Thursday, September 30, 2010


ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆိုသည့် သတင်းကြောင့် ပြည်သူများ ပျော်ရွှင်နေကြ

တက်လူ   /   ၀၁ အောက်တိုဘာ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသည့်သတင်းကြောင့် ရန်ကုန်ပြည်သူများ ကျေနပ်ပျော်ရွှင်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်များက သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိတဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ စက်တင်ဘာ (၃၀) ရက် ယမန်နေ့၌ ပြည်ပအသံလွှင့်ဌာနများက သတင်းထုတ်လွှင့်မှုအပေါ် ရန်ကုန်ပြည်သူတို့က ယင်းသို့ ပျော်ရွှင်ကျေနပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မယ်ဆိုတာ သိတယ်၊ သူလွတ်ရက်ပြည့်ပြီလေ။ ဒါပေမယ့် အစိုးရက မလွှတ်ဘဲနေမှာကို စိတ်ပူနေတာ။ အခု သူ့ကို လွှတ်ပေးတော့မယ်လို့ အစိုးရက ပြောတယ်လို့ ဗွီအိုအေက ပြောသွားတယ်။ အဲဒီအတွက် ကျနော်တို့ သိပ်စိတ်ဝင်စားနေကြတယ်။ အဓိကကတော့ သူလွတ်လာရင် ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာပေါ့” ဟု ဗဟန်းမြို့နယ်မှ အငြိမ်းစား အစိုးရအရာရှိတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကမူ လာမည့်နိုဝင်ဘာ (၁၃) ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့်နေ့ဖြစ်ပြီး နောက်ထပ်ချုပ်နှောင်ရန် ဥပဒေမရှိသဖြင့် လွှတ်ပေးရမည့်ရက်ဖြစ်သည်ဟု ပြောကြားသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ လာမည့်နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာ (၂၄) ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ကော်မရှင်ရုံး၌ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဟူသော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏အမည် ပါဝင်ခြင်းမရှိပေ။

“ဒေါ်အောင်ဆန်းစုကြည် မဲပေးဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမဲပေးတာ မပေးတာက အရေးမကြီးဘူး။ အစိုးရအနေနဲ့ သူ့ကိုမဲပေးခွင့်ပေးတယ် ဆိုတာကို အသံကောင်းဟစ်ချင်တဲ့သဘော၊ အစိုးရလူလည်ကျတာလည်း လူတိုင်းသိတယ်လေ။ အခုလွှတ်ပေးမယ်ဆိုတာက ရွေးကောက်ပွဲရက် မတိုင်ခင်ဆိုတဲ့သဘောလို့ ကျနော်တို့က တွေးတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သူတဦးက ပြောကြားသည်။

အန်အယ်လ်ဒီကို ထောက်ခံသူတဦးကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မယ်။ ဒါပေမယ့် ကျနော့်အထင်ကတော့ ရွေးကောက်ပွဲပြီးမှ လွှတ်မယ်ထင်တယ်။ သူ့လွတ်ရက်ပြည့်တာက နိုဝင်ဘာ (၁၃) ရက်နေ့လေ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။
















ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု
ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ပြည်သူ များမှ ပေါက်ဖွားလာသော အလုပ်သမား၊ လယ်သမား အင်အားစုများ ကျောင်းသားများနှင့် ဒီမိုကရေစီရေး လှုပ်ရှားနေ သောအင်အားစုများ ပေါင်းစည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့တပ်ပေါင်းစုသည် ဗမာ့နိုင်ငံရေးတွင် အမြစ် တွယ်နေသော စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်၊ အင်အားစုအားလုံး စည်းလုံး စုစည်း ညီညွှတ်စွာ ဆန့်ကျင် တိုက်ဖျက်နိုင်ရန်အတွက် မြန်မာပြည်တွင်းတစ်နေရာတွင် အထက်ပါ အင်အားစုများမှ တစ်စိတ်တစ်ဝမ်းတည်း အောင်မြင် စွာ စုပေါင်းဖွဲ့ စည်းခဲ့သည့် အဖွဲ့ အစည်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် အောက်ပါ အချက်များကိုအများပြည်သူသိရှိစေရန် ကြေညာလိုက်သည်။

          ၁။ ကျွန်ုပ်တို့တပ်ပေါင်းစုသည် ၁၉၉၀ရွေးကောက်ပွဲရလာဒ်အတိုင်းပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာ စေရေး အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီးတို့နှင့် တပ်မတော်အစိုးရတို့ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နိုင်စေရန် နည်းလမ်း ပေါင်းစုံဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်။

၂။ အမျိုးသားရင်ကြားစေ့ရေးကို သွေဖယ်စေပြီး။ ပြည်တွင်းပြည်ပမှ လေးစားကြည်ညိုသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျဉ်းကျခံနေရသော ကျောင်းသား ထုတရပ်လုံး၏ ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ မပါဝင်နိုင်အောင် စနစ်တကျ ချုပ်ချယ်ကန့်သတ်ထားသော ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက် ဥပဒေများအရ ပြုလုပ်သော ၂၀၁၀ရွေးကောက်ပွဲအား သပိတ်မှောက် ဆန့်ကျင်ရန်။

၃။ ၂၀၁၀ရွေးကောက်ပွဲဝင် ပါတီများသည် မြန်မာပြည် သူတရပ်လုံး၏ အကျိုးစီးပွားထက် စစ်အာဏာ ရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသည့် အချယ်လှယ်ခံ ရုပ်သေးပါတီများဖြစ်သည့်အတွက် ရွေးကောက်ပွဲဝင် ပါတီတိုင်းကို  သပိတ်မှောက် ဆန့်ကျင်သွားရန်။

၎။ ၄င်းရုပ်သေးပါတီများကို နားလည်မှုလွဲမှားစွာဖြင့် ကူညီထောက်ပံ့ပေးနေသော ဥရောပ သမဂ္ဂ အပါ အ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံကြီးအချို့အား ရှုံ့ချ ကန့်ကွက်ကြောင်းနှင့် ၄င်းတို့၏ ထောက်ပံ့မှု များကို ချက်ခြင်းရပ်ဆိုင်းရေး တောင်းဆိုသွားရန်။

၅။ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ၀န်ထမ်းများအနေနှင့် ကျွန်ုပ်တို့ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ။

၆။ ကျွန်ုပ်တို့တိုင်းပြည်၏ ပြဿနာအသီးသီးကို ဖြေရှင်းပေးနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ် သည့် စစ်မှန်သောတွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာစေရေးအတွက် ရဟန်း ရှင်လူ ပြည်သူများ၊ ကျောင်းသား၊ ၀န်ထမ်းနှင့် တပ်မတော်သားများအား ဗမာနိုင်ငံ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုနှင့် အတူလက်တွဲ အကောင် အထည် ဖော်သွားကြရန် အလေးအနက် တိုက်တွန်းလိုက်သည်။
                       
                       
                                            ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ 


                      We Stand With Daw Aung San Suu Kyi !
                                                         Appeal Statement for September 27 UN Meeting on Burma
                                                                                   September 25, 2010

    On September 27, “Friends of Myanmar” will convene a ministerial level meeting at the United Nations. At the meeting, understandably, leaders who are friends of Burma will be attending and We Stand With Daw Aung San Suu Kyi ! campaign urges to formulate a coordinated effort   in order to help the country.

    Though we do not expect results from the meeting, we would like to use this opportunity to remind the world that on a daily basis, the people of Burma continue to suffer grave injustices. The SPDC murders its citizens;; rape and torture women; force men, women and children do hard labor conscript under-age young men into becoming child soldiers. Ongoing civil war has a major affect on neighboring countries as well.
    On Nov. 7, the junta, State Peace and Development Council, will hold an “election” that many considered as military selection. There are some nations, officials, organizations, and individuals, who are already supporting the unjust election and planning to recognize its wining parties, led by the military junta. There are 1,163 candidates from the Union Solidarity and Development Party (USDP), the party of the current military regime, and 999
candidates from the National Unity Party (NUP, the party of the former regime, in the nationwide constituencies. Yet there are less than 100 candidates from independent parties (Source: Mizzima and Irrawaddy News). The National League for Democracy, democratically elected winner of the 1990 election, which was recognized by the world, is boycotting the election because of the junta’s unjust constitution and election law.

    We would like to make known that supporting and protecting the evils practiced by the SPDC today will one day haunt those who are responsible.
The recent National Council of the Union of Burma's statement stated that the junta is not capable of conducting an election in many ethnic areas of Burma and that the situation is not leading to peace and stability. While we stand with our democratic leader Daw Aung San Suu Kyi, we are also in unequivocal and accord with the NCUB’s call for the United Nations, the European Union, the United States, Burma’s neighbors, and the international community as a whole to form a coordinated effort that will bring “positive steps towards durable peace and stability in Burma”.

On behalf of the people of Burma, we appeal to the leaders of the meeting:

1) Daw Aung San Suu Kyi must be freed unconditionally before or on her scheduled scheduled release date of November 13
2) free all the political prisoners including Daw Aung San Suu Kyi, students’ leader Min Ko Naing and ethnic leader Khun Tun Oo immediately and unconditionally
3) to not recognize/legitimize the upcoming 2010 election and its results
4) to form a Commission of Inquiry to investigate crimes against humanity and war crimes committed by the leaders of the State Peace and Development Council.

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင် … ကျနော့်မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင်




No comments: