Sunday, January 22, 2012

ABSDFကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်း တချို့ မြန်မာပြည်ပြန်မည်

ကိုအောင်သူငြိမ်း
ကိုအောင်နိုင်ဦး

ABSDF ကျောင်းသားတပ်မတော် အတွင်းရေးမှူးဟောင်းကိုအောင်သူငြိမ်း နှင့် အဖွဲ့ ဝင်ဟောင်းများဖြစ်တဲ့ ကိုအောင်နိုင်ဦး၊ ကိုမင်းဇော်ဦးတို့ ဖေ ဖော်ဝါရီလဆန်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

" အလည်အပတ်အနေနဲ့ လာမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပြောင်းလဲလာလို့ပါ။ ဖြစ်နိုင်ရင်တော့ အပြီးပြန်လာချင်ပါတယ်။ ဒါပေမဲ့ အကူးအပြောင်းမှာ မှတ်ပုံတင်ကိစ္စတရားဝင် ပြန်နေထိုင်ဖို့၊ ပတ်စပို့ပြန်လျှောက်ထားဖို့ စသည်ဖြင့် အချိန်ယူရပါဦးမယ်။ ကျွန်တော်တို့ပြည်ပမှာ နေထိုင်လာတာ ၂၄ နှစ်နီး ပါးရှိပြီဆိုတော့ ဘ၀အစိတ်အပိုင်းတော်တော်များများက ပြည်ပမှာ ချိတ်ထားသလိုဖြစ်နေတယ်။ ဥပမာ-ဘဏ် အကောင့်၊ ခရစ်ဒစ်ကတ် စသည်ဖြင့်ပေါ့ဗျာ" ဟု ဗဟိုဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့မှ ကိုအောင်သူငြိမ်းက ပန်းသတင်းဂျာနယ်ကို ပြောသည်။


ယခုပြန်လာမည့် သုံးဦးအနက်မှ ကိုအောင်သူငြိမ်းနှင့် ကိုအောင်နိုင်ဦးတို့သည် ဗဟိုဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း ပြည်တွင်းထုတ် ပန်းသတင်းဂျာနယ်မှာဖော်ပြထားပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိမ်က ပြည်ပရောက်မြန်မာနိုင်ငံသားများကို တိုင်းပြည်ပြန်လည် တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ပြန်လာရန်ဖိတ်ခေါ်မှုများ ပြုလုပ်သဖြင့် ပြည်ပသို့အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားတချို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

1 comment:

Anonymous said...

ကျောင်းသားအမည်ခံ ရေပေါ်ဆီတွေက ဘာတဲ့ ခရက်လ်ဒစ်ကဒ် ၊ ဘန့်အကောက် တွေနဲ့ပြန်ဖို့နှောက်နှေးနေတယ်ဆိုပါလား။ ရဲဘော်တွေမှာတော့ ကနေ့အချိန်ထိ လွတ်မြောက်ရေးအတွက် အခက်အခဲတွေကြားမှာ ရုန်းကန်နေဆဲ။