Wednesday, September 15, 2010


 

Wednesday, 15 September 2010 16:10 သျှမ်းသံတော်ဆင့်


နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ဦးစီး သော တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖစစ်တပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီခန့်က သီပေါမြို့နယ် နမ့်မကျန်း ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ သျှမ်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းရူးမြို့နယ်အတွင်းရှိ တပ်မဟာ ၁ ၀မ်ဟိုင်းဋ္ဌာနချုပ်အား နအဖ တပ်မ ၅၅ လက်အောက်ခံတပ်များ စက်တင်္ဘာလဆန်း ကတည်းက ၀န်းရံပိတ်ဆို့ထားရာ မကြာမီ စစ်ဖြစ်လာတော့မည်ဟု တပ်မဟာ ၁ က ကြိုတင်တွက်ဆနေချိန်တွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။


အပစ်ရပ် သျှမ်းပြည်တပ်မတော်

ဖုန်းလှိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်အား တင်ပြရန် အခက်အခဲရှိသော်လည်း ယခု တိုက်ပွဲ ဖြစ်ပွားမှု သတင်းမှန်ကန်ကြောင်း တပ်မဟာ ၁ က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။

"မနေ့က ညနေ ၃ နာရီ ၅၀ လောက်မှာ တိုက်ပွဲစဖြစ်တယ် သီပေါမြို့နယ်ထဲမှာပဲ ရန်သူဘက်က အကျအဆုံး မသိရသေး ဘူး ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်" ဟု တပ်မဟာ ၁ မှ အရာရှိတစ်ဦးက ပြောသည်။

ယခုအခြေအနေ မတိုင်မီကတည်းက အပစ်ရပ်လက်နက်ကိုင် အဖွဲ့နယ်မြေများအတွင်း နအဖစစ်တပ်လှုပ်ရှားမှု များ သိသိသာသာတွေ့မြင်လာရပြီး ယခုအခါနှစ်ဘက်စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာကြောင်းသိရသည်။

စက်တင်္ဘာလ ၁၂ ရက်က သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေဆိုက် နအဖ စကခ ၁ လက်အောက်ခံ နည်းဗျူဟာတစ်ခုအား အပစ်ရပ် ဝ နယ်မြေအနီးသို့ စေလွတ်ထားသည့်အပြင် ရမခနယ်မြေအတွင်းရှိ နအဖ တပ် အားလုံးတိုက်ပွဲဝင် အသင့်ဖြစ်စေရေး စစ်ရုံးချုပ်က ညွန်ကြားချက်ထုတ်ထားကြောင်း သိရသည်။


 


 

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံအခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော်အပစ်ရပ်တပ်ဖွဲ့ဝတ်စုံနှင့် UWSA ၀ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀ စီချုပ်ခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။

"သျှမ်းတပ်ဝတ်စုံနဲ့ ၀တပ်ဝတ်စုံ အစုံ ၅၀ စီ သူတို့ယုံကြည်စိတ်ချရတဲ့စက်ချုပ်သမားတွေကို ချုပ်ခိုင်းနေတာ။ဘာအကြောင်း ကိစ္စကြောင့်တော့ မသိဘူး" ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

နအဖချုပ်ခိုင်းနေသော သျှမ်းပြည်တပ်မတော်ယူနီဖောင်းနှင့်ဝတပ်ဝတ်စုံသည် အစုံ ၅၀ မကကြောင်း၊ ခလရ ၂၂၅တပ်ရင်းတစ်ခုတည်းချုပ် ခိုင်းခြင်းမဟုတ်ဘဲ အခြားတပ်ရင်းများမှလည်းချုပ်ခိုင်းသောကြောင့် အစုံရာချီရှိနိုင်ကြောင်း၊ အချို့ဝတ်စုံများကိုသံလွင်အနောက်ခြမ်းသို့ ယူဆောင်သွားပြီးဖြစ်ကြောင်း ထိုင်းလုံခြုံရေးအရာရှိတစ်ဦးကပြောပါသည်။

"မိုင်းတုံမြို့ရှိတပ်ရင်းတွေက ကျိုင်းတုံအခြေစိုက်တြိဂံတိုင်းစစ်ဌါနချုပ်ရဲ့လက်အောက်ခံလေ။ သံလွင်အရှေ့ခြမ်းက စားနပ်ရိက္ခာပစ္စည်းတွေ နေပြည်တော်ဌါနချုပ်ကခွင့်မပြုရင် သံလွင်အနောက်ခြမ်းကယူသုံးလို့မရဘူးလေ။ ဒါကြောင့် နေပြည်တော်ကနေ ချုပ်ခိုင်းတာဖြစ်မယ်" ဟု ထိုင်းနယ်စပ်နေစစ်ရေးလေ့လာသူတစ်ဦးကပြောပါသည်။

"စက်တင်ဘာလဆန်းပိုင်းကစပြီး နအဖရဲ့လှုပ်ရှားမှုတွေဟာထူးခြားလာတယ်။ သျှမ်းတပ်ဝတ်စုံဝတ်ပြီး ရွာသူရွာသား တွေဆီက ဆန်တွေ တောင်းယူတယ်။ ဆပ်ကြေးတွေကောက်တယ်။ သံလွင်အနောက်ခြမ်းကရွာသူရွာသားတွေက ဆန်သွားပို့ရင်သျှမ်းသူပုန်ကို ထောက်ပံ့တယ်ဆိုပြီး ရွာသူရွာသားတွေကိုဖမ်းဆီးရိုက်နှက်တယ်" ဟု SSA တောင်ပိုင်း ခေါင်းဆောင်စ၀်ယွက်စစ်ကပြောပါသည်။

နအဖက ယခုလို သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀တပ်ဝတ်စုံချုပ်ခိုင်းနေသည်မှာ ၁။ရွာသူရွာသားများ သျှမ်းစစ် သားနှင့်ဝစစ်သားများအား အထင်လွှဲ၍မုန်းတီးစေရန် သျှမ်းနှင့်ဝတပ်ဖွဲ့ယောင်ဆောင်၍ ရွာသူရွာသားများအား အနှောင့်ယှက်ပေးလာနိုင်ဖွယ်ရှိကြောင်း၊ ၂။သျှမ်းစစ်တပ်နှင့် ၀စစ်တပ်တိုက်ခိုက်မှုဖြစ်ပွါးစေရန် လှုံ့ဆော်ပေးခြင်း လည်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများကပြောပါသည်။

လွန်ခဲ့သော ၅-၆ နှစ် နအဖစစ်သားက သျှမ်းစစ်သားအဖြစ်ယောင်ဆောင်ကာ သစ်ခုတ်သမားများအား သေနတ်နှင့် ပစ်သတ်၍သျှမ်းစစ်သား လက်ချက်ဖြစ်သည်ဟုစွပ်စွဲပြီး နအဖပိုင်သတင်းမီဒီယာများ၌ထုတ်လွှင့်ခဲ့ဖူးသည်။

ဗိုလ်သန်းရွှေ တရုတ်ပြည်ခရီးစဉ် သတင်းပေါ်က တွေ့ရတဲ့ အချက်အလက်အချို့

Posted: 14 Sep 2010 11:49 PM PDT


 

နိုင်ငံရေးပါတီများ ရပ်တည်ခွင့်နှင့် ပယ်ဖျက်ခြင်း ဥပဒေကြေညာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/ ၂၀၁၀) ကို စက်တင်ဘာ (၁၄) ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံရေးပါတီဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်းဟု ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေးပါတီ (၅) ပါတီက သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်းမရှိသည့်အတွက် ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြသည်။

နအဖတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲဖြစ်

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့၌ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေ (၄) နာရီခန့်၌ သီပေါမြို့နယ်၊ တုန်လောကျန်းကျေးရွာအနီးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၁၄၇) စစ်ကြောင်းနှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့၏ တပ်မဟာ (၁) လက်အောက်ခံ စစ်ကြောင်းတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

တရုတ်သဘောထား အပစ်ရပ်အဖွဲ့များ စောင့်ကြည့်

တရုတ်-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်းများအပေါ် တရုတ်အစိုးရ၏ သဘောထားနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် လက်မခံကြသည့် အဖွဲ့များက သတိထားစောင့်ကြည့်နေကြသည်။

နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသော လုပ်ရပ်များ ပြုလုပ်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံ ထောက်ခံမည်မဟုတ်ဟူ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ဟူကျင်တောင်း၏ ပြောဆိုချက်ကို ကိုးကား၍ နအဖသတင်းစာများတွင် ဖော်ပြခဲ့သည်။

မဲရုံများ၍ ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်မည် မဟုတ်

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ်မြေ တခုစီအတွက် မဲရုံ အမြောက်အမြား ပြုလုပ်မည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် မဲရုံကိုယ်စားလှယ်ထားပြီး စောင့်ကြည့်ရေး မဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူတို့က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူတဦးက "ကျနော်တို့ မြို့နယ်မှာ မဲပေးနိုင်သူ လူဦးရေ (၉) သောင်းနီးပါးရှိတယ်။ အဲဒီမှာ မဲရုံပေါင်း (၁၇ဝ) ကျော် ဆောက်မယ်တဲ့။ ကျနော့်အနေနဲ့ မဲရုံတရုံကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ် တယောက်ပဲ ထားဦးတော့ လူပေါင်း (၁၇ဝ) ကျော်လိုမယ်၊ ကျနော်က လူ (၁၇) ယောက် ငှားဖို့ကိုတောင် မတတ်နိုင်ဘူး။ ဒီလိုပဲ၊ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၄) ဆိုရင် ကျနော်တို့ ဒေါပုံအပါအဝင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင် မြို့နယ်တွေ ပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေဆိုရင် မဲရုံပေါင်း (၁,ဝဝဝ) ကျော်ရှိတယ်။ ကိုယ်စားလှယ်တယောက်အနေနဲ့ ဘယ်လို စောင့်ကြည့်နိုင်မလဲ။ ဒါက ကြံ့ဖွံ့ပါတီမှပဲ လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်သွားပြီ" ဟု ပြောသည်။

စက်ရုံပေါက်ကွဲမှုကြောင့် မြန်မာလုပ်သား (၆) ဦး ဒဏ်ရာရ

ပြန်လည်သန့်စင် ချေဖျက်စက် (Recycle machine) အတွင်းသို့ သစ်သီးဝလံဘူး၊ ပိုးသတ်ဆေးဘူး အလွတ်များကို ထိုးထည့်ရာမှ ဘူးအတွင်းရှိ လက်ကျန်ဓာတ်ငွေ့များကို ဖိမိသဖြင့် စမုတ်ပရာကန်ခရိုင်ရှိ ဖလွတ် 2008 Recycle စက်ရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

စမုတ်ပရာကန်ခရိုင်၊ ထေဖာရပ်မြို့၊ ရပ်ကွက်(၇)၊ ထေဖာရပ်လမ်း၊ စိစပ်လမ်းသွယ်ရှိ အမှတ် (၁၅၇) 2008 Recycle စက်ရုံတွင် ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းတို့အား အရေးပေါ်ဆေးဝါးကုသရန် စမလွန်မြောက်ပိုင်း၊ ဘန်းနားအမှတ် (၅) ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

Read more..
http://www.khitpyaing.org


 


 

No comments: