Monday, January 2, 2012
ကိုဝင်းမောင်အတွက်တုန့်ပြန်စာ(ABSDF)မြောက်ပိုင်းကိစ္စ
ကိုဝင်းမောင်ရေ
ရင်နှီးနေသူချင်းမို့ခင်ဗျားကိုကနော်အများကြီးမပြောလိုဘူး၊ ခင်ဗျားလည်းသားတွေသမီးရှိ
နေတော့သားသမီးချင်းကိုယ်ချင်းစာစိတ်တော့ခင်ဗျားမှာအပြည့်ရှိမယ်လို့ကျနော်ထင်ပါတယ်
မကဒတကိုချစ်တယ်ဆိုပြီးဒီလိုဥပဒေမဲ့မင်းမဲ့လုပ်ရပ်ကိုလုပ်ခဲ့တဲ့လူတွေကိုရှေ့နေတစ်ယောက်ဖြစ်တဲ့
ခင်ဗျားကအပြစ်မဆိုအရေးယူဖို့ခင်ဗျားမပြော ကျနော်တို့ချစ်တဲ့ခွပ်ဒေါင်းအလံတော်ကိုမထိခိုက်
မညစ်ငြမ်းစေချင်တဲ့အတွက်ကြောင့် အဲဒီလိုမကောင်းတဲ့လူတွေရဲ့အကျင့်စရိုက်လူ့အခွင့်အရေး
ချိုးဖေါက်မှုတွေကိုဖေါ်ထုတ်အရေးယူပြီး မကဒတသိက္ခာကိုပြန်ဆယ်လိုတဲ့လူတွေကိုခင်ဗျား
အပြစ်မြင်နေတာကိုကခင်ဗျားအများကြီးမှာနေပါပြီ။ဥပဒေလမ်းကြောင်းအရပြောရမယ်ဆိုရင်
ခင်ဗျားလည်းတရားခံအားပေးပြီးအပြစ်တွေကိုဖုံးကွယ်နေတာနဲ့အတူတူပဲ။
ကျနော်ကတော့အပြစ်မဲ့အသတ်ခံခဲ့ရသူတွေအတွက်ညီအစ်ကိုချင်းကိုယ်ချင်းစာမိတိုင်း ဒီလိုရိုင်းစိုင်း
မိုက်ရိုင်းတဲ့သူတွေကိုဒေါသအမြက်ချောင်းချောင်းဖြစ်ရတယ်၊ သြော်ငါ့ညီသာငါ့အစ်ကိုသာဒီလိုမတရား
အသတ်ဖြတ်ခံခဲ့ရရင်ဘယ်လိုနေမလည်းလို့ကိုယ်ချင်းစာမိတိုင်း ရင့်ထဲကနင့်နေအောင်ခံစားရပါတယ်၊
ကျနော်တို့လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေကြသူတွေမှာ လူအခွင့်အရေးကို မိမိတို့ကိုယ်တိုင်မဖေါက်ချက်ကပထမမဏ္ဍိုင်ပါ၊ ဒိလိုအရေးကြီးတဲ့ကျောရိုးမဏ္ဍိုင်ကြီးကိုမျက်ကွယ်ပြုခဲ့သူတွေကိုဖေါက်ချက်ခဲ့သူတွေကို အရေးယူမှုလုပ်တာက မကဒတအလံတော်ကိုသန့်စင်အောင်လုပ်တာလား မတရားမှုတွေဖုံးကွယ်အပြစ်ရှိသူတွေကိုအကာအကွယ်ပေးနေတာက  မကဒတအလံတော်ကို
သန့်စင်အောင်လုပ်တာလားဆိုတာ သမာသမတ်ရှိသူလူတိုင်းမေးကြည့်လျှင်အဖြေပေါ်နေပါတယ်၊
အခုကိစ္စဟာအခုမှလူသိထင်ရှားဖြစ်ခဲ့တာမဟုတ်သလို ကမ္ဘာကသိပြီးကိစ္စတစ်ခုဖြစ်တယ်ဆိုတာခင်
ဗျားလည်းသိမှာပါ ဘာဖြစ်လို့များခင်ဗျားကစိုးရိမ်တကြီးဖြစ်ပြီးကျနော်တို့လိုအမှန်တရားအတွက်
လုပ်နေကြသူတွေကို ခင်ဗျားတရားခံလုပ်ချင်ရတာလား၊ မကဒတရဲ့ဂုဏ်သိက္ခာကိုထိခိုက်အောင်လုပ်
ခဲ့ကြတဲ့တရားခံတွေကိုတော့ခင်ဗျားတရားခံလို့မမြင်ပဲလူကောင်းတွေအဖြစ်ခင်ဗျားမြင်နေခဲ့မှတော့ ခင်ဗျားမြန်မာ့စစ်အစိုးရအလိုကျအမိန့်တွေချမှတ်ပေးနေတဲ့တရားသူကြီးတွေကိုအပြစ်ပြောစရာမလိုတော့
ဘူး၊ ဘာဖြစ်လည်းဆိုတော့ခင်ဗျားဖြစ်စေချင်တဲ့လုပ်ရပ်ဟာ စစ်အစိုးရအလိုတော်ရိတရားသူကြီးတွေ
ရဲအရာရှိတွေလုပ်တဲ့လုပ်ရပ်နဲ့တူနေပြီလေ၊ကျနော်တို့လုပ်ရပ်တွေကရပ်သူလုပ်ရပ်တွေနဲ့တထပ်ကျနေမှတော့ ခင်ဗျားလိုချင်တဲ့တောက်ပြောင်တဲ့အလံတော်ဖြစ်ပါ့ဦးမလား၊
ဒီမှာကိုဝင်းမောင်ကျနော်ကရှစ်ဆယ့်ရှစ်လမ်းပေါ်ကလာတဲ့လူတစ်ယောက်ပါ၊အမှန်တရားကိုသိမြင်
လွန်းလို့အရင်ဦးဆုံးမဆလအစိုးရကိုတော်လှန်တိုက်ပွဲဝင်ခဲ့တဲ့သူပါ၊ အမှန်နဲ့အမှား၊ အဆိုးအကောင်း
တရားမျှတမှု မမျှတမှုအားလုံးသိမြင်ပြီးသားသူတစ်ယောက်ပါ။ ဂုဏ်သိက္ခာဆိုတဲ့အရာကိုလည်း
ကောင်းကောင်းကြီးနားလည်ပါတယ်၊ ကောင်းကောင်းကြီးနားလည်လွန်းလို့ပဲ ဒီလိုအပြစ်ရှိတဲ့သူတွေ
မကောင်းတာလုပ်ခဲ့သူတွေကိုအရေးယူနိုင်ပါမှာ မကဒတသမိုင်းလှမယ်လို့လည်းအပြည့်အ၀ယုံကြည်
သူတစ်ယောက်ပါ၊ စစ်အာဏာရှင်လုပ်သလိုလူထုကိုလိမ်လို့ရမယ်လို့ခင်ဗျားထင်သလား၊ လူထုက
အချဉ်မဟုတ်ဘူး၊လိမ်တာကိုလိမ်မှန်းသိတယ်၊ လူထုကအမှန်တရားကိုသိပ်ချစ်တယ်၊လိမ်တာတွေကိုသိပ်မုန်းတယ်။ ဒီနေ့ဖုံးကွယ်ထားလည်းတစ်နေ့သိမှာပဲ၊ အခုလိုသိပြီးသားကိစ္စဆိုရင်ပိုပြီးပွင့်ပွင့်လင်းလင်းပိုပြီးမလုပ်သင့်ဘူးလား၊ ခင်ဗျားဒီလိုကိစ္စတွေမှာလုံးဝမပတ်သက်ခဲ့ဘူးဆိုရင်တော့ ခင်ဗျားဘာမှ
စိုးရိမ်မလိုပါဘူး၊ခင်ဗျားသိသင့်တာကဘယ်သူကချီးထုတ်လုပ်သလည်းဆိုတာခင်ဗျားရှေ့နေတစ်ယောက်အနေနဲ့မှန်မှန်ကန်ကန်သုံးသပ်ဆင်ချင်နိုင်ပါစေဗျာ၊
စာနာမှုကင်းမဲ့တဲ့လူသားတွေအတွက် တရားဥပဒေလမ်းကြောင်းမှလွဲပြီးဘာမှမရှိ
လူသိက္ခာလူ့တန်ဖိုးထက်တန်ဖိုးရှိသောအရာမရှိသေးပါ၊
ဂုဏ်သိက္ခာအတွက်လမ်းကြောင်းမှန်ကိုရွေးကြရမယ်၊
ကိုကိုဦး
အမြင်ကွဲလွဲကြပေမဲ့ခင်မင်လျှက်ပါကိုဝင်းမောင်ရေး
သို့
ကိုထွန်းအောင်ကျော် နှင့် ကိုကိုဦး၊
မကဒတ မြောက်ပိုင်းကိစ္စကိုဖေါ်ထုတ်ရေးနေကြတာပိုပိုသွက်လာနေတာတွေ့နေရပါတယ်။ ကျနော်အမြင်ကို ပြောချင်ပါတယ်။ ဒီဖေါ်ထုတ်နေမှုဟာ တဖြည်းဖြည်းနဲ့ မကဒတ ကို မြောင်းထဲဆွဲပို့နေတာဖြစ်တယ်၊ မကဒတ ကို တော်လှန်ရေးရဲ့ချီးထုတ် အဖွဲ့အဖြစ်ရောက်အောင်တွန်းပိုနေတာဖြစ်တယ်လို့မြင်တယ်။ ဘေးပန်းက အဲဒီလို တွန်းပို့ နေတာကို မကဒတအား ခေါင်းဆောင်ခဲ့သူများ အနေဖြင့်သတိပြုသင့်ကြောင်းပြောလိုပါတယ်။
မကဒတ တပ်ဖွဲ့ ၉၀ ခုနှစ် အစောပိုင်းကာလမှာ အတော် အားရစရာကောင်းတဲ့ တက်ကြွတဲ့ လူငယ်အများစု ရဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခဲ့ဖြစ်တယ်။ နိုင်ငံတကာရောက်မြန်မာများ၊ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပြည်သူများက အားထားတဲ့ အဖွဲ့ဖြစ်တယ် ဆိုရင်လည်း မမှားဘူး၊  ဒီနေရာမှာ အဖွဲ့အစည်းကို အသုံးချခြင် သူတွေရှိတယ်ဆိုတာကိုတော့ အငြင်းမပွားချင်ပါဘူး။ မဟာမိတ်အဖွဲ့အစည်းတွေကလည်း အသုံးချခြင်တယ်၊ တဖက်မှာ မကဒတ ကြီးထွားလာမှာကိုလည်း မလိုလားသူတွေ၊ စိုးရိမ်သူတွေရှိတယ်။ လူမျိုးစုအဖွဲ့အစည်းတွေ ကတော့ ဒီလူငယ်(မကဒတ) အဖွဲ့အစည်း ကြီးထွားလာရင် သောက်ရမ်းတွေဖြစ်ကုန်မယ်လို့စိုးရိမ်တာ ပါ ကောင်းပါမယ်။ ဒီအဖွဲ့အစည်း ပြိုကွဲသွားရေးနဲ့ မပြိုရင်တောင် ချီးထုတ်အဖွဲ့ အဖြစ်ပြည်သူတွေမြင်သွားရေးကို လိုလားသူကတော့စစ်အစိုးရဖြစ်တယ်။ ဒီအဖွဲ့အစည်းကို ဘယ်လိုလန်ထားရမယ်၊ ဘယ်လိုဖြိုခွဲရမယ် ဆိုတာကို သုတို့ကောင်းကောင်းသဘောပေါက်ထားတယ်။
မကဒတ ဟာ ဘယ်လိုအဖွဲ့အစည်းဖြစ်တယ်၊ ဘယ်လိုတည်ဆောက်ခဲ့ရတယ်ဆိုတာကို ခေါင်းဆောင်လုပ်ခဲ့ သတွေသိကြပါတယ်။ ကိုထွန်းအောင်ကျော်ပြောသလိုပါဘဲ မကဒတ စတင်ကတည်းက (မသဲမကွဲသူတွေနဲ့ ညီအကိုမသိတသိလို ဟာမျိုး) လူပေါင်းစုံနဲ့ဖွဲ့စည်းခဲ့ရတယ်၊ မကဒတ ထဲမှာ စစ်ထောက်လှမ်းရေး ကနှိပ်စက်စစ် ဆေးခံခဲ့ရဖူးသူ ခေါင်းဆောင်တွေလည်းပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ စစ်ဆေး နှိပ်စက်ဒဏ်ကိုခံဖူးသူတွေ ကြားဖူးသူတွေပါဝင်တဲ့ မကဒတ အဖွဲ့အစည်းမှာ  ထောက်လှမ်းရေးဆိုရင် ရွံမုန်းနေတယ်၊ အစိမ်းလိုက်ဝါးစား ပစ်ခြင် လောက်အောင် ခံစားချက်ရှိသူ တွေရှိတယ်။
ဗကပ လို ယူဂျီခိုင်မာတဲ့၊ သတင်းအခိုင်အမာစုဆောင်းနိုင်တဲ့ အဖွဲ့မှာတောင်မှ စစ်တပ် သူလျို ဒလံတွေ ရေရှည်မြုပ်နှံပြီး ခေါင်းဆောင်တွေကိုလုပ်ကြံခံရတာမျိုးရှိခဲ့တယ်၊ နုနယ်တဲ့ မကဒတ အဖွဲ့အစည်း၊ ပုဂိုလ်စွဲ၊ ဒေသစွဲ၊ အုပ်စုစွဲ တွေရှိနေတဲ့ အဖွဲ့အစည်း၊ ဝါဒစွဲမရှိသူတွေ၊ ဟိုဝါဒစွဲ ဒီဝါဒစွဲရှိသူတွေပါဝင်နေတဲ့ မကဒတ အဖွဲ့အစည်း၊ စုစည်းရခက်၊ ထိမ်းသိမ်းရခက်၊ အမိန့်စီးဆင်းရခက်နေတဲ့မကဒတအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းကို ပရမ်းပတာ အဖွဲ့အစည်းမျိုး မဖြစ်သွားအောင်၊ ပြည်သူတွေအကြားမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့ အစည်း ဖြစ်လာအောင် ဘယ်လိုထိန်းသိမ်းခဲ့ရတယ်ဆိုတာ ခေါင်းဆောင်တွေဘဲ သိကြပါတယ်။
အေဘီအက်ဒီအက်ဖ် ဟာ စစ်အစိုးရအတွက် မဟာဆူးညှောင့်ခလုပ်ကြီးဖြစ်ခဲ့တယ်။ ဒါကြောင့်စစ်အုပ်စုက ဝင်ရောက်သပ်လျိုတာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်သူဘယ်ဝါဟာ ထောက်လှမ်း ရေးပါ၊ အင်ဖေါ်မာပါဆိုတာ ပြောရတော့ခက်ပါတယ်။ သူ့မယုံ ကိုယ်မယုံတွေလည်းဖြစ်လာခဲ့ကြသလို၊ အတူတွဲတိုက်နေတဲ့ မဟာမိတ်တွေ သည်ပင် မကဒတ ထဲက ဟိုလူ့မယုံ ဒီလူ့မယုံဆိုတာတွေ ဖြစ်လာတယ်။ ဒီလိုဒီလိုနဲ့… မြောက်ပိုင်းက လက်လွန် သွားတာဖြစ်ခဲ့တယ်၊ ရောကော သောကော ပါသွားတာတွေလည်း ရှိနိုင်ပါတယ်။ မကဒတမှာတော့ အမဲစက် ရယ်လို့ဖြစ် သွားခဲ့ရတယ်။
ဒီမိုကရေစီရေး တိုက်ပွဲဝင်နေပေမဲ့၊ အဖွဲ့တွင်းမှာ ဒီမိုကရေစီရေး သဘောတရားတွေ အသေအချာ မချနိုင်သေး တဲ့ကာလ၊ လူအခွင့်အရေး တိုက်ပွဲဝင်နေပေမဲ့၊ လူအခွင့်အရေး ကျေညာချက်အပိုဒ် ၃၀ ကိုတောင်မှ အသေ အချာ မသိသေးတဲ့ကာလမှာ ဖြစ်ခဲ့ရတဲ့ ဒီအားနဲချက်တွေအတွက် ကတော့များစွာ စိတ်မကောင်းပါဘူး။  
ဒီအမဲစက်ကို အကြောင်းပြုပြီး မကဒတ အဝန်းအဝိုင်းအပြင်ပန်းကလူတွေက ဒီမိုကရေစီတော်လှန်ရေးမှာ မကဒတ (အတိုအနေနဲ့ အေဘီ) အဖွဲ့ကို ချီးထုတ် အဖြစ်မြင်သွားအောင်၊ ဝိုင်းတွန်းပေးနေတာ၊ ဖွပေးနေတာ၊ ဆွပေးနေတာတွေ၊ အေဘီလို့ဆိုလိုက်ရင် လူဆိုး လူမိုက်တွေ၊ အချောင်သမား အခွင့်အရေးသမားတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့လို့မြင်သွားအောင် ဆွပေးဖွပေး တွန်းပေးနေတာတွေ ကိုတော့ ကျနော်တို့က ကာကွယ်သွားသင့် တယ်လို့ထင်တယ်။ မှတ်မိပါသေးတယ်၊ မိုးတောင် နဲ့ မင်းသမီးစခန်းက ရှေ့တန်းဆင်းတော့ အဲဒီထဲမှာ နဲနဲ ရုပ်ကြမ်းကြမ်းရဲဘော်တစ်ယောက်ပါတယ်၊ ရွာတရွာရဲ့ မိန်းကလေးပျိုးလေးတွေက အဲဒီရဲဘော်ကိုကြည့်ပြီး အကိုတို့ကျောင်းသားတပ်ထဲမှာ အဲဒီလို ကွန်မြူနစ်တွေ မပေးဝင်စေပါနဲ့လားလို့ပြောတယ်တဲ့၊ ဆိုလိုတာက ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကွန်မြူနစ်ကို ဘယ်လိုအမြင်မျိုးနဲ့ မြင်စေခဲ့တာလဲဆိုတာကိုနားလည်လိုက်ပါ တယ်။
ပြောရရင်တော့ ဒီအမဲစက်တွေထုတ်ဖေါ်ပြီး မကဒတ ကိုအပုဒ်ချဖို့ မြောင်းထဲထည့်ဖို့ ၊ တော်လှန်ရေးမှာ ချီးထုတ်အဖွဲ့လိုမြင်သွားစေဖို့ နပ်ကြောင်းပေးတွန်းနေတဲ့နေရာမှာ၊ ကိုထွန်းအောင်ကျော်ခေတ် မကဒတ၊ လို့၊ ကိုမိုးသီး မကဒတ လို့၊ ကိုနိုင်အောင် မကဒတ လို့ ခွဲမြင်မှာ မဟုတ်ဘူး၊ ပြည်သူတွေအနေနဲ့က မကဒတ လို့ဆိုလိုက်ရင် ကျောင်းသားတပ်ဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ကိုအရင်ဆုံးမြင်မှာ။
မဖေါ်ထုတ်ရဘူးလို့ ကျနော် မဆိုလိုပါဘူး၊ အချိန်အခါမကျဘူး၊ စနစ်မကျဘူးဆိုရင်၊ မကဒတရဲ့ သမိုင်းဟာ ဒီအချက်လေးနဲ့ ချီးထုတ်အဖွဲ့လို့ သမိုင်းတွင်သွားခြင်းမှ ဆွဲထုတ်ဖို့ ခက်ခဲမှာစိုးပါတယ်။ ဒါကိုအထူးသတိပြုစေ လိုပါတယ်။ မကဒတရဲ့ လက်နက်ကိုင်တော်လှန်ရေး ဟာ မအောင်မြင်တာက ထားတော့၊ ချီးထုတ်အဖြစ် အမည်တတ်ခံရမှာကိုတော့ မလိုလားပါဘူး။
 လေးစားလျှက်
ကိုဝင်းမောင်
ABSDF တတိယညီလာခံတွင်အာဏာရူးတို့ ၏လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု
Sunday, January 8, 2012
ကိုကိုဦး ရေးသားခဲ့သော ABSDFတတိယညီလာခံတွင်ဖြစ်ပျက်ခဲ့သောအာဏာရူးတို့၏လုပ်ရပ်များကိုသူ၏ ညီလာခံကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ရင်ဆိုင်ဖြေရှင်းသိခဲ့ရသောအဖြစ်အပျက်များကိုအသေးစိပ် တင်ပြခဲ့သောလုပ်ရပ်များသည်တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အမှန်သမိုင်းရဲ့ဖြစ်ရပ်မှန်ဖြစ်ကြောင်းထောက် ခံရေး သားတင်ပြအပ်ပါတယ်။အဘယ်ကြောင့်ဆိုသော်ကျနော်ကိုယ်တိုင်ဒီသမိုင်းတွင် ထဲထဲဝင် ၀င်ပါဝင်ခဲ့ လို့ဘဲဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုပိုမိုမှန်ကန်ခိုင်မာစေဖို့ တရားဝင်မှတ်တမ်းများကိုတင်ပြပေးသော ကိုစစ်အောင် ကိုအထူးကျေးဇူးတင်ရှိပါတယ်လေးစားပါတယ် ။ 
ကိုဝင်းမောင်ကကိုထွန်းအောင်ကျော်နှင့်ကိုကိုဦးကိုရေးတဲ့စာဖတ်ရတယ်ဒီကိစ္စမှာကိုဝင်းမောင် တော်တော် မှားနေပြီလို့ယူဆတယ် ။ ကျနော်တို့ကABSDFကိုချီးထုပ်ဖြစ်အောင်လုပ်နေတာမဟုတ်ဘူး ၊ABSDF ကိုအာ ဏာရူးအစွန်းရောက်တစုကချီးထုပ်ဖြစ်အောင်လုပ်ခဲ့တာကိုအမှန်တရားကိုဖေါ်ထုတ်ကယ်တင်နေတာ ဖြစ် တယ်၊ကျနော်တို့တော်လှန်တိုက်ပွဲဝင်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေကိုမကြိုက်လို့အာဏာရှင်တွေ ကိုတော် လှန် လာတာဆိုတာကိုမမေ့ပါနဲ့။တော်လှန်တဲ့အာဏာရှင်တွေလုပ်သလို ကိုယ်ကိုတိုင်ကလုပ် တယ်ဆိုရင် ဘယ်လောက်ထိအကျည်းတန်အရုပ်ဆိုးသလဲ၊ဘယ်လောက်ပြည်သူလူထုရဲ့အယုံအကြည်ကင်းမဲ့မလဲဆို တာခင်ဗျားစဉ်းစားပါ၊ ကျနော်တို့ရဲ့တော်လှန်ရေးဘယ်လောက်ထိခိုက်နစ်နာသလဲ၊အမဲစက်စွန်း သလဲဆိုတာခင်ဗျားနားလည်ပါ။
တော်လှန်ရေးဆိုတာ ပြည်သူအယုံအကြည်မဲ့ပြီဆိုရင်ဘယ်လိုဆက်လုပ် မလဲစဉ်းစားပါ။ ကျနော်တို့လုပ် တဲ့တော် လှန်ရေးဆိုတာပြည်သူအတွက်မဟုတ်ဘူးလား၊ဒီကိစ္စကြောင့် ဘယ်လောက်ထိခိုက်နစ်နာသလဲဆိုတာစဉ်းစားပါ။
(၁) တိုင်းပြည် ၊ပြည်သူအတွက်ခံယူချက်ပြင်းစွာဘ၀ကိုအရင်အနှီးပြုတိုက်ပွဲဝင် နေကြသူများ ကိုနစ် နာစေ တယ်။
( ၂ ) အပြစ်မဲ့စွာကိုယ်ကိုတိုင်ညှင်းပမ်း ၊နှိပ်စက်ခံရပြီးစတေးခံသွားရသူတွေ အတွက်သိပ်နစ်နာလှ ပါတယ်၊တကယ်လို့ခင်ဗျားကိုယ်တိုင်ဒီလိုနှိပ်စက်ခံရတာထဲမှာပါခဲ့မယ်ဆိုရင်ခင်ဗျားဘယ်လိုခံစားရမလဲ ဆိုတာစဉ်းစားပါ၊ကိုယ်ချင်းစာစမ်းပါဗျာ ၊ကိုဝင်းမောင်ကျနော်မေးပါရစေခင်ဗျားဘာအတွက်တော်လှန်ရေး လုပ်လာတာလဲ ? ၊ဒီမေးခွန်းကိုဖြေဖို့လိုအပ်တယ်နော်--ခင်ဗျားစာအသွားအလာရ ပြုမူခံရသူဘက်ထက် ၊ပြုမူသူထိခိုက်မှာစိုးလို့ကာကွယ်ရေးသလိုဖြစ်နေတယ်၊ခင်ဗျားဖြေရှင်းဘို့လိုအပ်တယ်နော်၊ကျနော်တို့ဟာ အား အားယားယားအဓိပ္ပါယ်မရှိလုပ်နေတယ်လို့ခင်ဗျားမထင်ပါနဲ့၊
ကိုထွန်းအောင်ကျော်၊သန်းဝင်း ၊ကိုကိုဦး ဆိုတာ ABSDF စတင်တည်ထောင်ကတည်းက ဥက္ကဋ္ဌ ၊အတွင်းရေးမှူး ၊တွဲဘက်အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ ၊ABSDFသမိုင်းမှာဘယ်သမိုင်းမဆိုခေါင်းဆောင်ပိုင်းမှာထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်။ ကျနော်တို့ဟာစံတင်လောက်တဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့လို့ ခေါင်းရှောင် တဲ့ခေါင်းဆောင်တွေမဟုတ်ဘူးဆိုတာသမိုင်းကိုကြည့်ရင်ခင်ဗျားသိမှာပါ၊ကျနော်တို့ဟာ တာဝန်ရှိ တယ်ထင်လို့ ဘာကြောင့်လုပ်ရ တယ် ဆိုတာရှင်းပြမယ်၊ကျနော်တို့ဟာABSDF ကိုစတင်တည်ထောင်သူထဲ မှာခေါင်းဆောင်ပိုင်းမှာ တာဝန်ယူတည်ထောင်ခဲ့သူတွေဖြစ်တယ်ABSDF သမိုင်းရဲ့ဆိုးခြင်း ၊ကောင်းခြင်း ဟာကျနော် တို့မှာတာဝန်ရှိတယ်လို့ကျနော်တို့ယူဆတယ်၊ABSDF ဟာ ၈၈၈၈ မျိုးဆက်မှပေါက်ဖွား လာတဲ့အစဉ်အလာကြီး တဲ့တခုတည်းသောကျောင်းသားတပ်မတော်ဖြစ်တယ်၊ဒီတပ်မတော်အောက်မှာတိုင်း ပြည်အတွက်မျှော်လင့် ချက် တခုကလွဲလို့ မိမိအတွက်ဘာကိုမှမမျှော်လင့်ဘဲကျဆုံးသွားကြတဲ့ သူ ရဲကောင်းတွေအများကြီး ရှိသလို၊မကျဆုံးသော်ငြားပုံင်္စမျိုးစုံဒဏ်ရာပေါင်းများစွာဖြင့်ရှင်သန်ရပ် တည်နေကြသော သူရဲကောင်းတွေ လည်းအများကြီးဆိုတာအားလုံးသိမှပါ။ဒါကြောင့် သူတို့ရဲ့ မွန်မြတ် တဲ့စိတ် ဓါတ် ၊ဂုဏ်သိက္ခာ ၊မျှော်လင့် ချက်တွေကိုကာကွယ်ဘို့တာဝန်ရှိတယ်လို့ယုံကြည်လို့ဒီလိုလုပ်ရ တယ်ဆိုတာကိုနားလည်စေချင်တယ်။မိမိ တို့ အကျိုးအတွက်ဘာမှရှိမယ်လို့ကျနော်တို့မထင်ပါ။
အမှန်တရား အတွက်တော့အကျိုးရှိမယ်လို့ကျနော် တို့ထင်ပါတယ်၊ကျောင်းသားတပ်မတော်ဆိုတာ၁၉၂၀ ကစခဲ့ ကျောင်း သားရပ်တည်ချက်အတိုင်းတသွေမတိမ်းရပ်တည်တော်လှန်တိုက်ပွဲဝင်ခဲ့တဲံ့အစဉ်အ လာ ကြီးသောတပ် မတော်ဖြစ်တယ်။ ၊ဒါကိုအာဏာရူးတစုလုပ်ရပ်ကြောင့် အရုပ်ဆိုးအကျည်းတန် အမဲစက်   စွန်း ခဲ့တာဟာ ABSDF ယုံကြည်ချက်လမ်းစဉ်မဟုတ်ဘူး ၊လုပ်ရပ်မဟုတ်ဘူး ၊လုံးဝဆန့်ကျင် ဘက်ဖြစ် တယ်။
ဒါကြောင့်ဒီကိစ္စမှာတာဝန်ရှိတဲ့သူတွေတာဝန်ယူဖြေရှင်းပါ မဖြေရှင်းဘူးဆိုရင်တော့ဖြေရှင်းတဲ့အထိ နောက် မဆုတ်တမ်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်၊ယုံကြည် လိုက်ပါ။ တရားဝင် အရေးယူဆောင်ရွက်ဘို့ဆိုတာ ကျနော်တို့နဲ့မဆိုင်ပါ ၊ပြုလုပ်သူနဲ့ ၊ပြုလုပ်ခံရသူနှင့်သာ သက်ဆိုင် ပါတယ်။အမှန်တရားဆို ဘာလဲ ဆို တာဖြေရှင်းပေးကြပါ။ ကျနော်တို့ကတော့မိမိတို့လူမျိုး ၊ မျိုးဆက် ၊ ABSDF ဂုဏ် သိက္ခာ အတွက်ပြည် သူရဲ့ နှလုံးသားတရားရုံးကိုအပြီးတင်မှာဖြစ်ပါကြောင်းတင်ပြရေးသားလိုက်ရပါတယ် ။
တိုင်းပြည်၊လူမျိုး ၊ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းလိုသောဆန္ဒဖြင့်
သန်းဝင်း
၈၈ မျိုးဆက်ကျောင်းသားအထွေထွေအတွင်းရေမှူး ( ၁၉၈၈ )ABSDF1/ 2 / 2012
မှတ်ချက် = အာဏာရူးတစုဟာ မြောက်ပိုင်းမှာအဖြစ်အပျက်အတိုင်းတောင်ပိုင်းမှာဖြစ်ဘို့ ကြိုးစားဖန်တီး ခဲ့ကြတယ် ၊ တချို့တော့ ကံနိမ့်စွာဖြင့် အရင်းနှီးပြုစတေးသွား ခဲ့ကြရတယ် ၊ဒါပေမဲ့အားလုံးမအောင်မြင်ခဲ့ကြဘူး။ကိုလှဋ္ဌေးနဲ့တာဝန်ရှိသူအား လုံးဖြေရှင်းပါ။
အောင်နိုင်ရဲ့ ဖြောင့်ချက်
Aung Naing had admitted to the executions and killings of young ABSDF students in the book, “All Wars Are Dirty” by PHIL THORNTON
..ဒါနဲ့ တချို့ ကိုစောင့်ကြည့်ပါတယ်။လေးယောက်၊ငါးယောက်ကိုဖမ်းပြီး စစ်ကြောရေးလုပ်တဲ့အခါ ကျတော့စာရင်းတချို့ ရပါတယ်။ အဲဒီစာရင်းထဲမှာ ဗဟိုကော်မတီအဖွဲ့ ဝင်တွေပါ ပါနေပါတယ်ဗျ။တချို့  ကထောက် လှမ်းရေးကသင်တန်းပေးထားတဲ့စပိုင်တွေဖြစ်ပြီး တချို့ ကတော့ အင်ဖော်မာသတင်းပေးတွေပါ။ I think some were motivated by ultra-nationalistic visions of a Burman master race. ဘာလုပ်ရမလဲဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်။ I panicked.လူ့ အခွင့် အရေးတို့ ဘာတို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်ကနားမလည်ခဲ့ပါဘူး။ စပိုင်စာရင်းက အယောက်ရှစ်ဆယ်ကျော် ဖြစ်နေတယ်။ ကျနော်တို့ ကို မယုံမှာစိုးလို့ ရိုက်ထားတဲ့ဗွီဒီယိုခွေပါရှိပါတယ်။ ဒီစပိုင်တွေကို  သံခြေကျင်းတွေ ခတ်ပြီး ဘားတိုက်ထဲမှာပိတ်ထားပါတယ်။နောက် ဆုံး မြောက်ပိုင်းကျောင်း သားတပ် မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက် ကို သေဒဏ် ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ကျနော်တို့ စစ်ဖြစ်နေတာပါ။ စစ်တပ်နဲ့ လက်နက် ကိုင်စစ်ပွဲဆင်နွှဲနေတာပါ။ စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာရေးသား ထားပါတယ်။ ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။  တချို့ အဖွဲ့ ဝင်တွေ က စပိုင်အယောက်ရှစ်ဆယ်လုံး ကို သေဒဏ်ပေးဖို့ တောင်းဆို ပါတယ်။ ငြင်းရင်းခုန်ရင်း နဲ့ နောက်ဆုံးမှာ ၁၅ ယောက် နဲ့ သဘောတူညီချက်ရပါတယ်။ ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ် ခဲ့တဲ့လုပ်ရပ်တွေ နဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက်အရေးပါသလဲဆိုတဲ့ အချက်အပေါ်မူတည်ပြီး ဆုံးဖြတ် ချက်ချခဲ့ တာဖြစ် ပါတယ်။
(၂၀၀၉က အင်တာဗျူးပါ။အောက်မှာအပြည့်အစုံကိုဖတ်ပါ။ ဘာသာပြန်ပေးနိုင်ရင်တော့ပိုကောင်း မှာပါ။ အောင်နိုင် ရဲ့ ပြောဆိုချက် ကိုတတ်သလောက်ဘာသာပြန်ပါတယ်။ အမှားပါရင်ပြင်ပေးကြပါ။)
Aung Naing had admitted to the executions and killings
of young ABSDF students  in the book,
 “All Wars Are Dirty” by PHIL THORNTON
He had given lame excuses of not knowing or understanding the Human Rights and democracy. He also wrongly claimed that the killings were not politically motivated and nobody gained any political advantage.  
The worst part was that he never mentioned the tortures and the actual number of executions was much more than he admitted.
He claimed and blamed the KIO, Amnesty International and the ICRC with the following statement, “before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners over to them. They said they couldn’t do anything, as they could not reach us on the Burma-China border.”
We need to investigate whether AI and ICRC actually got the news and refused to accept the student rebel prisoners. If they really get the message but acted irresponsibly they should be condemned because it is not very difficult to reach the ABSDF Camp through Burma, as many parents and relatives had really done that after informing the Burmese government and the Foreign Embassies like USA, British and Japan. We knew that the remaining students were released by the help of KIO/KIA without the knowledge of Aung Naing and new ABSDF leaders.
Aung Naing, we need a War Crime Tribunal but not merely an investigation like South Africa’s Truth Commission. Sorry, we could see your cunning wits of wishing to be free or off the hook even before you were caught.
To be fair to you, we wish to know why some of your partners in crime who were caught by Myanmar Military were not tried with the war crimes. May be they don’t wish to open their secret MI files but even if few of them were actually spies you have no right to torture hundreds and killed about fifty of them.
Just because MI’s “Myet Khin Thit” put a propaganda wedge by claiming that their spies had successfully infiltrated the ABSDF, your group led by ‘Shanis’ staged a coup, arrested, tortured and killed the fellow student rebels. If you had a sound and reasonable mind, you should understand or see through that propaganda warfare. No government nor any enemy would just easily declare that their spies had successfully infiltrated the opposing enemy and risks the exposures of their valued informants.
Excerpts from the “All Wars Are Dirty” by PHIL THORNTON
(Page 161, 162 and 163)
When I ran the journalism-training workshops on the border, I worked with either a Burmese or Karen translator, depending on the group. One of these translators was Aung Naing, the former Burmese student leader I had interviewed about NGOs. He was now a journalist, politically aware and with a sharp sense of humour. I particularly enjoyed working with him, and he had a very interesting history I was curious to find out more about.
Aung Naing had the face of a choirboy, and he dressed like the doctor he should have become: neat blue shirt tucked into charcoal trousers. His English was excellent. He laughed easily as he joked around the edges of the tragedy that was his life. He was a former chairman of the All-Burma Students’ Democratic Front [ABSDF) for northern Burma, and had played a central role in one of the biggest scandals to hit at the heart of the Burmese student army.
On February 12,1992, student soldiers executed fifteen of their comrades accused of spying for the regime. I wanted to interview Aung Naing about it, as he was one of the leaders who ordered the executions. It was a tough place to put him in, although he was surprised that no one had ever interviewed him about the incident before. He agreed, and we met in Mae Hong Son—where his group's classes were held—at the house of a Burmese doctor, where I was staying. Aung Naing judged it would be a long night as I placed my notebook and tape recorder on the table. He responded by getting a bottle of whiskey and a cooler of ice. He drank heavily as we talked. I let the tape recorder capture his testimony.
"In 1988 I was studying medicine in Mandalay. I was a student leader during the pro-democracy demonstrations. The regime accused me of illegal political activities, so in 19891 left Mandalay to join the northern ABSDF in the Kachin State, close to the Chinese "It was tough, most of us were city kids with no experience of living in the jungle. We built and lived in basic bamboo huts. The Kachin Independence Organization (KIO) supplied us with food, but it was difficult to survive, and many died. The Kachin didn't completely trust us, as we were Burmans. They gave us a region to make money from jade mining and tax. It was 8,000 feet high, rocky, and difficult to grow rice or crops. We depended on supplies "In the rainy season the Burmese army attacked our positions, destroying our stores. We went without rice and salt for ten days. We became weak and those who got malaria died. I lost many friends, some only eighteen years old. Each of us got fifty kyat a month to live on. We existed by trapping and eating monkeys, rats, and porcupines . . . anything.
"I was shocked to see people blown up and dead bodies. I had no battle experience, but I did fight. In 1990 we fought for forty days. I took command after our chief-of-staff was injured. We got weapons from the KIO and what we took from dead enemy soldiers.
"At this time I was elected general secretary. I was in charge of our underground network. We used it to recruit students inside Burma. We began to notice we were able to go back and forth through enemy lines without problems, but we found we had recruited  students who had family connections with Military Intelligence. Our numbers quickly grew to more than 800. We suspected our network had been infiltrated by MI. Reports from the front line indicated we were losing battles in suspicious circumstances. Our soldiers noticed knife marks had been cut in trees that could have led Burmese soldiers to our positions.
"We started to watch some people. We arrested four or five and, after interrogation, we had a small list. The list included members of our central committee. We found out the National Intelligence Bureau had trained some of these as spies, and others were just used as informers. I think some were motivated by ultra-nationalistic visions of a Burman master race.
"It was very difficult for us to know what to do. I panicked. We knew nothing about human rights, or, more to the point, we didn't understand. We asked the KIO to help us to interrogate. By now we had a list of eighty spies. We made videotapes in case no one believed us. We chained the spies and locked them in the barracks.
A Northern ABSDF central committee decided fifteen spies would be given the death penalty. We were at war, in armed struggle with the Burmese regime. Our constitution and law said we could give spies the death penalty. Many of our comrades had been killed because of these spies. Some members called for the death penalty for the entire eighty. We debated, argued, and finally agreed to fifteen. The sentences were determined by what the spies had done and how important they were to the [Burmese] military.”
Aung Naing was distressed by his memories and having to replay the events leading up to the executions. I upset him further when I asked him how the death sentences were carried out.
“Some of them were shot and some were beheaded. They were shot at close range by pistol by our officers. We thought the guns caused more suffering, so we thought if we switched to machetes it would be less. But they were not cleanly beheaded, even though the spinal cords were severed. I watched . . . it was done in front of all ABSDF soldiers.
“We would have liked to free all of them—but if we had, it would have sent a message that we welcomed spies. It was a hard decision to make, and before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners
164
over to them. They said they couldn’t do anything, as they could not reach us on the Burma-China border. “It was the hardest thing I’ve ever done. But we felt we had no choice. It was not uncommon for armed opposition groups in Burma to execute spies. The Burmese army just killed anyone they caught on the spot without a trial.”
Aung Naing left the room to throw up. He came back and swallowed hard before he continued. “When life is peaceful, it’s easy to draw moral lines, but in war it’s different. In the jungle the only way to conduct politics is with armed struggle. It was said that the killings were politically motivated, but nobody gained any political advantage. We had no internal splits, none of us gained anything. Before the executions we ate fish paste, and after the executions we ate fish paste. It could have been eighty instead of fifteen. It is understandable the families are upset. We asked the parents to come and talk with us.
The people who betrayed us were our friends. My friend, Htun Aung Kyaw [ABSDF chairman at the time], was executed. He was like my older brother. We were very close. He didn’t admit he was involved, but evidence showed that he was.
“The fighting was hard. War is a different reality. We were isolated and had no connection with human rights groups. We had no opportunity to learn about democracy or human rights. If we had, it may have been different. I believed I needed to take responsibility and resolve the problem. There should be an investigation like South Africa’s Truth Commission. People need to know what really happened. The problem will be to get MI to hand over their files.
We thought we were emulating our hero Aung San by going to the jungle to fight to free our country. We didn’t even know Burma was freed because of the Second World War.
“I was 24. I thought I was old enough, but after this experience I knew I was too young to be a leader. I’m glad I’m out of politics.”
During lunch with Aung Naing in Mae Hong Son a few days after the interview, I pointed my spoon at a pungent dish in a wok. Aung Naing laughed and said that it was monkey intestine.
ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ
7 November
ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားအဖွဲ့တစ်ခုက ကျူးလွန်ခဲ့သော သွေးထွက်သံယို ရက်စက်မှုတစ်ခုသည် မြန်မာနိုင်ငံအား ဆက်လက်ခြောက်လှန့်နေသည်။ ထိုအမှုမှာ နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု အစိတ်အပိုင်းများ၊ ၎င်းတို့၏ နိုင်ငံရပ်ခြားမှ ထောက်ခံအားပေးသူများနှင့် ယခင်စစ်အစိုးရ၏ အဖွဲ့ဝင်ဟောင်းများ
ဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်တို့အတွက် ကျယ်ပြန့်သောအကျိုးဆက်များ ပေးစွမ်းနိုင်သည်။နှစ်ပေါင်းနှစ်ဆယ်ခန့်မျှကြာအောင် ၎င်းတို့၏နာကျင်မှုနှင့် ဒေါသတို့ကို ဖုံးအုပ်ထားခဲ့ပြီးနောက် ထိုအမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၏ မိသားစုဝင်များ၊ အသက်မသေဘဲကျန်ရစ်ခဲ့သူများသည် ယခုအခါ အမှုတွင်တာဝန်ရှိခဲ့သူများကို တရားစီရင်သင့်ကြောင်း တောင်းဆိုနေကြပေပြီ။စွပ်စွဲခံရသော လူသတ်သမားများအနက် အချို့မှာ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့များက ပံ့ပိုးပေးမှုဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်။ တရားမျှတမှုသည် ထိုနေရာ၌ပင် လမ်းဆုံးသွားတော့မည်လား။ ပြီးတော့လည်း ယင်းအဖွဲ့၏ အတိတ်ကမတရားမှုများကို နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှုများအတွက်ရော စစ်တပ်သည် ဘယ်လောက်ကြာကြာ ခွင့်ပြုပါမည်လဲ။
မြန်မာအာဏာပိုင်များသည် ဤကိစ္စနှင့်ပတ်သက်ပြီး ကောင်းစွာသိနားလည်ထားကာ သတိရှိရှိနှင့်ပင် တိတ်ဆိတ်နေခဲ့ပါသည်။ မြန်မာလူမျိုး သတင်းရင်းမြစ်တစ်ခုက ပြောသလိုပင်။ “တကယ်မမေ့နိုင်ကြသေးပေမယ့်၊ သူတို့ရဲ့ ရဲဘော်တွေကို သတ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ကြမယ်ဆိုရင် ၁၉၈၈ ခု စစ်တပ်ရဲ့ကျည်ဆန်တွေကြောင့် အသတ်ခံခဲ့ရတဲ့ လူထောင်ပေါင်းများစွာအတွက် တရားမျှတမှုကရောဘာလဲ။ ဒါမှမဟုတ်လည်း မှောင်မည်းတဲ့ အကျဉ်းထောင်အခန်းတွေထဲမှာ သူတို့ငယ်ဘ၀ရဲ့ အချိန်အများစုကို ကုန်ဆုံးစေခဲ့ရ၊ အနှိပ်စက်ခံခဲ့ရသူတွေအတွက် တရားမျှတမှုကရော ဘာဖြစ်မလဲ”ဟူ၍
၁၉၉၂ ခုနှစ် အစောပိုင်းတွင် ကချင်ပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီးရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်စစ်တပ်ဦး ABSDF မှ မြေအောက်သူပုန်များသည် ၎င်းတို့၏ ရဲဘော်များထဲမှ သုံးပုံတစ်ပုံနီးပါးခန့် (သို့မဟုတ်) ကျောင်းသားတပ်မတော်၏ စုစုပေါင်းလူဦးရေ ၃၅၀ မှ ၄၀၀ ခန့်အတွင်းမှ လူပေါင်း ၁၀၇ ဦးကို စစ်အစိုးရနှင့် ၎င်း၏ထောက်လှမ်းရေးဌာနအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ၏အဆိုအရ လူပေါင်း ၃၀ ဦးမှာ ကွပ်မျက်ခံရခြင်း (သို့မဟုတ်) စစ်ကြောရေးဝင်စဉ် ခံစားခဲ့ရသော နှိပ်စက်မှုဒဏ်များကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ဝေးလံခေါင်ဖျားသော တောနက်ဒေသများအတွင်း ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသော နုပျိုသည့်လူငယ်များထဲတွင် ဖြစ်ခဲ့သည့် (မျိုးဖြုတ်)သုတ်သင်မှုမှာ လူတိုင်း၏အမြင်တွင် ထူးထူးကဲကဲပင် ရက်စက်လွန်းခဲ့ပါသည်။
မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ၊ လူသိများသည့် ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်ပြီး ABSDF မြောက်ပိုင်း၏ဥက္ကဋ္ဌဖြစ်သည့် (ကို)ထွန်းအောင်ကျော်မှာ (ကျန်ရစ်သူများ၏) ပြောပြချက်အရ သံပူပြားဖြင့် နှိပ်စက်ခံခဲ့ရပြီးနောက် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ ၎င်းသည် မသေခင်အစောပိုင်းက ခေါင်းဖြတ်အသတ်ခံထားရသည့် အခြားရဲဘော်တစ်ဦး၏ ခေါင်းမှထွက်ကျနေသော သွေးများကို သောက်သုံးရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ စွပ်စွဲခံရသည့် အခြားတစ်ဦးဖြစ်သည့် (ကို)အောင်ဖုန်းမှာ ခြေထောက်တွင် မြေမြှုပ်မိုင်းများချည်နှောင်၍ ဖောက်ခွဲခံရပြီး ခြေထောက်ပြတ်ခဲ့ရသည်။ ထိုနေ့မှာပင် ၎င်းမှာလည်း ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။
အမျိုးသမီးရဲဘော်တစ်ဦးမှာမူ အုပ်စုလိုက် မုဒိန်းကျင့်ခံခဲ့ရပြီးနောက် အသတ်ခံခဲ့ရသည်။ ထိုအမျိုးသမီးမှာ ထိုစဉ်က မြို့တော်ရန်ကုန်တွင် ဒီမိုကရေစီရေးဆန္ဒပြသူများကို စက်တင်ဘာ ၁၉၈၈ ၌ အစုအပြုံလိုက် သုတ်သင်မှုပြီးနောက် လက်နက်ကိုင်တော်လှန်ရေး နယ်ပယ်ထဲမရောက်ခင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ခဲ့သည်။
သူလျှိုများကို စွပ်စွဲရှာဖွေမှုကိစ္စမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်း၌ ABSDF စခန်းမှ နယ်စပ်အနီး တရုတ်ပြည် ယင်ကျန်း၌ တရုတ်ရဲတပ်ဖွဲ့က ပစ္စတိုသေနတ်များ၊ လောင်ချာများနှင့်အတူ မြန်မာလူငယ် ၁၀ ဦးကို ဖမ်းဆီးမိလိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စခန်းသို့ ပြန်ပို့ခံခဲ့ရပြီးနောက် လူငယ်တော်လှန်ရေးသမားများအကြားတွင် ရူးသွပ်မှုက ရုတ်တရက် ထူးခြားစွာဖြစ်ပေါ်ခဲ့တော့သည်။ နောက်ပိုင်းတွင် ABSDF က ထုတ်ပြန်ခဲ့သော ဗီဒီယိုတိတ်ခွေတစ်ခု၌ ယူနီဖောင်းဝတ်ထားသော လူငယ်များမှာ သစ်သားစားပွဲတစ်ခု၌ ထိုင်နေကြပြီး ၎င်းတို့အသွင်မှာ ထိုစဉ်က ၎င်းတို့ကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများပုံစံအဖြစ် မြင်ကြည့်ရသည်ထက် ရောမခေတ်က စုံစမ်းစစ်ဆေးရေးအရာရှိများအသွင်နှင့် ပိုတူနေတော့သည်။ ဗီဒီယိုတိတ်ခွေထဲ၌ စွပ်စွဲခံရသူတစ်ယောက်ချင်းသည် ၎င်းတို့၏ “ပြစ်မှု”များကို ၀န်ခံခဲ့ကြသည်။
၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်များမှာ ကမ္ဘောဒီးယား၌ ရုအောလ်ဆလန်းထောင်ရှိ ခမာနီအာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းကာ ထွက်ဆိုစေခဲ့သော ၀န်ခံချက်များကဲ့သို့ပင် အသေးစိတ်ကျကျနှင့် သေသေချာချာ တိတိကျကျပင် ဖြစ်သည်။ ညတွင် အကျဉ်းသားအားလုံးကို ၀ါးတဲကြီးတစ်လုံး၌ ချုပ်နှောင်ထားပြီး မြေသားကြမ်းပြင်ပေါ်တွင် စောင်မပါဘဲ အတူတကွ အိပ်စက်စေခဲ့သည်။
ယခုအခါ ရန်ကုန်တွင် လူသိများသည့် ပန်းချီနှင့်ပါဖောမန့်စ် အတတ်ပညာရှင်တစ်ဦးဖြစ်ပြီး အဖမ်းခံခဲ့ရသူများထဲမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သည့် (ကို)ထိန်လင်းက “ကျွန်တော်တို့ဘ၀တွေအားလုံးက သူတို့လက်ထဲမှာ ရှိခဲ့တာဆိုတော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ စိတ်ကူးပေါက်ရာတွေအတိုင်း ခေါင်းညိတ်ခဲ့ရတော့တာပေါ့”ဟု ပြောပါသည်။
ကျန်ရစ်သူ နောက်တစ်ဦးဖြစ်သည့် (မ)နန်းအောင်ထွေးကြည်ကလည်း သူမ၏ဦးခေါင်းကို သေနတ်ဖြင့် ချိန်ထားခံရပြီး သူမနားမလည်သော မေးခွန်းဖြစ်သည့် “သူတို့ မင်းကို ဘာလုပ်ဖို့ညွှန်ကြားထားလဲ”ဟူသော မေးခွန်းကို အမေးခံခဲ့ရသည်ဟု ဆိုပါသည်။ ထိုစဉ်က အသက် ၂၀ အရွယ်အတွင်း ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နန်းအောင်ထွေးကြည်မှာ အစိုးရ၏ စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသည့် ဒုတပ်ကြပ်တစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရသည်။ သူမမှာ ယခုအခါ ပြည်ပအခြေစိုက်အနေဖြင့် ဆစ်ဒနီတွင် နေထိုင်လျက်ရှိပြီး မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်ထောက်ခံအားပေးနေဆဲရှိနေသည်။
စွပ်စွဲခံရသူများ၏ မိသားစုအချို့မှာ ABSDF မြောက်ပိုင်းစခန်းသို့ သွားရောက်ခဲ့ကြသည်။ နန်းအော်ထွေးကြည် အပါအ၀င် ယနေ့အထိ အသက်ရှင်ကျန်ရစ်သူအချို့မှာ ပြန်လွှတ်ပေးခြင်းခံခဲ့ရပြီး ကိုထိန်လင်းနှင့် အခြားသူများမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ရပြီးနောက် အစိုးရတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ အကျဉ်းထောင်သို့ နှစ်ပေါင်းများစွာကျခံရန် ပို့ဆောင်ခံခဲ့ရသည်။
သတိရှိသော တိတ်ဆိတ်မှု
ထိုအချိန်လောက်က (ကျောင်းသားများအား) သတ်ဖြတ်မှုကို ပြင်ပကမ္ဘာ၏ အာရုံစိုက်မှု အနည်းငယ်သာရှိခဲ့သည်။ မြောက်ပိုင်းရှိ ထိုကျောင်းသားစခန်းသို့ သွားရောက်ခဲ့ဖူးသော နေးရှင်းသတင်းစာမှ ထိုင်းသတင်းထောက် ယင်းဒီလတ်ခူးရိုယန်ချုတ်ကမူ ထိုအကြောင်းကို သူမ၏ ဘန်ကောက်အခြေစိုက်သတင်းစာတွင် ရေးသားခဲ့သည်။ ဤစာရေးသူသည်လည်း လူသတ်မှုများအကြောင်းကို ၁၉၉၂၊ ဇွန် ၁၆ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် Far Eastern Economic Review အရှေ့ဖျားစီးပွားရေးစာစောင်တွင် ရေးသားခဲ့ဖူးသည်။ အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုကို တိုက်ရိုက်နှင့်သွယ်ဝိုက် ရန်ပုံငွေထောက်ပံ့ခဲ့သော နိုင်ငံတော်အဖွဲ့အစည်းများသည်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ တိတ်ဆိတ်နေခဲ့ကြသည်။ ထိုင်းနယ်စပ်တွင်ရှိသော ABSDF ဗဟိုဌာနချုပ်ရုံးသည် ၁၉၉၂ မတ် ၁ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဤအချက်မှာ ဖမ်းမိခဲ့သောသူများသည် ABSDF ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းသော အစိုးရသူလျှိုများဖြစ်၍ သုတ်သင်ခံရခြင်းများအပေါ် သက်သေပြသလို ဖြစ်ခဲ့သည်။
ထိုစဉ်က ABSDF တစ်ဖွဲ့လုံး၏ ဥက္ကဋ္ဌဖြစ်သူ နိုင်အောင်မှာ ဖမ်းဆီးမှုများဖြစ်ပွားပြီးနောက် မြောက်ပိုင်းသို့ရောက်ခဲ့ကာ သုတ်သင်မှုများကို ရှုတ်ချခြင်းမပြုခဲ့ဟု သတင်းများအရဆိုသည်။ ၎င်းကလည်း ဖမ်းဆီးခံထားရသူများကို ထိုစဉ်က ၎င်းကိုယ်တိုင်ထုတ်ပြန်သော အစီရင်ခံစာ၌ သူလျှိုများအဖြစ် ညွှန်းဆိုထားခဲ့သည်။ သတ်ဖြတ်မှုများဖြစ်စဉ်က ABSDF မြောက်ပိုင်းဗျူရို၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရော်နယ်အောင်နိုင်က ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် ၎င်း၏အခန်းကဏ္ဍကို ထိုင်းအခြေစိုက် စာရေးဆရာဖီးလ်သွန်တန်၏ Restless Souls:Rebels, Refugees, Medics andMisfits on the Thai-Burma Border စာအုပ်၏ အခန်းတစ်ခန်းတွင် ၀န်ခံထားခဲ့သည်။
ယနေ့ကာလတွင်တော့ နိုင်အောင်သည် ထိုင်းနယ်စပ်အခြေစိုက် Forum For Democracy in Burma ကို ခေါင်းဆောင်နေပြီး၊ ရော်နယ်အောင်နိုင်မှာ ထိုင်းမြောက်ပိုင်း မြို့တော်ချင်းမိုင်၌ မီဒီယာလေ့ကျင့်ရေးမှူးတစ်ဦး ဖြစ်နေပါပြီ။ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ အများစုမှာ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေးထောက်ပံ့မှုများ ရယူနေဆဲဖြစ်ပြီး ဤအခြေအနေကို ယခုအခါ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပတွင်နေထိုင်သော ကျန်ရစ်သူများက စိန်ခေါ်၊ ဖော်ထုတ်လျက် ရှိနေခဲ့ပါပြီ။ Asia Times Online သတင်းဌာန၏ မေးခွန်းများကို စာဖြင့်ရေးသား ဖြေဆိုထားချက်၌ နိုင်အောင်က ၎င်းသည် ABSDF ဗဟို၏ ဆုံးဖြတ်ချက်နှင့် သိရှိမှုမပါဘဲ ဖြစ်ခဲ့သည်ဟု ၎င်းဆိုသော ထိုလူ့အခွင့်အရေးချိုးဖောက်မှုများကို နောင်တရမိကြောင်း ပြောထားပါသည်။ ၎င်းသည် နေးရှင်းသတင်းစာတွင် ပါမလာခင်အထိ သတ်ဖြတ်မှုများကို သတိမပြုမိခဲ့ကြောင်း၊ ၎င်း၏ဌာနချုပ်သည် “အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းအပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် လက်တွေ့ပိုင်းအရရော၊ ဖွဲ့စည်းပုံအရပါ မည်သည့်အာဏာမှ မရှိခဲ့ကြောင်း”ဆိုပါသည်။
ဟားဗတ်တက္ကသိုလ်ရှိ ကနေဒီ School of Government ကျောင်းတွင် ပညာသင်ကြားခွင့် စကောလားရှစ်ရခဲ့သော နိုင်အောင်သည် သုတ်သင်မှုမှ ကျန်ရစ်ခဲ့သူများ၏ ကန့်ကွက်ခြင်းခံရပြီးနောက် ၂၀၀၂ တွင် ၎င်း၏ပညာသင်ဆု ရုတ်သိမ်းခံခဲ့ရသည်။ ၂၀၀၈တွင် ရော်နယ်အောင်နိုင်မှာ BBC သတင်းဌာန၏ မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ် ငှားရမ်းခံရပြီး နောက်ပိုင်းတွင် ကန့်ကွက်မှုများကြောင့် ရာထူးဆုံးရှုံးခဲ့ရသည်။ ယခုလအတွင်း ရန်ကုန်တွင် ဤစာရေးသူနှင့်တွေ့ဆုံခဲ့သော ကျဆုံးသူများ၏ မိသားစုဝင်များနှင့် ကျန်ရစ်သူများသည် ၎င်းတို့၏အမှုနှင့် ဇာတ်လမ်းများကို ပြောပြရန် စိတ်အားထက်သန်ခဲ့ကြသည်။ နောက်ကြောင်းပြန်လှန်၍ ဖော်ထုတ်ရေးသားသော ဆောင်းပါးများစွာလည်း ထိုအစုအပြုံလိုက် သုတ်သင်မှုအကြောင်းကို မြန်မာ့မီဒီယာများတွင် မကြာသေးမီက ပုံနှိပ်ဖော်ပြခဲ့ကြပါသည်။ သုတ်သင်မှုမှာ ကျန်ရစ်သူတစ်ဦး၏ အစ်ကိုတော်စပ်သူ မောင်မောင် ခေါ် ရွှေကရ၀ိတ်မှာ ဖြစ်စဉ်နှင့်ပတ်သက်၍ “ခေတ်သစ်ဟင်္သာကိုးသောင်းဇာတ်လမ်း”အမည်ဖြင့် မြန်မာဘာသာ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေထားခဲ့ပါပြီ။ ယခုအချိန်မတိုင်မီအထိမူ ကျန်ရစ်သူများထဲမှ တစ်ဦး၏ပြောကြားချက်အရ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဒီမိုကရေစီလှုပ်ရှားမှုအား ဆန့်ကျင်သည့် စစ်တပ်၏၀ါဒဖြန့်ချိရေးအဖြစ် အသုံးချခံရမည့်အရေး ရှောင်ရှားနိုင်ရန် ၎င်းတို့ ကိုယ်တွေ့အဖြစ်အပျက်များကို မဖော်ပြချင်ကြဟု ဆိုကြပါသည်။
အခြားတစ်ဖက်တွင်တော့ ကျန်ရစ်သူများမှာ အနောက်(နိုင်ငံရေးသမားများ)ဘက်မှ စာနာမှု (သို့မဟုတ်) ထောက်ခံမှုအနည်းငယ်သာ ရခဲ့ကြသည်။ ဤသို့လျှင် ကြာရှည်နေသော တိတ်ဆိတ်မှုမှာ ဒီမိုကရေစီလှုပ်ရှားမှုကို သိက္ခာကင်းမဲ့စေနိုင်ပါသည်။
သို့သော်လည်း ခံစားခဲ့ရသူများ၏ ပူဆွေးမှုများကို နားထောင်ပေးရန် အစိုးရ၏ ဆန္ဒမရှိမှုမှာ ပိုမိုကျယ်ပြန့်သော အထိအခိုက်မခံနိုင်သည့် ကိစ္စတစ်ရပ်ကို ရောင်ပြန်ဟပ်ပြနေပါသည်။ ထိုကိစ္စမှာ စစ်တပ်က ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားလူနည်းစုအုပ်စုများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မျိုးဖြုတ်သတ်ဖြတ်မှုများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်ပါသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ၊ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watch နှင့် အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် လက်နက်အင်အားအသုံးပြု၍ နှိမ်နင်းခြင်း၊ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်မှုများ၊ လက်လွတ်စပယ်ဖမ်းဆီးမှုများ၊ နှိပ်စက်ညှင်းပန်းမှုများနှင့် မုဒိန်းမှုများကို အသေးစိတ် မှတ်တမ်းတင်ထား ကြပါသည်။ Human Rights Watch အဖွဲ့မှ မြန်မာ့ရေးရာ အကြီးတန်းသုတေသီ ဒေးဗစ်မက်သီးဆင်က “ABSDF ကိစ္စဟာ အစိုးရတပ်ဖွဲ့တွေကနေ သူပုန်အုပ်စုတွေအထိ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ကျူးလွန်ကြသူတွေကို နမူနာတစ်ခုအဖြစ် ပြသသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအမှုက အတိတ်က မတရားမှုတွေကို ဖြေရှင်းရေးနဲ့ပတ်သက်လို့ ထိုကျယ်ပြန့်တဲ့ လူထုကြား အငြင်းအခုံကို လှုံ့ဆော်စေနိုင်ပါတယ်။ ဘယ်လို(တရားစီရင်ရေး) ယန္တရားက ဆယ်စုနှစ်များစွာဖြစ်ခဲ့တဲ့ မတရားမှုတွေ၊ အပြစ်ဒဏ်က လွတ်ခဲ့မှုတွေကို အဆုံးသတ်ရေးမှာ အကောင်းဆုံးသင့်တော်တာ ဖြစ်မလဲဆိုတာကို လှုံ့ဆော်စေနိုင်ပါတယ်”ဟု ပြောသည်။
ပထမဆုံးသော မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ကိုမူ ABSDF သတ်ဖြတ်မှုများမှ အသက်ရှင်ကျန်ရစ်ခဲ့သူများက ပြုလုပ်ခဲ့ကြပြီးပါပြီ။ သို့သော် မြန်မာ (သို့မဟုတ်) အခြားနေရာတစ်ခုခုရှိ တရားရေးအဖွဲ့အစည်း တစ်ရပ်ရပ်က ၎င်းတို့အမှုကို ကိုင်တွယ်ဆောင်ရွက်လိုစိတ် ရှိသလားဆိုသည်မှာ ဆက်လက်ကြည့်ရှုရဦးမည်။ “အတိတ်က ချိုးဖောက်ခဲ့မှုတွေကို မသိကျိုးကျွံပြုခြင်းဟာ မတရားပြုခဲ့သူတွေကို စွပ်စွဲခံရမှုကင်းအောင်လုပ်တာ၊ အပြစ်မဲ့ခံစားခဲ့ရသူတွေနဲ့ သူတို့မိသားစုတွေအတွက် အမှန်တရားကို ငြင်းပယ်တာ၊ ပြီးတော့ အရပ်သားတွေအပေါ် ပြစ်ဒဏ်ခံစရာမလိုဘဲ အကြမ်းဖက်မှုကျူးလွန်ဖို့ သေနတ်ကိုင်ထားတဲ့ မျိုးဆက်သစ်တစ်ရပ်ကို အလားအလာရှိရှိ အားပေးအားမြှောက်ပြုတာပါပဲ။ မြန်မာ့လက်နက်ကိုင် တပ်ဖွဲ့တွေဟာ သင့်တင့်လျောက်ပတ်တဲ့ တရားရေးအရ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ရတာ ရှားလှတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေမှာလည်း အဲဒီလိုမရှိကြပါဘူး”ဟု သုတေသီမက်သီးဆင်က ပြောလိုက်ပါသည်။
-Ref : Myanmar : Old Atrocity, new implicationsby Bertil Lintner. Asia Times.(မူရင်းဆောင်းပါးရှင် ဘာတီးလ်လစ်တနာသည် ယခင်က Far Eastern Economic Review ၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့အရေးစာအုပ်များစွာ ရေးသားခဲ့သည်။ ယင်းတွင် Aung Sann Suu Kyi and Burma's Struggle for Democracy (2011) နှင့် Burma in Revolt : Opium and Insurgency Since 1948 (၂၀၀၃)၊ Outrage Burma's Struggle for Democracy (၁၉၉၀)၊ The Rise and Fall of the Communist Party of Burma (၁၉၉၀)တို့ ပါဝင်သည်။ ၎င်းသည် လက်ရှိတွင် Asia Media Services ၏ ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)
No comments: