Tuesday, May 19, 2009

Be carefull about their trick!

ဒေါ်စုကြည် အား ထိန်းသိမ်းထားစဉ် ဖေါက်ခွဲဖျက်ဆီးရေးသမားများ အခွင့်အရေးယူနိုင်
၁၇ -၅ - ၀၉
နေအိမ်အကျယ်ချုပ် ကျခံနေရာမှ အမေရိကန် နိုင်ငံသား နေအိမ် တွင်း ၂ ညအိပ် လက်ခံထားမှုဖြင့် အင်းစိန် အကျဉ်းထောင် အတွင်းအထူးတရားရုံး ဖြင့် စစ်ဆေးခံနေရသော ဒေါ်စုကြည် ကိစ္စ ပေါ်ပေါက်နေစဉ် နယ်စပ်အခြေစိုက် ဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစု များမှ အလစ်အငိုက် ရယူကာ ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဖြင့် ပြည်သူလူထု ၏အသက်အိုးအိမ်ကို ထိပါးလာနိုင်ပါသည်။


အဆိုပါ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဖေါက်ခွဲ ဖျက်ဆီင်္းရေး သမားများသည် ၄င်းတို့ ၏ ငွေရမှု တစ်ခုတည်းကိုသာ ကြည့်ပြီး ပြည်တွင်း ပြည်သူလူထု သေသေကြေကြေ ၄င်းတို့ ပိုက်ဆံရပြီးရော လုပ်ကိုင်နေသူများမှ ပြည်ပြေးများသာ ဖြစ်ပါသည်။

ပြီးခဲ့သော မတ်လ အတွင်းက မြောက်ဥက္ကလာပ တော်ဝင်နန်း တည်းခိုခန်းတွင် ပြည်သူများ သေကြေ ပျက်ဆီးစေရန် ရည်ရွယ်ချက်ဖြင့် ဗုံထောင်ရန် ပြင်ဆင်နေစဉ် ၄င်းတို့၏ ဖေါက်ခွဲဖျက်ဆီးရေးသမား တစ်ဦး ခွေးသေ ၀က်သေ သေဆုံးခဲ့ပါသည်။

ယခုရက်ပိုင်းအတွင်း အာဏာပိုင်များသည် အခြားသော ဖက်၌ အလုပ်များနေစဉ်နယ်စပ်ဒေသမှ ဖေါက်ခွဲဖျက်ဆီးရေး သမားများသည် အခွင့်ကောင်းယူကာ ၀င်ရောက်လာနိုင်ပြီ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများတွင် ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်လာနိုင်ကြောင်း ကို မဲဆောက်အခြေစိုက် မြန်မာပြည် ဒီမိုကရေစီ အကျိုး စစ်မှန်စွာ လိုလားသော ပြည်သူများထံမှ ကြားသိရပါသည်။


စစ်အာဏာရှင်ရဲ့ သက်ပျောက်ဆေး ပ်ါဗျာ။

ပြည်ပရောက် 8888 နိုင်ငံရေးသမားဖြစ်သူ ကို aung moe (Myke) က ဤဖြစ်ရပ်တွင် မြှုပ်ကွက်များ ရှိနိုင်သည်ဟု ခန့်မှန်းနေသည်။ှ ရန် သူ ကို အ မြဲ သ တိ ထား နေ ပါ။ သွားသတိ၊ လာသတိ ဖြင့် နေထိုင်ရန်လိုအပ်ပြီ၊ ဖေါက်ခွဲဖျက်ဆီးရေး သမားများ (နအဖစစ်ခေါင်းဆောင်များ) သည် ၄င်းတို့အကျိုးအတွက်သာကြည့်ပြီး ပြည်သူလူထု ဘယ်သူသေသေ လုပ်ဆောင်သွားနိုင်၍ အထူးဂရုစိုက်သွားရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

No comments: