Sunday, September 19, 2010

Leave quotation of sacred texts to theologians

ဘာသာရေးကို ဂဂနနမသိဘဲ အရမ်းကာရော မဝေဖန်ကြလေနဲ့

 
 

 
 

September 12, 2010; The Toronto Star

Haroon Siddiqui (ဆောင်းပါးရှင်)

 
 

 
 

Pastor Terry Jones wanted to burn the Qur'an because he believes it preaches violence. That, in fact, has been an article of faith for critics of Islam post-9/11. "See, it says right here," they say, pointing to the "Sword Verses," of which they are a dozen. They quote them selectively, as does Osama bin Laden — he to justify violent jihad, they to demonize Islam. ကုရ်အန်ကျမ်းသည် အကြမ်းဖက်မှုတွေကို ပို့ချပေးနေတဲ့ကျမ်း ဖြစ်တယ်လို့ ယုံကြည်နေတဲ့အတွက် (အီဗန်ဂျလီကယ်) ခရစ်ယန်ဘုန်းတော်ကြီး တယ်ရီဂျုန်းက မီးရှို့ပစ်ချင်နေပါတယ်။ နိုင်းဝမ်းဝမ်းနောက်ပိုင်းတွင် အစ္စလာမ်ဘာသာကို ပြစ်တင် ဝေဖန်နေသူတွေကလည်း ကုရ်အန်ကျမ်းထဲက ဓါးကဏ္ဍရဲ့ တစ်ဒါဇင်လောက်ရှိတဲ့ စာပိုဒ်တွေကို ဟောဒီမှာ ကြည့်ကြဆိုပြီး ရွေးချယ် ထောက်ပြနေကြပါတယ်။ အမှန်တကယ်ကတော့ မိမိရဲ့ အကြမ်းဖက်ဝါဒဆိုးကို အထောက်အကူပြုဖို့ အိုစာမာဘင်လာဒင်က ဒီကျမ်းစာပိုဒ်တွေကို မိမိလိုရာဆွဲပြီး ကိုးကားခဲ့သလို အစ္စလာမ်ဘာသာကို သရုပ်ဖျက်လိုသူများကလည်း အိုစာမာဘင်လာဒင်လိုဘဲ တမင်လိုရာဆွဲ ကိုးကားနေကြခြင်းသာ ဖြစ်ပါတယ်။

 
 

As with most sacred texts, the Qur'an is open to human interpretation. But there's consensus among reputable scholars, Muslims and non-Muslims, that the book sanctions war only for defensive purposes. Peace is the norm, not violence and warfare. အခြားဘာသာရေးကျမ်းတွေလိုဘဲ ကုရ်အန်ကျမ်းကို လူသားတွေက မိမိအားသန်ရာကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်နိုင်၊ ဖွင့်နိုင်ကြပါတယ်။ သို့သော် ကုရ်အန်ကျမ်းထဲက စစ်မက်ပြုရေး ခွင့်ပြုချက်တွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းကို ဂုဏ်သိက္ခာရှိ ထင်ရှားကျော်ကြားသည့် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သော ကမ္ဘာ့သာသနာရေးဆိုင်ရာ ပညာရှင်များက တညီတညွတ်တည်း ထောက်ခံ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကိုသာ အခြေခံ စံအဖြစ် သတ်မှတ်ထားသော သာသနာဖြစ်ပါတယ်။ အကြမ်းဖက်မှုနှင့် စစ်ပွဲများသည် အစ္စလာမ်၏ စံအခြေခံ မဟုတ်ပါ။

 
 

The most contentious verse, Slay them wherever you find them, is part of a passage that emphasizes self-defence, not warmongering: ပြသနာအဖြစ်ရဆုံးဖြစ်တဲ့ "သူတို့ကို တွေ့ရာသချိင်္ုင်း ဓါးမဆိုင်းဘဲ သတ်ပစ်ကြ"ဆိုတဲ့ ကျမ်းစာပိုဒ်သည်ပင်လျှင် မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် (မလွှဲ မရှောင်သာသော) တရားသောစစ် အတွက်သာဖြစ်ပြီး၊ စစ်သွေးဆာတဲ့သဘော၊ စစ်သွေးကြွတဲ့သဘော မဟုတ်ပါဘူး(ဆိုတာကို လူအများက မသိကြဘူး)။

 
 

Fight in the way of God against those who fight you, but begin not hostilities; Allah loves not the aggressors. And slay them wherever you find them and expel them from places whence they expelled you, for persecution is worse than slaughter. . . But if they desist, cease hostilities (2:190-93).
ထို့ပြင်တဝ အလ္လာဟ်အရှင်၏ လမ်းတော်တွင် အသင်တို့ကို (စတင်)စစ်မက်ပြိုင် တိုက်ခိုက်သူတို့နှင့်သာ ပြိုင်ဆိုင် တိုက်ခိုက်ကြလော့။ သို့ရာတွင် အသင်တို့သည် (မည်သည့်နည်းနှင့်မှ)စတင် မကျူးကျော်ကြလေနှင့်။ ဧကန် အလ္လာဟ်အရှင်သည် (စတင်)ကျူးကျော်သူတို့ကို မနှစ်သက်ပေ။ ထို့နောက် ၄င်းတို့အား တွေ့ရာနေရာများတွင် ဖမ်းဆီး ကွပ်မျက်ကြ။ ထို့ပြင် အသင်တို့အား ၄င်းတို့က (မက္ကာမြို့တော်မှ)နှင်ထုတ်ကြသကဲ့သို့ အသင်တို့ကလည်း ၄င်းတို့အား ပြန်နှင်ထုတ်ကြ။ အမှန်သော်ကား ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ဆိုးဝါးပေ၏။့ အကယ်၍ ထိုသူတို့က စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို ရပ်တန့်ကြပါမူ၊ အသင်တို့သည် အခြားသူများအား ကျူးကျော်စော်ကားရန် အကြောင်းမရှိပေ။

 
 

Another "sword" verse, Take them and slay them, was revealed when Muslims were being persecuted in seventh century Arabia: သူတို့ကို တိုက်ကြ၊ သတ်ကြဆိုတဲ့ ဓါးကဏ္ဍ၏ အခြားကျမ်းစာပိုဒ်သည်လည်း (ရ)ရာစုနှစ် အာရေဗျမှာ မွတ်စလင်များ အညှဉ်းဆဲခံ၊ အတိုက်ခိုက်ခံနေရမှုကို အကြောင်းပြု၍ (ပြန်လှန်ခုခံကာကွယ်ရေးအတွက်)သာ ကျရောက်လာခြင်း ဖြစ်ပါတယ်။

 
 

If they leave you alone and do not fight you and offer you peace, then Allah allows you no way against them;(but) if they withdraw not from you nor offer you peace, then take them and slay them wherever you find them (4:90-91).
သို့ရာတွင် ၄င်းတို့သည် အသင်တို့ထံမှ ဆုတ်ခွာ၍ အသင်တို့နှင့် စစ်တိုက်ခြင်း မပြုဘဲနေခဲ့သော်၊ သို့တည်းမဟုတ် ၄င်းတို့က အသင်တို့ထံ စစ်ပြေငြိမ်းရန် ကမ်းလှမ်းခဲ့သော် အသင်တို့အား ၄င်းတို့နှင့် ဆက်လက်တိုက်ခိုက်ရန် အလ္လာဟ်အရှင်က မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည် မဟုတ်။့ အကယ်၍သာ ၄င်းတို့သည် အသင်တို့(နှင့် စစ်ပြိုင်တိုက်ခိုက်ခြင်း)မှ ဆုတ်ခွါ၍ မနေခဲ့သည်ရှိသော်၊ ၄င်းအပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်း မပြုခဲ့သည်ရှိသော် အသင်တို့သည် ၄င်းတို့အား အရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။

 
 

Another injunction, Fight the leaders of unbelief, has a qualifier: နောက်ပြဌာန်းချက်တစ်ခုဖြစ်တဲ့ မယုံကြည်သူတွေရဲ့ ခေါင်းဆောင်တွေကို တိုက်ခိုက်ရန် ခွင့်ပြုခြင်းမှာပင် ကန့်သတ်ချက်တွေ ရှိနေပြန်ပါတယ်။

 
 

If they break their pledges after their covenant (with you) and assail your religion, then fight the leaders of unbelief (9:12).
တစ်ဖန် ၄င်းတို့သည် အသင်တို့နှင့် ကတိသစ္စာပြုပြီးမှ ကတိဖျက် သစ္စာဖေါက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ သာသနာကို ကဲ့ရဲ့ ပြစ်တင် ရှုံ့ချခြင်း၊ တိုက်ခိုက်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါမူ ထိုမယုံကြည်သူတို့၏ ခေါင်းဆောင်များကို တိုက်ခိုက်ကြကုန်၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၌ ကတိသစ္စာများ မရှိကြတော့ပြီ။

 
 

Another verse concerning fighting comes in the context of the right of both Muslims and non-Muslims to practise their religion. နောက်ကဏ္ဍတစ်ခုမှာဆိုလျှင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို  ထိပါးလာလျှင် ပြန်လှန် ခုခံ ကာကွယ်ပိုင်ခွင့်ကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ အားလုံးအတွက်ပင် တန်းတူ ခွင့်ပြု ပြဌာန်းပေးထားပါတယ်။

 
 

Leave is given to those who fight, because they have been wronged . . . (and) expelled from their homes unjustly only for saying, 'Our Lord is God.' Had it not been for God repelling some men by means of others, churches, oratories and mosques . . . would surely have been pulled down (22:39-40).
(အစဉ်တစိုက်)တိုက်ခိုက်ခြင်း ခံနေရသော မွတ်စလင်မ်တို့သည် (ယခုအခါ)ပြန်လည်ခုခံ တိုက်ခိုက်ခွင့် ရရှိလေပြီ။ အကြောင်းသော်ကား ၄င်းတို့သည် ညှဉ်းပမ်း နှိပ်စက်ခြင်းကို ခံခဲ့ကြရလေသည်။့ ၎င်းတို့က ကျွန်ပ်တို့၏ ဖန်ဆင်းရှင်သည် အလ္လာဟ်အရှင်ဖြစ်သည်ဟု ပြောဆိုရုံဖြင့် မိမိတို့ နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများနှင့် အရှင်၏ နာမတော်များအား အကြိမ်ကြိမ် တသရွတ်ဆိုလျှက်ရှိသော ဗလီဝတ်ကျောင်းများသည်လည်းကောင်း ဖြိုဖျက်ခြင်း ခံကြရမည် အမှန်ပင်။

 
 

Islamic tradition also holds that the "sword verses" were, in fact, overtaken by others revealed later when peace prevailed between Muslims and non-Muslims. Thus the Qur'anic exhortations to avoid war altogether, limit warfare, and, if attacked, to respond only proportionately, protecting civilians and not mutilating the dead: အမှန်စင်စစ် ဓါးကဏ္ဍမှာပါတဲ့ (တိုက်ခိုက်ရန် ခွင့်ပြုခြင်း)များသည်ပင်လျှင် မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများအကြား ငြိမ်းချမ်းရေးရပြီးသောအခါ ကျရောက်သော နောက်ကျမ်းစာပိုဒ်များက ချေဖျက်ပြီး ဖြစ်ပါတယ်။ ကုရ်အန်တွင် စစ်ကို ရှောင်လွှဲဖို့၊ စစ်ကို ကန့်သတ်ဖို့၊ အတိုက်ခံရလျှင်တောင် တဆုံးတစမဟုတ်ဘဲ သင့်တင့်ညီမျှသော အင်အားသုံး၍ တုန့်ပြန်ဖို့သာမက အရပ်သားများကို အကာအကွယ်ပေးခြင်း၊ သေဆုံးသူများ၏ ခန္ဓာကိုယ်ကို မဖျက်ဆီးရခြင်းများကို စည်းကမ်းအဖြစ် သတ်မှတ်ပေးထားခဲ့ပါတယ်။

 
 

Warfare is an awesome evil (2:216).
အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် အသင်တို့အဖို့ သဘာဝအလျောက် ရွံရှာစက်ဆုပ်(ဝန်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။

 
 

If your enemy inclines toward peace, then you, too, should seek peace (8:61).
၎င်းတို့(သင်၏ ရန်သူများ)သည် စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလျှင် အသင်တို့လည်း စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလေ။

 
 

Some of the 9/11 hijackers were said to have cited a verse calling on the believers to slay the idolaters. Here's the full quote: နိုင်းဝမ်းဝမ်း လေယာဉ်ပြန်ပေးဆွဲ(၍ ကမ္ဘာ့ကုန်သွယ်ရေး ဌာနချုပ်ကို တိုက်ခိုက်)သူများက အစ္စလာမ်ဘာသာဝင်များကို သူတို့ကဲ့သို့ ဘာသာခြားတွေကို တိုက်ခိုက်ကြရန် လှုံ့ဆော် ရွတ်ဆိုခဲ့သည်ဆိုသော ကုရ်အန်ကျမ်းစာပိုင်းကို အပြည့်အစုံ(Full Context) ကိုးကားမည်ဆိုလျှင်

 
 

When the sacred months have passed, slay the idolaters wherever you find them, and take them (captive), and ambush them. But if they repent and establish worship and pay the poor-due (charity), then let them go free (9:5).
ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ ကတိ ချိုးဖေါက်သော (သာသနာ့အယောင်ဆောင်)တို့အား တွေ့ရာနေရာများတွင် သတ်ဖြတ်ကြ။ ဖမ်းဆီးချုပ်နှောင်ထားကြ။ ၄င်းတို့ ပုန်းအောင်းသော နေရာတိုင်းတွင် ချောင်းမြောင်းကြ။ အကယ်၍ ထိုသူတို့သည် ၀န်ချ တောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ဆွလာသ် ၀တ်ပြုမှုကိုလည်းကောင်း၊ (ဆင်းရဲသားများအတွက်)ကျသင့်သော အလှူဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုမူကြပါမူ၊ အသင်တို့သည် ၄င်းတို့၏ လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် လွတ်ငြိမ်း ချမ်းသာခွင့်ပေးသော ညှာတာသနားသော အရှင်ဖြစ်ပေ၏။

 
 

"Just as Old Testament passages regarding violence and warfare need to be understood as a response to a specific historical situation, so too the Qur'an," says John Esposito, professor of Islamic Studies at Georgetown University in Washington, D.C. ခရစ်ယာန် ဓမ္မကျမ်းဟောင်းရှိ အကြမ်းဖက်မှု၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှုဆိုင်ရာ ကျမ်းစာပိုင်းတွေကို နားလည်နိုင်ရန်အတွက် ထိုကာလ သမိုင်းဆိုင်ရာ အချက်အလက်တွေကို သိထားဖို့ လိုအပ်သလို ကုရ်အန်ကျမ်းစာကို နားလည်ရန် ကုရ်အန်ကျမ်း ကျရောက်စဉ်ကာလ သမိုင်းကို သိထားဖို့ လိုပါတယ်လို့ ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ် အစ္စလာမ်ဘာသာလေ့လာရေး ပါမောက္ခ ဂျွန် အက်စ်ပိုစီတိုက ဆိုပါတယ်။

 
 

In fact, Philip Jenkins, professor of religion at Penn State University and author of Jesus Wars and Dark Passages, has argued that "the scriptures in the Qur'an are far less bloody and less violent than those in the Bible. There's a specific kind of warfare laid down in the Bible which we can only call genocide." ဧကန်စင်စစ် ကုရ်အန်ကျမ်းပါ သွေးထွက်သံယိုမှုများ၊ အကြမ်းဖက်မှုများကို ဘိုင်ဘယ်လ်ကျမ်းစာမှာ ပါရှိမှုတွေနှင့် နှိုင်းယှဉ်မည်ဆိုပါက အင်မတန်မှပင် နည်းပါးပါတယ်လို့ "ခရစ်တော်၏ စစ်ပွဲများ စာအုပ်နှင့် နက်မှောင်သော ကာလများ ဆောင်းပါး"ကို ရေးသားသူ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တက္ကသိုလ် ဘာသာရေးပါမောက္ခ ဖိလစ် ဂျင်ကင်းစ်က ဆိုပါတယ်။

 
 

In the first book of Samuel, God instructs King Saul to attack the Amalekites: "And utterly destroy all that they have, and do not spare them," God says through Samuel. "But kill man and woman, infant and nursing child, ox and sheep, camel and donkey." When Saul failed to do that, God took away his kingdom. ဆမ်မြူရယ်၏ ပထမကျမ်းစာအုပ်(ခရစ်ယန်ဓမ္မဟောင်းကျမ်း)အရ ထာဝရဘုရားရှင်က တမန်တော် ဆမ်မြူရယ်မှတဆင့် ရှောဘုရင်ကို အမာလက်လူမျိုးများကို တိုက်ခိုက်ရန် "သူတို့မှာ ရှိရှိသမျှ ယောင်္ကျားတွေ၊ မိန်းမတွေ၊ ကလေးငယ်တွေ၊ နို့စို့အရွယ် လူမမယ်လေးတွေ၊ နွားတွေ၊ သိုးတွေ၊ ကုလားအုပ်တွေ၊ မြည်းတွေအပါအဝင် အလုံးစုံကို တစိုးတစိ တစ်ယောက်မကျန် အကုန်အစင် ဖျက်ဆီး သတ်ဖြတ်ပစ်ကြလော့" ဟူ၍ အမိန့်တော် ချမှတ်ခဲ့လေ၏။ "ထာဝရဘုရားသခင်၏ အမိန့်တော်ကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထာဝရဘုရားသခင်က ရှောဘုရင်၏ နိုင်ငံတော်ကို ရုပ်သိမ်းတော်မူ၏။"

 
 

"In other words, Saul has committed a dreadful sin by failing to complete genocide. And that passage echoes through Christian history," Jenkins has said. တနည်းအားဖြင့်ဆိုလျှင် "ရှောဘုရင်သည် ထာဝရဘုရားသခင်၏ အမိန့်တော်အရ လူမျိုးတုန်း သတ်ဖြတ်ရေးကို ပြီးမြောက်အောင် မဆောင်ရွက်ခဲ့ခြင်းအားဖြင့် ထာဝရဘုရားသခင်၏ အမိန့်တော်ကို ဖီဆန်ခြင်းဟူသော ပိုမိုကြီးမား ပြင်းထန်သော ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။" ယခုကဲ့သို့ သင်ကြားချက်မျိုးက ခရစ်ယာန် သမိုင်းတလျှောက်လုံးကို ပဲ့တင်ဖုံးလွှမ်းလျှက် ရှိနေခဲ့တယ်လို့ ပါမောက္ခ ဂျန်ကင်က ဆိုပါတယ်။

 
 

All these issues are best left to theologians and historians. But, lately, they've become part of our public discourse. In that context, it's useful to remember that religions have always been used for both good and evil; that people in a democracy are free to practise their faith — within the rule of secular law; and that those violating the law, for religious or other reasons, will have the book thrown at them. ဒီလိုပြသနာတွေ အားလုံးကို ဘာသာရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေအတွက်သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် အခုနောက်ပိုင်းကာလမှာ ဒီပြသနာတွေဟာ လူသာမန်တွေအကြားမှာ နေ့တဓူဝ ညင်းခုန်စရာ ဖြစ်လို့နေပါပြီ။ ဒီလိုဆိုရင်ဖြင့် ဘာသာရေးတွေဆိုတာ အကောင်းအတွက်ဖြစ်ဖြစ် အဆိုးအတွက်ဖြစ်ဖြစ် အစဉ် အသုံးချနိုင်ကြတယ် ဆိုတဲ့အချက်ကို မမေ့သင့်ကြပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေအရ ပြည်သူတွေဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ဒီရပိုင်ခွင့်တွေကို ဘာသာရေး အတွက်ကြောင့်ဖြစ်ဖြစ်၊ အခြားအကြောင်းတွေကြောင့်ဖြစ်ဖြစ်၊ ချိုးဖောက်သူတွေကို တရားဥပဒေကဘဲ ဆုံးမရမှာ ဖြစ်ပါတယ်။

 
 

These are statements of the obvious but they bear repeating in these highly charged times. ဒါတွေက အင်မတန် သိသာထင်ရှားတဲ့ အချက်အလက်တွေဖြစ်ပေမဲ့၊ အချို့သူတွေအဖို့ကတော့ ခုလို အဆိပ်တက်နေတဲ့ ကာလမျိုးမှာ သိသိကြီးနှင့် မသိချင်ယောင်ဆောင်ကာ တမင် ထပ်တလဲလဲ ချိုးဖေါက် နေကြဆဲ ဖြစ်ပါတယ်။

 
 

hsiddiqui@thestar.ca

http://www.thestar.com/opinion/editorialopinion/article/859628--siddiqui-leave-quotation-of-sacred-texts-to-theologians

 
 

 
 

မှတ်ချက်။            ။ တိုက်ရိုက် လုံးကောက် ဘာသာပြန်ခြင်း မဟုတ်။ ဆီလျော်အောင် ဘာသာပြန်ခြင်းလည်း မဟုတ်။ မြန်မာစာကို မြန်မာတွေ ချောမွေ့စွာ နားလည်လွယ်အောင်၊ တတ်နိုင်သမျှ တိကျမှုလည်းဖြစ်အောင် စိတ်စေတနာမှန်ဖြင့် ပြန်ဆိုသည်။ စာဖတ်သူများကိုယ်တိုင် နှိုင်းယှဉ် ဆန်းစစ်နိုင်သည်။ လိုအပ်ချက်များ တွေ့ရှိပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါသည်။

 
 

ကုရ်အန်ကျမ်းစာပိုဒ်များ၏ မြန်မာပြန်ကို ရှာဖွေပေးသော ဆရာဦးစိုးလွင်ကို အထူးကျေးဇူးတင်ပါသည်။ ကုရ်အန်မြန်မာပြန်နှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ ပိုမို သိရှိလိုသူများသည် ဆရာဦးစိုးလွင်ကို  nyeinchan786@gmail.com (http://www.quraninburmese.com/index.shtml)တွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 
 

 
 

 
 

လေးစားစွာဖြင့်

 
 

ဘာသာပြန်သူ

 
 

 
 

အောင်တင်

စက်တင်္ဘာ ၁ဂ၊ ၂၀၁၀

NEWS FROM WASHINGTON DC 

Dear All,

We are inviting you to join this movement to voice our demand for Free
Burma from the tyrannical military rule in Burma. Your support is
essential to campaign for Free Burma movement in the United State of
America and around the world, joining hand in hand with Buddhist monks
and democracy activists.

Please open the attachment.

Thank you!

To Concerned Citizens for Burma's Freedom:

The September 18th of 2010 marks the third anniversary of the Saffron
Revolution spearheaded by the Buddhist monks and the twenty-two years
of the tyrannical military rule in Burma.

We, Buddhist monks and democratic forces, are planning to stage a
peaceful protest in front of the White House in Washington, D.C.,
India embassy, Chinese embassy, and the military regime's embassy with
hundreds of freedom activists and supporters on September 18, 2010.
This protest aims to commemorate the 3rd anniversary of 2007 Saffron
Revolution, call for the U.S. government and international community
to boycott the military regime's sham election 2010, and condemn the
military regime's ongoing human rights violations.

We invite you to join our freedom movement in support of the ongoing
political struggle of the Burmese people inside Burma. Let us stand up
and make our voices heard so together we bring freedom to Burma.

Please join the protest at this indicated time and place:

When: 3:00 p.m., September 18, 2010 (Saturday)
Where: The White House (Lafayette Park Square), 1600 Pennsylvania
Avenue, NW, Washington, D.C. 20500

Program schedule in details:

1.    All activists coming out of Washington Metropolitan area please
arrive at 5951 Halpine Road, Rockville, MD 20851 at noon on September
18, 2010. At 12:30 p.m. lunch will be served and depart to the White
House at 1:15 p.m. by metro or cars. The peaceful protest in the front
of the White House will start sharply at 3:00 p.m.
2.    Depart from the White House at 4:00 p.m. - a peaceful walk to embassies.
3.    Arrive at India Embassy at 5:00 p.m. - 5:15 p.m.
4.    Arrive at Chinese Embassy at 5:30 p.m. - 6:00 p.m.
5.    Arrive at Burmese Embassy at 6:15 p.m. - 8:00 p.m.

Contact for the road directions: Nay Lin (301-758-0626    

Shwe Htee(571-235-4035

and Nyi Nyi Aung (703-731-1167

Buddhist monks & democracy activists


 


 

 
 

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 100918

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

 
 

"No One Dares to Confront the Army"

Freedom fighter and mentor to Suu Kyi dies at 93

Britain condemns closure of NLD and ethnic parties, calls election "a sham"

Myanmar deprives "millions" of vote in ethnic areas

Shan and Burmese Army units clash in state's north - Salai Tun

Editors secure release of cadet held over Magway flood photos - Khaing Suu

Burma's elections to be held on township basic, not population basic - Hseng Khio Fah

Shortage of trained journalist may hinder media industry after election

The Threat to Burma's Environment

Manipur blockade cuts trade at Sagaing border market - Khaing Kyaw Mya

US "thoroughly disappointed" Kurt Campbell

"Concern" doesn't cut it

China, Myanmar reaffirm strategic vows - Clifford McCoy

LE MERCREDI 22 SEPTEMBRE A 11H00 AU CAPE

"Activists" jail term extended by 20 years - Khin Hnin Htet

Burma Excludes Thousands From Voting in Elections

Hague denounces "sham" elections in Burma

Kachin leaders barred from Myanmar polls

 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council

 
 

ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်

၂ နှစ်တာ သက်တမ်းအတွင်း CRPP ၏ လုပ်ဆောင်ချက်များ

ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်

လူချစ်လူခင်များသော နိုင်ငံရေးသမား သတင်းစာဆရာ သခင်အုန်းမြင့်

ဘန်ကီမွန်း ချဉ်းကပ်မှု ပျော့လွန်းဟု ဝေဖန်ခံရ

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရ ဆက်ဆံရေးတင်းမာ

ရွေးကောက်ပွဲ အသိအမှတ်ပြုရေး ဂျာမနီဆွေးနွေးပွဲ ပြည်တွင်းပြည်ပ ရှုတ်ချ

မြန်မာနှင့် တရုတ်၊ အမေရိကန် ဆက်ဆံရေး ပညာရှင်များ ဆွေးနွေး

မြန်မာ့ရွေးကောက်ပွဲ အတုအယောင်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဝေဖန်

မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ

ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်နယ်မြေများတွင် ကရင်ပြည်နယ် အများဆုံး

မကွေး သတင်းထောက် ပြန်လွတ်ပြီ

အလုပ်သမားများ မြန်မာပြည်ပြန် မဲထဲ့ဖို့ မဖြစ်နိုင်

နိုင်ငံရေးပါတီများ မဲထည့်ပုံ ပညာပေးသော်လည်း ပြည်သူများ နားမလည်

မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ

နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ

တိုင်းရင်းသားဒေသအချို့  ရွေးကောက်ပွဲပိတ်ပင်ခံရ

ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ

ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး

သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း တရားစွဲခံရ

ချီလီမိုင်းလုပ်သားများ ကယ်ဆယ်ရေး အလားအလာကောင်း

နယ်စပ် တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံး

ဂျပန်အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်း


--
all the best
mmhk


 

VOA

ထိပ်တန်းသတင်း

ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စ ပြော


ပုပ်ရဟန်းမင်းကြီးရဲ့ ဗြိတိန်နိုင်ငံ ၀တ်ပြုဆုတောင်းပွဲမှာ ဗြိတိန်လူငယ်တဦးက မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောခဲ့ပါတယ်။


လှည်းကူးအနီး ရွာသားများကို စစ်တပ်က ရိုက်နှက်


လှည်းကူးမြို့နယ်တွင်းက သုံးဆယ်ပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ရွာသားတွေကို စစ်တပ်က ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်ခဲ့ပါတယ်။


မြန်မာ့ရွေးကောက်ပွဲ ဒေသတွင်းမှာ ရိုက်ခတ်လာနိုင်


မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲတွေကနေ ဒေသတွင်းမှာလည်း ရိုက်ခတ်နိုင်တယ် လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။


အာဖဂန်ရွေးကောက်ပွဲနေ့ အကြမ်းဖက်မှု လူ ၁၄ ဦးသေဆုံး


အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတာတွေရှိတဲ့ကြားကပဲ အာဖဂန်ပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြပါတယ်။


NLD ကို အရေးယူနိုင်ဖွယ် ခြိမ်းခြောက်ရေးသား


ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ စည်းရုံးလှုံ့ဆော်တာဟာ ရွေးကောက်ပွဲဥပဒေအရ ပြစ်မှုမြောက်လို့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ ရေးသားဖော်ပြ။


မြန်မာ့ရွေးကောက်ပွဲ အာဆီယံ-အမေရိကန် ဆွေးနွေးမည်


နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


ချီလီမိုင်းလုပ်သားများ ကယ်ဆယ်ရေး အလားအလာကောင်း


သတ္တုတွင်းပြိုကျပြီး မြေအောက် ပေပေါင်းများစွာပိတ်မိနေတဲ့ ချီလီတွင်းတူးလုပ်သားတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေတာမှာ တိုးတက်မှုတွေ ရှိနေပါတယ်။


သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း တရားစွဲခံရ


သီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆာရတ်သ် ဖုန်ဆီကာကို လိမ်လည်မှုနဲ့ စစ်ခုံရုံးတခုမှာ တရားစွဲတင်လိုက်ပါတယ်။


နယ်စပ် တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံး


မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းနယ်စပ်က ကျေးရွာတွေ အတော်များများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။


ဝါရင့်နိုင်ငံရေးသမား သခင်အုန်းမြင့် ကွယ်လွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ သခင်အုန်းမြင့်ဟာ ဒီကနေ့ မနက် သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆက်ရန်


 


 


 

Home ၊အညာနွေတမာမြေ


 

ကျောင်းသားလူငယ်များ၏ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး လှုပ်ရှားမှု

Posted: 17 Sep 2010 06:39 AM PDT

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများ၏ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ တတိယမြောက် လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့်မှ စတင်ပြီး ပြုလုပ်ခဲ့ကြသည်။

စစ်တပ်အသွင်ပြောင်း ပါတီဖြစ်သော ကြံ့ဖွတ်ပါတီနှင့် စစ်အစိုးရပြုလုပ်မည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို သရော်လှောင်ပြောင်ထားသော ပို့စကတ်များထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့်ကတည်းက အဆိုပါ လူငယ်အင်အားစုများက ရန်ကုန်တိုင်းအတွင်းရှိ စာတိုက်ပုံးအသီးသီးမှနေ၍ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ နယ်များသို့ ပို့ ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများအဖွဲ့ဝင် လူငယ်တစ်ဦးထံမှ သိရှိရသည်။

ဖြန့်ဝေခဲ့သည့် ပို့စကတ်များတွင်"ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ" "ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ" စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ်ပြောင်း၍ ကြံ့ဖွတ်ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ရောက်အရွေးခံရန် ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော်လှောင်ပြောင်ထားသော ကာတွန်းပုံများလည်း ပါဝင်ကြောင်းသိရသည်။

"ကျွန်တော်တို့က ဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လှုပ်ရှားပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ လက်သည်တရားခံကို မမေ့ကြဖို့ နဲ့ အဲဒီသာသနာဖျက်တွေကိုယ်တိုင်က ပုံစံပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံအုပ်ချုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတဲ့ လုပ်ကြံဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ သတိပြုမိကြဖို့အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့လို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားနေကြတဲ့ တခြားညီအစ်ကိုတော် အင်အားစုတွေကို အခုဒီ LETTER CAMPIGN လှုပ်ရှားမှု ပုံစံမျိုးလိုပဲ ကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ၊ အစိုးရရဲ့ လုပ်ငန်းယန္တယားဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အသုံးချပြီး ကိုယ့်လှုပ်ရှားမှု ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင်ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး စာအိတ်တွေပေါ်က ပို့ရမယ့် လိပ်စာတွေကိုတော့ ရန်ကုန်လမ်းညွှန်လို စာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့ ကရပါတယ်။ ကျွန်တော်တို့ အဓိကထားပို့တာကတော့ မြန်မာနိုင်ငံ အရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံးတွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့ အလုပ်သမား လူတန်းစားနဲ့ အောက်ခြေ အစိုးရ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" လို့ အထက်ပါ လူငယ်က ပြောသည်။

အဆိုပါ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများသည် ပြီးခဲ့သည့် လကလည်း ရွေးကောက်ပွဲဆန့်ကျင်ရေး ပထမလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးသို့ ရွေးကောက်ပွဲဆန့်ကျင်ရေး ပို့စကတ်များ ဖြန့်ဝေခဲ့ကြပြီး၊ ဒုတိယ လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ဆယ့်တစ်မြို့နယ်၏ လမ်းမများပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေးစတစ်ကာများ ကြဲဖြန့်ခဲ့သည့် ရွေးကောက်ပွဲဆန့်ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယလှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။


 


No comments: