Monday, September 13, 2010




ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ် (RFA)

September 12, 2010

ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို အဓမ္မ အမှုဆင် ဖမ်းဆီးထားတဲ့အတွက် ပြည်တွင်းပြည်ပ ရခိုင်လူထုအကြား မကျေမနပ် ဖြစ်နေကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့  တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဦးပညာစာရဟာ မတော်မတရား စွပ်စွဲခံထားရတဲ့အတွက် တိုင်းတပါး ဘာသာခြားတွေ အထင်မသေးရအောင် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ စစ်တွေ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်အသီးသီးက ဆရာတော် သံဃာတော် (၁၅) ပါးလောက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီကို ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသား မေတ္တာရပ်ခံထားပါတယ်။ ဆရာတော်ကို ဥပဒေမဲ့ ထောင်ချခဲ့ရင် သံဃာအများစုက သည်းခံမှာမဟုတ်ဘူးလို့  စစ်တွေ သံဃာတော်တချို့က မိန့်ကြားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လက် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်တဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့ နီးစပ်သူ မြို့ခံတွေက ပြောပါတယ်။


----------------------------------------------------------------------


ဖမ်းဆီးခံထားရသော ဦးပညာစာရနှင့်ပတ်သက်ပြီး ဆရာတော်ကြီးများက မေတ္တာရပ်ခံစာပေးပို့ (မိုးမခ)

September 12, 2010

လွန်ခဲ့သည့်ဇူလိုင်လက ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အာဏာပိုင်များက ဖမ်းဆီးပြီး တရားစွဲဆိုခြင်းခံထားသော စစ်တွေ ဓမ္မ၀ိဟာရကျောင်းထိုင် ဆရာတော်အရှင်ပညာစာရ၏အမှုနှင့် ပတ်သက်၍ စစ်တွေ၊ မင်းပြား နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့မှ ကျောင်းထိုင် ဆရာတော် ၁၅ ပါးက လက်မှတ်ရေးထိုးပြီး တိုင်းမှူးထံသို့ မေတ္တာရပ်ခံစာပို့ထားသည်ဟုသိရသည်။ စစ်အစိုးရက ဖမ်းဆီးအရေးယူခြင်းမှာ ကျောင်းကော်မီတီများက တိုင်တန်းသောကြောင့်ဟု သိရပြီး ဆရာတော်အား သာသနာ ညှိုးနွမ်းစေမှု၊ လိမ်လည်မှု နိုင်ငံတော် အကြည်ညိုပျက်စေသည့် စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု အပါအ၀င် ပုဒ်မ ၆ ခုဖြင့် တရားစွဲဆိုထားသည်။


စစ်အစိုးရသည် ၄င်းတို့အား နိုင်ငံရေးအရ ထောက်ခံခြင်းမပြုပဲ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေခြင်း တို့ကြောင့် အပြစ်ရှာပြီး ဖမ်းဆီးတရားစွဲဆိုခြင်း ဖြစ်သည်ဟု မြို့နေလူထု အများစုက ယုံကြည်လျက်ရှိကြသည်။ ယခုပေးပို့သည့် စာတွင် ဆရာတော်များက `မတော်မတရား အလွယ်တကူစွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာရဟန်းတစ်ပါး တိုင်းတပါးဘာသာခြားတို့ အထင်အမြင်မသေးရအောင် ဥပဒေဘောင်အတွင်းမှဆောင်ရွက်ကြရေးအတွက် မေတ္တာရပ်´သည် ဟု ဖော်ပြထားသည်။ ဆရာတော်အား ဖမ်းဆီးပြီးနောက် ရက်ပိုင်းအတွင်း ဆရာတော်ကျောင်းတွင် စောင့်ရှောက်ထားသည့် ကလေးငယ် ၁၀၀ ၀န်းကျင်ကိုပါ အခြားသောမြို့များသို့ စစ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် အတင်းရွှေ့ပြောင်းခဲ့သည်။ ဆရာတော်ဦးပညာစာရသည် မိဘများစွန့်ပစ်ထား၍ လေလွင့်နေသောကလေးငယ်များ ဘာသာခြားသို့ကူးပြောင်း ၀င်ရောက်သွားမည်ကိုစိုးရိမ်သဖြင့် ကယ်တင်ပြုစုပေးနေသော ရဟန်းတစ်ပါးဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ဘက်ရှိမြို့နယ်များတွင် ဘင်္ဂါလီကုလားများတဖြည်းဖြည်း များပြားလာပြီး မောင်တောမြို့တွင် လူဦးရေ ၉၅ ရာခိုင်နှုန်းမှာ ဘင်္ဂါလီမွတ်ဆလင်ကုလားများဖြစ်ကြသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မန္တလေးမြို့မှ သြဇာကြီးမားသည့် ဆရာတော် သံဃာတော်များအား ပတ္တနိကုဇ္ဖနကံ ဆောင်ခြင်းကြောင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သကဲ့သို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေးအခင်းတွင်လည်း အစိုးရအား ဆန့်ကျင်သည့် အကြောင်းပြချက်ဖြင့် သံဃာတော်များအား ရိုက်နှက် ဖမ်းဆီး ထောင်ချအရေးယူခဲ့သည်။


----------------------------------------------------------------------------------


အသျှင်ပညာစာရ ကိစ္စ ရခိုင်ဆရာတော်ကြီးများ တိုင်းမှူးထံ တောင်းဆို
(Rammawaddy)

September 10, 2010


http://rammawaddy.blogspot.com/2010/09/blog-post_10.html


၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့က မတရားဖမ်းဆီးခံခဲ့ရသော ဆရာတော် ရမ္မာဝတီ အသျှင် ပညာစာရနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျောင်းတိုက် အသီးသီးတွင် ကျောင်းထိုင်ဆရာတော်များ အဖြစ် သတင်း သုံးနေကြသော ဆရာတော်ကြီးများက လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ မေတ္တာရပ်ခံ တောင်းဆိုချက် တစ်စောင်ကို ပေးပို့ခဲ့ကြပါသည်။ ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံချက်တွင်-

"ဆရာတော်များ မေတ္တာရပ်ခံ လိုသည်မှာ ဦးပညာစာရသည် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ဘုန်းကြီး ဖြစ်ခြင်း၊ မိမိတို့ ဗုဒ္ဒဘာသာကို အသက်သိက္ခာနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ အရာရာကို သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့် အလုပ်ကို လုပ်နိုင်ခြင်းတို့ကြောင့် မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား တိုင်းတစ်ပါး ဘာသာခြားတို့ အထင်အမြင် မသေးရလေအောင် ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ကြရေးအတွက် မေတ္တာရပ်ခံယင်း နိဂုံးပြုအပ်ပါသည်။" .. ဟု ပါရှိပြီး၊ ဆရာတော်ကြီး ၁၅ ပါးက လက်မှတ်ရေးထိုး တောင်းဆို ထားကြပါသည်။


----------------------------------------------------------------------------

အသျှင် ပညာစာရ ကိစ္စ ရခိုင် ဆရာတော်များ တိုင်းမှူးထံ တောင်းဆို (Human Rights Myanmar)

September 11, 2010

http://www.humanright-myanmar.com/2010/09/monks-statement.html


၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့က မတရားဖမ်းဆီးခံခဲ့ရသော ဆရာတော် ရမ္မာဝတီ အသျှင် ပညာစာရနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျောင်းတိုက် အသီးသီးတွင် ကျောင်းထိုင်ဆရာတော်များ အဖြစ် သတင်း သုံးနေကြသော ဆရာတော်များက လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ မေတ္တာရပ်ခံ တောင်းဆိုချက် တစ်စောင်ကို ပေးပို့ခဲ့ကြပါသည်။


----------------------------------------------------------------------------------------


ဆရာတော် ဦးပညာစာရနှင့် ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများ၏တိုင်းမှူးထံ မေတ္တာရပ်ခံစာ (Arakan Review)

September 11, 2010


http://arakanreview.net/?p=2007


ဆရာတော်ကြီးများ၏ မေတ္တရပ်ခံစာ အပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။


----------------------------------------------------


15 Abbots Appeal to Western Command on Behalf of Arrested Monk (Narinjara)

Septermber 11, 2010


http://www.narinjara.com/details.asp?id=2720


15 abbots in Arakan State have appealed to the newly appointed Western Command Commander Brigadier Soe Thein to act justly and fairly toward arrested Arakanese historian monk Ashon Pyinya Sara, said one abbot.

"We sent the five-page appeal letter with the signatures of 15 monks to the Western Command Commander on 7 September, requesting they treat U Pyinya Sara justly and fairly in accordance with the law. U Pyinya Sara had many charges filed against him after he was arrested. Some charges are unrelated to his arrest and some are unacceptable. So I requested the Western Command Commander to reduce some of the charges and to try him justly in accordance with Burmese law," he said.

Among the monks to joined the appeal, 13 are from well-known monasteries in Sittwe while another two are from Ponna Kyunt and Min Bya Townships.

15 abbots in Arakan State have appealed to the newly appointed Western Command Commander Brigadier Soe Thein to act justly and fairly toward arrested Arakanese historian monk Ashon Pyinya Sara, said one abbot.

"We sent the five-page appeal letter with the signatures of 15 monks to the Western Command Commander on 7 September, requesting they treat U Pyinya Sara justly and fairly in accordance with the law. U Pyinya Sara had many charges filed against him after he was arrested. Some charges are unrelated to his arrest and some are unacceptable. So I requested the Western Command Commander to reduce some of the charges and to try him justly in accordance with Burmese law," he said.

Among the monks to joined the appeal, 13 are from well-known monasteries in Sittwe while another two are from Ponna Kyunt and Min Bya Townships.

--------------------------------------------------------------


Arakanese Senior Monks' Request Statement (Arakan Land)

September 11, 2010


http://arakanland.com/blog/669302/Arakanese_Senior_Monks_Request_Statement


15 Arakanese Senior Monks from different Monasteries of Arakan sent the request letter to Commander of Western Command, based in Ann, Arakan on Tuesday, September 7, 2010.

The five pages latter signed by 15 head monks have requested and suggested to the Commander for Ashun Pinnyasara, who has detained in Akyab custody and accused with seven charges, should have the civic right to free and fair trial.

---------------------------------------------------------

ဥပဒေအရ စစ်ဆေးရန် ရခိုင်ဆရာတော်ကြီးများ တောင်းဆို (မဇ္ဈိမ)

September 10, 2010


http://www.mizzimaburmese.com/news/inside-burma/6016-2010-09-10-15-34-58.html


ရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော်ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို သွေးစည်းခိုင်မာမှု ပြသသည့်အနေဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားသော မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

စစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှ ကျောင်းထိုင် ဆရာတော်များက ဦးပညာစာရကို စစ်ဆေးရာတွင် ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်ရန် လက်မှတ်ရေးထိုး တောင်းဆိုသော မေတ္တာရပ်ခံစာကို ယခုလ ၇ ရက်နေ့တွင် တိုင်းမှူးထံ လိပ်မူ၍ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

"ဦးပညာစာရ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဥပဒေဘောင်အတွင်းက တရားစီရင်မှုတခု ဖြစ်နိုင်အောင်လို့၊ ပြီးတော့ သူ အခုလို ကြုံနေချိန် ဆရာ၊ တပည့် သာသနာ့ ညီအကိုချင်း လုပ်သင့်တယ်ထင်လို့ ဒီလို စာပို့တာပါ" ဟု လက်မှတ်ထိုး တောင်းဆိုရာတွင် ပါဝင်သည့် အမည်မဖ်ာလိုသော စစ်တွေမြို့မှ ဆရာတော် တပါးက မဇ္ဈိမကို မိန့်တော်မူသည်။

အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ အရာရာကို သီးခံခွင့်လွှတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့်အလုပ်ကို လုပ်ဆောင်ခြင်းတို့ကြောင့် မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတပါးကို တိုင်းတပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရေးအတွက် မေတ္တာရပ်ခံပါသည်ဟု စာထဲတွင် ရေးထားသည်။


---------------------------------------------------------


အရှင် ပညာစာရအတွက် တရားမျှတမူကိုလို၍ တိုင်းမှူးထံ စာရေးရခြင်း ဖြစ်ကြောင်း ဆရာတော်တပါးက ပြော (နိရဉ္စရာ)

September 10, 2010


http://www.narinjara.com/detailsbur.asp?id=2729


ဖမ်းဆီး လူဝတ်လဲခံထားရသော ဆရာတော် ရမ္မာဝတီ ပညာစာရအပေါ် တရား စွဲဆို ထားသော အမူများမှာ တရားဥပဒေနှင့် ညီညွတ်မူ မရှိသဖြင့် အမူကို လျော့ပေါ့ ပေးရန် စစ်တွေမြို့မှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစ်စောင်ကို ယခုလ ၇ ရက်နေ့က ရေးသား ပေးပို့ ခဲ့သည်။


အနောက်ပိုင်းတိုင်းမှူးထံ စာရေးသား ပေးပို့သော ဆရာတော်များမှာ စစ်တွေ ပုသိမ် ကျောင်းတိုက်၊ ဘင်္ဂလာ အ၀ကျွန်း ကျောင်းတိုက်၊ ဝေသာလီ ဓမ္မရတနာကျောင်းတိုက်၊ နိဂြောဓါရုံ ကျောင်းတိုက်၊ ဓမ္မပါလ ကျောင်းတိုက်၊ သုစိတ္တာရာမ ကျောင်းတိုက်၊ သုဓမ္မရက္ခိတ ကျောင်းတိုက်၊ ဦးဝါယမ ကျောင်းတိုက်၊ ဓမ္မ၀ိဇယျ ကျောင်းတိုက်၊ ဥဿလင်းကျောင်းတိုက်နှင့် ပုဏ္ဍားကျွန်း မြို့နယ် ငပြောက်ဆည် ကျောင်းတိုက်နှင့် မင်းပြားမြို့နယ် ပန်းမြောင်း ရွှေဖေါင်တင် ကျောင်းတိုက်တို့မှ ဖြစ်ကြသည်။

--------------------------------------------


ဖမ်းဆီးခံ သံဃာတော်အတွက် ဆရာတော်များ မေတ္တာရပ်ခံစာတင် (ဘီဘီစီ)

September 10, 2010


http://www.bbc.co.uk/burmese/burma/2010/09/100910_monk_appeal.shtml


ဆရာတော်ကြီး ၁၅ ပါးက စက်တင်ဘာလ ၇ ရက်နေ့မာ တိုင်းမူးဆီကို ဒီ အသနားခံစာကို တင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စာရေးသားပေးပို့ခဲ့တဲ့ ဆရာတော်တွေထဲမာ စစ်တွေက ပုသိမ်ကျောင်းတိုက်၊ ဘင်္ဂလား အဝကျွန်းကျောင်းတိုက်၊ ဝေသာလီ ဓမ္မရတနာ ကျောင်းတိုက်၊ နိဂြောဓာရုံကျောင်းတိုက်၊ ဘီလူးချောင်း ကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်နဲ့ မင်းပြားမြို့နယ် ပန်းမြောင်းရွေဖေါင်တော် ကျောင်းတိုက်က ဆရာတော်ကြီးတွေ ပါဝင်ပါတယ်။

-----------------------------------


အသျှင်ပညာစာရနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် NLD က သဘောထား ထုတ်ပြန် (Human Rights Myanmar/ လမ်းပြကြယ်)


http://www.humanright-myanmar.com/2010/09/blog-post_6943.html


http://www.lanpyakye.org/2010/09/blog-post_3894.html


ရခိုင်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း မတရားဖမ်းဆီးထိန်းသိမ်းခံနေ ရသော ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏သဘောထားရပ်တည်ချက်ကို ၄င်းတို့ ၏ ဆန္ဒ အရ (၉-၉-၂၀၁၀)နေ့ တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်(၇၁)နှစ်မြောက်အောက်မေ့ ဘွယ်နေ့ တွင် ထုတ်ပြန်လိုက်ပါသည်။ ထုတ်ပြန်ချက်တွင် အောက်ပါ အချက်များ ပါဝင်ပါသည်။

(၁) အသျှင်ပညာစာရ အား (၂၇-၇-၂၀၁၀)နေ့ တွင် မတရား ဖမ်းဆီးထိန်းသိမ်းပြီး၊သင်္ကန်းကို အတင်းအကြပ် ဆွဲချွတ်၍ အဓမ္မလူဝတ်လဲကာ၊ အစာမကျွေး ရေမပေးဘဲ ရက်အတော်ကြာ ရက်စက်စွာညှဉ်းပမ်းနှိပ်စက်၊ ရိုက်နှက်ကန်ကျောက်လျက် လူမဆန်စွာ စစ်ဆေးခဲ့ခြင်းမှာ ရခိုင်၏စစ်မှန်သောထေရ၀ါဒဗုဒ္ဓသာသနာတော် ကြီးကိုစော်ကားရာရောက်ပြီး၊ ဥပဒေနှင့်မညီ ကြီးမားသောလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

(၂) ရခိုင်သမိုင်းသုတေသီ ဆရာတော်အား ဖမ်းဆီးပြီး၊အာဏာပိုင်တို့ က သက်ဆိုင်သူ ကျောင်းထိုင်ဆရာ တော်နှင့်ရခိုင်လူမျိုးတို့ ၏ဆန္ဒကို လုံးဝဆန့် ကျင်လျက်၊ ကျောင်းရှိရခိုင်ကလေးငယ် ၁၀၀ ကျော်ကို ဌာနေ တိုင်းရင်းဒေသကို အဓမ္မစွန့် ခွာစေပြီးအတင်းအကြပ်ပြောင်းရွှေ့ နေရာချထားခြင်း၊ရခိုင်လူမျိုးတို့ ၏အသက် တမျှအရေးကြီးလှသောရခိုင်ရှေးဟောင်းအမွေအနှစ်များကိုအဓမ္မ သိမ်းပိုက်ယူဆောင်ခြင်းတို့ မှာ လူသားမျိုး နွယ်စုများအပေါ် ကျူးလွန်သည့်ကြီးမားလှသော ရာဇ၀တ်မှုကြီးပင်ဖြစ်သည်။

(၃)ဆရာတော်အား လူမဆန်သောစွပ်စွဲချက်များဖြင့် တရားစီရင်မှုပြုရာတွင်လည်း သက်သေအများစုမှာ ကလေးသူငယ်များဖြစ်နေခြင်း၊သက်သေများကိုမိဘဆွေမျိုးများနှင့်တွေ့ ခွင့်လုံးဝမရစေဘဲဖမ်းဆီးထိန်းသိမ်း ထားခြင်း၊စွပ်စွဲခံရသူဘက်မှတောင်းဆိုခြင်းမရှိဘဲ သက်သေများကို အာဏာပိုင်တို့ အလိုကျထွက်ဆိုလာစေရန် အကြိမ်ကြိမ်ခေါ်ယူစစ်ဆေးခြင်း၊တရားခွင်၌ သက်သေများကြောက်လန့် စေနိုင်သည့် မလိုလားအပ်သော လုံခြုံ ရေးတပ်ဖွဲ့ ဝင်များဝင်ရောက်အနီးကပ်စောင့်ကြည့်ခြင်းနှင့်မှတ်တမ်းယူနေခြင်း၊ မတရားစွပ်စွဲခံရသူဆရာတော် နှင့် ၄င်း၏ရှေ့ နေတို့ အမှုကိစ္စဆွေးနွေးရာတွင်လွတ်လပ်မှုလုံးဝမရှိခြင်း၊တရားခွင်အားအများပြည်သူကြားနာခွင့် လုံးဝမရရှိခြင်း အပါအ၀င်အခြားဥပဒေနှင့်မညီ၊တရားမျှတမှုလုံးမရှိသောလုပ်ရပ်များသည် တရားစီရင်ရေးမူကို လုံးဝပျက်စီးစေပြီး၊အပြစ်မဲ့သူအား နိုင်ငံရေးအရလုပ်ကြံအပြစ်ပေးရန်တမင်ကြံရွယ်ထားကြောင်းမှာသိသာ ထင်ရှား နေပါသည်။

(၄)ဤသို့ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရအား မတရားလုပ်ကြံခြင်းသည် ပြည်ထောင်စုကြီး အတွက်မည်သို့မျှအကျိုးမရှိနိုင်သလို၊ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို များစွာထိခိုက်စေသောကြောင့် ဆရာတော်အားခြွင်းချက်မရှိ(ချက်ချင်း)ပြန်လွှတ်ပေးပြီး၊ကျောင်းမှအဓမ္မသိမ်းယူသွားခဲ့သော ရခိုင်ကလေးငယ် များနှင့်ရခိုင်သမိုင်းအမွေအနှစ်များကို မူလနေရာ၊မူလပိုင်ရှင်လက်သို့ အမြန်ဆုံးပြန်လည်ထားရှိရမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များက အလေးအနက်ဆန္ဒပြုသည်။


------------------------------------------------------------------------------

http://rammawaddy.blogspot.com/





http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 100912/13


Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762



Burmese Businesses not Ready for AFTA


To go or not to go


Myanmar wins key support from China


China helps Burma’s Junta in order to expand its Naval Power


1,000 Burmese enter sixth day of strike at Thai plant


Now, Lord Ivar Mountbatten to split from his wife of 16yrs Lady Penelope


Myanmar to learn from China's experiences in reform and opening-up


Taiwanese Spies on Burmese Soil


Burma Says Defused Bombs Aimed at Disrupting Elections


Myanmar authorities defuse bomb near popular tourist market


Burma’s Junta accused market bomb defused disrupting the 7-November polls



မြန်မာကမ္ဘာ သတင်းပဒေသာ/ဆောင်းပါးများ

မြန်မာစာလုံးရယူရန် zawgyi bit (RFA) myanmar1 (BBC) အခြားမြန်မာဖောင့်များ

{အထက်ပါ မျဉ်းသားထားသောလင့်များကို တို့ပြီး မိမိတို့ကွန်ပျူတာတွင် သိမ်းဆည်းထားပါ}

BBC အသံ နံနက်ပိုင်း ညနေပိုင်း

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)


VDO messages for appeal to UN security council



ဦးဝင်းတင် ကျန်းမာရေး ချို့ယွင်း


ဆရာကြီးဦးဝင်းတင် ဆေးရုံတင်ရ


ဦးခွန်ထွန်းဦးမွေးနေ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပ


ရွေးကောက်ပွဲသပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ


ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်


အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကို တရုတ်မထောက်ခံကြောင်း စစ်အစိုးရသတင်းစာ ရေးသား


အပြင်မှာ တကယ် မြင်ရတာတွေကို မယုံနဲ့ ...


နိုင်ငံရေး မသူတော်နှစ်ဦးအား သပိတ်မှောက်ဆန့်ကျင်ကြ


ဖျတ်ခနဲ တွေ့ရသည့် လူများ၊ ဘ၀များ၊ သမိုင်းများ …


သံဃာတော်တွေ စောင့်ကြည့်ခံနေရဆဲဖြစ်


သာသနာရေး နိုင်ငံ့အရေး၊ ရွှေဝါသွေးတို့ သဘောထား


ဆမ် ကလျာဏီနှင့် မြန်မာ့အရေး မှတ်တမ်း


ထိုင်ဝမ် သူလျှိုများ မြန်မာပြည်တွင် လှုပ်ရှားနေသလား


မြန်မာတဦး စိတ်ကြွဆေးပြား ၇ သောင်းကျော်နှင့် ထိုင်းတွင် ဖမ်းမိ


မဲဆောက်တွင် အထည်စက်ရုံ မီးလောင်


ရန်ကုန်နှင့် သထုံ မိုင်းဗုံး ပဲခူးလူသတ်မှုနှင့် မဆိုင်


လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးသည့်လုပ်ငန်းများ ရပ်ဆိုင်း


ပဲခူးလူသတ်မှုအပြီး လုံခြုံရေး တင်းကျပ်


မဲဆောက်အထည်ချုပ်စက်ရုံမီးလောင် မြန်မာတစ်ထောင်ခန့် အလုပ်လက်မဲ့ဖြစ်


ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာများ လေးရက်မြောက် ဆန္ဒပြ


မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင်


ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား


ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် အဆုံးသတ်


ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေ


မြို့နယ်အလိုက် မဲပေးမည့် လူဦးရေစာရင်း ကောက်ခံ

စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး

အလုပ်သမားများ အသိမ်းခံရသည့် နိုင်ငံကူးလက်မှတ် ပြန်ရမည်

ကော်မရှင်အဆင့်ဆင့် ဘက်လိုက်မှုရှိ

ဗုံးသတင်းကြောင့် လုံခြုံရေးများချထား

မောရဝတီ ရေတပ်စခန်းမှ လယ်မြေဧက (၁ဝဝ) ကို တပ်ပိုင်အဖြစ် သိမ်းဆည်း

နိုင်ငံတကာ ဘဏ်လုပ်ငန်းမှာ မတည်ငွေတွေ တိုးမြှင့်သွားမည်


အီရန်မှာ ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား အာမခံနဲ့ ပြန်လွှတ်နိုင်


တူရကီ အခြေခံဥပဒေ ပြင်ဆင်ဖို့ မဲပေးသူအများစု ထောက်ခံ


9/11 အမှတ်တရ အောက်မေ့ဘွယ်နေ့ အမေရိကန် ကျင်းပ


9-11 အတိုက်ခံရတဲ့နေရာ အနီးအစ္စလာမ်စင်တာ ဆောက်လုပ်ရေး လိုလားသူနဲ့ ကန့်ကွက်သူတွေ ဆန္ဒပြ


ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်လုပ်ရပ် အိန္ဒိယ ဝေဖန်


အကြမ်းဖက် တိုက်ခိုက်ခံရမယ့် အရေး ပြင်သစ် စိုးရိမ်





--
all the best
mmhk

Something to share with you….

This is amazing, he died of pancreatic cancer in 2008, but wrote a book 'The last lecture" before then, one of the bestsellers in 2007. What a legacy to leave behind
In a letter to his wife Jai and his children, Dylan, Logan , and Chloe, he wrote this beautiful "guide to a better life" for his wife and children to follow.
May you be blessed by his insight.




POINTS ON HOW TO IMPROVE YOUR LIFE



Personality:

1. Don't compare your life to others'. You have no idea what their journey is all about.
2. Don't have negative thoughts of things you cannot control. Instead invest your energy in the positive present moment
3. Don't over do; keep your limits
4. Don't take yourself so seriously; no one else does
5. Don't waste your precious energy on gossip
6. Dream more while you are awake
7. Envy is a waste of time. You already have all you need..
8. Forget issues of the past. Don't remind your partner of his/her mistakes of the past. That will ruin your present happiness.
9. Life is too short to waste time hating anyone. Don't hate others.
10. Make peace with your past so it won't spoil the present
11. No one is in charge of your happiness except you
12. Realize that life is a school and you are here to learn.
Problems are simply part of the curriculum that appear and fade away like algebra class but the lessons you learn will last a lifetime.
13. Smile and laugh more
14. You don't have to win every argument. Agree to disagree.


Community:

15. Call your family often
16. Each day give something good to others
17. Forgive everyone for everything
18. Spend time with people over the age of 70 & under the age of 6
19. Try to make at least three people smile each day
20. What other people think of you is none of your business
21. Your job will not take care of you when you are sick. Your family and friends will. Stay in touch.


Life:

22. Put GOD first in anything and everything that you think, say and do.
23. GOD heals everything
24. Do the right things
25. However good or bad a situation is, it will change
26. No matter how you feel, get up, dress up and show up
27. The best is yet to come
28. Get rid of anything that isn't useful, beautiful or joyful
29. When you awake alive in the morning, thank GOD for it
30. If you know GOD you will always be happy. So, be happy.

While you practice all of the above, share this knowledge with the people you love, people you school with,
people you play with, people you work with and people you live with.
Not only will it enrich YOUR life, but also that of those around you.




Khitpyaing update 13/9/2010

မြို့နယ်အလိုက် မဲပေးမည့် လူဦးရေစာရင်း ကောက်ခံ



ရန်ကုန်တွင် မြို့နယ်အလိုက်မဲပေးမည့် လူဦးရေစာရင်းများကို စက်တင်ဘာ ဒုတိယပတ်မှ စတင်ကောက်ခံနေပြီဖြစ်သည်။

အဆိုပါ စာရင်းကောက်ယူမှုကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများက ကောက်ခံခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။

စာရင်းကောက်ခံရာတွင် မိသားစုအရေအတွက်၊ နေထိုင်သည့်လမ်း၊ ရပ်ကွက်၊ အသက်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ ရန်ကုန်တွင် လက်ရှိနေမနေ၊ နိုင်ငံရပ်ခြားတွင်ရှိမရှိ စသည်တို့ကို တိတိကျကျ စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ စံပြငါးဈေးအနီးတွင် နေသူတဦးက ပြောသည်။

စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စက်မှုဇုန်တွင် ယမန်နေ့ နံနက် (၃) နာရီခွဲကျော်၌ စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း (၁,၀၀၀) နီးပါးခန့် ဆုံးရှုံးခဲ့ရကြောင်း စက်ရုံမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက "ကာလပေါက်ဈေးကတော့ စက်ရုံတရုံတန်ဖိုးက သိန်း (၁,၀၀၀) နီးပါးပဲလေ။ အဲဒီမှာရှိတဲ့ စက်ပစ္စည်းတွေ၊ ကုန်တွေ အားလုံး လောင်သွားတာကိုး" ဟု ပြောသည်။

ကော်မရှင်အဆင့်ဆင့် ဘက်လိုက်မှုရှိ



နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သည် နိုင်ငံရေးပါတီများနှင့် ဆက်ဆံရာတွင် ကြံ့ဖွံ့နှင့် တစည ပါတီတို့ကို ကူညီပံ့ပိုးမှုများ လုပ်ပေးနေသော်လည်း အခြားပါတီများကို ကူညီမှုမရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

လွှတ်တော်အမတ်လောင်းများ အမည်စာရင်းတင်သွင်းမှုနှင့် ပတ်သက်ပြီး ဒီမိုကရက်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ၎င်းတို့အနေဖြင့် အမတ်လောင်းစာရင်း တင်သွင်းရေးကိစ္စ ကော်မရှင်က ကြေညာချက်ထုတ်သည့် သြဂုတ်လ (၁၆) ရက်နေ့မှစပြီး ကြိုးစားခဲ့ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် မယက က ကိုယ်ပြိုင်မည့် မြို့နယ်သို့ အိမ်ထောင်စုစာရင်း အထွက်- အဝင် လုပ်ရမည်ဆိုခြင်းကြောင့် ညွှန်ကြားချက်အတိုင်း တနေရာပြီး တနေရာ တဆင့်ပြီး တဆင့် တရက်ပြီး တရက် သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း၊ အမတ်လောင်းစာရင်း တင်ခါနီး သြဂုတ်လ (၂၈) ရက်နေ့အထိ ပြီးပြတ်ခြင်း မရှိကြောင်း၊ အဆိုပါကိစ္စ ခရိုင်ကော်မရှင်ကို တင်ပြသည့်အခါ အဆိုပါအဆင့်များ လုပ်ရန်မလိုဟု ပြောကြောင်း၊ မိမိအနေဖြင့် ရက်ပေါင်းများစွာ အချိန်ကုန် အခက်အခဲ ဖြစ်ခဲ့ရကြောင်း ပြောသည်။

ဗုံးသတင်းကြောင့် လုံခြုံရေးများချထား



ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရထားလမ်း ခုံးကျော်တံတားတွင် ပြီးခဲ့သည့် စက်တင်ဘာ ( ၁၁ ) ရက်၌ ချိန်ကိုက်မိုင်းဗုံးတလုံးတွေ့ရှိကြောင်း နအဖသတင်းစာတွင် အကျယ်တ၀င့် ဖော်ပြခဲ့ပြီးသည့်နောက် ရန်ကုန်မြို့ လူထူထပ်သော နေရာများ၌ လုံခြုံရေးများ ချထားသည်။

"ရွေးကောက်ပွဲ ကာလကလည်း နီးနေပြီလေ။ နောက်လတွေဆို လုံခြုံရေးက ပိုယူရတော့မယ်၊ ရွေးကောက်ပွဲ လုပ်ပြီးသွားဖို့ပဲ လိုတာ" ဟု ရန်ကုန်တိုင်းရဲရုံးမှ အရာရှိတဦးက ပြောသည်။

အလုပ်သမားများ အသိမ်းခံရသည့် နိုင်ငံကူးလက်မှတ် ပြန်ရမည်


မြန်မာအလုပ်သမား (၁,၀၀၀) ခန့်၏ ယာယီနိုင်ငံကူးလက်မှတ်များကို ထိုင်းအလုပ်ရှင်က သိမ်းထားကာ အလွဲသုံးစားပြုမှုကို မကျေနပ်၍ (၆) ရက်ကြာ ဆန္ဒပြမှုအပြီးတွင် အလုပ်ရှင်က သိမ်းထားသည့်လက်မှတ်များကို မနက်ဖြန်တွင် ပြန်ပေးမည်ဟု ပြောကြားလိုက်သည်။

တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာပေးအစီအစဉ် MAP Foundation အဖွဲ့၊ ထိုင်းအလုပ်သမားအဖွဲ့၊ အလုပ်ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ် (၈) ဦးပါအဖွဲ့တို့ ယနေ့ဆွေးနွေးပွဲအပြီးတွင် အလုပ်ရှင်က သဘောတူလိုက်ခြင်း ဖြစ်သည်။


ရွှေဝါရောင်မြစ်ဖျား ပခုက္ကူသားများ (ဇာနည် ပခုက္ကူ)

Posted: 13 Sep 2010 01:06 AM PDT


ဒေါက်တာလွဏ်းဆွေရဲ့ ဘလော့ခ်စာမျက်နှာမှာ တလောက ဆင်သေကိုဆိတ်သားရေနဲ့ဖုံးတဲ့နအဖ ဆိုတဲ့ ဝေဖန်ရေးဆောင်းပါးတခုရေးမိပါတယ်။ အဲဒီဆောင်းပါးအောက်က စာဖတ်သူတွေရဲ့ အမြင်သဘောထား (comments)တွေထဲမှာ ရွှေဝါရောင်တော်လှန်ရေးလို့ ဖြစ်လာတာဟာ ပခုက္ကူကစလို့ စာရေးသူက ပခုက္ကူနာမည် တလွဲအသုံးချထားတယ်လို့ ဝေဖန်အားပေးထားတာတွေ့ရပါတယ်။ ဒီတော့ မမေ့နိုင်သေးတဲ့ ပခုက္ကူရဲ့ စက်တင်ဘာ ရာဇ၀င်လေးကို ၃ နှစ်ပြည့်အမှတ်တရအနေနဲ့ ပြန်ပြောပြပါဦးမယ်။

ဒီရာဇ၀င်ဟာ သြဂုတ်လ ၂၂ ရက်မှာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဖို့တိုက်ပွဲခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမပါရင် ပြည့်စုံတယ်လို့ မထင်ပါဘူး။ ရန်ကုန်မှာ သူတို့တတွေ အဖမ်းခံခဲ့ရပြီးနောက် ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းချပေးဖို့ တောင်းဆိုတဲ့အနေနဲ့ သြဂုတ်လကုန်ပိုင်းမှာ ပခုက္ကူ အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးဟာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို စီတန်းလမ်းလျှောက်ပြီး စာသွားပို့ခဲ့ပါတယ်။

အဲဒီနောက် ပခုက္ကူစာသင်တိုက်မှာရှိတဲ့ နိုင်ငံရေးအမြင်ရှိတဲ့ သံဃာတော်တွေဟာ ဒကာဒကာမတွေအတွက် တခုခုဝိုင်းလုပ်မှဖြစ်မယ်ဆိုပြီး လျှို့ဝှက်ဆွေးနွေးတိုင်ပင်မှုတွေလုပ်လာပါတယ်။ ကျနော်နဲ့ ဦးဇင်းတွေ တိုင်ပင်ဖြစ်တော့ သံဃာအများစုပါနိုင် မပါနိုင် အကဲစမ်းကြည့်သင့်တယ် ဆိုပြီး စာသင်တိုက်တွေထဲဝင်ပြီး စနည်းနာကြပါတယ်။ အဲဒီနောက် စာသင်တိုက် တတိုက်တိုက်က စထွက်ဖြစ်ရင် ကျန်တဲ့တိုက်တွေလည်း အုန်းမောင်းခေါက်ပြီး လူစုထွက်ကြဖို့ ဆော်သြဖြစ်ခဲ့ကြပါတယ်။ သံဃာအား များလာရင် ကုန်ဈေးနုန်းကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စတာတွေရေးထားတဲ့ ပလေကဒ် (placard) တွေကိုင်ပြီး မေတ္တာပို့လမ်းလျှောက်ဖို့စီစဉ်ကြတယ်။


စက်တင်ဘာ ၅ ရက်နေ့နေ့ခင်း စာအံချိန် ၂နာရီလောက်မှာတော့ အနောက်တိုက်လို့ခေါ်တဲ့ သာသနာ့ဝိပုလာရာမတိုက်ကနေ သံဃာ အပါး ၅၀ ကျော်စတင်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့အရပ်မှာရှိတဲ့ အလယ်တိုက် (၀ါ) မဟာဝိသုတာရာမတိုက်ကို ချီတက်ကြွချီကြတယ်။ အလယ်တိုက်မှာ အုန်းမောင်းခေါက်ပြီး သံဃာတော်တွေကို ၀င်ခေါ်တော့ သံဃာ ၂၀၀ ကျော်လာပြီး အရှေ့တိုက်ဆီ ဆက်ချီတက်တော့ လမ်းမှာ ဗောဓိမဏ္ဍိုင်တိုက်အပါအ၀င် ဘေးကျောင်းတွေက သံဃာတွေပါ ပါလာပြီး အရှေ့တိုက်လို့ခေါ်တဲ့ မဟာဝိဇယာရာမအရောက်မှာတော့ သံဃာ ၅၀၀ ကျော်ဖြစ်သွားပါတယ်။

အရှေ့တိုက် မြောက်ဘက်မုခ်ကနေထွက်ပြီး အနောက်ပေါက်လမ်းအတိုင်း သီဟိုဠ်ရှင် ဘုရားကြီးထိ မေတ္တာပို့သံတွေနဲ့ စီတန်းကြွချီလာကြပါပြီ။ သာသနာ့အလံတချို့ ကိုင်တဲ့ကိုယ်တော်ကကိုင် ရှေ့ဆုံးက တောင်းဆိုချက် ပလေကဒ်ကို သံဃာ ၂ ပါးကကိုင်ပြီး ပေါက်လမ်း အတိုင်းထွက်လာတဲ့အခါ ပခုက္ကူမြို့လယ်လို့ ခေါ်ရမယ့် ဆေးရုံ ၂ ရုံ ကြားက မီးပွိုင့်မှာတော့ တပ်မ ၁၀၁ က ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ထွေး နဲ့ အနောက်တပ်လို့ခေါ်တဲ့ မြကန်သာတပ်က တပ်ရင်းမှူးး ဗိုလ်မှူးမျိုးသန့်ဇင် (သရုပ်ဆောင် မင်းထက်ကျော်ဇင်ရဲ့ အကိုအရင်း) ဦးဆောင်တဲ့ တပ်စိပ် က အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဘေး ခပ်လှမ်းလှမ်းမှာတော့ စစ်တပ်ကကားတွေပေါ်မှာ စစ်သားတွေရှိနေတယ်။

ကျနော်က ခေါင်းဆောင်ဆရာတော်တပါးကို ရှေ့မှာစစ်တပ်ရှိနေတဲ့အတွက် ဘယ်လိုလုပ်မလဲလို့ သွားရောက်လျှောက်ထားတဲ့အခါမှာတော့ စစ်တပ်ကို မေတ္တာရပ်ခံပြီး မူလသတ်မှတ်ထားတဲ့ သီဟိုဠ်ရှင် ဘုရားကြီးထိ ကြွချီဖို့ ဆုံးဖြတ်ကြတယ်။ စီတန်းကြွချီတဲ့နောက်ကိုလည်း လူတွေမလိုက်ဖို့ လက်ခုပ်မတီးဖို့ သံဃာတော်တွေက တားမြစ်ထားတယ်။ ဒီလိုနဲ့ သံဃာတန်းကြီးက အလက(၃)ကျောင်းရှေ့မှာ ရောက်နေချိန် ရှေ့ဆုံးက သံဃာတော်တွေကတော့ စစ်တပ်နဲ့ ရင်ဆိုင်ပြီးဆက်ချီတက်ဖို့ စကားစပြောနေပါတယ်။

ဒီအချိန်မှ မြို့နယ်သံဃာမဟာနယက ဆရာတော် ဦးတေဇော(အလယ်တိုက်) နဲ့ ခယက မယကတွေ ပွိုင့်ကားနဲ့ရောက်လာပြီး ဦးတေဇောက ခေါင်းဆောင်သံဃာတော်တွေကို လက်ညိုးထိုးပြီး ဒီကောင်ဖမ်း ဒီကောင်ဖမ်းနဲ့လက်ညိုးထိုးတော့ သံဃာတွေ ရုတ်ရုတ်သဲသဲဖြစ်သွားချိန်မှာ စစ်တပ်က သေနတ် ၁၀ ချက်လောက် မိုးပေါ်ထောင်ဖေါက်လိုက်တယ်။ စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ဝင်ရိုက်တော့ အားလုံး ဖရိုဖရဲနဲ့ဆေးရုံထဲ ၀င်ပြေးသူပြေး၊ အလက(၃)ထဲ ၀င်ပြေးသူကပြေး၊ ခရစ်စယာန်ကျောင်းထဲ ပြေးသူပြေး၊ ဆေးရုံအိမ်သာတွေထဲ ၀င်ပုန်းသူပုန်းနဲ့ပေါ့ဗျာ။ အဲဒီမှာ လမ်းတွေပိတ်ပြီး ဘယ်သူမှမ၀င်ရတဲ့အချိန်မှာ ကြံ့ဖွတ်အတွင်းရေးမှူး လှဝင်းနိုင်နဲ့ နှစ်တစ် ခင်မောင်ဝင်းလို့ခေါ်တဲ့ လူရမ်းကားက အခန်းတွေထဲဝင်နေတဲ့ သံဃာတွေကို ဒီထဲမှာတကောင်ဟေ့ ဖမ်းဖမ်းဆိုပြီး ပြောပြောဆိုဆိုနဲ့ ၀င်ဖမ်းဝင်ရိုက်တယ်လို့ အဖမ်းခံရတဲ့ ဦးဇင်းတွေကပြောပါတယ်။

အဲဒီနောက် လူစုကွဲသွားတယ်ဆိုပါတော့။ အရှေ့တိုက်ထဲကိုတော့ လူရမ်းကားတွေ၊ စစ်တပ်တွေမ၀င်ရဲဘူး။ နောက်ပိုင်းမှာ သံဃာတပါး ပျံတော်မူသလို၊ ၁၀ပါးကျော်ဖမ်းခံရသလို သတင်းတွေထွက်လာတယ်။ ညနေ ၆နာရီလောက်ရှိတော့ အလက(၃)ကျောင်းထဲမှာ ဆရာတော်ကြီးတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ညှိနှိုင်းကြတယ်။ ဖမ်းထားတဲ့ ကိုယ်တော်တွေကို ပြန်လွှတ်ပေးရင် သံဃာတွေကို ထိန်းးပေးမယ်လို့ သဘောတူလိုက်တော့ ဖမ်းထားတာ ၃ ပါးဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။

သူတို့ကတော့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင်စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒတို့ ဖြစ်ပါတယ်။ သူတို့ပြောပြချက်ရ သူတို့ကို ဓါတ်တိုင်မှာကြိုးနဲ့တုပ်တယ်၊ ၀ိုင်းရိုက်တယ်၊ ရဲစခန်းထဲမှာ လူဝတ်လဲပြီး အချုပ်ထဲ နေရတယ်၊ နောက်တော့အထက်အမိန့်ဝင်လာတာနဲ့ သင်္ကန်းပြန်ဝတ်ခိုင်းပြီး လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ ဒါ စက်တင်ဘာ ၅ ရက်နေ့က အဖြစ်အပျက်ပါပဲ။

နောက်နေ့ မနက်မှာတော့ တိုင်းသာသာနာရေးဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကိုဝင်ပြီး လှုပ်ရှားမှုတွေမှာ ၀င်မပါဖို့ လျှောက်ထားတော့တာပဲ။

ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ သူတို့ အလယ်တိုက်ကိုအရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် ၁၃ ယောက်ကို ထိန်းသိမ်းထားလိုက်တယ်။ သူတို့စီးတဲ့ ကား၅စီးထဲက ၃စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျန် ၂စီးက မလေးဆေးလိပ်ခုံပိုင်ရှင် ဦးတင့်ဆွေနဲ့ ဒေါက်တာစိန်ဝင်းတို့ရဲ့ကား ဖြစ်နေလို့ မဖျက်လိုက်ပါဘူး။ သူတို့က ဂေါပကထဲမှာ ပါနေတာကြောင့်မို့လို့ပါ။ ညနေမှာတော့ တိုက်အုပ်ဆရာတော်နဲ့ အာဏာပိုင်တွေ ညှိနိုင်းပြီး ဖမ်းထားတဲ့ သံဃာတွေရှိမရှိ ကျောင်းတိုက်တွေကို လိုက်စစ်ဆေးပြီးမှာ ဒီလူ ၁၃ ယောက်ကို နောက်ဖေးပေါက်ကနေ မီးသွေးတင်ကားနဲ့တင်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။

နောက်နေ့၊ နအဖသတင်းစာတွေနဲ့ မီဒီယာတွေမှာတော့ ဒီဖြစ်ရပ်မှန်တွေကို ဖုံးကွယ်လိမ်ညာပြီး ပခုက္ကူမှာရှိတဲ့ နိုင်ငံရေးသမားတွေ လုပ်ကြံလီဆယ်ပြီး ချဲ့ကားပြောတယ်ဆိုတာ `ဆင်သေကို ဆိတ်သားရေနဲ့ဖုံးဖို့ ကြိုးစားလာတော့တာပါပဲ။

အဲဒီနောက်တော့ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတွေရဲ့ တောင်းဆိုသံတွေ ထွက်လာပါတော့တယ်။ ပခုက္ကူသံဃာတွေအပေါ် ကျူးလွန်ထားတာတွေကို ကျေနပ်သည်ထိ ၀န်ချတောင်းပန်ဖို့ မတောင်းပန်ရင် စက်တင်ဘာ ၁၈ ရက်နေ့မှာ ပတ္တနိကုဇ္ဇနကံဆောင်မယ် ကြေငြာလိုက်ပါတယ်။ ဒါကို ငမိုက်သားတွေက မတောင်းပန်တဲ့အတွက် တနိုင်ငံလုံး၊ သံဃာတွေရဲ့ ကံဆောင်ပွဲတွေ မေတ္တာပို့ကြွချီတာတွေ စတင်ဖြစ်လာတော့တာပါပဲ။

ကျနော်ကတော့ ၇ ရက်နေ့ညကတည်းက အိမ်မှာမနေရတော့ပဲ ဘုန်းကြီးကျောင်းတကျောင်းမှာ ပုန်းရှောင်နေရပါတယ်။ ပခုက္ကူက နိုင်ငံရေးတက်ကြွသူတွေဖြစ်တဲ့ ဦးသန့်ရှင်း၊ ဦးနေလ၊ ဦးသာအောင်၊ ဦးစိန်လင်းတို့ကိုဖမ်းပြီး သရက်ထောင်ကို တန်းပို့လိုက်တဲ့သတင်း ကြားရပါတယ်။ ဦးသန့်ရှင်းကို ၉နှစ်ချလိုက်ပြီး ကျန် ၃ ယောက်ကိုတော့ ၂ နှစ်ဆီ ထောင်ချလိုက်ပါတယ်။ ဘုန်းကြီးတွေ ကားမီးရှို့ရာမှာ ကူညီတယ်ဆိုတဲ့ ငြိမ်းချမ်းနဲ့ ဖိုးနီကိုလည်း ထောင်ဒဏ် နှစ်ရှည်ချလိုက်ပါတယ်။

ကျနော်ကတော့ စက်တင်ဘာ ၂၂ ရက်နေ့ထိ သံဃာတွေနဲ့ အတူရှိနေခဲ့ပြီး ၂၂ရက်ညမှာ ကျောင်းတိုက်ကို ၀င်ရှာမယ် ဆိုတဲ့သတင်းကြောင့် ကျောင်းနေသံဃာတော်တွေကို ငဲ့တာတကြောင်း ကိုယ်တိုင်လည်း အဖမ်းမခံချင်လို့ ပခုက္ကူကနေ ထွက်ပြေးခဲ့ရပါတယ်။

၂၀၀၇ စက်တင်ဘာတုန်းက ပခုက္ကူ မှာ တေ(၃)တေ ရေ(၃)ရေ ဆိုပြီး တဘောင်စကားတခု ထွက်လာခဲ့ပါတယ်။ တေ(၃)တေ ဆိုတာကတော့ ပခုက္ကူ သံဃာလှုပ်ရှားမှုမှာ ဦးဆောင်သံဃာတပါးအဖြစ် ပါဝင်ခဲ့တဲ့ ဦးတေဇော၊ သံဃာတွေကို ဖမ်းခိုင်းတဲ့ မဟနက ဦးတေဇောနဲ့ စက်တင်ဘာ ၁၈ ရက် သံဃာတွေ စထွက်မဲ့အချိန်မှာ ထောက်လှမ်းရေးကို သတင်းပေးလို့ သံဃာတွေက နှင်ထုတ်ခဲ့တဲ့ ဦးတေဇောတို့ပါဘဲ။ ရေ(၃)ရေ ကတော့ အဲဒီနှစ်မှာ ဧရာဝတီမြစ်ရေ ၃ ခါကြီးပြီး အရင်က ရေမရောက်တဲ့နေရာတွေထိ ရေတက်ခဲ့တဲ့ အမှတ်အသားအဖြစ် တေ(၃) တေ၊ ရေ(၃) ရေ ဆိုပြီး ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီလို သံဃလှုပ်ရှားမှုကြီးကို ပခုက္ကူကနေ စတင်ခဲ့ရတဲ့အတွက် ပခုက္ကူသားတယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ နောက်တခုက ထောင်ဒဏ်(၂)နှစ် ကျခံရတဲ့ ဦးသာအောင်ဟာ ထောင်က လွတ်ပြီးမကြာခင်မှာပဲ အသည်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်ထိ နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ လုပ်ကိုင်ရင်း နအဖကို ဒူးမထောက် လက်မမြှောက်ပဲ တိုက်ပွဲဝင်သွားတဲ့အတွက် သူ့အတွက်လည်း ဂုဏ်ယူတယ်ဗျာ။ သရက်ထောင်မှာ (၉)နှစ် ကျခံနေရဆဲဖြစ်တဲ့ တိုက်ပွဲဝင် ရဲဘော်ကြီး ဦးသန့်ရှင်း အတွက်လည်း လေးစားဂုဏ်ယူနေပါတယ်။ ကားမီးရှို့ရာမှာ သံဃာတွေဘက်က ကူညီခဲ့လို့ဆိုပြီး ဖမ်းခံရတဲ့ ညီငယ်တွေအတွက်လည်း ဂုဏ်ယူတယ်။

ဒီလိုပဲ နိုင်ငံတ၀ှမ်းမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ထောင်ကျော်အတွက်လည်း လေးစားဂုဏ်ယူနေပါတယ်။ သူတို့လွတ်မြောက်ရေးနဲ့ ကျနော်တို့ချစ်တဲ့ မြန်မာပြည်ကြီး အေးချမ်းသာယာပြီး တရားမျှတမှုတွေနဲ့ လွှမ်းခြုံနိုင်ဖို့၊ မတရားတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ကျနော်တို့အားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ကြပါစို့။

ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသောရဲဘော်များ၊ ထောင်သွင်း အကျဉ်းကျခံ နေရသူများ၊ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေသူများ အားလုံးကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ပါရစေ။

ဇာနည်(ပခုက္ကူ)



ရှေ့နေဦးအေးမြင့်က တပ်မတော်နဲ့ပြည်သူ လက်တွဲပြုတ်နေပြီဝေဖန်

Posted: 12 Sep 2010 10:04 PM PDT

အညာနွေတမာမြေ



This posting includes an audio/video/photo media file: Download Now

အတူပျံသန်းခြင်း (သို့) အတူပေးဆပ်ခြင်း

Posted: 12 Sep 2010 05:30 AM PDT

၁၂.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/သားများ၊ အလုပ်အမှုဆောင်များ၊ ၀န်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်း ခေါ်သံကို အားလုံး စူးစိုက်စွာဖြင့် အာရုံစွင့်နေကြသည်။



အကြောင်းမှာ ယနေ့သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့်မည့် နေ့ဖြစ်သည်။ ထို တစ်သောင်းပြည့် ဈာပန လမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်စဉ် ထူးထူးခြားခြား သင်္ဂြိုလ်ပေးခြင်း အခမ်း အနားများကို ကျင်းပနေမြဲမို့ ယခု တစ်သောင်းပြည့် လမ်းကြောင်းတွင်လည်း ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ နိုင်ငံခြားမှ လှူဒါန်းထားသော နိုင်ငံခြားဖြစ် အခေါင်းနှင့် သင်္ဂြီုလ်ပေးခြင်း၊ ရက်လည် ဆွမ်းကပ်သော နေ့ရက်တွင် သံဃာတော်များအား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် မှအစ ၀တ္ထုငွေနှင့် ကျန်ရစ်သူ မိသားစုအား အသင်းသူ/သားများ စုပေါင်းလှူဒါန်းထားသော ငွေတို့ဖြင့် ပေးအပ်ရန်၎င်း၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်း တို့အပြင် ယခု ၂၀၁၀ ခုနှစ်အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ် အဖွဲ့၏ ပွဲဦးထွက် ဈာပနလမ်းကြောင်းလည်း ဖြစ်တော့သည်။



ယခု တစ်သောင်းပြည့် ဈာပန အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်) ဓါတ်ပုံရိုက်သင်တန်းမှ အသင်းသူ/သားများအအတွက် "ဘ၀နိဂုံး အဆုံးပုံရိပ်" ခေါင်းစဉ်ဖြင့် ဓါတ်ပုံပြိုင်ပွဲပါ တစ်ပါတည်း ကျင်းပခဲ့ပြီး၊ မော်တော်ယာဉ်အဖွဲ့မှ အသင်းသား ကိုစည်သူမှ ဈာပန ပို့ဆောင်ရေးအတွက် နာရေးရှင်များ ရပ်ကွက်တွင်းမှ နာရေး လိုက်ပါ ပို့ဆောင်ကြမည့် ဧည့်ပရိတ်သတ်များအတွက် BM ဟီးနိုးကား (၅) စီးပါ ပံ့ပိုးကူညီခဲ့သည့်အတွက် အလွန်စည်ကားစွာဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနိုင်ခဲ့သည်။



ထို တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား သာကေတမြို့နယ်၊ ဇေယျဝတီ (၅) လမ်းမှ ဆင်းရဲနွမ်းပါးသော မိသားစု (၄) ဦးသာ ကျန်ရှိသော အိမ်ငယ်လေးမှ ဖြစ်သည်။ ကျန်ရစ်သူ မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရှေ့ပြေးယာဉ်ဖြင့် သွားရောက်ကာ ဈာပန ပို့ဆောင်ရေးအဖွဲ့မှ ဦးအေးကြူ က အသင်း၏ အခမဲ့ ပံ့ပိုးကူညီ လှူဒါန်းမှုများကို ဦးစွာသွားရောက်၍ ရှင်းလင်းခဲ့သည်။ ကွယ်လွန်သူ မဇာခြည် အသက် (၃၂) နှစ်တွင် မိခင်၊ အမျိုးသားဖြစ်သူနှင့် ကလေးငယ် (၂) ဦးတို့သာ ကျန်ရစ်ခဲ့သည်။ လူမမယ် ကလေးငယ်သည် မိခင်ဖြစ်သူ မဇာခြည် သေဆုံးသွားကြောင်း မသိရှိသဖြင့် မိခင် ဖြစ်သူ၏ နို့ရည်အား သောက်သုံးရန် ကြိုးစားခဲ့ပုံကို နာရေးရှင်တို့၏ နေအိမ်တွင် ပြောကြား၍ သိရှိခဲ့ ရသည်။



ယခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ တစ်သောင်းပြည့် ဈာပနာ အခမ်းအနား အတွက် အလှူငွေ ကောက်ခံခဲ့ရာ ၂၁၇၀၀၀/- (နှစ်သိန်းတစ်သောင်းခုနှစ်ထောင်) ကျပ်တိတိကို ရရှိ ခဲ့ပြီး ယင်းအလှူငွေအား ကျန်ရစ်သူ ကလေးတို့၏ ရှေ့ရေးအတွက် အသုံးပြုရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ကွယ်လွန်သူ၏ အမျိုးသားဖြစ်သူကို မှာကြား၍ ပေးအပ်ကူညီ ခဲ့သည်။ ထို့ပြင် ရက်လည်ဆွမ်းကပ်ရာ၌ သံဃာတော်အား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် တို့အားလည်း ပေးအပ်ခဲ့သည်။



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများသည် လူမှုရေးလုပ်ငန်း လုပ်ဆောင် ရာ၌ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိ။ ထို့အတူ ကျွန်ုပ်တို့ လူမှုရေးသမားများနှင့် ဂီတလူမှုရေး သူရဲကောင်းများကလည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂၀၁၀ ခုနှစ် တစ်သောင်းပြည့် ဈာပန အခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်ုပ်တို့သည် အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။



သင် … ဘာကားစီးချင်လဲ ?
ဘာကား စီးစီး … နောက်ဆုံးတော့ မီးခိုးနဲ့ ပြာ
ပါသွားမှာက ကုသိုလ် နဲ့ အကုသိုလ်။
ကျော်သူ


အညာနွေတမာမြေ


မကွေးတိုင်းမှာ အသက်မပြည့်သေးတဲ့ ကလေးမတဦးကို စစ်သားက မုဒိမ်းကျင့်

Posted: 12 Sep 2010 04:41 AM PDT

မကွေးတိုင်း မိကျောင်းရဲ အခြေစိုက် ခလရ (၈၃)မှ တပ်သားတဦးကနေ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာက ဦးဇော်ကြီး ဒေါ်ချိုတို့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးလေး မပြည့်ဇော်ချိုကို ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗလက္ကာရပြုကျင့်သွားသည်ဟုသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်နေ့ မနက်က မပြည့်ဇော်ချိုဟာ မိသားစုပိုင် ဆိတ်တွေကို ရွာပြင်စားကျက်မှာ ဆိတ်ကျောင်းနေချိန် ခလရ (၈၃ )က တပ်သားတဦးရောက်လာပြီး သားမယားအဖြစ်ပြုကျင့်သွားပါတယ်။ သူ့ကိစ္စ၀ိစ္စပြီးချိန်မှာ ကလေးကို ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တော့ အိမ်ပြန်ရောက်မှ မိဘတွေကို ပြန်ပြောပြမှ မိဘတွေသိရတယ်လို့ဆိုပါတယ်။

မိဘတွေက သက်ဆိုင်ရာကို တိုင်ကြားတဲ့အခါမှာတော့ အဲဒီတပ်သားကို ထိမ်းသိမ်းထားပြီး ကလေးမလေးရဲ့ ဖခင် ဦးဇော်ကြီးကိုလည်း မကွေးတပ်ရင်းက ခေါ်သွားကာ သတင်းမပေါက်ကြားဖို့ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။ ခုချိန်ထိ အိမ်ပြန်မရောက်သေးပါဘူး။ မိသားစုကလည်း ဘာဆက်လုပ်လို့လုပ်ရမှန်း မသိသေးဘူးလို့သိရပါတယ်။ ကာယကံမြောက်လုပ်သွားတဲ့ စစ်သားနာမည်ကိုလည်း ဖေါ်ထုတ်နိုင်အောင်ကြိုးစားနေပါတယ်။

စစ်တပ်တွင်းက အဓမ္မလုပ်ရပ်တွေကတော့ တနေ့တခြား ဂျပန်ခေတ်လိုဖြစ်လာနေပါပြီ နီးရာစစ်သား တွေ့ရာဓါးနဲ့ ထချိုင်ဖို့ကလွဲလို့ တခြားနည်းလမ်းနဲ့ မတန်တော့ပါဘူး။ မကြာခင် စစ်အာဏာရှင်ကို အသက်သွင်းဖို့ လုပ်မဲ့ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး ဦးနှောက်သုံးပြီး မပျက်ပျက်အောင် ဖျက်ဆီးသွားဖို့ လိုပါတယ်။ ဒီစစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်နေမယ်ဆိုရင် ကျုပ်တို့ ခင်များတို့ နှမတွေ မအေတွေကို အိမ်ပေါ်ထိတက်ဆွဲတော့မယ့် အခြေအနေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ

ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချေမှုန်းသွားကြပါစို့






အညာနွေတမာမြေ

ထိပ်တန်းသတင်း

တူရကီ အခြေခံဥပဒေ ပြင်ဆင်ဖို့ မဲပေးသူအများစု ထောက်ခံ


တူရကီနိုင်ငံမှာ အနှစ် ၃၀ ကြာ ပြဋ္ဌာန်းအုပ်ချုပ်လာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ ပြင်ဆင်ရေး မဲဆန္ဒရှင် ၅၈% က ထောက်ခံလိုက်ပါတယ်။


နိုင်ငံတကာ ဘဏ်လုပ်ငန်းမှာ မတည်ငွေတွေ တိုးမြှင့်သွားမည်


ဘဏ်တွေက အရံဘဏ္ဍာအဖြစ် ထားတဲ့ မတည်ငွေတွေကို တိုးမြှင့်ဖို့အတွက် ကမ္ဘာတ၀န်းက ဗဟိုဘဏ် အကြီးအကဲတွေ သဘောတူလိုက်ကြပါတယ်။


အီရန်မှာ ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား အာမခံနဲ့ ပြန်လွှတ်နိုင်


အီရန်မှာ ထောင်ဒဏ်တနှစ် ကျခံနေရတဲ့ အမေရိကန်တောင်တက်သမား တယောက် အာမခံနဲ့ ပြန်လွတ်တော့ မယ်လို့ အီရန်အစိုးရရှေ့နေ တယောက်ကပြောပါတယ်။


မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင်


မဲဆောက်မြို့ ဘန့်စောင်ခွဲ ရပ်ကွက်က အိုမီဂါ အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားတာကြောင့် ယာယီအားဖြင့် အလုပ်သမားတွေ အလုပ်ရပ်နားထားပါတယ်။


9-11 အတိုက်ခံရတဲ့နေရာ အနီး အစ္စလာမ်စင်တာ ဆောက်လုပ်ရေး လိုလားသူနဲ့ ကန့်ကွက်သူတွေ ဆန္ဒပြ


9-11 တိုက်ခိုက်ခံရတဲ့ နေရာအနီး အစ္စလာမ်ဘာသာ လေ့လာရေးဌာန တည်ဆောက်မယ့် အစီအစဉ်ကို လိုလားသူနဲ့ ကန့်ကွက်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။


ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား


ပြည်နယ်လွှတ်တော်တွေဟာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ အာမခံပေးနိုင်မှု မရှိဘူးလို့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။


အကြမ်းဖက် တိုက်ခိုက်ခံရမယ့် အရေး ပြင်သစ် စိုးရိမ်


Al Qaeda စစ်သွေးကြွအဖွဲ့က ပြင်သစ်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြင်သစ်အရာရှိတဦးက ပြောပါတယ်။


ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်လုပ်ရပ် အိန္ဒိယ ဝေဖန်


အမေရိကန် ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ မူဝါဒတွေကို အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးက ဝေဖန်လိုက်ပါတယ်။


9/11 အမှတ်တရ အောက်မေ့ဘွယ်နေ့ အမေရိကန် ကျင်းပ


စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်နှစ်လုံး တိုက်ခိုက်ခံခဲ့ရမှု နှစ်ပတ်လည် အခမ်းအနားများ ကျင်းပ။


ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှုတ်ချ


နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမထည့်ဝင်ကြဖို့ လှုံ့ဆော်နေသူတွေကို စစ်အစိုးရ သတင်းစာတွေက ရှုတ်ချသွားပါတယ်။

ဆက်ရန်

No comments: