး ပို့ဖို့ဆိုသည့်ကိစ္စ စာရွက်ပေါ်မှာပင် အတည်ပြုနိုင် ဖို့က ခက်နေသေး၏။ သို့သော် ထိုသူတို့ လားရာလမ်းမှာ ထိုလမ်းကိုပင် ဆိုက်ဆိုက်မြိုက်မြိုက်ဖြစ်နေ၏။ သို့ သော် ယခုအခါသည်ကား ၂၀၀၉ ခုနှစ် ဇွန်လအတွင်းသို့ ရောက်ရှိလာပြီဖြစ်၏။ နအဖ၏ ၂၀၁၀ ရွေးကောက် ပွဲသည်ကား ဘာမျှမလိုတော့။

ယခုအချိန်တွင် နအဖစစ်အာဏာရှင်တို့အား စားမ၀င်အိပ်မပျော် ဖြစ်စေသောကိစ္စသည် ၂၀၁၀ ရွေးကောက် ပွဲဖြစ်၏။ တပ်မတော်သားများဖြစ်၏။ ပြည်သူလူထုကြီးဖြစ်၏။ နအဖသည် ၂၀၁၀ ကို ဖြစ်အောင်လုပ်မည်ဖြစ် ၏။ ထိုသို့ဖြစ်အောင်လုပ်သည့် လမ်းခုလတ်တွင် ၂၀၀၇ ခုနှစ် အတွေ့အကြုံကိုရရှိထားသော ရဟန်းရှင်လူပြည် သူလူထု၏ အုံကြွတော်လှန်မှု၊ တပ်မတော်တွင်း အုံကြွလာနိုင်မှု စသည့်အလားအလာများအား ၄င်းတို့လည်း ကောင်းကောင်းမြင်ကြ၏။

ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကလည်း နအဖစစ်အာဏာရှင်အား ရိုဟင်ဂျာကိစ္စဖြင့် ကျပ်၏။ ရိုဟင်ဂျာတွေ ဘာဆို သည်၊ ရိုဟင်ဂျာ၏ အရင်းအမြစ် ဘာဖြစ်သည်ကိုလည်း ၄င်းတို့ကောင်းကောင်းသိ၏။ တရုတ်ပြည် ကျော ထောက်နောက်ခံယူထားသော ၀ သ ပ လို အဖွဲ့အစည်းကလည်း ယခုအခါ သူတို့ကိုယ်သူတို့အစိုးရဟု တရား ၀င်အမည်တပ်ကာ အမြဲတမ်း တပ်မတော်တခုကို အခြေတကျ တည်ဆောက်ထားပြီး နအဖ၏ နယ်ခြားစောင့် တပ်မလုပ်နိုင်ဟူသော လေသံပစ်လာ၏။ ဓားပြသာသာ ငြိမ်းချမ်းရေးအဖွဲ့အစည်းများကိုတော့ နအဖက တ ကယ်တမ်းဂရုမစိုက်။

ယခုအခါ နအဖသည် အလောသုံးဆယ်တွက်ကာ ဂွင်ရိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးလိုက်မှု သည် ပြည်သူလူထုတရပ်လုံး၏ စိတ်နှလုံးကို ကြိမ်မီးအုံးအောင် လုပ်လိုက်ခြင်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ၄င်းတို့အနေဖြင့် နိုင်ငံရေး၊ သံတမန် ရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးအမြတ် ရလာစရာမရှိ။ ထို့ကြောင့် ၄င်းတို့အနေနှင့် လုပ်လာနိုင်သည်မှာ ၂၀၀၇ အရေးတော်ပုံအပြီး ချက်ချင်းတက်သုတ်ရိုက် အာရုံပြောင်း၍ အခြေခံဥပဒေအတုအယောင်အား အ သက်သွင်းရေးလှုပ်ရှားမှုကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သောကြေညာချက် တစုံတရာထွက်လာ နိုင်စရာ အကြောင်းရှိ၏။

အလံနီလက်နက်ချ သုဝေနှင့် ပေါကြောင်ကြောင် အချောင်သမား ရဲထွန်းတို့ကဲ့သို့သော သူများကတော့ ဘယ် သူသေသေ ငတေမာဖို့လိုသည့်မူအတိုင်း ဆက်လက်စိုင်းပြင်းလုပ်ဆောင်မည်မှာ မုချဖြစ်၏။ တတိယအုပ်စု ဆိုသည့်သူများကလည်း လူလည် လူနပ် လူတွင်ကျယ်တို့၏ ထုံးစံအတိုင်း ကျားအိုချီလာသော သားကောင်မှ အရိုးအရင်းကိုက်ရန် ၀ိုင်းအုံစောင့်စားနေကြသော ခွေးအ များကဲ့သို့ အခြေအနေနှင့် အချိန်အခါကို အသုံးချဖို့ ရန် ကြိတ်ပုန်းခုတ်နေကြမည်ဖြစ်၏။

လူထုသည်သာ သမိုင်းကိုပြောင်းလဲနိုင်သည့် အင်အားစုဖြစ်၏။ လူထုသည်သာ အာဏာရှင်စနစ်ကို ဖြိုချနိုင် သည့် စွမ်းပကားရှိ၏။ ထို့ကြောင့် လူထုကြီးတရပ်လုံးအနေဖြင့် ငတ်မွတ်ခေါင်းပါး သိက္ခာမဲ့နေသည့် ဘ၀များမှ ရုန်းထွက်ပြီး အုံကြွတော်လှန်မှုမရှိသမျှ စစ်အာဏာရှင်သည် နာမည်ပေါင်းစုံပြောင်း မျက်နှာဖုံးပေါင်းစုံ ထည် လဲသုံးကာသာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားလုယူ ရက်စက်နေဦးမည်ဖြစ်ပေ၏။

လုပ်ဆောင်သင့်သည်များ

နိုင်ငံခြားရောက် မြန်မာတို့အနေဖြင့်လည်း နအဖသံရုံးတို့အား သွားရောက်ဆန္ဒပြသည်ထက် တရုတ်၊ ကုလား တို့၏ အရှက်မဲ့လုပ်ရပ်များအား သူတို့၏ သံရုံးများရှေ့တွင် ဖွင့်ချတောင်းဆို ဆန့်ကျင်ခြင်းဖြင့်လည်းကောင်း၊ ချယ်ဗရွန်နှင့် တိုတယ်ကဲ့သို့သော ကုမ္ပဏီများ၏ ရုံးစိုက်ရာဌာနချုပ်များ၊ ဋ္ဌာနခွဲများရှေ့တွင် ဆန္ဒပြဆန့်ကျင် ခြင်းဖြင့်လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုလိုနေရာများတွင် ချယ်ဗရွန်ဓာတ်ဆီဆိုင်များအား အမေရိ ကန်ပြည်သူလူထုတရပ်လုံးမှ ဘွိုင်းကောက်လုပ်လာနိုင်သည်အထိ ကမ်ပိန်းများပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခေါင်းဆောင်များဆိုသူတို့ကလည်း လေကြီးလေကျယ်တွေပြောပြီး ကွန်ပြူတာရှေ့ထိုင်ကာ စိတ်ကူးပေါက် တိုင်းဟိုဟာဖြစ်ပြန်ပြီ ဟိုဒင်းဖြစ်ပြန်ပြီ ခင်ဗျားတို့ချ ကျနော်တို့ ထိုင်ကြည့်မယ် ဆိုသောလုပ်ပေါက်များဖြင့် ရေ ပွက်ရာငါးစာချမနေတော့ဘဲ အစီအစဉ်ရှိရှိ၊ မူပေါ်လစီ တကယ်ခိုင်ခိုင်ခန့်ခန့်ဖြင့် ရေရှည်တိုက်ပွဲဆင်နွှဲမည့် အ မြုတေများကို မွေးထုတ်ကူညီ အားပေးမြှင့်တင်ခြင်းအား ပြင်ဆင်ချိန်ကျန်နေသေးသည်ကို အလွဲသုံးစားမလုပ် မိကြဖို့လို၏။

ယခုအချိန်တွင် ပြည်ပရောက်ခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် ရောင်တော်ပြန်လွှတ် ခြင်း၊ သူကြီးသမီးလင်နောက်လိုက်တိုင်း ပုတ်ထဲဝင်ပုန်းခြင်း ကိစ္စရပ်များနှင့်သာ ခြေရှုပ်လျက် ပီတိတွေအဖြာ ကြီးဖြာကာ မနောခွေ့နေခြင်းများအား ရပ်တန်းကရပ်၍ တိုက်ပွဲဝင်ပြည်သူလူထုကြီးကို ဆရာလုပ်ပဏာယူခြင်း များမပါဘဲ ထိထိရောက်ရောက် ကူညီခြင်းဖြစ်သော တိုက်ပွဲနည်းနာ၊ အတွေ့အကြုံ၊ အတွေးအခေါ်၊ အယူအ ဆပြတ်သားခိုင်မာမှုများဖြင့် ကူညီရန်အချိန်ကာလ ကျရောက်နေပြီဖြစ်ကြောင်း သတိပေးအပ်ပါသည်။


တုတ်ကြီး (ခေတ္တ - တာဝတိံသာ)

Moethihaaung, opinion:From မခင်ဥမ္မာ, ဧရာဝတီ
မေး။ ။ လက်ရှိ အနေအထားမှာ ပြည်သူလူထုရဲ့အကြောက်တရားနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ။ ။ ပြည်သူလူထုကို စိတ်ပူတယ် လို့ပဲ ပြောချင်တယ် ..။ ပြည်သူတွေရဲ့ လောလောဆယ် အနေအထားကို စိတ်ပူတာအပြင် အနာဂတ် အရေးအရကော၊ လာမယ့် မျိုးဆက်တွေ အတွက်ကော စိတ်ပူ တယ်။ အဲဒါက ဘာလဲဆိုတော့ အကြောက်တရားကို အများကြီး အသွတ်သွင်း ခံလိုက်ရတဲ့ အခါကျတော့ လူတွေက ထုံသွားသလိုဖြစ်သွားတာလားလို့ စိတ်ပူတာ။ ဒါက အပြစ်တင်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလောက် ဖိနှိပ်ခံနေရတဲ့ အနေအထားမှာ ပြည်သူ ကြောက်တာကို အပြစ်တင်လို့ မရဘူး။

၈၈ တုန်းကဆိုရင်ကြည့်၊ ကိုယ့် ကျောင်းသား တယောက် တခုခုဖြစ်ရင် နောက်က ကျောင်းသားတွေ လိုက်လာ တယ်။ တချိန်တည်းမှာ သူတို့ရဲ့ မိဘတွေ လိုက်လာတယ်။ အခုချိန်မှာ သံဃာတော်တွေကို ရိုက်တယ်၊ ထောင်ချ တယ်၊ သတ်တယ် .. နောက်ကနေပြီးတော့ ပြည်သူလူထုက အကြောက်တရားတွေက ဖိစီးနေတော့ ထွက်သင့် သလောက် ထွက်မလာနိုင်ဘူး .. ။

ခုလည်း အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက ကျမတို့နိုင်ငံမှာ နောက်ထပ် တယောက် မရနိုင်တော့ဘူး ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ ဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့် အဲဒါကို ပြည်သူက မြင်ဖို့ခက်နိုင်တယ်။

ဘာလို့လည်းဆိုတော့ တနေ့ကို ထမင်း နှစ်နပ်စားနိုင်ဖို့အရေးရယ် ..၊ နောက်တခုက ရှင်းရှင်းပြောရရင် ထောင်ထဲ မရောက်ရေးပေါ့ ..။ ထမင်းစားရဖို့ ကြိုးစားတဲ့နေရာမှာ ထောင်ထဲ မရောက်ရေးရယ် ..။ ပါးစပ်လှုပ်လိုက်ရင် လှုပ်လိုက်သလောက် ထောင်ထဲ မရောက်ရေးရယ်ကို ၂၄ နာရီထက်ပိုပြီးကျော်လွန် စိတ်ပူနေရတယ်။ အဲဒီတော့ ပြည်သူလူထုက ရေတိုပဲ ကြည့်နိုင်တဲ့ အနေအထားဖြစ်နေပြီး ရေရှည်မှာ တသက်လုံးခံရတော့မှာ ..။ အဲဒီ တခုကိုတော့ စိတ်ပူတယ်။

အပြစ်ပြောတာတော့မဟုတ်ဘူး။ ခုလို ကျမတို့က ပြည်ပမှာ ရောက်နေချိန်မှာ ပြည်တွင်းက ပြည်သူတွေကို ဘာဖြစ်စေချင်တယ်လို့ ပြောတာက ကျမစိတ်ထဲမှာ တရားတယ်လို့မထင်ဘူး။ ဒါပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒ ကတော့ရှိတာပေါ့။ ကိုယ်က အပြင်မှာရောက်နေတဲ့ ကာလမှာ အထဲမှာရှိတဲ့ ပြည်သူတွေကို ဘာဖြစ်စေချင်တယ် ဆိုတာထက် .. ကျမတို့ နိုင်ငံအပြောင်းအလဲဖြစ်ဖို့ ပြည်တွင်း ပြည်ပက လူတွေ ပေါင်းပြီးတော့ လုပ်ကြရအောင် ဆိုတာတော့ ပြောကိုပြောချင်တယ်။

ကျမတို့ရှေ့က မားမားမတ်မတ်ရပ်ခဲ့တဲ့ ခေါင်းဆောင်တယောက် ခုလို မတရားခံနေရတာကို လက်ပိုက် ကြည့်မနေကြစို့နဲ့တော့ အတူတူရပ်ကြစို့ဆိုတာမျိုးပြောချင်တယ်။ ဒါပေမယ့် ဒီလို အပြင်က ရပ်ပြီး ပြောနေရတာ လည်းမတရားဘူး ဆိုတာသိတယ်။ အဲလိုဖြစ်မှာစိုးလို့ မပြောချင်တာက လွဲရင် .. အဲလိုစကားမျိုးက ပြောကို ပြောချင်တယ်။ အပြင်မှာရောက်နေတယ် သို့သော် အကောင်းဆုံး အဖြစ်နိုင်ဆုံး ဦးနှောက်ထဲက အကြံဉာဏ် ရှိသမျှ ထုတ်သုံးပြီး လုပ်နေတာပဲ တချိန်တည်းမှာ အထဲမှာရှိတဲ့ ပြည်သူတွေကိုလည်း တို့တွေနဲ့ တူတူ လက်တွဲပြီး အတူတူရပ်ကြစို့၊ မခံကြစို့နဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ဒီစကားကို ပြောမထွက်ဘူး။ ။

No comments: