Monday, September 27, 2010

ဘတ်ဖဲးလိုးမြို့၏ ကျက်သရေဆောင် မြို့တော်ခမ်းမအရှေ့တွင် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော် လွှင့်တင်ခြင်း အခမ်းအနားကျင်းပ



2010/9/26 မိုးကျော်(MoeThu) <moethu7@gmail.com>

အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ၏ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ် မြောက် နှစ်ပတ်လည် အထိန်းအမှတ် ထုတ်ပြန်ကြေညာချက်


အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ၏ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ် မြောက် နှစ်ပတ်လည် အထိတ်အမှတ် ထုတ်ပြန်ကြေညာချက်


2010/9/26 မိုးကျော်(MoeThu) <moethu7@gmail.com>

မုန်တိုင်းရဲ့ဆောင်းပါး(၄)

ရဲဘော်များ ဖိုင် ကို ဖွင့်ဖတ်တာ ပိုကောင်းပါတယ်။ သို့သော် ဒီအတိုင်းဖတ်ချင်ရင်တော့
 
            သမိုင်းမှာ ဘယ်သူတွေက ဘယ်လိုရပ်တည်ကြမှာလဲ

၁၉၉၀ ရွေးကောက်ပွဲကို ပြန်သုံးသပ်တဲ့ စစ်တမ်းမလာခင် ကြားဖြတ်ပြီး ပြောချင်တဲ့စကားတချို့ရှိပါတယ်။
လမ်းပြကြယ် ဦးအေးမြင့်ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး တချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်ဝေဖန်ခြင်းဟာဒေါ်လာစား မီဒီယာသမားတချို့က
 နိုင်ငံရေးသတ်ခြင်းအဖြစ်ကောက်ချက်ချပြီး NLD အပေါ်ဝေဖန်ချက်တခုတည်းကိုသာ ဇောင်းပေးပြီး ဆွေးနွေးကြလေ့ရှိတယ်။
ဒီအချက်ကိုပြောဆိုနေကြတဲ့ လူတွေကို ကြည့်လိုက်ရင် ပြည်ပမှာ ကိုယ်က ဘာမှမလုပ်နိုင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ  အထွေအထွေ
ကျဆုံးမှုနေတဲ့ ရင်ဆိုင်နေရတဲ့ဘဝထဲမှာ မောပမ်းနေပြီး သူများကို အပြစ်တင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုကို ရှမ်းလွယ်အိပ်လို ဘေးတိုက်တွဲကပ်ပါနေတဲ့အဆင့်လောက်သာရှိတော့တဲ့သူတွေဆိုရင် မမှားပါဘူး။
 NLD ကို ဝေဖန်လို့ရပါတယ်။ မုန်တိုင်းတို့က NLD မဟုတ်ဘူး။ သို့သော် ကိုယ်ကိုယ်တိုင်လည်း ပြန်သုံးသပ်ဖို့လိုပါတယ်။
 (၂၂) နှစ်အတွင်းမှာ
(၁) ကျောင်းသားတပ်မတော်ရဲ့အင်အား၊ ရဲဘော်တွေရဲ့အနေအထား၊ ခေါင်းဆောင်တွေရဲ့ပျက်စီးမှုကရော ဘယ်အဆင့်ကို ရောက်သွားပါပြီလဲ။ 
      (ခေါင်းဆောင်ဟောင်းများ၊ တပ်ရင်းမှူးဖြစ်ခဲ့ဘူးသူများ အရှိကိုအရှိအတိုင်း  ပြည်သူကိုတင်ပြပေးပါ)
(၂) ၁၉၉၀ ကာလတုန်းက ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ လူ့ဘောင်သစ်ပါတီ ဟာ ပြည်တွင်းမှာ အလံဘာကြောင့် မစိုက်ထူနိုင်တော့တာလဲ။
 အင်အားဘယ်လောက်ကျန်ပြီး၊ တိုက်ပွဲဘယ်နှစ်ခုကိုဆက်လက်သယ်ဆောင်ခဲ့ပါသေးသလဲ။ ( ဒီ နေရာမှာ ကိုအောင်မိုးဇော် နဲ့ ရဲဘော်တချို့
လက်ဆင့်ကမ်းသယ်ဆောင်လာပြီး တော်လှန်ရေးနယ်မြေမှာ လူ့ဘောင်သစ်အလံကို စိုက်ထူထားဆဲ၊ တိုက်ပွဲဝင်နေဆဲလူတွေကို အသိအမှတ်ပြုပါရစေ။ အလံမလဲစတမ်းတိုက်ပွဲဝင်နေလို့ပါ။)ပါတီအလံတွေကို တခုပြီးတခုပစ်၊ လူထုအုံကြွမှုကို ကားမီးရှို့မှုနဲ့ရောထွေးပြီး
မင်းမဲ့စရိုက်ဆန်ဆန်လှုံဆော်နေတဲ့ လူ့ဘောင်သစ်တည်ထောင်သူ မိုးသီးဇွန် ဖြေကြားပေးပါ။
လူ့ဘောင်သစ်ပါတီ ကို (၂၂) နှစ်အတွင်းမှာ ဘယ်လို စည်းကမ်းတကျ တည်ဆောက်ခဲ့ပါသလဲ။ ကိုယ့်ရဲ့ခေါင်းဆောင်မှုကိုရော လူ့ဘောင်သစ်ရဲဘော် ဘယ်နှစ်ယောက်က ထောက်ခံနေပါသေးလဲ။
အားလုံးမြင်နေကြပေမဲ့ ကာယကံရှင်တွေဖြေပါ။

ရှေ့နေ ဦးအေးမြင့်ရဲ့ရပ်တည်ချက်ကိုကြည့်ရအောင်ပါ။
 စရဖ ( ပြည်တွင်းမှာတော့ စောက်ရမ်းဖမ်း အာဏာပိုင်အဖွဲ့ လို့ လူသိများ) တွေနဲ့ တရုံးရုံးနေထိုင်နေတဲ့ ဦးအေးမြင့် က ရွေးကောက်ပွဲကို သပိတ်မမှောက်နိုင်ရင်၊  NDF တို့၊ ကိုသိန်းဋ္ဌေး တို့ လုပ်နေတဲ့ သူတွေလို ဝင်ရွေးချယ်မဲ့သူတွေကို မဲပေးရမယ် လို့ဆိုတယ်။
NDF ကော့ကရိတ် သိန်းညွှန့် ဆိုတာ ဦးအောင်ရွှေ ရဲ့ လူအရင်း၊ ဦးအောင်ရွှေက (၂၉) ရက်အစည်းအဝေးမှာ ဒေါ်စုကို တိုက်ရိုက်အာခံ
ရင်မဆိုင်ရဲတော့ ကော့ကရိတ် သိန်းညွှန့် နဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းကို အုပ်စုခွဲထွက် ပါတီထောင်ဖို့ ညွှန်ကြားထားပြီးသား။
ဒီလို အချက်အလက်တွေ ကို တချက်မှ ထောက်မပြပဲ NLD ကိုချည်းကြပ်ပေးဖို့ ကြိုးစားနေတဲ့ နယ်စပ်က မလောက်လေး မလောက်စားလေးတွေ
ကလည်း သနားစရာကောင်းလေစွ။  ဒါဖြင့် ဦးအေးမြင့် အင်တာဗျူးမှာပါတဲ့ သိန်းဌေး ဆိုတာ ဘယ်သူလဲ။
သူရဲ့ ကိုယ်ရေးရာဇဝင်ကို လေ့လာကြည့်ရအောင်။ အချက်အလက်မှားရင် ထောက်ပြပါ။

ကိုသိန်းဋ္ဌေးက ပဲခူးနယ်သားဖြစ်တယ်။
၁၉၈၈ ကမာရွတ် ၀ဂ္ဂီ မှာ အဆောင်နေကျောင်းသား။ ၁၉၈၈ ဗကသ မှာပါခဲ့ဘူးတယ်။
၁၉၈၈ တောခို ။ ၁၉၈၈ နိုဝင်ဘာ၁ ရက်နေ့ ABSDF စဖွဲ့တဲ့နေ့မှာ (လှအောင်)*နဲ့အတူ အဲဒီနေ့က စည်းဝေးပွဲ အသံတိတ်ခွေတွေ
ယူပြီးပြန်ဝင်သွားခဲ့။နောက်ပိုင်း ကျောင်းသားတွေပြန်လာဘို့ လေယာဉ်ပေါ်က စာတွေကြဲပြီး စည်းရုံးရာမှာ
တယောက်အပါအ၀င်ဖြစ်တယ်။
၁၉၈၉ မှာ တောပြန်-တပ်ဦး ပေါင်းပြီး တိုက်ပွဲကော်မတီဖွဲ့တော့ပါဝင်ခဲ့ဘူးပြန်တယ်။၁၉၉၀ နောက်ပိုင်း ဘယ်လှုပ်ရှားမှုမှာမှ မပါ။
ဖရေဇာပေါ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားခဲ့တယ်။
၉၀။၉၆။၉၈။ ကျောင်းသားလှုပ်ရှားမှုများမှာလဲမပါဝင်ခဲ့ဘူး။စီးပွားရေးသမားသက်သက်ဖြစ်သွားတယ်။
ကိုကိုလတ်(၁၉၈၈ BBC) နဲ့အတွဲများ။ ၈၈ အုပ်စုများနဲ့လဲ မပါတ်သက်ခဲ့။
၂၀၀၉ မှာ ကိုကိုလတ် နဲ့တွဲပြီး ရန်ကုန် စင်ထရယ်ဟော်တယ်မှာ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲ
လုပ်ရာမှာပါခဲ့။ အဲ့ဒီ စီးပွားရေးပိတ်ဆို့မှု ကန်ပိန်းကို ဦးဆောင်ခဲ့သူတွေက ကိုကိုလတ်၊သိန်းဌေး၊ရောင်နီ၊
အောင်ခိုင်ဝင်း၊သိန်းတင်အောင် တို့ဖြစ်တယ်။
၂၀၁၀ ရွေးကောက်ပွဲ မှာ ဖြိုးမင်းသိန်း၊သိန်းတင်အောင်တို့နဲ့တွဲ ညိုထွန်းကို နာယက ခန့်ပြီး ပါတီထောင်။
နောက်ကွယ်မှာ ခုချိန်ထိ လှအောင် ရှိနေ။ (လှအောင်)*= ၁၉၈၈ ဆိုက်ကိုမှာ ကျူတာ။ဗကသ မှာပါခဲ့ဘူး။
တောခို။သီဘောဘိုးစခန်း ကိုးဦးကော်မတီမှာပါခဲ့ဘူး။၁-၉-၁၉၈၈ မြ၀တီမှ ပြန်ဝင်၊ နောက်ပိုင်းစီးပွားရေးသာလုပ်နေခဲ့။

ကဲ ဦးအေးမြင့် မဲထဲ့ခိုင်းတဲ့ ပုဂ္ဂိုလ်တယောက်က အရေးတော်ပုံအစကတည်းက ဒူးထောက်အညံ့ခံ အလင်းဝင်သွားတဲ့သူ၊ ကျောင်းသားတွေပြန်ပြီး အလင်းဝင်လာဖို့ စာရွက်ကြဲခဲ့သူ၊
စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်တဲ့သူ၊
 ဒီလို လူကို မဲထည့်ခိုင်းတဲ့သူတွေဟာ ဘယ်လိုလူတွေလည်း။ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။

မုန်တိုင်းတို့က ဒီကနေ့ထိ နယ်စပ်မှာတည်ရှိနေဆဲ လက်နက်ကိုင်အင်အားစုတွေကိုထောက်ခံတယ်။
စီးပွားရေးပိတ်ဆို့မှုကိုထောက်ခံတယ်။ အလင်းဝင်လက်နက်ချတွေကို မဲပေးမဲ့အစား၊
ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ NLD လို အဖွဲ့တွေကို စာနာနားလည်စွာ ကူညီလက်တွဲသွားမယ်။

ကိုယ်ဖြစ်ချင်တာကို ကလေးတယောက်လို ပူဆာနေတဲ့ သူတွေကိုတော့ ဘေးမဲ့ပေးလိုက်ပါတယ်။
ကလေးဆိုတာ လူချင်တာကိုပဲ ပူဆာတတ်၊ ငိုတတတ်တာကိုး။ ဒါပေမဲ့ ကလေးပူဆာတိုင်း နိုင်ငံရေးမှ မဟုတ်တာ။

သမိုင်းမှာ ဘယ်သူတွေက ဘယ်လိုရပ်တည်ကြမှာ လဲ။ ဘယ်သူတွေက ကိုယ်ကိုင်ခဲ့တဲ့ အလံတော်ကို ဘယ်လောက်ကြာကြာ တည်ဆောက်
လွှင့်တင်ခဲ့ပါသလဲ။ ဘဲအုပ်တွေ၊ ကြက်အုပ်တွေနဲ့မနှိုင်းခင်၊ လူတိုင်းဟာ လည်း ရှေ့နေ ဦးအေးမြင့် ရပ်တည်ချက်လို  မျောက်လို မခုန်ဖို့ လိုပါတယ်။
မဟုတ်ရင် ၊ မျောက်ပြဆန်တောင်းတတ်တဲ့ လူတွေရဲ့လက်မှာ ကပြဖြေဖျော်ခံနေရမှာ စိုးလို့ပါ။

မုန်တိုင်း

၁၉၉၀ ရွေးကောက်ပွဲ စစ်တမ်း မကြာခင်လာပါမည်။

 
 

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ၏ ဟောပြောချက်များ‏

  1. ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဟောပြောချက် အပိုင်း ၁

  2. ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဟောပြောချက် အပိုင်း ၂

  3. ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ၏ ဟောပြောချက်

  4. ကိုးကန့် ဒီမိုကရေစီ နှင့် ညီညွတ်ရေး ပါတီ ၏ ဟောပြောချက်

  5. လားဟူ အမျိုးသား ဖွံ့ဖြိုးတို့တက်ရေး ပါတီ ၏ ဟောပြောချက် အပိုင်း ၁

  6. လားဟူ အမျိုးသား ဖွံ့ဖြိုးတို့တက်ရေး ပါတီ ၏ ဟောပြောချက် အပိုင်း ၂


သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။.
                                    တင်မိုး

ဆရာတင်မိုးရေးခဲ့တဲ့
"မြက်ရိုင်းထဲကကြေးရုပ်" ကဗျာထဲမှ

Free Daw Aung San Suu Kyi  ! 
Free Burma!
 
 
ကာတွန်း ဟန်လေး၏"ကျနော်ဗုဒ္ဓဘာသာပါ"
 
တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထ အုံကြွ” တေးသီချင်းစီဒီ

      ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများ အတူတကွ ပူးပေါင်းပြီး စီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွ ဟု
အမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂) တေးသီချင်းစီဒီ ကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင် ထုတ်ဝေဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။
     ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီး လူကြိုက်များပြီး အများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့
ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့် သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊
ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့် တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီး အထူးသဖြင့် နအဖ စစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စားထားပြီး မကြာခင်လပိုင်းအတွင်းကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့်
၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာ လှောင်ပြောင် သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည်သီကုံး ထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်
သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို
အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း
ဖမ်းယူထားကြောင်းသိရပါတယ်။
       တေးရေးဆရာ  ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး  နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့
တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊
   ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင်  စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါ
တယ်၊ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ရရှိလာမည့် အကျိုး
အမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား
ပေးပို့ လှုဒါန်း ကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်
    တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်း
နားဆင်ဖို့ နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။
 

မယ်ရီလင်းမှ ချင်းအပေါင်းတို့‏

အို မယ်ရီလင်းမှ ချင်းအပေါင်းတို့
သင်တို့ချင်းပြည်တွင် ကြွက်များသောင်းကျန်းသဖြင့် အစာရေစာငတ်မွတ်ခေါင်းပါးကြုံတွေ့နေရချိန်တွင်
အဘယ်ကြောင့် ဝိုင်းစုခိုင်သိန်းစတိတ်ရှိုးကို ရုံသွင်းပျော်ပါးချင်ရပါသနည်း။
 
အို မယ်ရီလင်းမှ ချင်းအပေါင်းတို့
ဗမာဖက်ဆစ် စစ်အစိုးရမှ တိုင်းရင်းသားပေါင်းစုံကို ဖိနှိပ်ရက်စက်နေချိန်တွင်၊ စစ်အစိုးရဝါဒဖြန့်ရုပ်ရှင်ကားနှင့်သမိုင်းလိမ်များအား
ကူညီဆောင်မပေးခဲ့သော သရုပ်ဆောင်များကို အသင်တို့ ဘာကြောင့် ငမ်းငမ်းတက်ကြည့်ချင်ပြီး၊ ဘာကြောင့် သပိတ်မမှောက်ပါသနည်း။
 
ဘုရားသခင်ဟောကြားခဲ့သည်မဟုတ်ပါလော။ “မတရားမှုကို လစ်လျူမရှုကြလေနှင့်။
လူ့အဖွဲ့အစည်းတွင် ညစ်ပတ်ပေရေမှုများကို ဆေးကြောရန်အတွက် ကိုယ်တော် ( ခရစ်တော်) လာခဲ့ပြီ။”
 
ဘုရားရှင်၏စကားကိုနားထောင်မည်လော။ ဝိုင်းစုခိုင်သိန်းပေါင်ကိုကြည့်ပြီး၊ ချင်းပြည်ငတ်နေတာကိုမေ့လျော့မည်လော။
စဉ်းစားကြပါ ချင်းအပေါင်းတို့။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ချင်ပါက ဘုရားရှင်စကားကို သတိယပါ။
လိမ်လည်သူတို့အား သပိတ်မှောက်ပါလေ။
ထိုသို့မလုပ်ပါက သင်တို့သည် စစ်အစိုးရဝမ်းသာအောင်ပြုလုပ်ခဲ့သူ၊ ဖက်ဒရယ်ပြည်ထောင်စု ကို မလိုချင်သူအဖြစ်
ကိုယ်တော်စိတ်ပျက်ပေလိမ့်မည်။ ကိုယ်တော် ကို စိတ်မပျက်စေပါနှင့်။ 
အမေရိကန်ပြည်ထောင်စု၊ နယူယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ မှာကျင်းပခဲ့တဲ့
မြန်မာ့ဒိမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား မြို့တော်ခန်းမရှေ့
အမေရိကန်အလံလွှင့်တင်ရာနေရာမှာ တရားဝင် လွှင့်ထူခွင့် ရခဲ့တာဟာ
အရမ်းကို ၀မ်းသာမှုဖြစ်ရပါတယ်။ ဘတ်ဖဲလိုး မြန်မာ့ဒိမိုကရေစီအင်အားစုတွေရဲ့
အင်တိုက် အားတိုက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။
          ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ Berkeley မြို့မှာ
လည်း နှစ်စဉ်နှစ်တိုင်း (၈)လေးလုံးနေ့ရောက်တိုင်း City of Berkeley ကနေပြီး
Burma Day အဖြစ် တရားဝင် အသိအမှတ်ပြုထားတာမို့ တရားဝင် အလံတင်
အခန်းအနားပွဲတွေကို City of Berkeley ကဦးဆောင်ပြီး ကျင်းပခဲ့တာ (၈)လေးလုံး
နှစ်(၂၀)ပြည့်ကနေစတင်ခဲ့တာ ယခုနှစ်နဲု့ပါဆိုရင် (၃)နှစ် (၃)ကြိမ်တိတိ ကျင်းပပြီး
ခဲ့ပါပြီ။ အလံတင်အခမ်းအနားမှာလည်း  Berkeley မြို့တော်ခန်းမ မျက်နှာစာ နှစ်ဘက်
စလုံးမှာ အလံလွှင့်ထူခြင်း အခမ်းအနားကို ကျင်းပကျပါတယ်။ မျက်နှာစာတစ်ဖက်မှာ
အမေရိကန်အလံတော်နဲ့အတူ ကြယ်ငါးပွင့် မြန်မာ့နိုင်ငံတော်အလံကို ပူးတွဲလွှင့်ထူး
ခွင့်ရပါတယ်။ အခြားမျက်နှာစာတစ်ဖက်မှာတော့ အမေရိကန်အလံတော်နဲ့အတူ
ဒီမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်တို့ကို ပူးတွဲ လွှင့်ထူးခွင့်ရပါတယ်။
ဒီနှစ် ၂၀၁၀ခုနှစ် သြဂုတ်လ(၆)ရက်နေ့မှာလည်း အလံတင်အခမ်းအနားကို အောင်
မြင်စွာ ကျင်းပခဲ့ပါတယ်။ City of Berkeley ကနေပြီး ဦးဆောင်တဲ့ အဲဒီအလံတင်
အခမ်းအနားပွဲကို ဆန်ဖရန်စစ္စ ဘေးဧရိယာ မြန်မာ့ဒိမိုကရေစီအင်အားစုများက
နှစ်စဉ် နှစ်တိုင်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
           အမေရိကန်ပြည်ထောင်စု၊ မြို့ကြီးတော်တော်များများမှာလည်း ဘတ်ဖဲလိုးနှင့်
ဆန်ဖရန်စစ္စတို့လို မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ သမိုင်းအစဉ်အလာကြီးသော
အလံတော်တွေကို လွှင့်ထူးပွဲ အခမ်းအနားတွေကို ရရှိ ကျင်းပနိုင်ရင် အရမ်းကို ကောင်းမှာ ဖြစ်ပါတယ်။
  ဘတ်ဖဲလိုး မြန်မာ့ဒီမိုကရေစီအင်အားစုများကို ဂုဏ်ယူစွာဖြင့်
  တိုးလွင်
  NLD-LA (USA)
 

 

No comments: