Friday, September 3, 2010

ဘာကြောင့်သန်းရွှေ ဗိုလ်ချူပ်မှူးကြီးရာထူးကို  ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို လွဲပြောင်းပေးတာ အတိုက်ခံတွေရဲ့သန်းရွှေကို စစ်ရာဇဝတ်မူကျူးလွန်မူ့အပေါ် အပြည်ပြည်ဆိုင်ရာပြစ်မူနှင့် စစ်ရာဇဝတ်ကောင်အဖြစ် တရားစွဲမူပြုနေသောကြောင့် လွဲပေးတာဟု သန်းရွှေကတော်ဖြစ်သော ကြိုင်ကြိုင် ဗိုလ်ချုပ်ကြီးတယောက် အိမ်မှာဖဲလာရိုက်ရင် ပြောသွားပြီးနောက်၃ရက်မှာ သတင်းထွက်လာတာ သူတို့နဲနီးစပ်တဲ့သူဆီကသိခဲ့ရတယ်၊

"ကြိုင်ကြိုင်။ အပြင်ကပိုးဝဲစားတွေ ရှင်တို့အဘကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ဖို့လုပ်နေကျတယ်တဲ့ ရှင်တို့အဘကလဲလည်ပြီးသာ တယောက်ရောက်ကို နံမည်ခံခိုင်းပြီး သူကနောက်နေကိုင်ပဲ မဟုတ်ဘူးလားနော့"  ဒါကတော့ တိုက်ရိုက် ကြိုင်ကြိုင် ပြောတာဖြစ်ပါသည်။

သန်းရွှေ ဥပဒေနားမလည်တာကတော့ စစ်ရာဇဝတ်ပြစ်မူတွေဆိုတာ ပြစ်မူထင်ရှားဖြစ်စဉ် အချိန်ကာလအတွင်း တာဝန်အဆင့်အမြင့်ဆုံးသူသာ အဓိကထားတာဆိုတာကို မသိတာကို သန်းရွှေနားမလည်ကို ကြည့်ချင်းအားဖြင့် ငတုံးကောင်ကလာပြီး တိုင်းပြည်ကိုစီမံခံခွဲနေ ကျူပ်တို့တိုင်းပြည်ပျက်တော့တာပေါ့။ 


 

ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ဖွဲ့ရေးကိစ္စကို အမေရိကန်ကဦးဆောင်ဖို့ AI အဖွဲ့က တိုက်တွန်းနေပါတယ်။


အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ အလုပ်ဖြစ်ဟု ကာကွယ်ရေးဝန်ကြီးဂိတ်စ် ယုံကြည်

အာဖဂန်နိုင်ငံအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာ ဟာ အလုပ်ဖြစ်နေတာကြောင့် အားတတ်မိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောပါတယ်။


အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်

အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည် စတင်ခဲ့တာ ၁ ရက်တာ ပြီးမြောက်သွားပါပြီ။


ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဆုံးဖြတ်လိုက်ပါတယ်။


ဝဒေသ လုံခြုံရေး တင်းကျပ်

နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ တောင်းဆိုထားတဲ့ရက် ကျော်လွန်လာတဲ့နောက်မှာ ၀တပ်ဖွဲ့တွေက သူတို့ဒေသ လုံခြုံရေးကို တိုးမြှင့်နေပါတယ်။


ထိုင်းတောင်ပိုင်း ပစ်ခတ်မှု ၃ ဦးသေ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သားတွေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကြား အပြန်အလှန် ပစ်ခတ်မှုကြောင့်၂ ယောက် သေဆုံးသွားပါတယ်။


အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲ အီရန်ရှုတ်ချ

အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်တဲ့အပေါ် အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ်က ဝေဖန်လိုက်ပါတယ်။


မြန်မာ စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး လေးစားမှု ရှိမရှိ စုံစမ်းရေး ကနေဒါထောက်ခံ

မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို ကနေဒါနိုင်ငံက ထောက်ခံလိုက်ပါတယ်။


အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တို့ ဒု-အကြိမ် တိုက်ရိုက်ဆွေးနွေးဖို့ သဘောတူ

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ရိုက်ဆွေးနွေးမှုတွေ ဒုတိယအကြိမ် ထပ်လုပ်ဖို့ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။


အာဖဂန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရ ဦးဆောင်သင့်ဟု အမေရိကန် တိုက်တွန်း

အာဖဂန်နိုင်ငံတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက ဦးဆောင် လုပ်သွားသင့်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

Khitpyaing update 3/9/2010

စက္ကူလေယာဉ်ချန်ပီယံ မောင်းထောင်းဒီး ထိုင်းနေထိုင်ခွင့် အယူခံတင်ရ

မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသားမိဘများမှ မွေးဖွား၍ ထိုင်းနိုင်ငံတွင် ကြီးပြင်းလာခဲ့သော စက္ကူလေယာဉ်ပြိုင်ပွဲ ချန်ပီယံ ထိုင်းကျောင်းသား စိုင်းမောင်းထောင်းဒီး၏ ယခုလက်ရှိ ကိုင်ဆောင်ထားသော (၁၀) နှစ် နေထိုင်ခွင့်လက်မှတ်အား ယာယီ ဆိုင်းငံ့ထားလိုက်ကြောင်း သိရသည်။

ယင်းသို့ နေထိုင်ခွင့်လက်မှတ်အား ယာယီဆိုင်းငံ့ထားပြီး တလအတွင်း ပြန်လည်၍ အယူခံတင်ရမည်ဖြစ်ကြောင်း ယမန်နေ့ထုတ် ထိုင်းသတင်း မသီချွန်တွင် ဖော်ပြသည်။

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ

တရားမ၀င် အလုပ်သမား (၃) သိန်းခွဲခန့်ရှိသည့် တာ့ခ်ခရိုင်တွင် ယနေ့မှ စတင်ကာ တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကြောင့် ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ငန်းခွင်များမှ ရှောင်တိမ်းနေကြသည်။

အဆိုပါစစ်ဆင်ရေးကြောင့် မဲဆောက်ရှိ မြန်မာအလုပ်သမား (၅) ထောင်ခန့်သည် မြန်မာနိုင်ငံ မြ၀တီမြို့သို့ သွားရောက်တိမ်းရှောင်နေကြပြီး ကျန်သိန်းချီသည့်အလုပ်သမားများမှာ လက်လှမ်းသင့်ရာနေရာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

နှစ်နိုင်ငံသဘောတူ စာချွန်လွှာအရ ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခွင့်ကို မြန်မာအစိုးရက သဘောတူလိုက်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၁,၇၅၉) ဦးအား ထိုင်းကုမ္ပဏီများက မကြာခင် ခေါ်ယူတော့မည်ဖြစ်သည်။

ထိုသို့ခေါ်ယူမည့် ထိုင်းကုမ္ပဏီများမှာ ခရိုင်အသီးသီးမှ ကုမ္ပဏီ (၈၅) ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၄,၆၄၉) ဦးနှင့် အမျိုးသမီး (၇,၁၁၀) ဦး စုစုပေါင်း (၁၁,၇၅၉) ဦးကို ခေါ်ယူမည်ဖြစ်သည်။ ဒေသအားဖြင့် မြဝတီမှ (၄,၇၃၈) ဦး၊ ကော့သောင်းမှ (၃,၆၁၅) ဦးနှင့် တာချီလိတ်မှ (၃,၄၀၆) ဦး ပါဝင်မည်ဖြစ်သည်။

အနုပညာရှင်နှင့် မီဒီယာသမားများ စောင့်ကြည့်ခံရ

နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဆက်သွယ်သော အနုပညာရှင်များ၊ မီဒီယာများကို အာဏာပိုင်များက စောင့်ကြည့်နေကြောင်း ပြည်တွင်းသတင်းမီဒီယာသမားတဦးက ပြောကြားသည်။

၎င်းက "အခုနာရေးကူညီမှုကို သွားတဲ့သူတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်း ရဲအရာရှိကြီးတဦးက ပြောတယ်။ ပြီးတော့ မင်းတို့ကို စေတနာနဲ့ပြောတာတဲ့။ အခု အနုပညာရှင်တချို့တွေကိုတောင် အနုပညာလုပ်ငန်းတွေ လုပ်ခွင့် ရပ်ထားတယ်တဲ့။ ဒါကြောင့် မင်းတို့တွေ နာရေးကူညီမှုကို သွားပြီးတော့ သတင်းယူတာတွေရှောင်ပါတဲ့" ဟု ပြောသည်။

ငြိမ်းချမ်းစွာ ဆွေးနွေးရေး မွန်ပြည်သစ် မျှော်လင့်ဆဲ

လက်နက်စွန့်လွှတ်ရန် နအဖစစ်အစိုးရ၏ တောင်းဆိုချက်ကို မွန်ပြည်သစ်က လက်မခံ ငြင်းဆန်ခဲ့သော်လည်း ပြဿနာရပ်များကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားနိုင်ရန် မျှော်လင့်ထားဆဲဖြစ်သည်။

"ဗမာ့နိုင်ငံရေးပြဿနာဟာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားမှသာ ပြေလည်မှု ရှိနိုင်မယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ခံစားခွင့် ရမယ်။ ဒီနည်းကလွဲရင် ဘယ်လိုမှ ဖြေရှင်းလို့ ပြီးပြတ်မှာ မဟုတ်ဘူး။ ဒါကြောင့် အချင်းချင်း ဆွေးနွေးမှုတွေလုပ်ပြီး အဖြေရှာသွားဖို့ ပါတီက အမြဲ လမ်းဖွင့်ထားဆဲ၊ မျှော်လင့်ထားဆဲပါ" ဟု မွန်ပြည်သစ် ပြောခွင့်ရပုဂ္ဂိုလ်၊ နိုင်ငံခြားမဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
Read more..
http://www.khitpyaing.org

No comments: