ရဲဘော်တို့ ..။ |
Today NEWS
- ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ရွတ်ဆိုခဲ့တဲ့ ဦးသိန်းအောင် (ရွှေပြည်သာ)ရဲ့ (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) ကဗျာရုပ်သံ။
- ဦးမိုးဟိန်း(ခ)သားဂျာနယ်ကျော် ၏ ရုပ်ကလာပ်ကို ရေဝေးသုဿန်မှာ သင်္ဂြိုလ်မည်
- တိုက်ပွဲသာ ၀င်လိုက်ကြပါစို့
- အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ...
- သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့
__._,_.___
http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်
http://hninyulwin.wordpress.com/books/
http://hninyulwin. wordpress. com/
http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese
http://www.niknayma n-niknayman. co.cc/
ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)
Recent Burmese News – 100924
Please sign up
Myanmar's Suu Kyi allowed to vote in elections
26 Burmese poachers arrested
Myanmar junta to allow Aung San Suu Kyi to vote - Summary
Obama to Raise Burma Issues with Asean Leaders
Myanmar's second-largest pro-junta party to field 990 candidates
Political prisoners in Myanmar must be freed
Free Prisoners, Myanmar Urgerd
Burma officials say Suu Kyi can vote
The Political Landscape of the Old Capital
Myanmar opposition leader plans Singapore medical trip
US-Asean summit "a chance for unity in policy on Burma"
Japan's Support for UN Inquiry on Burma is Crucial
Second white elephant caught this year in western Burma
Candidate to use payout for land-policy revamp
Coast Guard arrests more Myanmar poachers off Andamans
Kachin teacher, land activist to stand in Phakant for NDF
Indifferent mood greets Burma polls - Soe Win Than
Rights abuses surge ahead of November polls
Burma's EC rejects Democratic Party campaign ad - Saw Yan Naing
Ethnic leader predicts united armed struggle after Burma's election
China to be friends with both junta, ethnic groups - Hseng Khio Fah
Myanmar tells U.N. body it will never seek atom bombs - Fredrik Dahl
Is there really hope for ethnic candidates - Kay Latt
Three years after crackdown, no justice in Burma
Poet Moe Hein dies
New Burma election website launched for 2010 election in Burma
Fighting erupts on Int'l Peace Day - Naw Noreen
Burma War Crimes Commission receives growing support
Myanmar not after Nukes
Poet and altruist Moe Hein succumbs to 'angel of death'
Northern tensions rise as Kachin troops fire at junta helicopter
Burmese soldiers "refusing tasks"
Officials Arrested in Car License Graft Scheme
ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)
VDO messages for appeal to UN security council
ပဉ္စမအကြိမ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြစို့
နားဆင်ရန်
မျှမျှတတ မဖြစ်မယ့် နိုဝင်ဘာ (၇) ရက်
နားဆင်ရန်
ရေကြည်တပေါက် တိုက်ချင်ပါရဲ့ 
နားဆင်ရန်
နအဖ ရဲ့ အတွင်းသဘော
နားဆင်ရန်
ကျောခိုင်း ထွက်လာကြပါ
နားဆင်ရန်
၉၉.၉% အနိုင်ရရှိ
နားဆင်ရန်
အတွင်းအနှစ်သာရ ပြောင်းလဲမသွား
နားဆင်ရန်
ကြက်ခြေခတ် မဲ ထည့်နိုင်တယ်
နားဆင်ရန်
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ
မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို သြစတြေးလျ သံအမတ်ကြီး တွေ့ဆုံ
စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ပြင်သစ်ထောက်ခံ
စာရေးဆရာ သားဂျာနယ်ကျော် ကွယ်လွန်
ရွေးကောက်အပြီး အစိုးရသစ်နှင့် စီးပွားရေးလုပ်ဖို့ တောင်ကိုရီးယားပြင်ဆင်
ရခိုင်ဆရာတော်၏ ရှေ့နေ နှစ်ဦးကို တရားရုံးက ပါဝါ ရုပ်သိမ်း
မဲဆွယ်မည့် နိုင်ငံရေးပါတီများ လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ခံရ
တရုတ်နှင့် တိုက်ရိုက်ဆက်ဆံရေး မရှိကြောင်း ကချင်အဖွဲ့ငြင်းဆို
တရုတ်က မြန်မာစစ်အစိုးရကို ဒေါ်လာ သန်း ၄,၂၀၀ အတိုးမဲ့ ထုတ်ချေး
မြန်မာအတွက် တရုတ်က ဒေါ်လာသန်း ၄,၀၀၀ ချေး
ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် ၃ ဖွဲ့ ညွှန်ကြားခံရ
မကြာမီလာမည် ... မျှော်
ကရင်နယ်ခြားစောင့်တပ်များ စစ်သင်တန်း တက်ရောက်တော့မည်
သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ က မိခင် အမွေဆက်ခံ
ကိုရွှေမိုးရယ် … ဘယ်အညှိုးနဲ့ မိုးတစိမ့်စိမ့်ရွာ
ဆည်ရေ ထပ်မံမြင့်တက်လာမှုကြောင့် လယ်ကွင်း ၁၀၀ ကျော်နှင့် တောင်ယာ ၁၆ ခင်း ရေလွှမ်းမိုးခံရ
NUDP ပါတီအား ထောက်ခံအားပေးသော လူငယ်များ စိတ်ပျက် လက်ပျက် ဖြစ်နေ
အိုဘာမား အာဆီယံ ခေါင်းဆောင်များနှင့် မြန်မာ့အရေး ဆွေးနွေးရန်ရှိ
နာရေးကူညီမှုအသင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ သတင်းစာတွင် ထည့်ခွင့်မရ
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥရောပကော်မရှင်ထံ ဦးတင်ဦး စာပို့
လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်မပေးတော့
နယ်ကျွံလာသော စစ်အစိုးရ ရဟတ်ယာဉ်ကို KIO သတိပေး ပစ်ခတ်
ဝန်ထမ်းများ မဲမပေးလည်းရဟု စစ်အစိုးရ ပြော
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ မြေဌားရမ်းမည့် ကိစ္စကို ရပ်ဆိုင်း
မွန်ပါတီ ရှိခြင်းအားဖြင့် မွန်ပြည်သူများက ပြောရေး ဆိုရေးရဲလာသည်ဟု ပါတီဥက္ကဋ္ဌပြော
နျူကလီးယားကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး အတွက်သာ ရည်ရွယ်
ဒီမိုကရက်တစ်ပါတီ TV နဲ့ ရေဒီယို မဲဆွယ်ခွင့် အပယ်ခံရ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ
နအဖ စစ်ရဟတ်ယာဉ်ကို ကေအိုင်အို သတိပေးပစ်ခတ်
နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင်
ကိုယ်စားလှယ်လောင်းအမည်တွင် ပါတီအမည် မဖော်ပြ
အန်အယ်လ်ဒီနှင့် ယှဉ်ပြိုင်လိုသေးကြောင်း တစညပါတီ ပြောကြား
မြ၀တီရဲစခန်း စီးနင်းခဲ့သည့် ဒီကေဘီအေအဖွဲ့အား အရေးယူရန် အမိန့်ထုတ်
အီရန်သမ္မတ မိန့်ခွန်း အမေရိကန် သပိတ်မှောက်
ငွေကြေးကိစ္စ တရုတ်ကို အမေရိကန် ဖိအားပေး
ရိုးမား နောက်ခံလူ မက်ဆက်စ်ကို (၃) ပွဲပယ်၊ မြောက်အိုင်ယာလန် နောက်ခံလူ မက်ကတ်နေးကို လိဒ်စ်အသင်း အငှားဖြင့် ခေါ်ယူ
--
all the best
mmhk
NEWS From USA
ဝိုင်းစုခိုင်သိန်းတို့ကို အဓိက ခေါ်တာ ဘုန်းတော်ကြီးတွေဖြစ်ပါတယ်။ နာမည်သိချင်ရင်ပြောပါမယ်။
ဒါကြောင့် သာသနာ့ဥသျှောင်အနေနဲ့စာထုတ်ပြီးတားဆီးသင့်ပါတယ်။ ဆန်ဖရန်စစ္စကိုပွဲဟာလည်း ဘတ်ဖလိုးမြို့နေ နန္ဒဝံမှ သူ့ကျောင်းက ရုပ်ထုရွှေခွာရောင်းထားတာကြောင့် အရင်းပြန်ရမှဖြစ်မယ်လို့
မသီတာကို ငိုပြတယ်လို့ဆိုပါတယ်။ ( ကျနော်လိမ်ပြောခဲ့ရင် ငရဲကျပါစေ)
တကယ်တော့ မသီတာရော၊ ဦးနန္ဒဝံရောမှာ ဇာတ်လမ်းအမျိုးမျိုးရှိပါတယ်။ ဘာကိုမှယုံလို့မရတော့ပါ။
ကိုကိုလေးနဲ့အတူတူပါပဲ ( ဆိုင်သလားတော့ မသိဘူး)
ဥတ္တမ ကိုတော့ ဒုတ်ပြပြီးတော့သာ ဆော်လိုက်ကြပါ။ ဒီမောင် ဟာ အန်အယ်ဒီဖျက်ခံရတာကိုပျော်လို့
စတိတ်ရှိုးချည်းသွင်းနေတာနေမှာပေါ့။ ( မျိုးသန့် မင်းမထုတ်ရင် ငါလုပ်တော့မယ်နော်)
အဲ့ဒီတော့ ဆန္ဒတက်တက်ကြွကြွပြမဲ့ ဆန်ဖရန်က ညီအကိုတော်များကိုသာ ယုံယုံကြည်ကြည် ဂုဏ်ပြုထောက်ခံလိုက်ကြပါခင်ဗျား
2010/9/23 ko phyo <kophyo88@yahoo.com>
"သမိုင်းကြောင်းအမှန်ကို ပယ်ဖျောက်-ဒီမိုကရေစီတော်လှန်ရေးအပေါ် သစ္စာဖောက်သော အသားထဲက လောက်ကောင်များ"-ပင်တဂွန်သားလေး( ၀ါရှင်တန် ဒီစီ)-sep22,2010
သြဂုတ် ၂၁ စနေနေ့  မြောက်ကာရိုလိုင်းနားတွင် ၀ိုင်းစုခိုင်သိန်းတို့စတိတ်ရှိုးအား ဆန္ဒပြပွဲလုပ်သည့် သတင်းကို ဟစ်တိုင် website ၏ ပေးစာကဏ္ဍတွင် ဖတ်ရှုခဲ့ရပါသည်။ ၎င်း စတိတ်ရှိုး ဖြစ်မြောက်ရေးအတွက် ပွဲကန်ထရိုက်၏ အမည် မှန် များ နှင့် ဖြည့်စွက်ရန် လိုအပ်သော အချက်အလက်များကို ထပ်မံ ဖော်ပြလိုပါသည်။
စတိတ်ရှိုးပွဲ ကန်ထရိုက် အစစ်အမှန်များမှာ- မသီတာ ( ဆန်ဖရန် စစ်စကို ) ၊ အမည်မသိ အမျိုးသား တစ်ဦး(လော့စ်အိန်ဂျလိစ်) ၊ ဇော်မိုးနိုင် (ခေါ်) ဥတ္တမ ( 306 Estes Dr Apt # E-1, Carrboro, NC 27510.) ဖြစ်ပါသည်။
မသီတာ၏ ကိုယ်ရေးရာဇ၀င် အကျဉ်းမှာ -သူမ၏ ယောက်ျားဖြစ်သူသည် တောင်အာဖရိကနိုင်ငံဖွား လူဖြူလူမျိုး ရှေ့နေ တစ်ဦးဖြစ်သည်။ ဆန်ဖရန်စစ္စကိုတွင် နေထိုင်ပြီး- သားသမီးနှစ်ဦးရှိသည်ဟု သိရှိရသည်။ (ဆန်ဖရန်စစ္စကို မှ တော်လှန်ရေးအင်အားစုများ သူမ၏ အချက်အလက်များ သိပါက ထပ်မံ ပေါင်းစပ်ပေးပါရန်။)
ဇော်မိုးနိုင် (ခေါ်) ဥတ္တမ၏ ကိုယ်ရေးရာဇ၀င် အကျဉ်းမှာ- သူသည် ABSDF တွင် တပ်ဖွဲ့ ဝင်အဖြစ် အယောင်ဆောင် ရေ၀င်ချိုး၍ ၊ NLD- LA (ယခင် East Coast, USA) တွင် နိုင်ငံရေး အရေခြုံပြီး- အသားထဲက လောက်ထွက်သော USA ရောက် သစ္စာဖောက် လောက်ကောင်တစ်ကောင် ဖြစ်သည်။
ဝိုင်းစုခိုင်သိန်းပါဝင်သော ovation စတိတ်ရှိုးအဖွဲ့ အား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ဗီဇာ အတွက် စပွန်ဆာ ပေးရာတွင် ဇော်မိုးနိုင် (ခေါ် ) ဥတ္တမ သည် အဓိက ပုဂ္ဂိုလ် ဖြစ်ပါသည်။ ၎င်း၏ စပွန်ဆာ နှင့် ပတ်သက်၍ ၀ိုင်းဝန်းပြီး ကူညီထောက်ခံသူ ၂ ဦးမှာ= န.အ.ဖ ဆိုဒ်မှ West Coast တွင် နေထိုင်သော အမည်မသိ အမျိုးသားတစ်ဦးနှင့် ၀ါရှင်တန် ဒီစီ တော်လှန်ရေး အဖွဲ့ အစည်းဆိုဒ်မှ အဓိပတိ ခေါင်းဆောင်တစ်ဦး လက်မှတ်ထိုးပေးခဲ့ပါသည်။
တော်လှန်ရေး ဆိုဒ်မှ လက်မှတ်ထိုးပေးခဲ့သော အဓိပတိ၏ လုပ်ရပ်ကို ကြည့်ခြင်းဖြင့် တော်လှန်ရေး အတွက်လည်း အကျိုးမရှိသည့်အပြင်-တော်လှန်ရေးအပေါ် ၎င်းထားရှိသော ခံယူချက်နှင့် သစ္စာတရားအား အလွန်တရာမှ စက်ဆုတ်ရွံရှာမိပါသည်။
ဇော်မိုးနိုင် (ခေါ်) ဥတ္တမ သည် မြောက်ကာရိုလိုင်းနားတွင်လုပ်ခဲ့သည့် စတိတ်ရှိုးကိစ္စနှင့်ပတ်သက်၍ ၎င်းအပေါ် ကျရောက်လာမည့် တော်လှန်ရေးအသိုင်းအ၀ိုင်းမှ လက်မခံသည့် ထိုကိစ္စအား သူ၏နာမည် သတင်းဆိုး မထွက်ရေးအတွက် စတိတ်ရှိုးမတိုင်မီ- ကိုသန်းကျော်ဌေးအား ဆရာတင်၍ သွားရောက် တိုင်ပင်ခဲ့ပါသည်။
ထို့ နောက် ကိုသန်းကျော်ဌေးကလည်း တော်လှန်ရေး အသိုင်းအ၀ိုင်း မျက်နှာကို မကြည့်ဘဲ- စတိတ်ရှိုး မတိုင်ခင် ၃ရက်ခန့် အလိုတွင် -" ၎င်း၏ အိမ်တွင် ၀ိုင်းစုခိုင်သိန်းတို့ ရောက်နေပြီ၊ လာပြီး ဆန္ဒပြကြပါ။ ပြလျှင် ရဲကို ဖုန်းခေါ်၍ ဖမ်းခိုင်းမည်.." ဟု ကြွေးကြော်ခြိမ်းခြောက်ခဲ့ပါသည်။
တကယ်လည်း သြဂုတ်လ ၂၁ စနေနေ့ ညနေပိုင်းတွင် မြောက်ကာရိုလိုင်းနား၌ အရုဏ်ဦးမှာ ဖူးသည့်ကြာ ပေါ်လစီဇာတ်ကားနှင့် ထိုကားတွင် ပါဝင်ခဲ့သော ၀ိုင်းစုခိုင်သိန်းအား ကန့် ကွက်ဆန္ဒပြကြသူများ(သမိုင်းမှန်ကို ချစ်မြတ်နိုးသူများ)အား ဖမ်းဆီးရန်အတွက် ရဲ၂ဦးနှင့် အတူ သန်းကျော်ဌေး လာရောက်ခဲ့သည်ကို ဆန္ဒပြသူအားလုံး မျက်မြင် ကိုယ်တွေ့ တွေ့ ရှိခဲ့ရပါသည်။ ABSDF ခေါင်းဆောင်ဟောင်းတစ်ယောက်၏ သစ္စာမဲ့အပြုအမူသည် လုံးဝ လေးစား လက်ခံ ဖွယ်ရာ မရှိ သဖြင့် ထိုသူများအား တော်လှန်ရေးအဖွဲ့ ဝင်တစ်ဦးအဖြစ် ဆက်လက်ယုံကြည်စိတ်ချစွာ လက်ခံထားရန် မလိုပါ။
ဇော်မိုးနိုင် (ခေါ်) ဥတ္တမ ရေ ….
အကယ်၍ သင်တို့ သာ တော်လှန်ရေးအပေါ် သစ္စာစောင့်သိခဲ့မယ်ဆိုလျှင် စတိတ်ရှိုးပွဲဖြစ်မြောက်အောင် စီစဉ်ပြီး အရှုံးခံမည့်အစား- တော်လှန်ရေးအသိုင်းအ၀ိုင်းရဲ့ မျက်နှာကိုကြည့်ပြီး ပွဲစဉ်များ အားလုံးရုပ်သိမ်းခဲ့ပါလျှင် -သင့်အား ကျွန်ုပ်တို့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများမှ များစွာ ဂုဏ်ယူလေးစားနေမိမှာ ဖြစ်ပါသည်။
ယခု သင်၏လုပ်ရပ်သည် န.အ.ဖ၏ ခိုင်းစေချက်ဖြင့် လုပ်ကိုင်နေသော မသီတာ ( ဆန်ဖရန်စစ္စကို) အား ကူညီ အားပေး လုပ်ကိုင်နေခြင်းကြောင့်၎င်း။ မသီတာ မှ သင့်အား တစ်နှစ်လျှင် ဒေါ်လာ၃သိန်း (၃၀၀ ၀၀၀)ရှာပေးရန် ခိုင်းစေပြီး ထိုငွေများကို ဘယ်မှာ အသုံးချမလဲ ဆိုတာကို မသီတာ သာလျှင် သိနိုင်မည်။
ထို့ ပြင် သင်သည် ဆန္ဒပြသူအားလုံး၏ လက်ရှိအလုပ်အကိုင်များကို နှောင့်ယှက်ခြင်း၊ထိုသူအားလုံး၏ မြန်မာပြည်တွင် ကျန်ရှိနေသော မိသားစုဝင်များအား ဒုက္ခပေးမည်ဟု ကြိမ်းဝါးနေသည်ကို ကြည့်ခြင်းအားဖြင့်၎င်း။ အထူးသဖြင့် ၀ါရှင်တန်ဒီစီမှ လာရောက်ဆန္ဒပြသော မိသားစုများကို အမျက်ဒေါသဖြင့် ကြိမ်းဝါးနေခြင်းများကိုကြည့်ခြင်းအားဖြင့် သင်သည် နအဖ လက်ပါးစေ ကြံ့ဖွတ်+စွမ်းအားရှင် ပမာ ဖြစ်နေပါသည်။
ယခင် အာဇာနည်တို့ လာရောက်သီဆိုသည့် ပွဲတွင်လည်း မသီတာမှ ဦးစီးကျင်းပခဲ့ပြီး- ပြည်နယ်အသီးသီးတွင် စတိတ်ရှိုးပွဲအတွက် အာရုံစူးစိုက်နေစဉ်၊ န.အ.ဖ ခေါင်းဆောင်ပိုင်းမှ ၀န်ကြီးချုပ်သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီးချုပ် အဖွဲ့ -နယူးယောက်သို့ လာရောက်သည်ကို အာရုံစူးစိုက်မှုနည်းစေရန် အစီအစဉ် ကျကျနန စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။
ယခုလည်း ၀ိုင်းစုခိုင်သိန်းတို့ အဖွဲ့  ပြည်နယ် အသီးသီးတွင် လှည့်လည် ဖျော်ဖြေနေစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းလာရောက်ရန် ရှိနေပါသည်။ များမကြာမှီကာလတွင် မသီတာအား အစီအစဉ်သစ်များအတွက် န.အ.ဖ မှ မြန်မာပြည်သို့ ပြန်ခေါ်ထားသည် ဟု ကြားသိရသည်။
့ န.အ.ဖသည် ထိုသို့ မသမာသော စတိတ်ရှိုးပွဲများကို -အထူးသဖြင့် ၈၈၈၈ နှစ်ပတ်လည်နေ့ ၊ အာဏာသိမ်းသည့် နေ့များတွင် နည်းစနစ် ကျကျဖြင့် ကျင်းပ စေခိုင်းနေသည်ဟု သတိထားမိပါသည်။
ရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားအား ထုတ်လွှင့်သည့်အချိန်နှင့် တစ်ပြိုင်နက်တည်း ၀ိုင်းစုခိုင်သိန်း တို့ အုပ်စုအား ပြည်ပ ထွက်ခွာခွင့် ပြုခဲ့သည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ယခု နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကာလတွင် န.အ.ဖသည် အမေရိကန်ပြည်ထောင်စု ပြည်နယ် အသီးသီးရှိ တော်လှန်ရေးအင်အားစုများအား မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအပေါ် အာရုံစူးစိုက်မှုကို သွေးတိုးစမ်းရန်နှင့် တော်လှန်ရေးအင်အားစုများအား စည်းလုံးညီညွတ်မှု ပြိုကွဲ ပြီး စိတ်ဝမ်းကွဲပြားစေရန် စိတ်ဓာတ်စစ်ဆင်ရေးနည်းပရိယာယ် တစ်ခုဖြစ်ပါသည်။
န.အ.ဖ ပြန်ကြားရေးဝန်ကြီးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အထူးစီမံချက်များကို ဖော်ဆောင်၍ အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းကြောင့်- ပြည်နယ်အသီးသီးမှ ဒီမိုကရေစီရရှိရေးကို ကြိုးပမ်းနေကြသော တော်လှန်ရေးညီအကိုများ သည် တစ်ဦးပေါ်တစ်ဦး အထင်လွဲပြီး စိတ်ဝမ်းမကွဲကြရန် နှင့် ယခုကဲ့သို့  နှောင်ကြိုးဖြင့် တော်လှန်ရေးသစ္စာဖောက်တို့ မှ ဦးစီးကျင်းပသော မည်သည့်ကိစ္စကို မဆို ရပ်တန့့် သွားအောင် တော်လှန်ရေးသတိဖြင့် လည်းကောင်း၊ အစဉ်ထာဝရ နိုးကြားတက်ကြွမှုနှင့် ထို အသားထဲကလောက်ကောင်များကို ကာကွယ်ရန်အတွက် လည်းကောင်း ၊ သတိကြီးစွာဖြင့် စောင့်ကြည့်လေ့လာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထို အထက်ပါ အချက်အလက်များကို ovation စတိတ်ရှိုးပွဲတွင် ပါဝင်ကျင်းပသော အနီးစပ်ဆုံးလူများမှတဆင့် သိရှိရပါသည်။
တိုင်းပြည် အကျိုးနှင့် အမှန်တရားကို ချစ်မြတ်နိုးသော ကန့် ကွက်ဆန္ဒပြသူများ အားလုံးကို လေးစားဂုဏ်ယူချီးကျူးမိပါသည်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ၊ မိမိတို့လျှောက်လမ်းနေသော ဒီမိုကရေစီပန်းတိုင်သို့  မလျှော့သောဇွဲဖြင့် တနေ့ မုချ မလွဲရောက်ပါစေ။ အောင်မြင်နိုင်ပါစေလို့  ဆုတောင်းရင်း ။ ။
တော်လှန်ရေးသစ္စာဖြင့် -
အမှန်တရားကို မြင်လျှင် မနေတတ်သည့် -
ပင်တဂွန်သားလေး ( ၀ါရှင်တန် ဒီစီ)
-----------------------------------
Sent: Thu, September 23, 2010 7:07:25 PM
Subject: [8888peoplepower] အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ဇတ်ကားနှင့် ပက်သက်သည့် ဆန်ဖရန်စစ္စကို ဘေးဧရိယာ ဒီမိုကရေစီအင်အားစုများ၏ ကြေညာချက်နှင့် ဆန္ဒပြမည့် အစီအစဉ်။ [2 Attachments]
အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ဇတ်ကားနှင့် ပက်သက်သည့် ဆန်ဖရန်စစ္စကို ဘေးဧရိယာ ဒီမိုကရေစီအင်အားစုများ၏ ကြေညာချက်နှင့် ဆန္ဒပြမည့် အစီအစဉ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ့ဒီမိုကရေစီအင်အားစုများက
စစ်အစိုးရ၏ သမိုင်းကြောင်း အမှန်များကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်ခဲ့သော စစ်အာဏာရှင် ၀ါဒ
ဖြန့်ချီရေး ရုပ်ရှင်ဇာတ်ကားဖြစ်သည့် အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားနှင့် ၎င်းဇာတ်ကားတွင်
ပါဝင်သရုပ်ဆောင်ကြသူများ၊ ပံ့ပိုးကူညီကြသူများကို ဆန့်ကျင်ရှုတ်ချ သော သဘောထား ကြေညာချက်ကို
သိရှိနိုင်ရန်အတွက် ပေးပို့လိုက်ပါသည်။
ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြမည့် အစီအစဉ်။
အချိန် ။ ။ ညနေ(၅:၀၀)နာရီမှ (၆:၃၀)နာရီအထိ
နေ့ရက် ။ ။ စက်တင်ဘာလ(၂၅)ရက် (စနေနေ့)
နေရာ ။ ။ Serramonte Del Rey ( The Little Theater )
699 Serramonte Blvd, Daly City, CA 94015
သူငယ်ချင်းတို့
မယ်ရီလင်းမှာ ကျင်းပမည့်ဝိုင်းစုခိုင်သိန်းစတိတ်ရှိုးဟာ စင်ပြိုင်အစိုးရဝန်ကြီးချုပ်
ဦးစိန်ဝင်းအပါအဝင်၊ ကျောင်းသားခေါင်းဆောင် ကိုရွှေထီး နှင့် ဒီမိုကရေစီအင်အားစုများကို
တိုက်ရိုက်စိန်ခေါ်လိုက်တာဖြစ်တယ်။ ကိုရွှေထီးရဲ့ရဲရဲတောက်မိန့်ခွန်းတွေကြောင့် စတိတ်ရှိုးပွဲများစွာပျက်ခဲ့တယ်။
ဒီတခါလည်း ဝိုင်းစုခိုင်သိန်း ဗမာပြည်မပြန်ခင် ဘဝပျက်ဖို့ အကြောင်းဖန်လာတာဖြစ်တယ်။
ကိုရွှေထီးဟာ သူ့နယ်ထဲကို ဝင်စော်ကားတာ မည်သို့မျှလက်ခံမှာမဟုတ်ဘူး လို့ ကြိမ်းဝါးနေတယ်။
ရဲဘော်တို့ ကိုရွှေထီးကို ဆက်သွယ်ကြပါ။ မည်သို့မည်ပုံဆက်လုပ်မည်ဆိုတာ သူအသေးစိတ်ညွှန်ကြားပါလိမ့်မယ်။
ကိုရွှေထီး ဖုံးနံပါတ်က (၅၇၁) ၂၃၅-၄၀၃၅ ဖြစ်တယ်။
အက်သံပါသော လေသံများနှင့် လားရာ
စိုးနေလင်း
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းဌာနတချို့မှာ ဦးအေးမြင့်ကို အင်တာဗျူးလုပ်ထားတဲ့ အမေးအဖြေတွေ ကြား လိုက် ဖတ်လိုက်ရသလို နောက်ပိုင်းမှာလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ထားတဲ့ ဆောင်းပါးတချို့ကို လူဖတ်များတဲ့ ကိုယ်ပိုင်ဘလော့ဂ် တချို့မှာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တတ်သိနားလည် စနစ်တကျ ဝေဖန်သုံးသပ်တာမျိုးမဟုတ် ဘဲ ဖြစ်ရပ်တချို့ပေါ်မှာ ဆန္ဒစွဲနဲ့ ကိုယ်ဖြစ်စေချင်တာတွေ မလုပ်လို့ ဖြစ်မလာလို့ ဝေဖန်ပြစ်တင်တာသာ ဖြစ်ပါ တယ်။ ဒါပေမယ့် အားလုံးမဟုတ်တာတွေလို့ မဆိုလိုပါဘူး။ မှန်တဲ့အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့် တ ချို့နေရာမှာ အပြုသဘော ဝေဖန်ထောက်ပြတာမျိုးမဟုတ်ဘဲ ရိုင်းပြတဲ့ ပုတ်ခတ်ပြောဆိုမှု ပြစ်တင်ရှုတ်ချမှု တွေ ပါနေတာ တွေ့ရပါတယ်။
လူတွေမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသလို ဝေဖန်ပြောဆိုခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝေဖန် ပြောဆိုမယ့် အကြောင်းအရာပေါ်မှာ နားလည်တတ်ကျွမ်းဖို့လိုသလို အပြုသဘောဆောင်ဖို့လည်း လိုပါတယ်။ အဲဒါရဲ့အခြေခံက ဘက်ကို နားလည်ဖို့ပါ။ ရန်သူဘက်လား၊ မိမိဘက်လားဆိုတာပါ။ တို့ကတော့ ဘက်မရှိဘူး ကိုယ်ပြောချင်ရင် ပြောမှာပဲ။ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ ပါတီတွေပဲဖြစ်ဖြစ် ဘက်မ လိုက်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ခု ဒီဆောင်းပါးဟာ အဲဒီလိုလူတွေအတွက် မရည်ရွယ်ပါဘူး။ အဲ ဒီသူတွေကို ဘာမှမပြောချင်ပါဘူး။ သူ့သဘော သူဆောင်တာပါပဲ။ ဒါပေမယ့် အမှန်တရားအတွက် ဒီမိုကရေ စီရေးအတွက် ပြည်သူလူထုအတွက် ရပ်တည်ခုခံကာကွယ်ပြီး မတရားမှုတွေ၊ မတရားမှုတွေကို ကျူးလွန်နေ တဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်မယ် တိုက်ခိုက်နေတယ်ဆိုတဲ့သူတွေဆိုရင်တော့ ကျနော် အထက်မှာ တင် ပြခဲ့တဲ့ 'ဘက်' ကို နားလည်ရပါမယ်။ ဘက်ရှိရပါမယ်။ ရန်သူဘက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက် ဖို့လိုသလို မိမိဘက်ကို နားလည်စာနာဖို့၊ အားပေးကူညီထောက်ပံ့ဖို့၊ ချို့ယွင်းအားနည်းချက်တွေကို အပြုသ ဘောဝေဖန်ထောက်ပြဖို့ လိုအပ်ပါတယ်၊ တိုက်တွန်းပြောဆိုရပါမယ်။
မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ပိုပြီးသတိထားသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ရှိနေတဲ့ စစ်အာ ဏာရှင်နဲ့ အတိုက်အခံ ဒီမိုကရေဒီအင်အားစုဟာ တခြားနိုင်ငံတွေ၊ ဒေသတွေမှာနဲ့ မတူပါဘူး။ စစ်အစိုးရဟာ ဘာဥပဒေကိုမှ လေးစားလိုက်နာမှုမရှိပါဘူး။ လက်နက်အင်အား၊ အာဏာ၊ ဘဏ္ဍာငွေကြေးကို အသုံးပြုပြီး အ တိုက်အခံအင်အားစုကို တဖက်သတ် ဖိစီးနှိပ်ကွပ်ထားသလို ပြည်သူလူထုကိုလည်း ဆင်းရဲခြင်းနဲ့ ထိန်းချုပ်၊ အကြောက်တရားနဲ့ ထိန်းချုပ်ကျွန်ပြုထားတာပါ။ တတိုင်းပြည်လုံးကို အမှောင်ချထားဖို့ ရှိသမျှ ဆက်သွယ်ရေး စနစ်၊ သတင်းမီဒီယာတွေအားလုံးကို ပိတ်ဆို့စီးနင်းထားတာပါ။ မတရားတဲ့ အမိန့်တွေနဲ့ လက်ကိုင်တုတ် အ လိုတော်ရိတွေကို အသုံးပြုပြီး ခေါင်းမထောင်ရဲအောင် လုပ်ထားတာပါ။ ဒါဟာ ပကတိရှိနေတဲ့ ရန်သူဘက်၊ မိ မိဘက်အခြေအနေပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လိုချို့ယွင်းအားနည်းချက်မှမရှိတဲ့ ခြောက်ပြစ်ကင်း သဲလဲစင် ပါတီတ ခုဖြစ်ပါတယ်လို့ ဘယ်သူပြောခဲ့သလဲ။ ပါတီဥက္ကဌ ဦးအောင်ရွှေကို ထားလိုက်၊ သူက စစ်တပ်လူထွက်။ အချိန် ပြည့်နီးပါး အကျဉ်းကျခံနေရတဲ့ အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့လား။ ဒီလောက် လူ စိတ်မရှိတဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ကမ်းကုန်အောင် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်း မှုအောက်မှာ ဘယ်သူတွေကြံ့ကြံ့ခံ ဒီမိုကရေစီရေးအတွက် အခုထိ ဆက်လုပ်နေကြပါသလဲ။ ၂၀၀၇ ခုနှစ် သံ ဃာဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးအုံကြွမှုမှာ သံဃာတော်တွေကို ၀န်းရံပေးခဲ့ကြ၊ စည်းရုံးအားပေးခဲ့ကြသူ တွေဟာ ဘယ်သူတွေလဲ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ဘာအဆုံးအ ဖြတ်တွေ ပေးခဲ့ပါသလဲ။ ကျနော်တို့ ပြန်ကြည့်ရင် မြင်သာထင်ရှားပါ။ အစပိုင်းမှာ မပြတ်သားခဲ့တာတွေ။ တွေ ဝေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှားတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဝေ ဖန်ထောက်ပြဖူးလှပါပြီ။ ဒါပေမယ့်အပြုသဘောပါ။ ရှိနှင့်ခဲ့တဲ့ သင်ခန်းစာတွေကနေ နောင်ထပ်မမှားအောင် ဝေဖန်အကြံပြုတာတွေ၊ သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ဘက်ကို နားလည်ဖို့လိုသလို အခြေအနေနဲ့ အချိန် အခါကိုတော့ သတိထားဖို့လိုပါတယ်။
ကျနော်တို့မြန်မာနိုင်ငံမှာ တရားမျှတမှု၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေရရှိဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားနိုင်မှရမှာပါ။ ဒီကိစ္စဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်း လုပ်လို့မရသလို ဒေါ် အောင်ဆန်းစုကြည် တယောက်တည်းလုပ်လို့လည်း မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးတညီတညွတ်တည်းရှိဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါ ၀င်မှုလည်း ရှိရပါမယ်။ ပြည်သူလူထုရဲ့ တခဲနက် ပူးပေါင်းပါဝင်မှုရဖို့၊ ပြည်သူလူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးဖို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုက ယုံကြည်အပ်နှံထားတဲ့ ပါ တီဖြစ်တဲ့အတွက် ပြည်သူလူထုကို သူတို့လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ဦးဆောင်လမ်းပြပေးရ ပါမယ်။ အဲဒီတာဝန်ကို ရဲရဲရင့်ရင့် ထမ်းဆောင်ရဲရပါမယ်။ ကျနော်တို့ ဒီမိုကရေစီချစ်မြတ်နိုးသူ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့လည်း ကူညီအားပေးထိန်းမတ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ရန်သူအားရ ကျေနပ်သွားစေနိုင်တဲ့၊ ပြည်သူလူထု တွေဝေ ယုံမှတ်မှားသွားစေနိုင်တဲ့ အရေးအသား အပြောအဆိုမျိုးကို တော့ သတိထားရှောင်ရှားသင့်ကြပါတယ်။
ဝေဖန်ထောက်ပြသလို အားပေးတိုက်တွန်းရပါမယ်။ အပြုသဘော ဖြစ်သင့်ပါတယ်။ ဝေဖန်ထောက်ပြတာနဲ့ ပြစ်တင်ရှုတ်ချတာဟာ ကွဲပြားပါတယ်။ ပြစ်တင်ရှုတ်ချတဲ့ အလုပ်ကို စစ်အစိုးရက အစဉ်တစိုက်လုပ်နေပါ တယ်။ စနစ်တကျ ထိုးခွဲနေပါတယ်။ ဒါကို ကျနော်တို့တွေ လုပ်ဖို့မလိုပါဘူး။ ကျနော်တို့က အမှန်တရားဘက် က ဒီမိုကရေစီဘက်ကပါ။ ဝေဖန်ထောက်ပြ အားပေးတိုက်တွန်းရမှာပါ။ စာတပုဒ် ကဗျာတပုဒ်ကို ဝေဖန်သလို ပါပဲ၊ ဝေဖန်သူဟာ စာရေးတတ်ဖို့၊ ကဗျာရေးတတ်ဖို့မလိုပါဘူး။ သူ့ရဲ့အကြိုက်တရား မကြိုက်တရားကို ပြော ခွင့်၊ သူ့ထင်မြင်ယူဆချက်ကို ပြောခွင့်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ဝေဖန်ရေးမဖြစ်သေးပါဘူး ဝေဖန်ရေးလုပ် မယ့်သူဟာ စာမရေး ကဗျာမရေးတတ်လို့ ရပေမယ့် စနစ်ကျတဲ့ ဝေဖန်ရေးတခုလုပ်ဖို့ဆိုရင်တော့ စာပေသ ဘောတရားကို အတိုင်းအတာတခုအထိ နားလည်တတ်ကျွမ်းထားရပါမယ်။ ဒါမှလည်း သူ့ရဲ့ဝေဖန်ရေးကို စာ ရေးသူက တလေးတစား ဖတ်မှာဖြစ်သလို ပြုပြင်ဖို့လိုရင်လည်း ပြုပြင်ပါလိမ့်မယ်။ ဖြေရှင်းဖို့လိုရင်လည်း ဖြေ ရှင်းပါလိမ့်မယ်။ ဘာမှနားမလည်ဘဲ အပုပ်ချ ပြစ်တင်တာမျိုးကိုတော့ အဆင့်ရှိတဲ့ ဘယ်စာရေးသူကမှ တုံ့ပြန် ပြောဆိုလိမ့်မယ် မဟုတ်ပါဘူး။
အဲဒီလိုပါပဲ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးခေါင်းဆောင်တယောက်ကို ကြိုက်တယ် မကြိုက်ဘူး ပြောလို့ရပါတယ် ဒါပေမယ့် ဝေဖန်ထောက်ပြချင်တယ်ဆိုရင်တော့ နိုင်ငံရေးရဲ့သဘောသဘာဝ၊ ရှိနေတဲ့ အခြေအနေအခင်းအ ကျင်း၊ ရန်သူဘက် မိမိဘက်အခြေအနေ၊ ပြည်သူ့လူထုရဲ့အနေအထား၊ နိုင်ငံတကာအခြေအနေ ... စတာတွေ ကို အတိုင်းအတာတခုထိ သိမြင်နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှပဲ အော် ဒါကြောင့် ဒီလိုပြောတာ ကိုး၊ ဒီလိုဆုံးဖြတ်တာကိုး၊ ဒီလိုစဉ်းစားတာကိုးလို့ နားလည်နိုင်မှာဖြစ်သလို ကိုယ်က ဝေဖန်အကြံပြုရင်လည်း စနစ်တကျရှိပါလိမ့်မယ်။
အဲဒီလိုမှမဟုတ်ဘဲ ပြောခွင့်ရှိတာပဲ၊ ကိုယ်ပြောချင်သလို ပြောမယ်ဆိုပြီး အပြုသဘော ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ပြစ်တင်ရှုတ်ချ၊ အပုပ်ချတာမျိုး လုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့အချိန်မှာ စည်းလုံးညီညွတ်ရမယ့် အချိန်မှာ မိမိအချင်းချင်းဘက်မှာ အက်သံထွက်လာသလိုဖြစ်ပြီး ပြည်သူလူထု နားလည်မှုလွဲမှား တွေဝေယိမ်း ယိုင်တာမျိုးတွေဖြစ်လာပြီး ရန်သူက အားရကျေနပ်ဝမ်းသာ ဖြစ်သွားနိုင်ပါတယ်။
ကျနော်တို့ဘက်က အက်သံတွေ၊ သံကြောင်တွေ ထွက်မလာဖို့ အရေးကြီးနေတဲ့အချိန်ပါ။
စိုးနေလင်း
အမေ၇ိကန်ပြည်ထောင်စု ၀စ္စကွန်စင်ပြည်နယ်၊ မေ၀ါကီးမြို့ ရှိ ပညာရာမဘုန်းတော်ကြီးကျောင်းတွင်
ရွှေဝါရောင်တော်လှန်ရေး (၃)နှစ်ပြည့် အခမ်းအနားပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်။ဒံပေါက်ထမင်း၊ ကြက်သားဟင်းများဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။
__._,_.___
Attachment(s) from Wai Moeaung
September 22, 2010By Jason Miks
China is an increasingly unwelcome presence in Burma, a new ICG report suggests.
On September 21, the International Crisis Group released an interesting new report on China's relationship with Burma. While ostensibly hooked to the Burmese junta's electoral machinations, the report is most compelling in its findings and analysis on cross-border issues, including: the increasingly complex nature of China's relations with various ethnic groups in Burma; rising tensions between Beijing and Kunming over management of relationships with both the Burmese junta and the ethnic nationalities; and the growing phenomenon of anti-Chinese sentiment within Burma.
There are competing theories about the overall power balance between China and Burma, most of which miss the subtlety of the actual relationship. Some observers believe that China holds great influence over Burma, and some even go so far as to blame US policy for this state of affairs. Others contend that China has little influence over the recalcitrant junta, which acts solely according to (depending on who you ask) the capricious whim or Machiavellian stratagems of its strongman, Senior General Than Shwe. The ICG prudently maintains that the truth is to be found somewhere in the middle, and that the balance of power in the relationship is becoming increasingly complicated over time, not least due to the nature and scope of China's increasing economic involvement in Burma.
The ICG report provides some useful insights into the increasingly negative perception of Chinese economic activity in Burma, particularly on projects in areas inhabited by ethnic nationalities who have long been estranged from the Burman central authorities. The catalogue of alleged abuses and complaints will be familiar to anyone who has looked at Chinese investments and projects in other resource-rich developing countries.
The ICG report contends that since the August 2009 border incident, in which a surprise Burma army attack on ethnic forces in the Kokang area resulted in massive refugee flows into China, Beijing more and more regards these fractious ethnic groups — some of whom are ethnically Chinese — as a liability instead of seeing them as the strategic buffer it once did. Moreover, these ethnic communities have been among the worst affected by Chinese development projects and are increasingly bitter about the manner in which China has carried out economic activity in their already grim environs.
As Beijing's concerns about border stability and economic interests come into greater tension, China likely will find itself tempted to abandon completely the Kachin, Wa and other marginalized armed ethnic groups with whom it has long-standing relations, and throw its lot in with the Burmese regime's scorched earth approach to these communities.
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ
မြန်မာနိုင်ငံအတွင်း စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ထောက်ခံပြောဆိုမှုများ တိုးပွားလာနေချိန်တွင် ပြည်တွင်းထုတ် ဂျာနယ်တခုမှနေ၍ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံသားများအပေါ် သေဒဏ်အတည်ပြုမပေးသည့် ကရုဏာကြီးမားသူ တဦးအဖြစ် ချီးမွမ်းရေးသားထားသည်။
စက်တင်ဘာ (၁၇) ရက်ထုတ် အတွဲ (၃)၊ အမှတ် (၃)၊ လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ မြတ်ခိုင်၏ တရားရှာထောင်မှာတွေ့ ဟူသည့် သတင်းဆောင်းပါးတွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ်၏ ပြောစကားကို ကိုးကား၍ ရေးသားတင်ပြထားခြင်းဖြစ်သည်။
နအဖ စစ်ရဟတ်ယာဉ်ကို ကေအိုင်အို သတိပေးပစ်ခတ်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးသို့ ယမန်နေ့၌ နအဖ၏ စစ်ရဟတ်ယာဉ်တစီး ပျံသန်းလာစဉ် ကေအိုင်အိုရှေ့တန်းစခန်းမှ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်။
ယမန်နေ့ နေ့လယ် (၁) နာရီဝန်းကျင်ခန့်တွင် လိုင်ဇာမြို့အနီး ကေအိုင်အို တပ်စခန်းများရှိရာ နမ့်ဆန်ပါ ဒေသသို့ စစ်ရဟတ်ယာဉ် ပျံသန်းလာစဉ် တောင်ကုန်းစခန်းပေါ်ရှိ ကေအိုင်အိုတပ်ဖွဲ့က သတိပေးပစ်ခတ်ခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ လိုင်ဇာဒေသခံက ပြောသည်။
၎င်းက "လိုင်ဇာမြို့ပေါ်က ဖြတ်ပျံလာတာမဟုတ်ဘူး။ ဒီကနေ (၂၊ ၃) မိုင်လောက်ဝေးသေးတယ်၊ နမ့်ဆန်ပါ ဘက်ကို ရောက်လာတာ။ အဲဒါကို ရှေ့တန်းစခန်း မှာရှိတဲ့ ရဲဘော်တွေက သတိပေးတဲ့အနေနဲ့ လက်နက်ငယ်နဲ့ ပစ်လိုက်တာ။ အဲလို ပစ်လိုက်တော့ ရဟတ်ယာဉ် မြစ်ကြီးနားဘက် ပြန်လှည့်သွားတယ်။ တည့်တည့်ပစ်တာ မဟုတ်ဘူးတဲ့။ အတော်လေး နိမ့်တယ်လို့တော့ ပြောတယ်" ဟု ဆိုသည်။
နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင်
တရုတ်၏နည်းပညာအကူအညီဖြင့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည်ဖြစ်ပြီး လမ်းပိုင်းမြေသား စတင်ပြုပြင်နေပြီဖြစ်ကြောင်း နေပြည်တော် မီးရထားဝန်ကြီးဌာနမှ အရာထမ်းတဦးက ပြောကြားသည်။
အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းသည် နေပြည်တော်-ရန်ကုန်ခရီးအား ကြာမြင့်ချိန် (၃) နာရီဖြင့် မောင်းနှင်မည်ဖြစ်ပြီး ရထားတွဲဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် လာရောက်တပ်ဆင်ပေးမည်ဟု သိရသည်။
၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမီ ဖောက်လုပ်ဖွင့်လှစ်မည်ဟု မီးရထားဝန်ကြီးဌာနမှ မီးရထား အင်ဂျင်နီယာတဦးက ပြောသည်။
ကိုယ်စားလှယ်လောင်းအမည်တွင် ပါတီအမည် မဖော်ပြ
ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးခွဲတို့တွင် ကြေညာဖော်ပြထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတွင် ပါတီအမည် မဖော်ပြဘဲ ချန်လှပ်ထားသဖြင့် ထိခိုက်နစ်နာကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှာ လူမျိုးစုမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းကို ဖော်ပြတဲ့အခါ ပါတီအမည်ကိုပါ ဖော်ပြပေးရင် ပိုကောင်းမယ်။ ပါတီတွေ ထူထောင်ရတဲ့အချိန်က တိုတောင်းတယ်။ (၃) လ၊ (၃) လကျော်လောက်ပဲရှိမယ်။ တချို့နာမည်ရှိပြီးသား ပြည်ခိုင်ဖြိုးတို့၊ တစညတို့ ပါတီတွေဆိုတာက နှစ်ပေါင်းများစွာရှိပြီ။ သူတို့ပါတီရဲ့အမည်ကို Logo က တဆင့် ပြည်သူတွေကသိပြီးသား။ ကျနော်တို့ကျတော့ ပါတီရဲ့နာမည်၊ Logo နဲ့ အလံတွေကို ပြည်သူတွေဆီ မိတ်ဆက်နေရတုန်းပဲ။ စည်းရုံးရေးဆင်းတဲ့ကာလမှာလည်း အကန့်အသတ်တွေရှိတယ်။ ကျနော်တို့က ပါတီရဲ့အမည်ကို ပါစေချင်တယ်။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ကငွေ (၅) သိန်း deposit သွင်းထားတာပဲ။ ထည့်ပေးရင် ကောင်းတာပေါ့။ ဒါကို ကျနော်တို့ သတိထားမိပါတယ်။ ဒါလည်း ကျနော်တို့ကို နှိပ်ကွပ်တာတခုပဲ" ဟု ပြောသည်။
Read more..
http://www.khitpyaing.org
VOA
ထိပ်တန်းသတင်း
နျူကလီးယားကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး အတွက်သာ ရည်ရွယ်
မြန်မာနိုင်ငံမှာ နျူကလီးယားကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုနေတာ ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားကောင်း ပြောကြားဖို့ ရှိနေပါတယ်။
အီရန်သမ္မတ မိန့်ခွန်း အမေရိကန် သပိတ်မှောက်
ကုလသမဂ္ဂမှာ အီရန်သမ္မတ မာမွတ် အမာဒနီဂျက်ဒ် မိန့်ခွန်းပြောကြားပြီးနောက် အမေရိကန် ကိုယ်စားလှယ်တွေ စည်းဝေးခန်းမထဲက ထွက်သွားကြပါတယ်။
ငွေကြေးကိစ္စ တရုတ်ကို အမေရိကန် ဖိအားပေး
တရုတ်ယွမ်ငွေတန်ဖိုးကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့သွားအောင် ပိုပြီးလုပ်ရမယ်လို့ အမေရိကန် သမ္မတက တရုတ်ဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။
မြန်မာအတွက် တရုတ်က ဒေါ်လာသန်း ၄,၀၀၀ ချေး
တရုတ်အစိုးရက မြန်မာစစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၀၀၀ ကို အတိုးမဲ့ ထုတ်ချေးဖို့ သဘောတူညီလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီ TV နဲ့ ရေဒီယို မဲဆွယ်ခွင့် အပယ်ခံရ
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ မဲဆွယ်ရေး ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ဖို့ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။
SSA မြောက်ပိုင်းတပ်နဲ့ စစ်အစိုးရတပ် တပတ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်
ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ SSA မြောက်ပိုင်းနဲ့ မြန်မာစစ်အစိုးရ တပ်တွေကြားမှာ တပတ်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
KIO နယ်မြေက ရွှေမှော်တွေ အကန့်အသတ်မရှိ ပိတ်
KIO အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ရွှေမှော်တွေကို စစ်အစိုးရက ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခိုင်းလိုက်ပါတယ်။
စာရေးဆရာ သားဂျာနယ်ကျော် ကင်ဆာရောဂါနဲ့ ကွယ်လွန်
ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ရဲ့ သားငယ် ဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ဒီနေ့မနက် ကွယ်လွန်သွားပါတယ်။
သမ္မတ အိုဘားမား ကုလညီလာခံမှာ အီရန် နျူကလီးယားရေး သတိပေး
အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးချဖို့ဖြစ်တယ် ဆိုတာကို လက်တွေ့ပြသဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
No comments:
Post a Comment