Thursday, September 16, 2010

 
 

အကိုကြီး မစ္စတာ ဂျိမ်းစ်ဘားခင်ဗျား-

အကိုကြီးဆိုလိုတာက ရွေးကောက်ပွဲကိစ္စပဲ ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။ အာရုံဦးပါလိုက်၊ ဦးမြင့်အေးကိစ္စလာလိုက်၊ ဟို Issue လာလိုက် ဒီ Issue လာလိုက် ဖြစ်ရင် အရေးကြီးတဲ့ Target ကို မရောက်နိုင်ဘဲ ဖြစ်လိမ်မယ်ဆိုတာကို သတိပေးတာလို့ မြင်မိပါတယ်။ ကောင်းပါတယ်။ အဓိက တိုက်ရမှာကို ဦးစားပေးပါလို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။

ကျနော်အမြင်ကဗျာ-

အာရုံးဦးကိစ္စလုပ်ရတာ အများဆုံး တစ်ရက်ပေါ့။ တစ်နာရီဆန္ဒပြ။ ငါးနာရီလောက်စည်းရုံး။ ငါး မိနစ်လောက် အီးမေးပို့။ နာရီဝက်လောက် အင်တာနက်မှာရေး။ ဒါဆိုရင် အာရုံဦးကိစ္စပျက်ပါတယ်။ အကျိုးအမြတ်ကတော့ နောင်ဆိုရင် အနုပညာရှင်တွေအတော်ကြီး သတိထားပါလိုက်မယ်။ ပြည်သူကလည်း သူတို့ အခွေတွေဆိုရင် ၀ယ်ယူအားပေးတာလျော့သွားမယ်ထင်ပါတယ်။

ဦးမြင့်အေးကိစ္စကလည်း ဘာမှမဟုတ်။ လေပန်းရင်း ပြီးသွားမှာပါ။ ဒေါက်တာ လွဏ်းဆွေ၊ ကိုအောင်မိုးဝင်း၊ ကိုသန်းဝင်း နဲ့ ကိုမိုးသီးတို့ကစ္စကလည်း ဘာမှမဟုတ်။ လေပန်းစကားများပြီး ပြီးသွားမှာပါ။ ဖတ်တဲ့သူ ရေးတဲ့သူတွေကတော့ အပျင်းပြေလောက်ပဲ သဘောထားပါတယ်။ ခေါင်းထဲမထည့်ပါဘူး။ ကျနော်ဆိုရင် ဘီယာနဲ့အမြည်းလုပ်ပါတယ်။

NLD ကို စစ်အစိုးရ ဖျက်ပါတယ်ဆိုတဲ့ Issue ကလည်း ဘာမှမဟုတ်ပါ။ သုံးရက်တောင်မကြာပါဘူး...။ မောသွားရင် ရပ်သွားမှာပါ။ ဟိုးတုန်းကလည်း ဒီအတိုင်းပါပဲ..။ Issue တခုပေါ်လိုက်၊ ပွားလိုက်၊ မြည်းလိုက်...နောက်ဆုံးမောသွားရင် ရပ်သွားတာထုံးစံပါ။ အထူးအဆန်းတော့မဟုတ်ပါ။

အချုပ်ကတော့ဗျာ....ထောင်မဟုတ်ပါဘူး။ အင်တာနက်မှာ လေပန်းတာက ၀ါသနာ၊ အပျင်းပြေ၊ အမြည်းလုပ်ရုံလောက်ကို နိုင်ငံခြားကမြန်မာတွေအဓိကထားပါတယ်။ ပြည်တွင်းနဲ့ထိုင်းလည်း ဒီအတိုင်းပဲလို့ ယူဆပါတယ်။ လက်တွေ့ လူချင်းတွေ့ပြီး ချိန်းရိုက်တာမဟုတ်တော့ မနာကြပါဘူး။ ဆိုတော့ဗျာ...Issue ပေါ်လိုက် ပွားလိုက် သဘောပါ။ အချိန်းလည်းအများကြီးမကုန်ပါဘူး။

ရွေးကောက်ပွဲကိစ္စကို ပျက်အောင်ဖျက်ဖို့ဆိုတာက ကောင်းပါတယ်။ လူတိုင်းခေါင်းထဲမှာ အမြဲတမ်းရှိမယ်လို့ထင်ပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့ အထက်ကပြောသလို အာ တာလောက်ပဲရှိပါတယ်။ ဒါကိုတော့ လူတိုင်းလုပ်နိုင်ပါတယ်။ ရဲဘော်တိုင်းဦးတည်ချက်မပျောက်ကြဘူးလို့ထင်ပါတယ်။

ရွေးကောက်ပွဲထက်စာရင် စစ်အာဏာရှင်ပြုတ်ကျရေးက ပိုလို့အဓိကကြပါတယ်။


အပြင်ကအတိုက်အခံ လေဖမ်းဒန်းစီးတာကိုပဲလုပ်နိုင်ပါတယ်။ ထိုင်းအတိုက်အခံမကလို့၊ နိဗာန်ဘုံက အတိုက်အခံဖြစ်ဖြစ် အင်တာနက်က အာ, ဖုန်းနဲ့ပွားတာလောက်ပဲလုပ်နိုင်ပါတယ်။ စေတနာရှိတဲ့လူကို ငွေလေးနည်းနည်းပေးပေါ့။ ကျနော်အပါအ၀င်ပေါ့ဗျာ။

နောက်ဆုံးအနေနဲ့....ဦးတည်ချက် ရန်သူ မပျောက်ကြပါဘူး။ သိပါတယ်။ ရန်သူကိုတိုက်နေတဲ့အချိန်မှာ လက်နက်ငယ်၊ လက်နက်ကြီး၊ မိုင်း သုံးရသလိုပေါ့ဗျာ။ ရန်သူကို နိုင်ဖို့၊ သေဖို့အတွက် လက်နက်အမျိုးမျိုးသုံးရပါတယ်။ အာရုံဦးကိစ္စကတော့ လက်နက်ငယ်ပေါ့ဗျာ။ ဦးမြင့်အေးကိစ္စက ရှေ့ ထွက်မိုင်းပေါ့။ NLD ကိစ္စ လက်ပစ်ဗုံးပေါ့။


နောက်ဆုံးတော့ ရန်သူသေလားမသေလားတော့ မသိဘူး။ ဘဘဦးတင်ဦးတို့၊ ဘဘဦးဝင်းတင်တို့၊ ဒေါ်ဆောင်ဆန်းစုကြည်တို့ သေခါနီးပါပြီ။

ဘာပဲဖြစ်ဖြစ် အင်တာနက်မှာရေးတာက ၀ါသနာဖြစ်ပါတယ်။

ဒီလောက်ပါပဲ..

လေးစားခင်မင်ချစ်ခင် အပြစ်မမြင်လျှက်
မောင်ဘုန်း

မှက်ချက်။   ။ အိမ်စာလုပ်နေရင်း အပျင်းပြေရေးပါ၏။

2010/9/16 Mr James Bur <mrjamesbur@gmail.com>

 
 

ညီအစ်ကိုတို့ရေ

အခုထိ အာရုံဦးမှာ ဖူးတဲ့ ကြာက မဆုံးသေးဘူးလားဗျာ။

အခု အရန် သရုပ်ဆောင် ကုသိုလ်

လာပြီ တေးဆို - ရင်ဂို၊ ရတနာဦး၊ ဘိုဖြူ

မထူးတော့ပါဘူးဗျာ အဲဒီကား ရိုက်တုန်းကာ အနုပညာရှင်တွေ ထမင်းစားဖို့ ပြင်ဆင်ပေးကြတဲ့ ထမင်းဆိုင်ပိုင်ရှင်တွေ၊ အလုပ်သမားလေးတွေ။
ရိုက်ကွင်းထဲက မီးထိုး၊ မိတ်ကပ်၊ အစုံ ဆန္ဒပြကြမယ်။

နောက်ပြီး သူတို့ သီချင်းတွေ၊ သူတို့ ရုပ်ရှင်တွေကို နားထောင်နေတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကိုလေ့ နားမထောင်နဲ့၊ မကြည့်နဲ့လို့ စည်းရုံးကြမယ်။

ဆိုလိုချင်တာက ညီအစ်ကိုတို့ လုပ်နေတာတွေဟာ ခုအချိန်မှာ မလုပ်သင့်ဘူးဗျာ။

ပေါ်လစီကား ရိုက်လာတာ၊ ပေါ်လစီစာအုပ်တွေ ထုတ်လာတာ ဗမာပြည်မှာ အခုမှ မဟုတ်တာညီအစ်ကိုတို့လဲ သိကြပါတယ်။
အခုအချိန်မှာမှ အာရုံဦးမှာ ဖူးတဲ့ကြာကို လူစုံသုံးပြီးတော့ ရိုက်ထုတ်လိုက်တာဟာ ကျွန်တော်တို့ ထင်တာထက် ပိုခရီးရောက်နေတယ်။

နောက်ပြီး မရိုက်ချင်ဘဲ ရိုက်ရပါတယ်လို့ ဒါရိုက်တာ တင်သန်းဦးက အင်တာဗျူးလုပ်လိုက်သေးတယ်။

ဇာတ်ကားဟာလဲ လူတွေ စိတ်ထဲမှာ အလိုလို နေရာ ယူပြီးသားဖြစ်သွားတယ်။ သမိုင်းကို တမင် လိမ်ပြီးလုပ်လိုက်တော့ ကျွန်တော်တို့ ပြောကြရပြီပေါ့။

အာဏာရှင်ဆိုမှ ဘယ်လို သမိုင်းမှန်ကို ရေးမလဲ။
သမိုင်းမှန် မရေးရကောင်းဘူးလား ဆိုပြီး သွားပြောနေလို့ မထူးဘူး။

ဒီဇာတ်ကားမှာ ပါတဲ့ သူတွေကို ဆန္ဒပြကြဖို့ အတွေးဟာ ရန်သူ့ဆီက မလာပါဘူးလို့ ဘယ်သူပြောနိုင်မလဲ။

ပေါ်ပြူလာဖြစ်ချင်တဲ့ သူတွေကလဲ လူတွေစိတ် ကြွနေတဲ့အချိန်မှာ ဆန္ဒပြကြဖို့ ပစ်ထဲလိုက်တယ်။

တလောက မြသန်းစံကလဲ ဗိုလ်ချုပ်ကြီးဟာ သီချင်ရေးတယ် လုပ်လိုက်ရော

ဟား ..... ဟား ကျွန်တော်တို့ စိတ်လည်ပြီပေါ့။

သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးက လာတာနော်။

အဲဒီပေါ်လစီကားကြောင့် ဗမာ့နိုင်ငံရေးအနာဂတ် ဆွေးနွေးကြရမယ့်အချိန်မှာ ဒီဇာတ်ကားအကြောင်းပဲ ပြောနေရတာ။

သစ်ပင်တပင်ကြောင့် တတောလုံး ကွယ်သလိုမျိုးပေါ့ဗျာ။

ဒီလိုကွယ်နေတာ ကြာတော့ ကြာခဲ့ပါပြီ။

ဗမာပြည်ပြဿနာဟာ နိုင်ငံရေးပြဿနာပါဟု မပြောကြတော့ဘဲ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ရေး၊ အမျိုးသမီးရေး၊ ပညာရေး ဆိုပြီးတော့ လိုသလို ဖွင့်ဆိုနေကြတာဟာ အာဏာရှင်တွေကို တပန်းသာစေတဲ့ အချက်တွေပါ။ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။

ညီအစ်ကိုတို့က သရုပ်ဆောင်တွေကို ဆန္ဒပြကောင်းတုန်း မတရားတဲ့ ရွေးကောက်ကျင်းပမမယ့် ရက်က နီးသထက် နီးလာပြီ။

အနုပညာရှင်တွေကို ဆန္ဒပြကြတော့ အဓိက ရန်သူပျောက်သွားပြီး ရန်သူ့အကြိုက် လုပ်ပေးသလို ဖြစ်နေလို့ ဒီစာကို ရေးရတာပါ။

ရွေးကောက်ပွဲ သပိတ်မှောက်ရေးကိုပဲ အာရုံစိုက် လုပ်ဆောင်သင့်ပါတယ်။

ရွေးကောက်ပွဲက သူ့အလိုလို ဖြစ်သွားမယ်၊ သပိတ်မှောက်လဲ မထူးပါဘူးဆိုရင်လေ့ သပိတ်မှောက်မယ်လို့ မပြောကြပါနဲ့။

ဘာကြောင့်လဲဆိုတော့ သပိတ်မှောက်မယ်ဆိုပြီးတော့ ဘာမှလေ့ ဖြစ်မလာဘူးဆိုရင် ပြည်သူ့ယုံကြည်မှု ပျက်သွားမယ်။

အလေးအနက်ပြောချင်တာက နိုင်မယ် မထင်ဘူးဆိုရင် နောက်လာမယ့် အခြေအနေတွေအတွက် ပြင်ဆင်ကြရအောင်ပါ။

ဘာလုပ်မယ် ညာလုပ်မယ် သိပ်ပြီး မပြောကြပါနဲ့။

အားလုံးကို လေးစားပါတယ်ဗျာ
မစ္စတာ ဂျိမ်းစ်ဘား

(ဦးအေးမြင့်၊ ဒေါက်တာလွဏ်းဆွေ၊ အောင်မိုးဝင်း၊ မိုးသီးဇွန်၊ ..................NLD, လူထုလှုပ်ရှားမှု ကောင်မတီ၊ စင်ပြိုင်အစိုးရ) တို့ ပါဝင်သော

အင်တာနက်မှာ ပေါက်တဲ့ ဗုံး ဇာတ်ကားကြီး လာမယ်။ ကြာမယ်။ မျှော်

 
 

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 100916

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

 
 

Myanmar expands private banks with military ties

Burma's major opposition party challenges the junta's dissolution order

Suu Kyi supporters under watch

Exclusion of 10 Political Parties

It's no laughing matter in Burma

Party of Myanmar's democracy icon says its members are under constant watch by junta

Restrictions placed on election campaign broadcasts - Ba Kaung

Shan resistance leader: Junta up to no good - Hseng Khio Fah

KNU plans ceasefire for UN peace day - Khaing Suu
Yangon agrees on tri-nation highway

Torn between two capitals - Htet Aung

Indiana University expert: Don't pin hopes on Burma's upcoming elections

Activist monks call for election boycott - Aye Nai

NLD leader Tin Oo to visit Singapore for eye surgery

Junta announces list of provisions for state-media canvassing

Democratic Party to focus efforts on lower house, leader says

USDP nominates building tycoons as poll candidates

Myanmar says 37 parties will run in November polls

Torn Between Two Capitals

Retired Myanmar generals join election fray

 
 

 
 

VDO messages for appeal to UN security council

 
 

ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များပြောဆို

NL1D ပါတီ ပျက်သွားမှာမဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား

ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်

နအဖ စစ်အုပ်စုက SSA နှင့် UWSA ယူနီဖောင်းအစုံ ၅၀ စီ ချုပ်ခိုင်း

စစ်တွေတွင် လုံခြုံရေး တိုးချမူနှင့်အတူ ဘုန်းကြီးများကို နောက်ယောင်ခံလိုက်မူ တိုးပွားနေ

တကောင်တည်း

ရေးမြို့ဘက်မှာ စစ်ဆေးရေး တင်းကြပ်နေ

အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်

ကချင်ပြည်နယ်တိုးတက်ရေးပါတီ အဖွဲ့ဝင် အမတ်လောင်းအားလုံး အပယ်ခံရ

ဝစ်သောက်ကားတစီး ရန်ကုန်အရောက် သယ်ဆောင်ခ ကျပ် သိန်း (၁၂၀) ကျော်ပေးရ

အပစ်ရပ်ဒေသများတွင် စစ်တပ်များတိုးချဲ့နေ

ချင်းဒေသ ကြွက်နှိမ်နင်းရေး လုပ်ကြရ

ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည်

တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

ကချင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ခွင့်မရ

ပဲခူးလူသတ်မှု စစ်တပ် သတင်းအမှောင်ချထားလား

"နိုင်ငံသားတယောက် ခံစားသင့်တဲ့ အခွင့်အရေး မရဘူး"

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ တစ်ခု ဖျက်သိမ်းခံရ

ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ ၅ ခုတွင် UKL ကရင်ပါတီ ပါဝင်

မြန်မာလုပ်သား တထောင် သပိတ်လှန်ပြီ

သုံးရက် တိုက်ပွဲကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်

နှောင်ကြိုးတုပ် ရုပ်သံ မဲဆွယ်ခွင့်ပြုမည်

တနေ့တာ အပစ်အခတ်ရပ်စဲရေး KNU တောင်းဆို

ဖောက်ခွဲမှုဖြင့် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး

ထိုင်းဂြိုဟ်တုဖုန်း ကိုင်သူတချို့ ဘီးလင်းမြို့မှာ ဖမ်းဆီးခံရ

ဆောက်လုပ်ရေးတွေ ကြံ့ဖွံ့ဆွဲ

စစ်ကိုင်းတိုင်းတွင် ချင်းလူမျိုးတဦး တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ဝင်မည်

ကချင် ၁၄ ဦး ရွေးကောက်ပွဲ မဝင်နိုင်

ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး

ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်

ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ သန်း ၆,၀၀၀ ကူညီ

တရုတ်ငွေဈေး ချတဲ့ကိစ္စ အမေရိကန် အရေးယူလို

အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလည်ရေး ဆွေးနွေးနေကြပြီ

ကမ္ဘောဒီးယားနိုင်ငံ သံချပ်ကာကား အစီး ၁၀၀ နီးပါး ၀ယ်ယူဖို့ စီစဉ်

အစဉ်အလာကြီးသည့် ရီးရဲလ်နှင့် အေစီတို့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် မျက်နှာပန်းလှ


 


 


 

Khitpyaing update 16/9/2010

အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ငွေကြေးများအနက်မှ ဒေါ်လာ (၅) သန်းကို ဂျပန်နိုင်ငံမှ ပုဂ္ဂလိက အလှူရှင်အမျိုးသမီးတဦးက တနှစ်လျှင် (၁) သန်းစီ လှူသွားမည်ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (ဖရီဒါ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

"(၅) နှစ်စီမံကိန်းအတွက် ငွေတကယ်လိုတာက ဒေါ်လာ (၁၀) သန်းလောက်ဖြစ်ပေမယ့် အခု တနှစ်ကို ဒေါ်လာ (၁) သန်းနဲ့ အရင်စရမှာပဲလေ၊ ရတဲ့ငွေနဲ့ပေါ့။ လှူတဲ့သူကိုတောင် ကျေးဇူးတင်ရဦးမှာပါ" ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ အဖွဲ့ဝင် အမတ်လောင်းအားလုံး အပယ်ခံရ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ အဖွဲ့ဝင်ဟောင်းများ၏ အမတ်လောင်း အမည်စာရင်း တင်သွင်းမှုအားလုံးကို စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ကြောင်း တသီးပုဂ္ဂလ အနေဖြင့် အရွေးခံမည့် ကချင်နိုင်ငံရေးသမားတဦးက ပြောကြားသည်။

၎င်းက "ဒေါက်တာတူးဂျာ အဖွဲ့မှာ ပါဝင်သူတွေ အားလုံးကို တသီးပုဂ္ဂလ အနေနဲ့ပဲ အမည်စာရင်းတင်တင်၊ ကြံ့ဖွံ့၊ တစည ပါတီ အနေနဲ့ပဲ တင်တင် အားလုံးကို ကော်မရှင်က ပယ်ချထားတယ်။ ဒီ မြစ်ကြီးနားခရိုင် တခုတည်းမှာကိုပဲ စုစုပေါင်း (၁ဝ) ယောက်ရှိတယ်။ ကချင်ပြည်နယ်တခုလုံးဆို (၁၅) ယောက် ပတ်ဝန်းကျင် ရှိနိုင်တယ်" ဟု ပြောသည်။





Read more...
http://www.khitpyaing.org


 


 

ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ

Posted: 15 Sep 2010 02:47 AM PDT

သိန်းစိုး ရွေးကောက်ပွဲကော်မရှင်က "ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်" ကို စက်တင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ဖြစ်ကြောင်း ကြေညာချက်အမှတ် (၉၀/၂၀၁၀) ဖြင့် ထုတ်ဖေါ်ကြေညာခဲ့သည်။

သို့အတွက် ၂၀၁၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို သိန်းစိုး ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာရလိမ့်မည်။ သို့သော်လည်း ယနေ့အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။

သို့သော်လည်း ဆန္ဒမဲပေးကြရန် ဗြောင်ကျကျ တိုက်တွန်းသည့် ဆောင်းပါး ၂ ပုဒ်ကို စက်တင်ဘာ (၁၀) ရက် နှင့် (၁၁) ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွင် ဖေါ်ပြထားသည်။

- အားလုံးစုံညီမဲပေးကြမည်
- အနာဂတ်နိုင်ငံတော်ကို မိမိဆန္ဒမဲဖြင့် တည်ဆောက်ကြပါစို့

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအင်အားစု အားလုံးက "၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရန်" အတိအလင်း ကြေညာထားပြီးဖြစ်သည်။ သို့အတွက် ထိပ်တိုက်တွေ့နေကြပြီ။

ပြည်သူများသည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရမည်။

မဲပေးခြင်း/မဲမပေးခြင်းသည် ပြည်သူများအတွက် ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်နိုင်သည့် အခွင့်အရေးဖြစ်သည်။

ယင်းအခွင့်အရေး ရှိကြောင်းကို (နအဖ) စစ်အစိုးရက ထုတ်ပြန်ထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ (ဎ)တွင် "ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲနေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး ကို ဆိုသည်" ဟု အတိအလင်း ရေးသားဖေါ်ပြထားသည်။

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ပြည်သူများသည် ပြည့်ပြည့်ဝဝ အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒပြကြရမည်။ (နအဖ) စစ်အစိုးရသည် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးအတွက် တရားဥပဒေဘက်/ အုပ်ချုပ်ရေးယန္တရား/ ငွေရေးကြေးရေး စသဖြင့် အဘက်ဘက်က အကွက်ချ ပြင်ဆင်ထားပြီးဖြစ်သည်။ အခြားပါတီများအတွက်မျှော်လင့်စရာမရှိ။ မပြိုင်မီကရှုံးနေရပြီ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း အရေအတွက်ဘက်က ကြည့်လျှင်ပင် ရှုံးမည့်အဖြေသည် ပေါ်လွင်နေပြီ။

မကြာမီ ကြံ့ဖွံ့ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းစာရင်းကို သိန်းစိုးကော်မရှင်က ကြေညာတော့မည်။ ယင်း အမတ်လောင်းများ ဆိုသူများမှာ စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြပြီး လူထုလှုပ်ရှားမှုများကို အကြမ်းဖက် ဖိနှိပ်ခဲ့ကြသူများ၊ ပြည်သူ့ဘဏ္ဍာ ခိုးဝှက်ယူခဲ့ကြသည့် အကျင့်ပျက် ခြစားကြသူများသာ ဖြစ်လိမ့်မည်။

ပြည်သူများသည် မိမိတို့ကို ဖိနှိပ် အကြမ်းဖက်ခဲ့သူများ/ အကျင့်ပျက် ခြစားနေသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆန္ဒမဲ ပေးရွေးချယ်ရန် မဖြစ်နိုင်ပါ။

မိမိအပေါ် အကြမ်းဖက် ဖိနှိပ် ရက်စက်ခဲ့သူကို ထပ်မံပြီး အကြမ်းဖက် ဖိနှိပ် ရက်စက်ရန် ဆန္ဒမဲပေး ရွေးချယ်ကြဦးမည်လား။

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ပြည့်ပြည့်ဝဝ ကျင့်သုံး၍ ကန့်ကွက် ဆန့်ကျင်ကြရမည်ဖြစ်သည်။

မဲမပေးဘဲ နေကြရမည်။

ဒီမိုကရေစီအရေး ဦးတည်သည့် မှတ်ပုံတင် နိုင်ငံရေးပါတီများကလည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ၏ "ဆိုးသွမ်းမှု/ အကြမ်းဖက် ဖိနှိပ်ရမ်းကားမှု/အကျင့်ပျက်ချစားခဲ့မှုများ"ကို ပြည်သူလူထု သိရှိနားလည်ပြီး ကန့်ကွက်ဆန့်ကျင်နိုင်ရန် ဖော်ထုတ်ဖွင့်ချသွားရမည့် တာဝန်ရှိပါသည်။

(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)


 

ထိပ်တန်းသတင်း

ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်

NLD အပါအ၀င် ပါတီ ၁၀ ခုကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။


တရုတ်ငွေဈေး ချတဲ့ကိစ္စ အမေရိကန် အရေးယူလို

တရုတ်တို့က သူတို့ငွေကြေးကို ထိန်းချုပ်ပြီး ကစားနေတာကို ရပ်ပစ်ရေး အရေးယူတဲ့ နည်းလမ်းတခုခု အဆိုပြုဖို့ အမေရိကန်အမတ်တွေက စဉ်းစားနေကြပါတယ်။


ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ သန်း ၆,၀၀၀ ကူညီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဆင်းရဲ အရေအတွက်ကို ၄၀% ကနေ ၁၅% အထိ လျှော့ချသွားနိုင်ရေး ကူညီထောက်ပံ့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။


တသီးပုဂ္ဂလ ကချင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံရ

KSPP ပါတီက တသီးပုဂ္ဂလအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ ဒေါက်တာတူးဂျာ အပါအ၀င် အားလုံးကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။


ရေဒီယိုနဲ့ ရုပ်သံသုံး မဲဆွယ်စည်းမျဉ်း တင်းကျပ်ဟု နိုင်ငံရေးပါတီတချို့ ဝေဖန်

နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံကို သုံးပြီး စည်းရုံးရာမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာရင် အရေးယူခံရမယ်လို့ သိရပါတယ်။


အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလည်ရေး ဆွေးနွေးနေကြပြီ

အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ အဓိကကျတဲ့ အကြောင်းကိစ္စတွေကို ကိုင်တွယ်ဆွေးနွေး အဖြေရှာနေကြပါပြီ။


ကမ္ဘောဒီးယားနိုင်ငံ သံချပ်ကာကား အစီး ၁၀၀ နီးပါး ၀ယ်ယူဖို့ စီစဉ်

ကမ္ဘောဒီးယားနိုင်ငံက သူ့ရဲ့ စစ်အင်အားကို စွမ်းရည်မြှင့်တင်တဲ့ အနေနဲ့ သံချပ်ကာကား အစီး ၁၀၀ နီးပါးကို ၀ယ်ယူဖို့ အစီအစဉ် လုပ်နေပါတယ်။


NLDနဲ့ တိုင်းရင်းသားပါတီ တချို့ ပျက်ပြယ်ကြောင်း ကော်မရှင်ကြေညာ

NLD နဲ့ တိုင်းရင်းသားပါတီ တချို့ကို နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်တယ်လို့ ကြေညာတာဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ NLD ပါတီက တုံ့ပြန်ပါတယ်။


ဆန္ဒပြ မြန်မာအလုပ်သမားတွေ တောင်းဆိုချက် အပြည့်ရသွားပြီ

ထိုင်းနိုင်ငံ ငါးဖမ်းပိုက်စက်ရုံတခုက မြန်မာအလုပ်သမားတွေ အလုပ်သမား အခွင့်အရေး ရရှိရေး တောင်းဆိုတာကို အလုပ်ရှင်က လိုက်လျောလိုက်ပါတယ်။


အီရန်ဖမ်းထားတဲ့ အမေရိကန် တောင်တက်သမားတယောက် ပြန်လွတ်လာပြီ

အီရန်မှာ တနှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ အမေရိကန် အပျော်တမ်း ခြေလျင်တောင်တက်သမား အခု သူ့မိခင်ဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါပြီ။

ဆက်ရန်


 

No comments: