Sunday, September 5, 2010





တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စစ်အစိုးရကြား မပြေမလည် ဖြစ်နေတာကို ကြားသိရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


ပါကစ္စတန် ရေဘေးအလှူငွေ ထိရောက်စွာ သုံးစွဲရေး လွှတ်တော်မှာတိုင်ပင်မည်

ရေဘေးဒုက္ခသည်တွေအတွက် လက်ခံရရှိထားတဲ့ အလှူငွေတွေကို ဘယ်လို ခွဲဝေသုံးစွဲကြမလဲ ဆွေးနွေးကြဖို့ ပါကစ္စတန်ဝန်ကြီးချုပ်က အစည်းအဝေး ခေါ်ခဲ့ပါတယ်။


တာလီဘန်တွေနဲ့ ဆွေးနွေးဖို့ အာဖဂန်ငြိမ်းချမ်းရေး ကောင်စီဖွဲ့

တာလီဘန်တွေနဲ့ ဆွေးနွေးနိုင်ရေး ငြိမ်းချမ်းရေး ကောင်စီတရပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း က ကြေညာလိုက်ပါတယ်။


နယူးဇီလန် အားပြင်း ငလျင်လှုပ်

နယူးဇီလန်နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခဲ့တဲ့အတွက် လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး အခြေခံ အဆောက်အအုံတွေ အတော်ပျက်စီးသွားပါတယ်။


တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်

သမီးဖြစ်သူကို သူ့ရဲ့ဝန်ကြီးဌာနမှာ ရာထူးခန့်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်ခွင့်တောင်း။


ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ဖွဲ့ရေးကိစ္စကို အမေရိကန်ကဦးဆောင်ဖို့ AI အဖွဲ့က တိုက်တွန်းနေပါတယ်။


အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ အလုပ်ဖြစ်ဟု ကာကွယ်ရေးဝန်ကြီးဂိတ်စ် ယုံကြည်

အာဖဂန်နိုင်ငံအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာ ဟာ အလုပ်ဖြစ်နေတာကြောင့် အားတတ်မိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောပါတယ်။


အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်

အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည် စတင်ခဲ့တာ ၁ ရက်တာ ပြီးမြောက်သွားပါပြီ။


ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဆုံးဖြတ်လိုက်ပါတယ်။


ဝဒေသ လုံခြုံရေး တင်းကျပ်

နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ တောင်းဆိုထားတဲ့ရက် ကျော်လွန်လာတဲ့နောက်မှာ ၀တပ်ဖွဲ့တွေက သူတို့ဒေသ လုံခြုံရေးကို တိုးမြှင့်နေပါတယ်။


ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...


ဆိုကြမယ် ကကြမယ် ပြည်သူအတွက် (သို့မဟုတ်) ...
ကိုချစ်ဖေ


ကျနော် ခုတလော တော်တော်တွေးမိနေတဲ့ အကြောင်းအရာတခုရှိပါတယ်။ အခြားသူတွေတော့ ဘယ်လို တွေးမိကြမလဲ မသိပါဘူးဗျာ။ ကျနော် တွေးမိတာကတော့ "တကယ်လို့များ ကျနော်သာ မြန်မာပြည်တွင်းမှာ နေထိုင်တဲ့သူတယောက်လည်းဖြစ်မယ်၊ အနုပညာသမားတယောက်လည်းဖြစ်မယ်ဆိုရင် စစ်အစိုးရရဲ့ဝါဒဖြန့် ရုပ်ရှင်တွေ၊ သီချင်းတွေကို စစ်အစိုးရအလိုကျ ဆိုမှာလား ရေးမှာလား၊ မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ" လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်တွေလည်း သိကြပါတယ်။ ဒီလိုအ နေအထားကို အကြောင်းပြပြီး လုပ်မိကိုင်မိတဲ့ အနုပညာရှင်တွေက ကြောက်ရွံ့ရလို့ မိမိရဲ့ဥစ္စာပစ္စည်းဓန၊ နာ မည်ဆုံးရှုံးမှာစိုးလို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ်လို့ ဆို လာကြပါတယ်။

ကျနော်သာ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်မယ်၊ နာမည်ကြီး အဆိုတော်ကြီးဖြစ်မယ် ဆိုရင်ကော ဆိုမ လား ကမလား၊ မဆိုရင် ဒုက္ခတွေ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။ ကိုယ်က နာမည်ကြီးသရုပ်ဆောင်၊ နာမည် ကြီး အဆိုတော် တေးရေးဆရာမဖြစ်လို့ "စစ်အာဏာရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ" လို့ ပြော တယ်လို့လည်း အထင်မရောက်ကြပါနဲ့။ ကျနော်သာဆိုရင် ဘယ်လိုရပ်တည်မလဲ။ ဆိုရမလား၊ ရိုက်ရမလား၊ ရေးပေးရမလား၊ တီးမှုတ်ပေးရမလား၊ မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေးအမျိုး မျိုးရဲ့ ဒုက္ခပေးခြင်းကို ခံနိုင်မလား တွေးမိနေတာပါ။

ဒီလိုဗျာ၊ ဟိုအရင် ကျနော်တို့ မမီလိုက်ပေမယ့် သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အပျက်တွေထဲ က ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ၊ မိမိအမျိုးသားတွေကို ဇာတိ မာန်တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ၊ ဆိုခဲ့ ကခဲ့တဲ့သူတွေကိုရော အင်္ဂလိပ်အစိုးရမင်းများနဲ့ အ လိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင် တာကတော့ 'ဒို့ဗမာ' သီချင်း၊ 'နဂါးနီ' သီချင်း၊ 'မီးဒုတ်' သီချင်း ... အစရှိတဲ့ ကျနော်မသိတဲ့ သီချင်းတွေရော ဟာ ခုလွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထင်ဟပ် တက်ကြွစေနိုင်တုန်းပါ။

ကိုလိုနီနယ်ချဲ့အစိုးရ အလိုတော်ကျ ပေါ်လစီသီချင်းတွေ၊ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းတွေက တော့ ကြားတောင်မကြားဖူးတော့ပါဘူး၊ ဘယ်သူတွေ ရေးလို့ ဘယ်သူတွေ ဆိုခဲ့တယ်ဆိုတာလည်း မသိကြ တော့ပါဘူး။ အဲဒီလူတွေအနေနဲ့ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော သူတို့ အဲဒါတွေ ရေးခဲ့ ဆိုခဲ့ပါတယ် လို့ မရှက်မကြောက် ပြောရဲရေးရဲပါ့မလား။ အဲ့ဒီတုန်းက ငါက၊ ငါ့အဖေက၊ ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ၊ ဘုန်းတော်ဘွဲ့သီချင်းတွေ ရေးခဲ့သူ၊ ဆိုခဲ့သူပါရယ်လို့ ကြေညာရဲပါ့မလား။

အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမယ့် အခုစစ်အစိုးရလောက် ဖိနှိပ်မှုမရှိလို့ ဇာတိမာန်သီချင်းတွေ သီဆို ခဲ့ကြတာ ထင်ရှားပြီး တမျိုးသားလုံး အသည်းစွဲဖြစ်ခဲ့ရတာလို့ ပြောရင်လည်းပြောပါ။ ကျနော်ထင်တာတော့ စစ်အစိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လည်း မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး မ ထားနိုင်တာကြောင့်ရယ်၊ ဆိုလိုက်ရေးလိုက်လည်း ပြီးတာပါပဲကွာ၊ ကိုယ်က နိုင်တာမှမဟုတ်တာ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး၊ အများမိုးခါးရေသောက် ကိုယ်လည်း သောက်လိုက်ပေါ့၊ ကိုယ့်ဒုက္ခမပေးရင် ကိုယ့်မိသားစု ဒုက္ခ မပေးရင် တော်ပီဆိုတဲ့သူတွေက အများစုဖြစ်နေလို့ လို့ထင်ပါတယ်။ အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့ အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို လုပ်မယ်ဆိုတဲ့ အခွင့်အရေး ရှေ့တန်းတင် အနုပညာသ မားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့ အစိုးရ၊ နိုင်ထက်စီးနင်း အစိုးရ၊ ပြည်သူလူထုကြီး ကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့ အစိုးရ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော အစိုးရ၊ ဒီအစိုးရကို ဆန့်ကျင်ဖို့ တော် လှန်ဖို့ နှမ်းတစေ့နဲ့ ဆီမဖြစ်သော်လည်း နှမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး၊ မတရားမှု မမျှတမှုကို ငါ့အခွင့်အရေး ဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး မထားနိုင်ရင်တောင်မှ မီးလောင်ရာလေမပင့်ဘူး၊ အဆိပ်ပင် ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ် ရှောင်တဲ့သူတွေ လည်းရှိတာပါပဲ။

နောက်ဆုံး ကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေ ပိတ်ပင်ထားရင်တောင် အခြားသော ရရာနည်း လမ်းတွေနဲ့ ဖော်ထုတ်နိုင်တာပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို စစ်အစိုးရ ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

ကျနော်က ကျည်ကွယ်မျက်ကွယ်ကနေပြီး လက်သီးလက်မောင်းတန်းနေတယ်လည်း ထင်ခံရပါဦးမယ်။ ကျ နော်လည်း မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရားမှုကို နည်းနည်းမှမကြိုက်သူမို့ စစ်အစိုးရကို အားပေးကူ ညီသူတွေကိုလည်း မကြိုက်ပါ။ မကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ်။ စစ်အစိုးရ ဘက် တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး။ သူတို့သီချင်း ဘယ်လောက်ကြိုက်ကြိုက် နားမထောင်ချင်တော့ပါဘူး။ ဒါ ကျနော်တို့ ပရိသတ်အခွင့်အရေးပါ။

ကျနော်တို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကျနော့် စိတ်ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး။ ဟိုတုန်းကတော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူ့ရပ်တည်ချက် ပြောင်းသွားတာကို ကြည့်ပြီး စိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့် ကျင်ပါတယ်။ ဒါ ပရိသတ်တယောက်ရဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အငြှိုးအတေး အာဃာတရယ်တော့ မရှိပါဘူး။ သို့သော်လည်း သူ့ကိုအားပေးမှုကို လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရာရောက်မယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ပေါ်လစီကားတွေ၊ သီချင်းတွေကို ကြောက် လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလည်း သီဆိုပါ။ သူ့အနုပညာကို အသုံးချပြီး စစ်အစိုးရအ တွက် လုပ်ပေးတယ်၊ အထောက်အကူပြုတယ်ဆိုရင် ကျနော်တို့ကလည်း သူ့အနုပညာအားလုံးကို အားမပေး ရုံပါပဲ။ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူတွေကိုလည်း ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဘက်က အမြဲရပ်တည် ပြီး အနုပညာဖန်တီးသူတွေကိုတော့ အမြဲအားပေးရမှာပေါ့ဗျာ (ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီးက သီချင်းရေးဆိုပဲ)။

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့၊ မင်းမော်ကွန်းတို့၊ ထွန်းထွန်းတို့ဆိုလည်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပါဘူး။ ၀ိုင်းစုခိုင်သိန်းတို့၊ ရဲလေးတို့ဆိုလည်း မုန်းတဲ့စိတ် မဖြစ်မိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနုပညာစွမ်းပကား နဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှုကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။

လူသားချင်းအနေနဲ့ကတော့ နားလည်စာနာနိုင်ပါတယ်။ သူတို့ရဲ့အခက်အခဲကို သို့သော်လည်း တနိုင်တပိုင် ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်းတော့ မိမိတို့ရဲ့ လွတ် လပ်မှုကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ (ဆန့်သာဆန့်ကျင်ရတယ် ၀ိုင်းစုခိုင်သိန်းလေးကိုတော့ အားအနာဆုံး ပါပဲ)။ သူတို့ကို ပုဂ္ဂိုလ်ရေး လုံးဝမုန်းတီးမှုမရှိဘဲ သူတို့ရဲ့အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကျနော် စိတ်ကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

ကိုချစ်ဖေ


2010/9/5 Moe Twar <moekyoetwar@yahoo.com>


ဒီလိုပြည်သူချစ်တဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ရင်ပြည်သူကချစ်တယ်။ပြည်သူကိုမျက်ကွယ်ပြူရင်ပြည်သူကဆန့်ကျင်မယ်။ ( ၈၈-မြေလတ်ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ဝမ်း ရေးထားတဲ့ဆောင်းပါးလေးဖတ်ကြည့်ပါ )
ဒီနေရာမှာ click ဖတ်ကြည့်လိုက်ပါ။
မိုးကြိုးသွား

တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၅၊ ၂၀၁၀ ပဲခူးမြို့ စစ်တပ်မှ အနိင်ကျင့် လူသတ်မှု


မောင်အောင်သူဟိန်း

ပဲခူးမြို့ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ နေထိုင်နေတဲ့ အရပ်သားလူငယ်တွေနဲ့ ခလရ ၅၉ စစ်တပ်က စစ်သားတွေ ဆိုင်ကယ်ချင်းတိုက်မိပြီး စကားများပြီးနောက် စစ်တပ်က လိုက်လာပြီးရပ်ကွက်လမ်းထိပ်မှာပဲ အသက် (၁၈) နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် (၂၂) နှစ်အရွယ် အောင်သူဟိန်းတို့ ၂ ဦးကို လိုက်လံပစ်ခတ်လို့ လူငယ် ၂ ဦး ပွဲချင်းသေဆုံးသွားပါတယ်။


ပဲခူးမြို့က ရင်ခွဲရုံမှာ အလောင်းတွေကို ထားထားပြီး ချက်ချင်းသင်္ဂြိလ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေသလို ပဲခူမြို့ခံ ၁၀၀၀ ကျော်က ရင်ခွဲရုံကို လာရောကကြည့်ရှုနေပြီး မကျေမနပ် ဖြစ်နေကြတဲ့ အတွက်အလောင်းကို မိသားစုကို ထုတ်မပြဘူးလို့ ဆိုပါတယ်။



မောင်စိုးပိုင်ဇော်

မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူပြောပြတာကတော့ ပစ်ခတ်မူဖြစ်ပြီး မိသားစုဝင်တွေက သိတဲ့အချိန်မှာ အလောင်းနားကို ကပ်ခွင့်မပေးပဲ ၀ါးလုံးတွေနဲ့ တားဆီးထားတယ်လို့ဆိုပါတယ် ဒီနောက်မှာတော့ မနက်လင်းတဲ့အချိန် ရင်ခွဲရုံမှာအလောင်းကို သွားယူတဲ့အခါ ချက်ချင်းစစ်တပ်က ချက်ချင်းသဂြိုလ်ဖို့လုပ်ဆောင်နေကြတယ်လို့ ပြေပြသွားပါတယ်။


နောက်ပိုင်းမှာတော့ မောင်အောင်သူဟိန်းရဲ့ မိဘတွေက ဖခင်က ပြည်ပမှာအလုပ်ထွက်လုပ်နေပြီး မိခင်က ရှမ်းပြည်ကို ရောက်နေတာကြောင့် မိခင်ကိုစောင့်ဖို့ အလောင်းကို ပြန်တောင်ခဲ့ပေမဲ့ မရခဲ့ဘူးလို့ ဆိုပါတယ်။


ဒိလို မြို့ပေါ်မှာတောင် စစ်တပ်က သေနတ်အားကိုးနဲ့ အနိုင်ကျင့်မူ လုပ်ဆောင်တာကြောင့် လူမသိသူမသိ နေရာတွေမှာ ပိုဆိုးမှာဆိုတာ သေချာကြောင်း ပဲခူးကရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောပါတယ်။


နောက်ပိုင်းမှာတော့ ကလေး မိခင်ဖြစ်သူက လေယဉ်နဲ့ ပြန်ရောက်လာချိန်မှာ စစ်တပ်က တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ် သေဆုံးသူ ကလေးတွေရဲ့ သူငယ်ချင်း ၂ ဦးကိုလည်း စစ်ဆေးစရာရှိလို့ဆိုပြီး ထိမ်းသိမ်းထားတာကြောင့် အောင်သူဟိန်းမိခင်က သူသားရဲ့သူငယ်ချင်းတွေကို ပစ်သတ်အုန်းမှာလား မေးခဲ့ပြီး လုံခြုံရေးကို တာဝန်ယူပေးဖို့ ပြောခဲ့တယ်လို့ဆိုပါတယ် အခင်းဖြစ်ပွားမူမှာပါတဲ့ လူငယ် ၂ ဦးကိုလည်း ဆက်လက်ထိမ်းသိမ်းထားဆဲဖြစ်ပါတယ်။


နိုင်ငံတော်ဈာပနနဲ့ချပေးပါ့မယ်လို့ စစ်တပ်ဘက် ပြောကြားကြောင်း ကြားသိရပါတယ်။ ပဲခူးမြို့ခံ ပြည်သူတွေကတော့ မခံမရပ်နိုင်ဖြစ်နေကြပြီး အလောင်းရှိရာ ဆေးရုံအနားတွင် ၁၀၀၀ ကျော်လောက် စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။

သတင်းအရင်းမြစ်နှင့် ဓာတ်ပုံကို အညာနွေတမာမြေဘလော့ဂ်မှ

__._,_.___


Reply to sender | Reply to group |

You are invited to view a photo from anti regime's photo album: Than Shwe's Friends attending Wyne Sue Khai Thein Pwe

 "၀င်းမော်ဦး- ပြောင်းပြန်- ၀ိုင်းစုခိုင်သိန်း ”(အိုးဘားမား) aug 29,2010

မနှိုင်းယှဉ်သင့်ပေမယ့်
အခွင့်ကြုံတုန်း
ပြောရအုံး(ဦး)မယ်။

၁၉၈၈ စက်တင်ဘာ ၁၉မှာ
စစ်မိစ္ဆာဆိုးတွေ ပစ်သတ်လို့
ချစ်မြတ်နိုးတဲ့ ဗိုလ်ချုပ်ပုံ ရင်မှာပိုက်ရင်း
ဗိုလ်ချုပ်နောက် လိုက်သွားခဲ့တဲ့
၁၆နှစ်သမီးအရွယ်
လူငယ်ကျောင်းသူထူး
မ၀င်းမော်ဦးဆိုတာ ရှိခဲ့တယ်။

မ၀င်းမော်ဦးဟာ လူငယ်ပေမယ့်
အသိတရား မငယ်ခဲ့ဘူး။

မ၀င်းမော်ဦးဟာ
စစ်အာဏာရူးတွေကို
အကြမ်းမဖက်
ဆန့်ကျင်သပိတ်မှောက်ခဲ့တယ်။

မ၀င်းမော်ဦးဟာ
ဘယ်သူ ခိုင်းတာမှ မဟုတ်ဘဲ
သမိုင်းပေးတာဝန်အရ
ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် ဆန္ဒပြခဲ့တယ်။

မ၀င်းမော်ဦးဟာ
ဘယ်သူ့အခကြေးငွေမှ မယူ
ပြည်သူထဲက ကျောင်းသူတယောက်
ကျည်ဆံမကြောက် သေနတ်မကြောက်
လှံစွပ်မကြောက် ထောင်မကြောက်
ဖီဆန် လမ်းလျှောက် သပိတ်မှောက်ခဲ့တယ်။

နှုတ်ဖျားက ဒို့အရေးသံ
ပြည်သူ့ဆန္ဒအမှန်
လုပ်ကြံပြောတာ တခုမှမရှိ
ခွပ်ဒေါင်းပီသ ပါပေ၏။

၈၈သမီးပျိုနှင့်ပြောင်းပြန်
သမိုင်းကြောင်းအမှန် ဖျောက်ဖျက်သူတို့ရဲ့ ဓါးစာခံ
မျက်ရည်ခံမှည့်နဲ့
၂၀၁၀ ၀ိုင်းစုခိုင်သိန်းရေ...။

မင်းဟာ
မ၀င်းမော်ဦးလို လူငယ်ပေမယ့်
အသိတရား မကြွယ်ခဲ့ပေဘူး။

မင်းဟာ
မ၀င်းမော်ဦးလို
အာဏာရှင်ကို မဆန့်ကျင်ခဲ့လို့...
သပိတ်မမှောက်ခဲ့လို့...
ဆန္ဒမပြခဲ့လို့...
အရုဏ်ဦးမှာ ၀င်ပါမိလို့..
အခုဆို
မင်းကို ဆန္ဒပြနေကြပြီ။

ဆန့်ကျင်ကန့်ကွက် ဟန့်တားနေကြပြီ။

မင်းဟာ
ပြည်သူ့အနုပညာကြေးကိုယူ
ပြည်သူထဲက လူငယ်တယောက်ပေမယ့်
ပြည်သူ့မျက်နှာကို မထောက်
ဒို့တွေ သပိတ်မှောက်ခဲ့တဲ့ ရှစ်လေးလုံးကို ပျက်ရယ်ပြု

အခုမှ မသိလို့ ပြုမိတာလို့ ငြင်းလို့မရ
လူငယ်မို့ ပြောမိတာလို့ ငြင်းလို့မရ

" ဥပဒေမှာ
မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက်
ခွင့်လွှတ်တယ်ဆိုတာ မရှိ။" တဲ့
ကောင်မလေးရေ။

ယူဂျီဆိုတာ
ယူလည်းယူတယ်
ဂျီလည်းကျတယ်...ဆိုတဲ့
မင်းရဲ့ ဇာတ်ဝင်ခန်းထဲက စကား
ဒို့တွေ နားခါးခဲ့တယ် ကောင်မလေး။

မင်းဟာ မသိလို့ပြောမိရအောင်
မင်းဟာ
မ၀င်းမော်ဦးလို ၁၆နှစ်သမီး မဟုတ်တော့ဘူးလေ။

၁၆နှစ်သမီး မ၀င်းမော်ဦးတောင်
ဗိုလ်ချုပ်အောင်ဆန်း ဘာလုပ်ခဲ့လဲဆိုတာ
သိသေးတာပဲ။

မင်းလည်း
ယူဂျီဆိုတာ
ခေတ်အဆက်ဆက်က ရှိခဲ့တဲ့
မြေအောက်လှုပ်ရှားမှုဆိုတာ
သိမှာပါလေ။

သိပေမယ့်
သူများခိုင်းလို့ပြောခဲ့ရတာလို့
ဆင်ခြေမပေးနဲ့။

ဒါ့ကြောင့်
မင်းဟာ
ဝင်းမော်ဦးနဲ့ပြောင်းပြန်လို့
ငါခေါင်းစဉ်တပ်ခဲ့တာပေါ့။

မ၀င်းမော်ဦးဟာ
ဘယ်သူ့အခိုင်းခံမှ မဟုတ်ဘဲ
ကိုယ်ယုံကြည်ရာကို အသက်စွန့်လုပ်ခဲ့တယ်။

မင်းဟာ
နအဖ ဒါရိုက်တာတွေခိုင်းတာ လုပ်ခဲ့ရလို့
ဆန္ဒပြတာခံနေရပြီ။

ဝင်းမော်ဦးနဲ့ပြောင်းပြန်
ဝိုင်းစုခိုင်သိန်းရေ။

ဝင်းမော်ဦးက
အာဏာရှင်ကို အလိုမလိုက်
သပိတ်တိုက်ပွဲ အလံထူ
ဆန္ဒပြသူဖြစ်တယ်။
ဝိုင်းစုခိုင်သိန်းက
အာဏာရှင်အလိုကျ
ပြောခဲ့ရလို့
ဆန္ဒအပြ ခံနေရသူဖြစ်တယ်။

ဝင်းမော်ဦးဟာ
ဖိနှိပ်ခံပြည်သူကို ကိုယ်စားပြုလို့
ခုရောနောင်ရော နာမည်ကောင်းတွင်ပြီ။

ဖိနှိပ်ခံပြည်သူကို စော်ကားကြတဲ့
ဘယ်သူမဆို
ပုဂ္ဂိုလ်ရေး မမုန်းကြပေမယ့်
သမိုင်းမှာ အရှုံးဘ၀နဲ့
လူလုံးမလှ
အရှက်ကြီးရှက်ရတတ်တယ် ကောင်မလေးရေ။

ဒါ့ကြောင့်..
ဝင်းမော်ဦးကို စံနမူနာယူ
ပြုမှားခဲ့တာဟူသမျှ ကျေအောင်ဆပ်
အနာဂတ်သံသရာအထိ ပါမသွားစေနဲ့။

နောင်တရပြီးရင် နောက်မမှားအောင်နေ
ကောင်မလေးရေ။ ။

(အိုးဘားမား)





No comments: