စစ်အာဏာရှင်ဆန့်ကျင်သူများလုပ်ဆောင်ရမဲ့
ညီညွတ်ရေးနှင့်ရပ်တည်ချက်
ညီညွတ်ရေး ဆိုတဲ့စကားဟာသမိုင်းစဉ်အဆက်ဆက် နိုင်ငံရေး၊လူမှုရေး၊ဘာသာရေးနယ်ပယ်တွေမှာတွင်တွင်ကြီးသုံးစွဲခဲ့ကြပါတယ်။အထူးသဖြင့်နိုင်ငံရေးမှာအသုံးအများဆုံးပါ။
ညီညွတ်ရေးသည် အင်အား
ညီညွတ်မှုနှင့်အောင်ပွဲယူကြစို့ စသည်စသည်ဖြင့်ဗမာပြည်သမိုင်းအဆက်ဆက်နိုင်ငံရေးခေါင်းဆောင်များ။အဆင့်ဆင့်တာဝန်ရှိသူများဟာဒီစကားလုံးကိုသုံးပြီးသူတို့လိုချင်တဲ့
စုစည်းမှုတခုကိုတည်ဆောက်ဘို့အမြဲကြိုးစားခဲ့ကြပါတယ်။သို့သော်လည်းနိုင်ငံရေးခေါင်းဆောင်များဟာ လောဘ၊ဒေါသ၊မောဟ၊မကင်းတဲ့လူသားများဖြစ်တဲ့အတွက်မိမိအတွေးအခေါ်၊အယူအဆကိုရှေ့တန်းတင်ပြီးသူတို့ရည်ရွယ်ရာကိုရအောင်အားလုံးကိုစုစည်းမှုကိုမကြိုစားဘဲ
သူ့အုပ်စု၊ကိုယ့်အုပ်စုဖွဲ့ကြပြီးအုပ်စု။ဂိုဏ်းဂဏထူထောင်၍အုပ်စုတစုနှင့်တစုသတ်ကြဖြတ်ကြ၊အနိုင်ကျင့်ကြ၊ကောက်ကျစ်ယုတ်မာမှုတွေကြောင့်လိုချင်တဲ့ပန်းတိုင်ကိုမရောက်ဘဲအကွဲကွဲအပြဲပြဲတွေနဲ့ဝမ်းနည်းစရာ။ကြေကွဲစရာတွေနဲ့ပြည့်နှက်နေခဲ့တာဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်ကိုလေ့လာကြည့်ရင်တွေ့ကြပါလိမ့်မယ်
ဗမာပြည်သမိုင်းမှာပဒေသရာဖ်ခေတ်၊နယ်ချဲ့တော်လှန်ရေး၊ဖက်ဆစ်တော်လှန်ရေး၊ပြည်တော်သာ၊စစ်အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီရေးယခုထိညီညွတ်ရေးကိုတည်ဆောက်နိုင်ပြီးပန်းတိုင်ကိုညီညာစွာချီတက်၍အောင်ပန်းကိုဆွတ်ခူးနိုင်ခဲ့တယ်ဆိုတဲ့သမိုင်းအဖြစ်အပျက်ကျွှန်တော်လေ့လာသလောက်တခါမှမရှိခဲ့ဘူးပါ။
ညီညွတ်မှအင်အားဖြစ်မယ်၊အင်အားရှိမှအောင်ပွဲရမယ်ဆိုတာဘယ်သူမှမငြင်းနိုင်တဲ့အမှန်တရားပါ၊ဒီလိုဆိုရင်ညီညွတ်ရေးကိုဘယ်လိုတည်ဆောက်မလဲဆိုတာကျွှန်တော်တွေးပါတယ်၊ကျွှန်တော်တွေးတာကဒီလိုပါ။နိုင်ငံတိုင်းမှာတော်လှန်ရေးတခုကိုလုပ်ကြမယ်ဆိုရင်အားလုံးညိညွတ်ဘို့အတွက်ယုံကြည်ချက်၊ခံယူချက်၊အတွေးအခေါ်၊
အယူအဆတူညီဘို့လိုအပ်ပါတယ်ဒီအပေါ်မှာအားလုံးလက်ခံတဲ့အလံ၊လူပုဂွိုလ်ဆိုတဲ့မဏ္ဋိုင်တခုလိုပါတယ်၊ဒီမဏ္ဋိုင်မှာယုံကြည်ချက်၊ခံယူချက်ကိုအောင်မြင်အောင်အကောင်အထည်ဖေါ်ဘို့အတွက်လူပုဂွိုလ်ခေါင်းဆောင်ရွေးချယ်မှုဟာအလွန်အရေးကြီးပါတယ်၊ဒီခေါင်းဆောင်ဟာလူထုအားလုံးလက်မခံသည့်တိုင်အများစုလက်ခံတဲ့သူဖြစ်
ရပါမယ်၊ယုံကြည်ချက်ခံယူချက်ခိုင်မြဲသူ၊အများကိုဦးဆောင်နိုင်တဲ့အရည်ချင်းရှိသူဖြစ်ရပါမယ်။ဒီလိုဆိုရင်ညီညွတ်စွာတိုက်ပွဲဝင်ပြီးအောင်မြင်ခဲ့တဲ့ANCဆိုတဲ့တောင်အာဖရိကနိုင်ငံအမျိုးသားကွန်ဂရက်ကိုပြန်ကြည့်ရအောင်တောင်အာဖရိကနိုင်ငံတော်လှရေးမှာကျွှန်တော်တို့နိုင်ငံနှင့်မတူထူခြားတာကအုပ်ချုပ်သူလူဖြုနှင့်အုပ်ချုပ်ခံလူမဲတို့
တိုက်ပွဲပါသူတို့ကာလာအစုချင်းညီညွတ်မှုအင်အားရှိထားပြီးဖြစ်တယ်၊လူမဲညီညွတ်မှုအင်အားကိုအောင်ပွဲရသည်အထိဦးဆောင်သယ်ဆောင်သွားသူကနယ်လ်ဆင်မန်ဒဲလားပါ။သူရဲ့ဦးဆောင်မှုအောက်မှာလူမဲတရပ်လုံးလိုက်ခဲ့ကြပါတယ်သူထောင်ကျနေပေမဲ့လို့ထောင်ထဲကလူထုတရပ်လုံးကိုဦးဆောင်နိုင်ခဲ့တယ်လူထုကလဲသူပြောသမျှ
ကိုလိုက်လုပ်ကြပါတယ်ဒါကြောင့်သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားကြပါတယ်၊ကျွှန်တော်ပြောတဲ့မဏ္ဋိုင်အရေးကြီးတယ်ဆိုတာဒါကိုပြောတာပါဒီတော့ကျွှန်တော်တို့တိုင်းပြည်ကိုပြန်ကြည့်ရအောင်ဗမာပြည်မှာတောင်အာဖရိကလိုအဖြုအမဲကာလာခွဲတိုက်တဲ့တိုက်ပွဲမဟုတ်ပါကျွှန်တော်တို့တိုင်းပြည်မှာဘာသာတူလူမျိုးတူအများစုနှင့်
ဘာသာတူလူမျိုးစု၊ဘာသာမတူလူမျိုးစုများစုပေါင်းနေထိုင်ကြတဲ့နိုင်ငံဖြစ်ပါတယ်အခြေအနေမတူပါသို့သော်ငြားကျွှန်တော်တို့မှာစစ်အာဏာရှင်ကလွဲလို့အားလုံးတူညီတဲ့မူရှိပါတယ်အဲဒါကတော့စစ်အာဏာရှင်ကျဆုံးရေးနှင့်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဘဲဖြစ်တယ်ဒီမူကိုအောင်မြင်အောင်အကောင်အထည်ဖေါ်ဘို့အတွက်ကျွှန်တော်
အထက်ကပြောခဲ့သလိုလူထုအများစုလက်ခံတဲ့လူပုဂွိုလ်ခေါင်းဆောင်ရှိဘို့လိုပါတယ်အဲဒါမဏ္ဋိုင်ပါ။တိုင်းပြည်မှာဒီမဏ္ဋိုင်နှင့်ကိုက်ညီတာဆိုလို့ကျွှန်တော်အမြင်အရဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ဘယ်သူမှမဖြစ်နိုင်ပါ၊ဒေါ်စုဟာလူထုအများစုထောက်ခံမှုကိုရထားခြင်း။နိုင်ငံတကာထောက်ခံမှုကိုလဲရထားခြင်း။အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သလိုကိုယ်ပိုင်အရည်အချင်းအရလည်းအားလုံးပြည့်စုံတဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒေါ်စုဟာစကတည်းကနေယခုချိန်ထိစစ်အာဏာရှင်ကိုလက်မလျော့စတမ်းတိုက်ပွဲဝင်နေတုန်းဘဲဆိုတာအားလုံးသိပါတယ်။တောင်အာဖရိကမှာနယ်လ်ဆင်မန်ဒဲလားကိုဝိုင်းရံကြသလိုကျွှန်တော်တို့လဲဒေါ်စုကို
အားလုံးက၀ိုင်းရံကြမယ်ဆိုရင်အားလုံးလိုချင်တဲ့ညီညွတ်ရေးဆိုတာပြောနေစရာမလိုဘဲနဲ့အလိုလိုရရှိသွားမှာဖြစ်ပါတယ်ဆိုလိုတာကပြည်တွင်းကလည်းဒီအသံ။နယ်စပ်ကလည်းဒီအသံ။နိုင်ငံတကာကလဲဒီအသံဆိုရင်ဒီလောက်အင်အားကြီးတဲ့ညီညွတ်မှုဆိုတာဘယ်မှာမှမရှိတော့ပါဒီညီညွတ်မှုအင်အားကြီးနဲ့စစ်အာဏာရှင်ကိုတွန်းလှန်
လိုက်မယ်ဆိုရင်ကျွှန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကိုအမြန်ဆုံးရရှိမှာမလွဲပါ။အခုတလောတိုင်းပြည်အရေးကြီးတဲ့အချိန်မှာဒေါ်စုနှင့်NLDခေါင်းဆောင်များကိုဝေဖန်သံ၊မယုံကြည်တဲ့အသံ၊ဆန့်ကျင်တိုက်ခိုက်တဲ့အသံတွေပလူပျံအောင်ကြားနေရပါတယ်။လုံးဝမဖြစ်သင့်ပါဒီလိုလုပ်ကြချင်းဟာညီညွတ်မှုအင်အားပြိုကွဲသွားသလို
ကျွှန်တော်တို့လိုချင်တဲ့ပန်းတိုင်နဲ့လဲအလှမ်းဝေးသွားစေပါတယ်တိုင်းပြည်အတွက်အများကြီးနစ်နာပါတယ်။လူတိုင်းမှာအားနည်းချက်အားသာချက်ရှိစမြဲပါဒေါ်စုမှာလဲအားနည်းချက်ရှိနိုင်ပါတယ်ဒီအားနည်ချက်ကိုအတွင်းစည်းကအပြုသဘောပြုပြင်ကြရင်ဖြစ်နိုင်ပါတယ်ကျွှန်တော်တို့တိုင်းပြည်မှာဒေါ်စုထက်တော်တဲ့တတ်တဲ့လူအများ
ကြီးရှိတယ်ဆိုတာကျွှန်တော်အပြည့်အ၀လက်ခံပါတယ်။မငြင်းနိုင်တဲ့အရာပါသို့သော်လဲငါတော်တယ်ငါတတ်တယ်ဆိုပြီးငါသာခေါင်းဆောင်။ငါလုပ်မှရမယ်ဆိုတဲ့အယူအဆမျိုးကိုမတွေးစေချင်ပါယူဆရင်လဲမှားလိမ့်မယ်လို့ထင်ပါတယ်။ဦးဝင်းတင်၊ဦးတင်ဦးတို့ဟာဒေါ်စုထက်အများကြီးအတွေ့အကြုံရှိပါတယ်၊တော်တယ်တတ်ပါတယ်
သို့သော်သူတို့ဟာရှေ့ကမထွက်ပါအများစုလက်ခံတဲ့ထင်ရှားတဲ့ခေါင်းဆောင်ဒေါ်စုဆိုတဲ့မဏ္ဋိုင်နောက်မှာဝိုင်းရံထိမ်းသိမ်းပဲ့ပြင်ပြီးနေကြပါတယ်သူတို့လိုဘဲဒီသဘောတရားနဲ့တိုင်းပြည်တခုလုံးဝိုင်းရံကြမယ်ဆိုရင်ဘယ်သူမှတားလို့မရတဲ့ညီညွတ်တဲ့အင်အားကြီးတရပ်ရရှိမှာအမှန်ပါညီညွတ်ရေးလို့ပြောစရာမလိုဘဲအလိုလိုညီညွတ်ပြီး
သားဖြစ်သွားမဲ့သဘောပါခေါင်းဆောင်တယောက်ဟာဘက်စုံပြည့်စုံဘို့မလိုပါအများစုလက်ခံတဲ့အရည်အချင်းရှိဘို့သာလိုပါတယ်.ဥပမာ အမေရိကန်သမ္မတကိုကြည့်ပါသမ္မတဟာဘက်စုံပြည့်စုံတဲ့သူမဟုတ်ပါပြည်သူအများစုကရွေးချယ်ထားတဲ့သူသာဖြစ်တယ်သမ္မတဆိုတဲ့မဏ္ဋိုင်ကိုပညာရှင်များကဘက်စုံဝိုင်းရံလိုက်တဲ့အခါပြည့်စုံ
တဲ့သမ္မတတယောက်ဖြစ်လာခဲ့ပါတယ်ဒေါ်စုကိုလဲငါတော်တယ်ငါတတ်တယ်လို့မစဉ်းစားဘဲကိုယ်တတ်ကျွမ်းတဲ့ဘက်က၀ိုင်းရံလိုက်ကြမယ်ဆိုရင်ဒေါ်စုဟာပြီးပြည့်စုံတဲ့ခေါင်ဆောင်တယောက်ဖြစ်သွားမှာအမှန်ပါဒါပေမဲ့တချို့သောသူများကဒေါ်စုဟာတခုခုမှားသွားခဲ့မယ်ဆိုရင်ကောဟုမေးခွန်းထုတ်နိုင်ပါတယ်ဒီမေးခွန်းနဲ့ပတ်သက်
လို့ကျွှန်တော်ရဲ့အကောင်းဆုံးအတွေ့အကြုံတခုနဲ့ဖြေပါရစေ။ကျွှန်တော်အလွန်ရိုသေလေးစားတဲ့ဆရာကြီးဦးတင်မိုးမကွယ်လွန်ခင်ကအမေရိကန်မှာသူသွားချင်တဲ့နေရာတော်တ်ာများများကိုကျွှန်တော်ကားနှင့်လိုက်ပို့ခွင့်ရခဲ့သလိုကျွှန်တော်အိမ်မှာလဲတလကျော်ကျာ်နေဘူးခဲ့ပါတယ်ဆရာကြီးနှင့်အတူနေအတူသွာခဲ့စဉ်အတွင်းမှာ
ဆရာကြီးရဲ့အတွေးအခေါ်အယူအဆ၊ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေကိုအနီးကပ်ဆည်းပူးခွင့်ရခဲ့ပါတယ်။ဆရာကြီးဟာဒေါ်စုကိုအလွန်ယုံကြည်လေးစားသူဖြစ်ပါတယ်၊သူ့ရဲ့တိုင်းပြည်ချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့မျှော်လင့်ချက်ကိုဒေါ်စုဘဲအကောင်အထည်ဖေါ်ပေးနိုင်လိမ့်မယ်လို့အပြည့်အ၀ယုံကြည်ထားသူဖြစ်ပါတယ်။
သူကျွှန်တော်ကိုအမြဲတမ်းပြောတာကသန်းဝင်းမင်းစိတ်ထဲမှာအမြဲထည့်ထားရမှာကငါတို့တိုင်းပြည်ကိုကယ်တင်နိုင်တာဒေါ်အောင်ဆန်းစုကြည်တယောက်ဘဲရှိတယ်ဒီလိုခေါင်းဆောင်တယောက်ပေါ်ထွန်းဘို့ငါနှစ်ပေါင်းများစွာစောင့်ခဲ့ရတယ်ဒေါ်စုဟာငါတို့တိုင်းပြည်ကိုအလင်းရောင်ပေးနိုင်တဲ့တခုတည်းသောဖရောင်းတိုင်ဖြစ်တယ်
ဒီအလင်းရောင်မပျောက်ကွယ်သွားအောင်တိုးလာမဲ့လေတွေမ၀င်နိုင်အောင်ငါတို့ကာကွယ်ပေးရမယ်ဒီအလင်းရောင်ပျောက်ကွယ်သွားရင်ငါတို့တိုင်းပြည်အမှောင်ဖုံးသွားလိမ့်မယ်လို့ကျွှန်တော်ကိုတဖွဖွမှာကြားခဲ့ပါတယ်။အားလုံးမျှဝေခံစားနားလည်နိုင်ကြပါစေ။တနေ့မှာပညာရှင်များနှင့်ဆွေနွေးပွဲတခုရောက်သွားပါတယ်
တက္ကသိုလ်တခုမှာပါ။ဆရာဦးဝင်းဖေ၊ဆရာမောင်စွမ်းရည်တို့ပါပါတယ်။ကျွှန်တော်တို့စားပွဲတလုံးမှာအတူထိုင်နေကြတဲ့အချိန်မှာဒေါက်တာဇာနည်နှင့်ပညာရှင်တချို့လာရောက်ပြီးထိုင်စကားပြောကြပါတယ်အဲဒီအချိန်တုန်းကကိုဇာနည်ဟာဗမာပြည်ပြန်ဝင်တော့မဲ့အချိန်ပါဆရာကြီးသိပါတယ်စကားပြောယင်းနှင့်ဇာနည်ကဒေါ်စုကို
မယုံကြည်တဲ့အကြောင်းကိုဆရာကိုပြောတယ်ဆရာကဘာဖြစ်လို့မယုံကြည်တာလဲလို့တခွန်းဘဲမေးပါတယ်ဇာနည်ကအများကြီးပြောပါတယ်ဆရာကဘာမှပြန်မပြောဘဲနားထောင်နေတယ်ဇာနည်ပြောပြီးဆရာကိုမေးတယ်ဆရာကောဒေါ်စုကိုဘယ်လိုသဘောထားလဲဆိုတော့ဆရာကငါမှာရိုသေလေးစားခဲ့တဲ့ဆရာကြီးတွေအများ
ကြီးရှိကြောင်းဒါပေမဲ့တိုင်းပြည်အရေး။ဒီမိုကရေစီရေးနဲ့ပတ်သက်ရင်ဒေါ်စုကိုအပြည့်အ၀လေးစားယုံကြည်ကြောင်းပြောပါတယ်ဇာနည်ကထပ်မေးတယ်ဆရာဘာကြောင့်ဒေါ်စုကိုယုံကြည်တာလဲမေးတော့ဆရာကမင်းကငါလူတယောက်ကိုလွယ်လွယ်ကူကူယုံကြည်လိမ့်မယ်လို့ထင်သလားလို့ပြန်မေးပါတယ်ဇာနည်ကဆရာလို
ပုဂွိုလ်ကြီးအလွယ်တကူယုံမယ်လို့မထင်ကြောင်းပြောတယ်ဆရာကဒေါ်စုကိုငါအနီးကပ်လေ့လာတယ်ငါတတ်သလောက်ဗဟုသုတပညာနှင့်အချိန်ယူပြီးလေ့လာဆန်းစစ်ကြည့်တယ်ဒေါ်စုဟာတိုင်းပြည်ရဲ့ခေါင်းဆောင်အစစ်ဖြစ်တယ်လို့ငါဆုံးဖြတ်တယ်လို့ပြောပါတယ်ဇာနည်ကတကယ်လို့ဒေါ်စုကတခုခုမှားခဲ့မယ်ဆိုရင်ကောဆရာ
လို့ပြန်မေးတဲ့အခါဆရာကငါ့အတွေ့အကြုံ၊ပညာဗဟုသုတကိုငါယုံတယ်တကယ်မင်းပြောသလိုငါယုံကြည်တဲ့ခေါင်းဆောင်ဟာမှားယွင်းကိုထားကုန်ကုန်ပြောမယ်ကွာငါ့ခေါင်းဆောင်ဂျောက်ထဲခုန်ချရင်ငါပါလိုက်ခုန်ချမယ်ကွာငါယုံကြည်ချက်ကိုဘယ်တော့မစွန့်လွှတ်ဘူးကွလို့ဆရာကြီးကဖြေကြားခဲ့ပါတယ်။
အားလုံးစဉ်းစားကြည့်ကြပါဆရာကြီးရဲ့ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေဟာဘယ်လောက်တည်တန့်ခိုင်မြဲသလဲ။လေးစားတန်ဘိုးထားအတုယူသင့်တဲ့ရပ်တည်ချက်ဖြစ်ပါကြောင်း။ဒါကြောင့်ကျွှန်တော်ဟာဆရာကြီးထံမှသင်ကြားခဲ့သော၊ဆည်ပူးခဲ့သောအတွေ့အကြုံဗဟုသုတများကိုလက်တွေ့အသုံးချနိုင်အောင်အမြဲ
ကျိုးစားခဲ့ပါတယ်အားလုံးအတုယူလိုက်နာဆောင်ရွက်သင့်တယ်လို့ကျွှန်တော်ထင်ပါတယ်။
ကျွှန်တော်တို့ဟာစစ်အာဏာရှင်ကိုအပြီးတိုင်ချေမှုန်းနိုင်ဘို့တိုက်ပွဲဝင်ကြတာပါဒီစစ်အုပ်စုရှိနေသ၍တိုက်ပွဲဝင်ရအုံးမှာဘဲဖြစ်ပါတယ်၊စစ်အုပ်စုအားသာနေတယ်ငါတို့ကအားနည်းနေတယ်ဆိုတာကိုစဉ်းစားစရာမလိုပါနောက်ဆုံးကောက်ရိုးဘဲကျန်နေရင်လဲဒီကောက်ရိုးတပင်ကိုကိုင်ပြီးတိုက်ပွဲဝင်ရမှာကကျွှန်တော်တို့ဒီမိုကရေစီ
အင်အားစုတော်လှန်ရေးသမားတိုင်း၏ တာဝန်သာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
ကျွှန်တော်ဆောင်းပါးသည်တိုင်ပြည်အတွက်တစုံတရာအကျိုးရှိခဲ့သည်ရှိသော်ကျွှန်တော်ရေးရကျိုးနပ်ပါကြောင်းပါခင်ဗျား။
တိုင်းပြည်ရဲ့အကျိုး၊တိုင်းပြည်ရဲ့သိက္ခာကိုအစဉ်ဦးထိပ်ထားလျှက်
သန်းဝင်း
9/19/2010
Saturday, September 18, 2010
"ဆက်ပြောနေကြရဦးမဲ့ ဘုံရန်သူဦးတည်ရေး"
မောင်ချင့်ချိန်
စစ်အုပ်စုကား NLD ပါတီဖျက်သိမ်းကြောင်းကြေငြာခြင်းနဲ့ နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်ပြန်ပါပြီ ၊ ချိန်ခွင်ရှာတဘက် စောင်းနေတဲ့ နိုင်ငံရေးအခြေအနေမှာ မကြေမနပ်ဖြစ်ယုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်သေး ၊ စစ်အုပ်စု တနေ့ဒီလို လုပ်မယ်ဆိုတာသိပြီးသားဖြစ်ပါလျက် ညီညီညွတ်ညွတ်နဲ့ကြိုတင်ပြင်ဆင်မှု ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က လုပ်မှမလုပ်ထားနိုင်တာ ၊ စစ်အုပ်စုအနိုင်ကျင့်တာခံရတိုင်း(ထုံးစံအတိုင်း) အချင်းချင်းအပြစ်ဖို့ကြရင်း ပေါက်ကွဲချင်နေမှုတွေ ကိုအာသာဖြေကြတော့ စစ်အုပ်စုအကြိုက် ဖြစ်ပြီးရင်းဖြစ်ရင်း ဘုံရန်သူကိုလက်တွဲတိုက်ဘို့ ညီညွတ်ရေးမတည်ဆောက်နိုင် ဖြစ်နေခဲ့တာ ၂၂နှစ်သက်တမ်းကျော်ခဲ့ပါပြီ ။
ထင်တိုင်းကြဲနေနိုင်အောင် သန်းရွှေနဲ့စစ်ဝါဒီတွေမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ၊ ကျွန်တော် ခနခနတွေးကြည့်အဖြေရှာ ဘူးပါတယ် ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်ဖိနှိပ်ထားနိုင်လို့ဆိုတာတခုထဲကြောင့်မဟုတ်ပဲ တော်လှန်သူ အင်အားစုတွေကို ဖြိုခွဲနှိမ်နှင်းထားနိုင်လို့ဆိုတဲ့အချက်ကိုလဲ သတိထားမိပါတယ်။ဒါဟာ မဆလခေတ် ဗိုလ်နေ၀င်းလက်ထက် ထဲက စစ်ထောက်လှမ်းရေးတွေသုံးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျူဟာကို စစ်အာဏာရှင်အဆက်ဆက်က အမွေဆက်ခံပြီး ကောင်းကောင်းကျင့်သုံးခဲ့တာပဲဖြစ်ပါတယ် ။
၁၉၈၈ ခုနှစ်မတိုင်မှီကာလက နိုင်ငံရေးအရဖြစ်ဖြစ် ၊ စစ်ရေးအရဖြစ်ဖြစ် စစ်အာဏာရှင်တွေကို အထိရောက်ဆုံးတိုက်နိုင်ခဲ့တဲ့ ဗကပထဲကနေ ၀တွေကိုးကန့်တွေကိုခွဲထုတ်ပြီးဖြိုခွဲခဲ့ပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကိုရက်ရက်စက်စက်ဖြိုခွဲခံရလို့ ကျောင်းသားလူငယ်တွေတောခိုကြပြီး လက်နက်ကိုင်တော်လှန်ရေးအားကောင်းမဲ့အခြေနေမြင်တော့ မဖမ်းပါဘူး ၊ ပြန်လာ ကြပါဆိုတဲ့အကြောင်း စခန်းတွေရှိရာရဟတ်ယာဉ်နဲ့စာရွက်တွေကြဲခဲ့သလို ကြိုဆိုရေးစခန်းတွေဖွင့်ကြိုဆိုပြပြီး ကျောင်းသား တွေကြားမှာ သွေးကွဲအောင်လုပ်ခဲ့ပါတယ်၊ပြည်တွင်းမှာရှစ်လေးလုံးအရှိန်အဟုန်နဲ့ အားကောင်းကောင်းရှိနေတဲ့ ကျောင်းသား သမဂ္ဂကိုလဲ ဗကသ နဲ့ မကသလို့ အပြိုင်ဖြစ်အောင်ခွဲထုတ်ပြီး မကသကို မန္တလေးဆောင်မှာ တရားဝင်ခွပ်ဒေါင်းအလံထောင် ရုံးခန်းဖွင့်ခွင့်ပြုခဲ့ပါတယ် ၊ နောက်ပိုင်းလက်နက်ကိုင်အင်အားစုတွေထဲမှာ အားအကောင်းဆုံးနဲ့ သဘောထားအပြတ်သားဆုံး ပြောရမဲ့ KNU ကိုလဲ DKBA အပါအ၀င် နာမည်အမျိုးမျိုးနဲ့ငြိမ်းချမ်းရေးတပ်တွေဖြစ်ပြီး စိတ်ဝမ်းကွဲကုန်အောင် ခွဲထုတ်ခဲ့ပါ တယ်။
စစ်အုပ်စုက ကျွန်တော်တို့အင်အားစုတွေကို အဲသလိုခွဲထုတ်ခဲ့တာတွေပြောရရင် အများကြီးပါ ၊ ကျွန်တော်တို့ကြားမှာ တစ်ဦး ချင်းပုဂ္ဂိုလ်ရေးဖြစ်တဲ့ပြဿနာကို နိုင်ငံရေးပြဿနာပုံစံဖြစ်တဲ့ထိဆွဲယူပြီး အုပ်စုလိုက်ပြဿနာထိဖြစ်အောင်လုပ် ၊ ကျွန်တော် တို့ချင်းအားမလိုအားမရဖြစ်လို့ပြောရင် တဘက်ဝေဘန်ခံရသူဘက်ကနေနာသယောင် ၀င်ပြောရန်တိုက်ပေးပြီး ပြဿနာရဲ့ ရင်းမြစ်ပျောက်အောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ ။ ကျွန်တော်တို့တွေရဲ့အားနည်းချက်ကလဲ တခုခုဆို ဘုံရန်သူဦးတည် တိုက်ရေးဆိုတာပျောက်ပြီး အချင်းချင်းစကားနိုင်လုကြ ၊ ငယ်ကျိုးငယ်နာတွေဖေါ်ကြ ၊ ကိုယ်ရည်အပြိုင်သွေးကြနဲ့ ညီညွတ်ရေးဝေးသထက်ဝေး ဖြစ်ခဲ့ရသည်ချည်းသာပါပဲ ။
ဒီကနေ့ကျွန်တော်တို့ကြားမှာလိုနေတာက အချင်းချင်းယုံကြည်လေးစားမှုပဲ ၊ ရှစ်လေးလုံးကာလ၀န်းကျင်က တကယ့်ကို ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါလျက် နှစ်၂၀ကျော်ကာလရောက်မှ ပရော့ဂျက်တွေ ၊ ပရိုပိုဆယ်တွေ ၊ ကမ့်ပိန်းတွေ ၊ အလှုခံတာတွေ ၊ လူမှုရေးပညာရေးကျန်းမာရေးလုပ်ငန်းတွေယောင်ယောင်ပြောင်းသွားတာတွေ ၊ နိုင်ငံခြားထွက်သွားတာ တွေ ၊ အတိုချုပ်ပြောရရင် တစ်ဦးချင်းကိုယ်ကျိုးစီးပွားနဲ့နေထိုင်မှုတွေပြန်ဖြစ်ကုန်တဲ့အတွက် တစ်ဦးလုပ်တာတစ်ဦး သံသယ အမြင်နဲ့ပဲဝေဖန်ဆုံးဖြတ်ကြပြီး ယုံကြည်လေးစားမှုမဲ့နေကြတဲ့အခြေနေဖြစ်နေတာကို ပြန်ပြင်ယူနိုင်ကြဘို့လိုနေပါတယ်။
"ပုဂ္ဂိုလ်ခင်ရင်တရားမင်တယ်"ဆိုသလိုပဲ ၊ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးယုံကြည်မှုတွေ ရင်းနှီးမှုတွေပြန်တည်ဆောက်ကြမှ ဖြစ်ပါ လိမ့်မယ် ၊ အဲဒီကနေမှကျွန်တော်တို့အားလုံး ညီညွတ်ရေးဆိုတာကိုသွားနိုင်မှာပါ ၊ ပုဂ္ဂိုလ်ရေးယုံကြည်လေးစားမှုမရှိရင် ညီညွတ်ရေးတည်ဆောက်ရမှာမဟုတ်သလို ညီညွတ်ရေးမလုပ်နိုင်သေးသမျှလဲ စစ်အုပ်စုလုပ်သမျှခံနေရဦးမှာပါ ၊ မတရားတဲ့ အမိန့်အာဏာတွေနဲ့တည်ဆောက်ထားတဲ့ စစ်တပ်ကြီးက ညီညွတ်ခိုင်မြဲနေပြီး အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေပါတယ် ဆိုတဲ့ကျွန်တော်တို့က ရန်ဘက်စစ်တပ်လောက်တောင်မစည်းလုံးနိုင်တာ ရှက်လဲရှက်စရာကောင်းလွန်းပါတယ်ဗျာ။
ရန်သူ့အကြိုက်ဖြစ်စေမဲ့ အချင်းချင်းအပုတ်ချအပြစ်တင်ပြဿနာရှာမှုမျိုးတွေကိုတားဆီးကြရမှာဖြစ်သလို အကျိုးဖြစ်ထွန်းလို စိတ်နဲ့ ကြောင်းကျိုးညီဝေဘန်ထောက်ပြအကြံပြုမှုတွေကိုလဲ ၀ိုင်းစဉ်းစားကြသင့်ပါတယ် ၊ ဥပမာ ဒေါ်စုနဲ့ပါတ်သက်ပြီး တယောက်ယောက်ကတခုခုဝေဘန်တယ်ဆိုကြပါစို့ ၊ ဒေါ်စုကိုဝေဘန်ရမလားလို့ မျက်စိစုံမှိတ်မပြောပဲ ဝေဘန်တဲ့အချက် လက်ကဘာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ဝေဘန်ရတာလဲ လေ့လာသင့်ပါတယ် ၊ ဒေါ်စုက တန်ခိုးရှင်မဟုတ်ပါဘူး ၊ လူပါ ၊ လူထု အတွက်ခေါင်းဆောင်ကောင်းတစ်ယောက်သာဖြစ်ပြီး လူသားသာဖြစ်တဲ့အလျောက် မှားတဲ့အခါဆိုတာရှိနိုင်ပါတယ် ၊ အဲဒါကို သတိထားမိသူတွေက ထောက်ပြဝေဘန်တဲ့အခါ ၀ိုင်းမစဉ်းစားပေးပဲ ဝေဘန်သူကိုပဲဝိုင်းတိုက်ခိုက်ကြရင် ဒေါ်စုလဲသူမှားတာ ပြန်မပြင်နိုင်ပဲသတိထားမိမှာမဟုတ်သလို ဗမာပြည် ပြည်သူလူထုအတွက်လဲ အရမ်းထိခိုက်နစ်နာသွားမယ်ဆိုတာ သတိပြုမိ ကြဘို့လိုပါတယ် ။
ဒေါ်စုက လူထုခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရောက်ခဲ့သူပါ ၊ ဗိုလ်ချုပ်အောင်ဆန်းအရှိန်ကြောင့်မဟုတ်ပဲ ကိုယ် ပိုင်အရည်အချင်းနဲ့ရောက်ခဲ့သူပါ ၊ မိသားစုတစ်ကွဲတစ်ပြားနဲ့ နေအိမ်ဝန်းထဲတင်ကာလတာရှည်နေပြီး ဗမာပြည်သူတွေ အတွက် အများကြီးအနစ်နာခံပေးဆပ်ခဲ့သူပါ ၊ အဲဒါကိုအသိမှတ်ပြုလက်ခံတဲ့သူတွေကပဲ ဒေါ်စုလွဲချော်ခဲ့တယ်လို့ထင်တာ တွေကို ဝေဘန်ထောက်ပြရင်လဲ သူဘာသာစဉ်းစားအဖြေရှာရမှာဖြစ်ပြီး တခြားသူတွေက ဒေါ်စုနေရာကနေလိုက်နာ ရန်လုပ် နေရမှာမဟုတ်ပါဘူး ။ ဒေါ်စုဘေးမှာက ဒေါ်စုကိုဝေဘန်ထောက်ပြအကြံကောင်းပေးရဲသူတွေမရှိပဲ (မျှောလိုက်ယုံ) နောက် လိုက်တွေပဲရှိခဲ့တဲ့အတွက် NLD ဒီနေ့လိုအခြေနေရောက်ခဲ့ရတာပါ ။
NLD ကိုကျွန်တော်တို့ ဂန္ဒီကစပြီးအားမလိုအားမရဖြစ်ခဲ့ကြတာ နှစ်၂၀ရှိပါပြီ၊ ဒါပေမဲ့ပြည်တွင်း NLD ကို နိုင်ငံရေးတိုက်ပွဲ နည်းလမ်းမှာ တပ်ဦးပါတီအဖြစ်တန်ဘိုးထားမပျက်ခဲ့ပါဘူး ၊ ပြည်ပရောက်NLD(LA)တွေနဲ့ အဝေးရောက်အစိုးရဖွဲ့တဲ့NLDတွေ ကို သူလိုငါလိုထူးမခြားနားပဲ သဘောထားခဲ့ကြပေမဲ့ ပြည်တွင်းNLD ကိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင် ရပ်တည်နေတဲ့ လူထုဦးဆောင်ပါတီအနေနဲ့ မျှော်လင့်ချက်တွေထားခဲ့ကြတာပါ ၊ နစ်နစ်နာနာမဟုတ်ပေမဲ့ထိထိရောက်ရောက် လဲ အကြိမ်ကြိမ်ဝေဘန်ခဲ့ဘူးပါတယ် ၊ အဲဒီအတွက် NLD ကဘာမှမပြောင်းလဲမပြုပြင်ခဲ့ပေမဲ့ ကျွန်တော်တို့ချင်းကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး စည်းလုံးမှုသာပျက်သထက်ပျက်ခဲ့ရပါတယ် ။
ခုတော့ စစ်အုပ်စုက တဘက်သတ်ဖိထိုးလာရာကနေ ပွဲသိမ်းလက်သီးတစ်ချက်ကို (NLDပါတီဖျက်သိမ်းကြောင်းကြေငြာခြင်း နဲ့) အပိုင်ထိုးချလိုက်ပါပြီ ၊ ဒါဟာ NLD ကိုထိုးချလိုက်တယ်ဆိုတာထက် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးကို အပိုင်ထိုးချလိုက်တာပါ၊NLD ပြန်မထနိုင်ရင် NLD လဲရင် ကျွန်တော်တို့ပါလဲပြီလို့ အပိုင်တွက်ထိုးချလိုက်တာပါ၊ ဟုတ်ပါတယ်၊ ခုချိန်မှာ NLD တကယ်လဲသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့တလျှောက်လုံးဆုတ်ကိုင်လာခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ပါ လုံးဝပျက်ဆီးသွားမှာပါ ၊ တဖြည်းဖြည်းလျော့ကျနေတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကိုလဲ ထပ်ပြီးဆုံးရှုံးစေမှာပါ ၊ ဒီလိုပဲ ၊ ကျွန်တော်တို့ချင်း ရန်ဖြစ်စကားများနေကြရတဲ့ တော်လှန်သူတွေလိုလို ၊ NGO တွေလိုလို ၊ ဒုက္ခသည်တွေလိုလို ဖိနှိပ်ခံဘ၀ မှာလုံးချာပတ်ချာလည်နေဦးမှာပါ ။
ဒီတော့ ရန်သူရဲ့အနိုင်ကျင့်မှုကြောင့် ပြိုလဲမလိုဖြစ်နေတဲ့ NLD ကို ပြန်ခံမချရကောင်းလားလို့ အားမလိုအားမရဖြစ် အပြစ်ဖို့ မနေကြတော့ပဲ ၊ ၀ိုင်းထူကျားကန်ပေးကြသင့်ပါတယ် ၊ နောက်ဆုံး NLD ကမထနိုင်တော့လို့ လဲပါပြီဆိုရင်တောင် ကျွန်တော်
တို့က NLD နေရာကနေ တိုက်ပွဲဝင်ကြရမှာပါ ၊ နောက်ဆုံးတိုက်ပွဲမဟုတ်ပေမဲ့ ခုချိန်ဟာ ဗမာပြည်သမိုင်းအတွက် အရေး ကြီးတဲ့အချိုးအကွေ့ဖြစ်နေပါပြီ ၊ ကျွန်တော်တို့ချင်းရဲ့ ပုဂ္ဂိုလ်ရေးတွေ ၊အမုန်းတွေ ၊ အာဃာတတွေ ၊ အမြင်မတူတာတွေ ခနမေ့ထားပြီး ဘုံရန်သူကိုပဲ ဦးတည်တိုက်ပွဲဝင်ကြရမှာပါ ၊ "မင်းတို့ထင်သလိုလုပ်မရစေရဘူး" လို့ စစ်အာဏာရှင်တွေကို သံပြိုင်ဟစ်ကြွေး စိန်ခေါ်ကြရအောင်ပါ ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်
- လွန်ခဲ့တဲ့ ၂၂ နှစ်က ကျဆုံးသွားသူ အာဇာနည်ကျောင်းသူလေး မ၀င်းမော်ဦး အောက်မေ့ဖွယ်အခမ်းအနား မိဘများပြုလုပ်နေပုံများ
- ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်
- သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး
- အာဏာသိမ်း ၂၂ နှစ်ပြည့် အထိမ်းအမှတ်၊ အိန္ဒိယရောက် မြန်မာများ ဆန္ဒပြ
Posted: 19 Sep 2010 12:50 AM PDT ဒီကနေ့ ကျရောက်တဲ့ အာဇာနည်ကျောင်းသူလေး မ၀င်းမော်ဦး ကျဆုံးခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ မ၀င်းမော်ဦးရဲ့ မိဘတွေအိမ်မှာ ကျင်းပခဲ့ပါတယ်။ သံဃာ ၅ ပါးဆွမ်းကပ်ပြီး ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ် ၁၀၀ ကျော်ကို မုန်းဟင်းခါးဖြင့် ဧည့်ခံခဲ့ပါတယ်။
|
Posted: 18 Sep 2010 11:36 PM PDT ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။
|
Posted: 18 Sep 2010 10:57 PM PDT ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။
စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော မဝင်းမော်ဦးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း
မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။
ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။
ဆရာဝန်နှစ်ဦးက ပြေးလွှားသယ်ယူလာသည့် မ၀င်းမော်ဦး၏ပုံနှင့် သတင်းများကို မိသားစုက ယခုလို အမှတ်တရ
မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။
မ၀င်းမော်ဦး၏ အမှတ်(၁၆၀၇)၊ ဗိုလ်တေဇလမ်း အပိုင်း (၃)၊ ၂၀ ရပ်ကွက်၊ လှိုင်သာယာ၊ နေအိမ်မှ မိဘနှစ်ပါးနှင့် မောင်နှမများ
|
အာဏာသိမ်း ၂၂ နှစ်ပြည့် အထိမ်းအမှတ်၊ အိန္ဒိယရောက် မြန်မာများ ဆန္ဒပြ Posted: 18 Sep 2010 01:56 AM PDT
အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၄၀ ကျော်က နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ၂၂ နှစ်မြောက် ကန့်ကွက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး စစ်အစိုးရက မကြာခင် လုပ်တော့မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် တည်တန့်စေမယ့် ရွေးကောက်ပွဲဖြစ်လို့ ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
|
No comments:
Post a Comment