Friday, September 24, 2010

ယနေ့အချိန်ကာလ မြန်မာနိုင်ငံပြည်တွင်း ရှေ့ဆက်ရမဲ့ခရီးအတွက် ထူးခြားတဲ့ အပြောင်းအလဲ လိုလားသူများ- အာဏာဆက်လက် ဆုပ်ကိုင်လိုသူများ-ရေလိုက်ငါးလိုက် အခွင့်အရေး တောင်းဆိုသူများ အလုပ်ရှုပ်သည့်အချိန် ဖြစ်ပါတယ်--။ ဒီအချိန်မှာ ဒီမိုကရေစီလိုလားသူမျာ ပြည်ပကနေ လက်တွေ့ကျကျ တသီးပုဂလအနေနဲ့ ကူညီနိုင်ဖို့ နည်းလမ်းတခု အကြံပြုပါရစေ--။

(ပြည်ပအင်အားစု)
- မြန်မာနိုင်ငံ နေရာအနှံ့ကနေ ပြည်ပထွက်ကြတဲ့
(၁) ထိုင်း-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-တရုတ်နယ်စပ်အပြင် မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးပေါင်းစုံ
(၂) နိုင်ငံတကာရောက် ဒီမိုကရေစီနဲ့ လူမှုအဖွဲ့အစည်းများ-တသီးပုဂလများ
(၃) မိမိအစီအစဉ်ဖြင့် နိုင်ငံတကာရောက် မျိုးချစ်ပုဂိုလ်များ
(၄) စစ်အစိုးရအလိုကျ ပြည်ပရောက် မြန်မာလူမျိုးပေါင်းစုံ
ဆိုပြီး အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်--။ ဒီနေရာမှာ -- မြန်မာနိုင်ငံ ဒေသအနှံ့အပြားက--ဆိုတတဲ့ စကားလုံးကို ကြိုတင် သတိပြုစေချင်ပါတယ်--။

(ပြည်တွင်းအင်အားစုများ)

(၁) ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားအင်အားစုများ--။
(၂) ကျောင်းသားနှင့် သံဃာ့တပ်ပေါင်းစုများ
(၃) ရွေးကောက်ပွဲ ၀င်ပြီး မဖြစ်ညစ်ကျယ်အခွင့်အရေးတောင်းမည့် ပါတီအဖွဲ့အစည်းများ
(၄) စစ်ငြိမ်းအဖွဲ့များ
(၄) စစ်တပ်နောက်ခံ ကြံ့ဖွတ်ပါတီနှင့် အပေါင်းအပါများ
(၄) ဘေးနေ-ပွဲကြည့်သူများနှင့် စာနယ်ဇင်းလောကသားများ

(ပြည်တွင်းထောက်ပံ့ရေး)

အကြံသာ ပေးပြီး အဆံမပါတဲ့ ရေးကြီးခွင်ကျယ် ကွက်စိပ်ဆရာ၊ ပြည်တွင်းကို မြှောက်ပေးနေသူတွေ ပေါများနေတာ အားလုံးအသိဖြစ်ပါတယ်--။ တာဝန်ခံပြီး ပိုက်ဆံကောက်မဲ့သူ-ရံပုံငွေပွဲ လုပ်မဲ့သူတွေကိုလည်း အယုံအကြည် မရှိကြတော့ပါဘူး--။ ဘုန်းတဲ့သူက ဘုန်းနေကြတာလဲ နံစော်နေပြီ--။
နိုင်ငံရေး-တော်လှန်ရေးလုပ်တဲ့အခါ ကုန်းအော်ရုံနဲ့ အလုပ် မဖြစ်တာလဲ အားလုံးအသိ--။ ဒီတော့ ပိုက်ဆံလိုတယ်--ရှင်းရှင်းလေးပဲ--။

အခြေခံအားဖြင့်--

(၁)၀ါဒဖြန့်စာရွက် ရီုက်ခ-ကူးခ-ကားခ-ဘာစ်ကားခ-လက်ဘက်ရည်ဆိုင်ထိုင် ချိန်းဆိုခတွေ လိုတယ်--။
(၂)မြို့နယ်တိုင်းမှာ ရှိနေတဲ့ အဖွဲ့ချုပ်အနေနဲ့လည်း တတိုင်းပြည်လုံးနဲ့ ဆက်သွယ်နိုင်ဖို့ ငွေကုန်ကြေးကျ များတယ်--။ အီးမေး-တယ်လီဖုန်းကအစ ခရီးစရိတ်တွေလိုတယ်--။
(၃) အဖွဲ့ချုပ် ဗဟိုဌာနချုပ်မှာ ရှိတဲ့ နိုင်ငံသိပုဂိုလ်တွေ အချိန်မပေးနိုင်တဲ့အပြင် ငွေကြေးအခက်အခဲတွေ ရှိနေတယ်--။

(ပြည်ပလက်ရှိအခြေအနေ--)
-ဆန္ဒပြမယ်--ရှုပ်ချမယ်--အခန်းမနားလုပ်မယ်--အသံလှိုင်း--အင်တာနက်ကနေ အော်မယ်--ကြေခြာချက်တွေ ထုတ်မယ်-။ ကောင်းပါတယ်--အရင်ခေတ်တုန်းကတော့-နိုင်ငံရေးမဏ္ဍပ်တိုင် တက်ချင်သူတွေအတွက်တော့-ဟုတ်တုတ်တုတ်ပေါ့--။

ပြည်တွင်းကို ငွေကြေးထောက်ပံ့တာက စကားအခွန်းတရာ-အရေးမျက်နှာ တထောင်ထက် ထိရောက်တယ်ဆိုတာ သိထားဖို့ လိုတယ်--။

ဒီတော့--အစပြန်ကောက်မယ်--
မြန်မာပြည်အနှံ့အပြားကနေ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသူတွေ မိမိဒေသကိုပဲ ပြန်ကြည့်လိုက်ကြဖို့ ဖြစ်ပါတယ်--။ တကထဲမှပဲ အရမ်းအရမ်းကို ဗဟို--လုပ်ချင်သူတွေ--နိုင်ငံသိပုဂိုလ်တွေကိုပဲ ဆက်သွယ်ချင်သူတွေ-ကူညီချင်သူတွေ သေချာစဉ်းစားစေချင်တယ်--။
ကိုယ်လာတဲ့ ရပ်ရွာ-မြို့နယ်-တိုင်းဒေသမှာ ရှိတဲ့ ဒီမိုကရေစီလိုလားသူတွေ-အဖွဲ့အစည်းတွေကိုမှ အခြေခံကျကျ မထောက်ပံ့ပဲ လူသိသူသိပုဂိုလ်တွေကို ရှာပြီး ယောင်လည်လည်လုပ်နေသူတွေ များနေပြီ--။

(၁) မိမိလာရာ ဌာနေ ရပ်ရွာမှာရှိတဲ့ ဆွေမျိုး-အသိမိတ်ဆွေ--ဒီမိုကရေစီလိုလားသူတွေ-သံဃာတော်-ကျောင်းသားများကို (အလုံခြံဆုံးနဲ့ စိတ်အချရဆုံးဖြစ်ပါတယ်) တိုက်ရိုက်ထောက်ပံ့ကြဖို့--။ မိမိဌာနေ--ဘယ်မြို့ကလာတယ်ဆိုတာ မိမိကိုယ်တိုင် ထုတ်မပြောရင် လူသိစရာ မရှိပါဘူး။ ဒီလိုလုပ်ရင် မြန်မာပြည်အနှံ့ အင်အားတောင့်တင်းလာမယ်--။ ဥပမာ-အဖွဲ့ချုပ်ဗဟိုက ပုဂိုလ်တွေအတွက်
မိမိမြို့နယ်ကို စည်းရုံးရေးလာဖို့ ခရီးစရိတ် ထုတ်ပေးနိုင်မယ်-သူတို့မှာ အဆက်အသွယ် အချိတ်အဆက် ရှိပြီးသားဖြစ်တယ်-။ စစ်ထောက်လှမ်းရေးတွေ မိဖို့ မလွယ်ပါဘူး--။

- အဖွဲ့ချုပ်နဲ့ သံဃာတော်တွေဟာ မြန်မာပြည် မြို့နယ်တိုင်းမှာ ရှိတာ အားလုံး သိကြပါတယ်--။ ကျောင်းသားအုပ်စုကတော့ မြို့ကြီးတွေမှာ လှုပ်ရှားကြတာလဲ အားလုံးအသိ--။

(၂) ဗဟိုကပုဂိုလ်-နိုင်ငံသိပုဂိုလ်တွေကိုပဲ ထောက်ပံ့နေရင် ခရီးကြံ့ကြာမှာ သေချာသလို သူတို့တွေအတွက် ၀န်ပိုးဝန်ထုပ်-အန္တရာယ် ဖိတ်ခေါ်သလို ဖြစ်စေပါတယ်--။

(၃) ဒီမိုကရေစီနိုင်ငံရေးဆိုတာ မိမိ မိသားစု-ရပ်ရွာ-မြို့နယ်-တိုင်း-ပြည်နယ် စသည်ဖြင့် ချီတက်ရတာ အားလုံးအသိဖြစ်ပါတယ်--။ မိမိဒေသကို မေ့ပြီး -- ထထပြီး ဗဟိုလုပ်ချင်သူများ အထက်စီးလုပ်ချင်သူများဟာ ဒီမိုကရေစီအောက်ခြေလွတ်နေသူများသာ ဖြစ်ပါတယ်--။

အားလုံးကို ခြုံလိုက်ရင်--အဆံမပါပဲ အကြံ မပေးပါနဲ့--။ အောက်ခြေမခိုင်ပဲ တိုက်မဆောက်မိပါစေနဲ့-ပြန်ဖြိုချခံရမှာ မလွဲဘူး-။

မိမိရပ်ရွာ-မြို့နယ်တွေက ဒီမိုကရေစီလိုလားသူတွေကို တိတ်တဆိတ် ငွေကြးထောက်ပံ့ကြပါစို့--လို့ ဆော်သြပါရစေ--။

No comments: