Monday, September 6, 2010

from BBC


ကုလက စုံစမ်းစစ်ဆေးဖို့ သံဃာနဲ့ကျောင်းသားပြော

88 students monks

လတ်တလောပဲခူး ပစ်ခတ်မှုဖြစ်ရပ်အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့ပြီး စုံစမ်းအရေးယူဖို့ မြန်မာပြည်တွင်းက သံဃာနဲ့ ကျောင်းသားအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး တို့ကနေ ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီပဲယင်းအရေးအခင်းအတွင်း တိုက်ခတ်သတ်ဖြတ်မှုတွေ၊ စက်တင်ဘာ သံဃာ့အရေးအခင်းနဲ့ဆက်စပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ဥပဒေမဲ့ မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူသင့်တယ်လို့ တိမ်းရှောင်နေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

UNGA

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ထောက်ခံအတည်ပြုဖို့ တိုက်တွန်း

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့ဖို့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက သူ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ပထမဆုံး အဆိုပြု တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောက်ခံတင်ပြချက်အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ချက်၊ စလိုဗက်ကီးယား၊ ကနေဒါ နဲ့ ဟန်ဂေရီတို့က ထောက်ခံခဲ့ ကြပါတယ်။

မကြာခင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ မြန်မာပြည်အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဆောင်ရွက်ဖို့ သံဃာနဲ့ ကျောင်းသားအဖွဲ့တွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

No comments: