Sunday, April 8, 2012

စမ်းရေတွင်းနှင့် မဟာသမုဒ္ဒရာ

 
ကျွန်တော်ကျောင်းသားဘဝမှာ ချောက်မြို့သား စာရေးဆရာ ဆရာ မင်းကျော်ရေးသည်ဟု မှတ်မိသော ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ခဲ့ရပါသည်။ ဆရာမင်းကျော်က မဟာသမုဒ္ဒရာနှင့် စမ်းရေတွင်းကို နှိုင်းယှဉ်ကာရေးသွား ပါသည်။ အလွန်ကောင်းသောဝတ္ထု ဖြစ်၍ ရင်ထဲတွင် စွဲကျန်ခဲ့ပါသည်။ ဝတ္ထု၏အနှစ်သာရမှာ သူငယ်ချင်း အမျိုးသမီးနှစ်ယောက် ဆယ်တန်း အတူအောင်မြင်ကြပြီး တစ် ဦးက တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ယူပြီး တစ်ဦးက တက္ကသိုလ်သို့ ဆက်မတက်ဘဲ အိမ်ထောင်ရက်သား ကျသွားခဲ့ပါသည်။ တက္ကသိုလ်ဆက် တက်သူမှာ ဘွဲ့တွေအထပ်ထပ်ရကာ တက္ကသိုလ်ဆရာမ အထီးကျန် အပျို ကြီးဘဝဖြစ်နေချိန်တွင် အိမ်ထောင် ကျကာ ကျန်ခဲ့သောသူငယ်ချင်းမှာ သားတွေ သမီးတွေနှင့် သိုက်သိုက် ဝန်းဝန်း ပျော်ပျော်ပါးပါးဖြင့် စမ်းရေ တွင်းပမာ အေးမြသာယာလျက်ရှိနေ ပါသည်။ ဘွဲ့တွေအထပ်ထပ်ရကာ သမုဒ္ဒရာပမာ ကမ်းမမြင် လမ်းမမြင် ဖြစ်နေသော အပျိုကြီးအထီးကျန်ဘဝ နှင့်ယှဉ်ဟပ်ဖော်ပြသွားပါသည်။ ယခုကျွန်တော် အသက် ၇ဝ ကျော်တွင် စမ်းရေတွင်းနှင့် မဟာ သမုဒ္ဒရာဆိုသော ခေါင်းစဉ်ပေါ်တွင် ခံစားမှုတစ် မျိုးပေါ်လာပါသည်။ အလွန်ပူပြင်းလှသော (ရေရှားသော) ချောက်ရေနံ မြေမှပေါက်ဖွားကြီး ပြင်း လာကြသူများတွင် ဆူကြုံနိ မ့် မြင့် ကွာဟသွားခဲ့ကြပါသည်။ အများစု ချောက်သူ၊ ချောက်သားများမှာ နိမ့် ကျကျန်ခဲ့ပြီး၊ အချို့မှာ စီးပွားရေး အားဖြင့် မြင့်သွားကြသူတွေရှိသကဲ့ သို့ ပညာရေး၊ ရာထူးတို့တွင်လည်း မြင့်မားသွားကြသူတွေရှိပါသည်။ သို့သော် အဘက်ဘက်က ကြီး မြင့်သွားကြသူများသည် မဟာသမုဒ္ဒ ရာကဲ့သို့ဖြစ်သွားကြကာ ကမ်းမမြင် လမ်းမမြင် ကြီးကျယ် သွားခဲ့ကြပါ သည်။ ယင်းသို့ ကြီးကျယ်သွားကြ သည်ကို အားရစရာ၊ ကျေနပ်စရာ၊ ဂုဏ်ယူစရာ ဖြစ်ရပါသည်။ သို့သော် သမုဒ္ဒရာရေသည် လူတွေသောက်မရ သုံးမရဖြစ်ဘိသကဲ့သို့ (နိုင်ငံ၏ထိပ် ဖျားနားအထိ)ကြီးပွားမြင့်တက် သွား ကြသော ချောက် သားအချို့မှာ သောက်၍သုံး၍မရသော သမုဒ္ဒရာရေ ပမာဖြစ်သွားခဲ့ကြပါသည်။ သောက် သုံးမရသော ပင် လယ်ဆားရေများ အသွင်ပြောင်းသွားခဲ့ကြပါသည်။ တစ် နည်းအားဖြင့် သူသာမြင့်မားသော် လည်း အရိပ်မရ (အရိပ်မပေး)သော ထန်းပင်ကဲ့သို့ဖြစ်သွားကြပါသည်။ အရပ်ဒေသ၏ သဘာဝကိုပင် အပြစ်တင်ရမည်လားမသိပါ။ မိုးခေါင် ရေရှား အလယ်ပိုင်းဒေသတွင် အများ အားဖြင့် ထန်းပင်များနှင့် ဆူးပင်များ သာဖြစ်ထွန်းလေ့ရှိပါသည်။ ကျောက် ဆည်လိုအရပ်၊ ရွှေဘို၊ ကန့်ဘလူလို အရပ်၊ သံလျင်၊ ကျောက်တန်းလို အရပ်များတွင် ညောင်ပင်ကြီးများ ပေါက်ကာ မိမိနယ်သားများကို အရိပ် ကောင်းကောင်းပေးနိုင်ခဲ့ကြပါသည်။ စမ်းရေတွင်းပမာ ရေချိုတိုက်ကျွေး သွားနိုင်ကြပါသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် Flower News ဂျာနယ် တွင် ကျောက်တန်းသားကြီးတစ်ဦး ၏ ဓာတ်ပုံနှင့်တကွ ရွှေမှော်ဝန်းလူမှု ယဉ်ကျေးမှုကူညီရေးအဖွဲ့ ဖွဲ့သော သတင်းကို ဖတ်လိုက်ရပါသည်။ ရွှေ မှော်ဝန်းဒေသတွင်ရှိသော ပြည်သူများ ၏ အခြေခံပညာရေးကဏ္ဍကို အခြား ကဏ္ဍများထက် တိုးမြှင့်လုပ်ဆောင် ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရ ပါသဖြင့် သာဓုအနုမောဒနာခေါ်လိုက် မိပါသည်။ ရှေးပညာရှိ သူတော်ကောင်းများ က ဤသို့ဆိုထားပါသည်။ မိမိမွေး ဖွားကြီးပြင်းရာအရပ်၊ ရန်အောင်ရာ အရပ်၊ ကြီးပွားရာအရပ်တို့ကို မမေ့အပ်ဟုဆိုထားပါသည်။ ကျေးဇူးသိ တတ်ကာ သူတော်ကောင်းစိတ်ဓာတ် ရှိသူတိုင်းသည် မိမိမွေးရပ်မြေကို မမေ့ တတ်ကြပါ။ ကိုယ်အား၊ Óဏ်အား တတ်အားသ၍ အကျိုးပြုကြသည် သာဖြစ်ပါသည်။ ယနေ့ချောက်မြို့၏ အနေအထားမှာ မြို့လယ်ရပ်ကွက်များ တွင် သုံးရက်မှ ရေတစ်ကြိမ်လာ၍ ၄၅ မိနစ်ခန့်သာကြာပါသည်။ ဘယ် အချိန်လာမည် ကြိုတင်မသိရပါ။ ညဥ့်သန်းခေါင်လာ၍ အိပ်ယာမှ မနိုး မိ ရေမခပ်မိပါက နောက်သုံးရက်ထပ် စောင့်ကြရပါသည်။ ရွှေသူဋ္ဌေးကုန်း ကဲ့သို့ ကုန်းမြင့်အရပ်များတွင် ခြောက် ရပ်မှတစ်ကြိမ်သာ ရေလာလျှင် ရေခံ ရန်တန်းစီစောင့်ကြရသော ရေပုံးများ မှာရှုမဆုံးတော့သည် စာသားပါ ကိုအံ့ ကြီးသီးချင်းအတိုင်း တွေ့မြင်ရပါ သည်။ ထို့အပြင် မိုလာဂိတ်မှ ချောက် မြို့အဝင် သေမင်းတမန်ဂုံးဆင်းကြီး တစ်ခုရှိပါသည်။ ယင်းဂုံးဆင်းတွင် မကြာခဏကားတွေ မှောက်၊ ချောက် ထဲကျ လူတွေသေနေသဖြင့် ယင်း ချောက်ကြီးအပေါ်မှ တံတားထိုးရန် ဟုဆိုကာ ယခင်မြို့နယ်အာဏာပိုင် အဆက် ဆက်က ငွေတွေကောက်ခံ လိုက် သိန်း လေးငါးခြောက်ဆယ် ဘယ်ရောက်သွားမှန်းမသိလိုက်သဖြင့် တဖွဲ့ပြီးတစ်ဖွဲ့သာပြောင်းသွားသည်။ သေမင်းတမန် ချောက်ကြီးမှာ ယနေ့ တိုင်ပကတိအတိုင်းရှိနေပါသည်။ ယခုနောက်ပိုင်း နယက ခေတ် တွင် စိတ်ကောင်းရှိသော ချောက်မြို့ သားဝန်ကြီးတစ် ဦးက ရေရှိရေး အတွက် ရန်ပုံငွေချပေးအောင် ဆောင် ရွက်သွားခဲ့သည်ဟု ကြားသိရပါ သည်။ ကျလာသော ရန်ပုံငွေကို ရပ် ကွက်လူကြီးတစ်ဦး၏ပြောစကားအရ ကော်မတီဖွဲ့၍ဆောင်ရွက်ရန် သက် ဆိုင်ရာသို့ တိုက်တွန်းသော်လည်း လက်မခံသဖြင့် ကြည့်နေရကြောင်း၊ သို့သော် ယနေ့အထိ ထူးခြားမှု တစ် စုံတစ်ရာမရှိသေးကြောင်းဖြင့် ကြားသိ ရပါသည်။ ကြက်သောက်သည့်ရေ လို ပြန်လမ်းမရှိဖြစ်သွားမှာစိုးရိမ်နေ ကြပါသည်။ အနှစ်ချုပ်ရပါလျှင် စမ်းရေတွင်း နှင့် မဟာသမုဒ္ဒရာပမာ သောက်သုံး မရသော သမုဒ္ဒရာရေလိုသူတွေ (ဝါ) ကိုယ်သာမြင့်ပြီး အရိပ်မရသော ထန်း ပင်လိုလူတွေ ဖြစ်ပေါ်လာခြင်းအစား စမ်းရေပမာ ချိုသော၊ အေးသောရေလို၊ ညောင်ပင်ကြီးလို အရိပ်ပေးသောလူ တွေ၊ ဒီမိုကရေစီခေတ်တွင် ပေါ်ထွန်း လာပါစေကြောင်းနှင့် ချောက်မြို့နယ် မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ၏ စမ်းရေပမာသူတို့၏ မေတ္တာကို လည်း ချောက်မြို့သူ၊ မြို့သားများက စောင့်မျှော်လျက်ရှိနေကြပါသည်။
စိုးဝင်း(ချောက်)
 

No comments: