Tuesday, September 21, 2010





http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

India arrests Burmese fishermen

Acquino Asked to Support UN Inquiry into Junta War Crimes

A Thai town dump

Myanmar's Suu Kyi barred from voting in Nov. election+

Mutual trade with Myanmar up 58%

Burma's election will not halt humanitarian crisis

Attacks On Workers' Rights Condem

Burma's Junta warns Suu Kyi's party not to break election law

Rehabilitating Burma's landmine victims

Regina's Burmese community fearful after triple homicide

Suu Kyi "cannot vote in Myanmar election"

Activists name day after teen girl shot dead in 1988 protests

PDP hold "first" substantial political talk in Rangoon

NLD continues boycott activities despite threats - Ba Kaung

Crackdown against illegal Myanmar immigrants launched

The curse of the blood rubies: Inside Burma's brutal gem trade -Dan Mcdougall

Activists cry foul over NGO's Berlin talk - Lawi Weng

Business as usual With Burma - Editorial

UN inaction on Burma war crimes "unjustifiable" - Sir Geoffrey Nice QC and Julianne Kerr Stevenson

I am worried - A Law Analyst

Statement on International Day of Peace: "To get genuine peace in Burma, lets oppose the 2010 election!"

Tin Oo to have cataract surgery in Singapore

Similarities and differences in Sino-Burmese relationship

USDP starts electoral training for candidates in Naypyidaw

Burma's junta discards millions from voting lists

All Civil Servants to Relocate to Naypyidaw

Recession Caused Global Decrease in Economic Freedom; Canada Remains Ranked in


ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council

ပဉ္စမအကြိမ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြစို့

နားဆင်ရန်

မျှမျှတတ မဖြစ်မယ့် နိုဝင်ဘာ (၇) ရက်

နားဆင်ရန်


ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို CALD ချီးမြှင့်

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

မဲပေးခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် တားမြစ်ထား

ဆေးအတိအကျမပေါ်သေးတဲ့ သွေးလွန်တုပ်ကွေး

"မပေး ပေးပေး ... ပေး ပေးပေး ... ရအောင်ယူဖို့ ဝန်မလေး ..."

စာအုပ်နှင့် စာကြည့်တိုက်

မဇ္ဈိမ စက်တင်ဘာလထုတ် ဂျာနယ်

တပ်ပြေးမှုဖြင့် ဖမ်းထားသူ စစ်ဆေးစဉ် သေဆုံး

အသက်မပြည့်သူကို ကလေးစစ်သားအဖြစ် ရောင်းစား

မြန်မာနိုင်ငံမှ လျှပ်စစ်နှင့် ဆန်ဝယ်ယူရေး ဘင်္ဂလာဒေ့ရှ် ဆွေးနွေးမည်


ကြံ့ဖွံ့ဥက္ကဌ ဦးသိန်းစိန်၏ တောင်းဆိုချက်ကို မြိုင်ကြီးငူ ဆရာတော် လက်မခံ

လူထုသဘောထား


KIO ဌာနချုပ်ရုံးတချို့ တရုတ်နယ်စပ်အနီး ရွှေ့


နအဖနှင့် ကေအဲန်ယူ တိုက်ပွဲဖြစ် နအဖ ၁၁ ဦး ထိခိုက်သေဆုံး

ကရင်ပြည်နယ် ကျေးရွာ ၁၅၅ အုပ်စု ရွေးကောက်ပွဲ မဲပေးခွင့်မရှိ

စစ်ငွေ့ကြောင့် ကချင်စီးပွားကူးသန်း ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက်

ရန်ကုန်မြို့တော်ဝန် မဲဆွယ်စည်းရုံးမှု တိုးမြှင့်

နအဖ တပ်နှင့် KNU တိုက်ပွဲဖြစ်၊ ၄ ဦးကျဆုံး

လူကုန်ကူးမှုဖြင့် မြန်မာ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဆု ထပ်ရ

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို မဲဆွယ်ရေး သင်တန်းပေးမည်

မဲရုံ များပြား၍ မဲလိမ်မှု ပိုဖြစ်နိုင်ဟု နိုင်ငံရေးပါတီများ ပြောဆို

မြန်မာနိုင်ငံမှ အမျိုးသမီး ၂ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဓါးပြတိုက်ခံရ

ကြံ့ဖွံ့ ပါတီက တောင်သူများကို အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးနေ

အဲန်ဒီအက်ဖ်နှင့် ယူဒီပီပါတီမှ ကိုယ်စားလှယ်များ ယှဉ်ပြိုင်အရွေးခံမယ်

လူငယ်များကို ကွန်ပျူတာ နည်းပညာဖြင့် စစ်သားဖြစ်ရန် ဆွဲဆောင်

ကချင်ပြည်နယ်မြို့နယ် ထက်ဝက်တွင် ရွေးကောက်ပွဲ ပယ်ဖျက်

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို ပြိုင်ဘက်အဖြစ် သတ်မှတ်

မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကို ထိုင်းတပ်အရာရှိ စစ်ဆေး

မဲစာရင်းစစ်ဆေးရန် အခက်အခဲဖြစ်

မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး အသက်အာမခံ လျော်ကြေးငွေ ရရှိ

ရွေးကောက်ပွဲအကြို စည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်ပြီ

ကြံ့ဖွံ့ အမတ်လောင်း အနီးကပ်သင်တန်း

အိန္ဒိယ အမတ်တွေကို ကက်ရှ်မီးယား ခေါင်းဆောင်တွေ မတွေ့လို

ဆင်းရဲမှု တိုက်ဖျက်ရေး ကုလနှိုးဆော်

ကမ္ဘာတ၀န်း ဆင်းရဲမွဲတေမှု လျှော့ချရေး ခေါင်းဆောင်တွေ ဆွေးနွေး

ဖခင်တဦး ဖြစ်တော့မည်ဟု အင်နီယက်စတာ ပြော၊ သေနတ်သမားများ ပစ်ခတ်၍ ဘောလုံးပွဲသွား ပရိသတ် (၃) ဦး သေဆုံး


--
all the best
mmhk

မိုးမိုးကျော် (Arakan Review)
စက်တင်ဘာလ (၂၁)၊ ၂၀၁၀။

ဆရာခိုင်မျိုးစောင့် ရေးသားသော "ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင်တောအခြေအနေ"ဟု အမည်ပေးထားသည့် ရခိုင်နိုင်ငံရေးစာတမ်းကြီးကို ရခိုင်မျိုးစောင့်အုပ်စုမှ ထုတ်ဝေဖြန့်ချီလိုက်ကြောင်း သိရှိရသည်။ သည်စာအုပ်တွင် ပါမောက္ခ ဒေါက်တာ အေးချမ်းနှင့် ထုတ်ဝေသူ ခိုင်ထူး (ရခိုင်မျိုးစောင့်အုပ်စု) တို့က အမှာစာ ရေးပေးထားကြသည်။ >>> အပြည့်အစုံ>>>


Khitpyaing update 21/9/2010

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို ပြိုင်ဘက်အဖြစ်

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို မိမိတို့ပြိုင်ဘက်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ ကုန်းဘောင်ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်း (၁၄) ဦးမှာ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁)၊ ဒေါက်တာစောနိုင် (တောင်ဥကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးရန်ကျော် (ပုစွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာသန်းမြင့် (အမရပူရမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းကိုကို (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၊ သန်လျင်မြို့နယ် ကိုယ်စားလှယ်)၊ ဦးကြည်သိန်းဦး (မြောက်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်၂)၊ ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးတင်အေး (လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကောင်းမြတ်ထွဋ် (တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသန်းဇော်ဦး (ဒလမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးလှရှိန် (မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်၁) တို့ ဖြစ်ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။

မဲစာရင်းစစ်ဆေးရန် အခက်အခဲဖြစ်

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၂ဝ) ရက်မှစ၍ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များစာရင်းကို ကြေညာလိုက်ပြီဖြစ်သော်လည်း မဲစာရင်းစစ်ဆေးရန် အခက်အခဲရှိကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပါတီများအနေဖြင့် မဲစာရင်း စစ်ဆေးရန် မဲစာရင်း မိတ္တူစာရွက်များ လိုအပ်ကြောင်း၊ သို့သော် ကော်မရှင်က မဲစာရင်း မိတ္တူစာရွက် တရွက် ကူးခ ကျပ် (၂ဝဝ) သတ်မှတ်ထားသည့်အတွက် မဲစာရင်းကူးရန် ငွေကြေးမတတ်နိုင်ကြောင်း ပြောကြားသည်။

မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကို ထိုင်းတပ်အရာရှိ စစ်ဆေး

မြန်မာဘက်မှပိတ်ထားသည့် မြ၀တီနယ်စပ်ဂိတ် ပြဿနာများသည် လာမည့် (၂) လခန့်တွင် ပြေလည်သွားမည်ဟု ထိုင်းတပ်မတော် စစ်ဦးစီးအရာရှိချုပ်က ပြောကြားသည်။

ထိုင်းတပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရတ်ချကစ်ကမ်ကျန၀ပ်က မဲဆောက်ရှိ ထိုင်း-မြန်မာနယ်စပ် အခြေအနေများကို ယနေ့ လာရောက်ကြည့်ရှုစစ်ဆေးအပြီးတွင် ဒေသခံသတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

၎င်းက "လက်ရှိဖြစ်ပေါ်နေတဲ့ မဲဆောက်-မြ၀တီ နယ်စပ်အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ဘက်အစိုးရ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေ ဒီတလ နှစ်လအတွင်းမှာ ပြေလည်သွားမှာဖြစ်တယ်" ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး အသက်အာမခံ လျော်ကြေးငွေ ရရှိ

ထိုင်းနိုင်ငံတွင် ကားတိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့သူ မြန်မာအလုပ်သမတဦးအတွက် အသက်အာမခံလျော်ကြေးငွေ ဘတ် (၃) သိန်းကို ကားတိုက်မှုကျူးလွန်သည့် ကားကုမ္ပဏီက ခင်ပွန်းဖြစ်သူအား ယနေ့ပေးအပ်လိုက်သည်။

ပြီးခဲ့သည့် ဇွန် (၂၄) ရက်ည (၁၀း၃၀) အချိန်တွင် စမုတ်ပရာကန်ခရိုင်၊ ဘန်ဖီရပ်၊ ဖတ်ကပန်ရှိ THAIAGRI FOOD အုန်းသီးစက်ရုံမှ အလုပ်ဆင်း၍ ပြန်လာသော ကိုအောင်ကြီးနှင့် အသက်(၂၃) နှစ်အရွယ် ဇနီးဖြစ်သူ မချိုမာဝင်းတို့အား ဂေါက်ကွင်းသုံး ကားအသေးစား ထုတ်လုပ်သည့်ကုမ္ပဏီမှ လုပ်ငန်းသုံးဟိုင်းလပ်ကားတစီးက တိုက်မိခဲ့ခြင်းဖြစ်သည်။ မချိုမာဝင်းမှာ ဘန်ဘော်ဆေးရုံသို့ရောက်ပြီး နာရီပိုင်းအတွင်းမှာပင် ကွယ်လွန်ခဲ့ပြီး စက်ရုံတရုံတည်းတွင် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းသည် ကိုအောင်ကြီးမှာမူ လက်တွင် ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့သည်။


Read more..
http://www.khitpyaing.org



Hunger Strike to End Crimes in Burma


ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ်ထံပြန်လာပြီ

Posted: 20 Sep 2010 10:54 PM PDT

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု ပေးဆပ်သည့် နာရေးလမ်းကြောင်းများသည် ရထားကြိတ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရေနစ်သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ မီးလောင် သေဆုံးမှုများအပြင် အထပ်မြင့် အဆောက်အဦးများတွင် သေဆုံးသော ရုပ်အလောင်းများကို သယ်ဆောင် ကူညီရာတွင် ရုပ်အလောင်းများထံမှ အညစ်အကြေးများသည် သယ်ဆောင်ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)က ၀န်ထမ်းများ၊ အသင်းသားများတို့ထံတွင် ပေကျံစွန်းထင်းမှုများ ဖြစ်ပေါ်လေ့ ရှိသည့်အတွက် စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များကလည်း ရုပ်အလောင်းထည့်သည့် ရေလုံဇစ်အိတ်များကို ယခင်က လှူဒါန်းပေးခဲ့ဖူးပါသည်။



ယင်းသို့ လှူဒါန်းပေးခဲ့သော ရေလုံဇစ်အိတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)က အထပ်မြင့် အဆောက်အဦးများပေါ်ရှိ ရုပ်အလောင်းများကို သယ်ဆောင်ပေးလျှက်ရှိရာ ရုပ်အလောင်း များကို ပွေ့ပိုက်၍ သယ်ဆောင်ခြင်းတို့ကို ပြုခဲ့ရသည်။ (စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင် ဦးချစ်အောင် ရုပ်အလောင်းအား အထပ်မြင့်မှ သယ်ဆောင်ခဲ့ခြင်း) ထို့သို့ ရုပ်အလောင်းများကို ပွေ့ပိုက်သယ် ဆောင်ပေးမှုတို့ကို အမြင်မသင့်တော်ခြင်း၊ အန္တရာယ်များခြင်း၊ ကျန်းမာရေးနှင့် မကိုက်ညီခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းများ ပါဝင်သော အင်တာနက်သတင်း စာမျက်နှာ တို့မှ တစ်ဆင့် မြင်တွေ့ခဲ့ရသော စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင် မနုနုခိုင်နှင့် သူငယ်ချင်း များသည် စင်ကာပူနိုင်ငံရှိ Peace Haven Funeral Service Pte,ltd., မှ ရုပ်အလောင်းများ သယ်ဆောင်ရာတွင် အသုံးပြုသော ရုပ်အလောင်းတင်ကဒ်များကို လာရောက်လှူဒါန်း သွားခဲ့ပါသည်။



ထို့သို့ လှူဒါန်းမှုတို့သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု လမ်းကြောင်းများ သယ်ဆောင်ရာတွင် အများအမြင်တွင် တင့်တယ်စေခြင်း၊ အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီခြင်းတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများသည် စနစ်တကျ၊ စည်းကမ်း တကျဖြင့် ဆထက်တံပိုး တိုးတက်ကာ အများပြည်သူတို့အတွက် ဆက်လက် ပေးဆပ်နိုင်တော့မည့် အင်အား တစ်ရပ်ပင် ဖြစ်ပါတော့သည်။


" သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည် "

အညာနွေတမာမြေ


မေ့ပျောက်ခံ မြေဇာပင်

Posted: 20 Sep 2010 04:54 AM PDT

မတည်မြဲခြင်း အနိစ္စ တရား
လက်လွတ်နေတဲ့
အာဏာရူး
ဥစ္စာရူး
ဂုဏ်ဓနရူး တွေက တဖက် ...

ကိုယ်ချင်းစာ အကြင်နာတရား
ကင်းမဲ့နေတဲ့
အမည်ခံ နိုင်ငံရေးသမား
အခွင့်အရေးသမား
တကိုယ်ကောင်းသမား
သိုက်တူးသမား
ဗန်းပြ လုပ်စားသမား
အကြံအဖန်သမားတွေက တဖက် ...

အတ္တပြိုင်ပွဲရဲ့ နင်းခြေမှုအောက် ...

အလင်းရောင်မဲ့ တိုင်းပြည်လေးရဲ့
နံရံလေးဖက် သံတိုင်နောက်က
ယုံကြည်ချက် မပျက်သေးတဲ့
မျက်ဝန်းတွေ …
သံခြေကျင်းခတ် ခံထားရတဲ့
မျှော်လင့်ချက်တွေ …
အကျဉ်းချခံထားရတဲ့
ယုံကြည်ချက်တွေ …
ပြိုကွဲသွားတဲ့ မိသားစုတွေ …
ချို့တဲ့နွမ်းပါးတဲ့ ၀မ်းဗလာတွေ …
ရည်ရွယ်ချက်မဲ့ လက်ဖ၀ါး နုနုလေးတွေ …
ဒဏ်ရာအပြည့်နဲ့ နှလုံးသားနုနုလေးတွေ …
ယမ်းခိုးငွေ့တွေကြားက
ကျိုးပဲ့သွားတဲ့ ခြေလက်အစုံတွေ …
လောင်ကျွမ်းသွားတဲ့ …
မေတ္တာအိမ်လေးတွေကတော့ …
မေ့ပျောက်ခံ
မြေစာပင်ဖြစ်နေလေရဲ့ …


မာန်


အစိုးရပိုင် အဆောက်အဦးသုံး ကြံ့ဖွံ့မဲဆွယ်

Posted: 20 Sep 2010 03:09 AM PDT

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် အင်းစိန်မှာရှိတဲ့ မီးရထား စက်ခေါင်းပြင်စက်ရုံဝန်းနဲ့ မျက်စောင်းထိုးမှာရှိတဲ့ အစိုးရပိုင် ရထားသင်တန်းကျောင်းမှာ စက်တင်ဘာ ၁၈ ရက်နေ့က ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ မဲဆွယ်စည်းရုံး သွားပါတယ်။ မီးရထား ၀န်ထမ်းမိသားစုဝင်တဦးက ဒီမဲဆွယ်ပွဲမှာ အင်းစိန်က ၀င်ရောက်ယှဉ်ပြိုင်မဲ့ အမတ် ၃ ဦးနဲ့မိတ်ဆက်ပေးသွားပြီး မဲပေးဖို့ စည်းရုံးသွားပုံကို ပြောပြပါတယ်။

"လွှတ်တော် ၃ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အငြိမ်းစားတိုင်းပညာရေးမှူး ဦးနု၊ ရန်ကုန်တိုင်း ကြံခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှုးတဦးဖြစ်တဲ့ ဦးအေးမြင့်နဲ့ အမည်မသိကရင်တဦးကို မိတ်ဆက်ပေးတယ်။ မီးရထားဝန်ထမ်းတွေနဲ့ အင်းစိန်မြို့နယ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ သူတို့ကို အမှန်ခြစ်မေးပေးဖို့ ပြောသွားပါတယ်"ဟု ဆိုသည်။

ကြံခိုင်ဖွံ့ဖြိုးရေး အနိုင်ရပါက အင်းစိန်မြို့နယ်ကို ဘယ်လိုဘယ်ပုံ ကောင်းအောင်လုပ်ပေးမယ်လို့ မစားရ၀ခမန်း ပြောသွားတယ်လို့သိရပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ပါတီတွေစည်းရုံးရေးဆင်းရင် အစိုးရပိုင်အဆောက်အဦးတွေ အများပိုင်နေရာတွေကို အသုံးမချရလို့ အတိအလင်းပြောထားပါလျှက်နဲ့ အောင်သိန်းလင်းကိုယ်တိုင် ဒီဥပဒေကို ချိုးဖေါက်ပြီးစည်းရုံးနေတာပါ။

အညာနွေတမာမြေ


ရွေးကောက်ပွဲကိုရော ထောက်ခံအားပေးနေသူတွေကိုရော ဂျပန်ရောက်တွေက ဆန့်ကျင်

Posted: 20 Sep 2010 01:19 AM PDT


ဦးဟန်ညောင်ဝေနှင့် Victor Byak Lian ၏ ဂျပန်ခရီးစဉ်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ကျေညာချက်

၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ကောင်းလာ ရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။
ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။

မိမိတို့ AUN(Japan)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏ မူဝါဒများကို လိုက်နာရန် ဘုံနိုင်ငံ ရေးရည်မှန်း ချက်များချမှတ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည် ထောင်ရေးလုပ်စဉ်များတွင် တခြားသော ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားပါတီများပါဝင်သော ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကပါ စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုဆန့်ကျင်သ ပိတ်မှောက်ကြောင်းအသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။ AUN (Japan) ရှိတိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကလည်း ဤလမ်းစဉ်ကိုအကောင် အထည်ဖေါ်ရန် သဘောထားများကို အတိအလင်း အသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။
သို့သော်ယခုဦးဟန်ညောင်ဝေ၏ခ ရီးစဉ်သည် AUN-Japan ၏မူဝါဒနှင့်လုံးဝကွဲပြားခြားနားနေကြောင်း သိ ရှိခဲ့ရပေသည်။

သို့ဖြစ်ပါ၍ ယခု ဦးဟန်ညောင်ဝေ၏ စစ်အစိုးရ တရားဝင်ရေးကြိုးပန်းမှုတွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာမိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော လုပ်ရပ်ဖြစ် ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)
၂၀၁၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်
ဆက်သွယ်ရန်- ၈၁-၈၀ ၂၀၄၈ ၅၈၃၄၊ ၈၁-၈၀ ၂၀၃၄ ၁၈၇၈



ဖေါ်ဝပ်မေးမှ ရတာကို တင်ပြခြင်းဖြစ်ပါတယ်။
အညာနွေတမာမြေ


ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ပခုက္ကူခရိုင်မှာ ငွေကောက်ခံမှုရှိနေ

Posted: 20 Sep 2010 01:10 AM PDT


မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြိုနယ် တောင်မြင့်အုပ်စုမှာရှိတဲ့ ရယကတွေက ကျေးလက်နေပြည်သူတွေကို ကော်မရှင်အသုံးစရိတ်အတွက်ဆိုပြီး ငွေကြေးကောက်ခံနေပါတယ်။ တစ်အိမ်ထောင်လျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိကောက်ခံနေပြီး ကြောက်တော့လည်းပေးနေကြရတယ်လို့သိရပါတယ်။

တောင်မြင့်အုပ်စုမှာနေတဲ့ ဒေသခံတဦးက သူတို့ဒေသမှာ ကောက်ခံနေတဲ့ ပုံစံအကြောင်းကို

"ရယက ဥက္ကဌ ဦးဝင်းကိုက ဒါဟာခင်များတို့အတွက် ရွေးကောက်ပွဲဖြစ်မြှောက်အောင် လုပ်ဘို့ဖြစ်တယ်လို့ပြောပြီး တောင်းခံတာပါ။ အားလုံးက မကျေနပ်ကြဘူး တစ်နေ့လုပ်မှတစ်နေ့စားရတာဆိုတော့တစ်ချို့မထည့်နိုင်ဘူး " လို့ပြောပြပါတယ်။

ဒေသခံတွေဟာ ဒီကိစ္စကို မကျေနပ်ပေမဲ့ ဘယ်ကိုတိုင်ရမှန်းလည်းမသိဘူးလို့ဆိုပါတယ်။
အဲဒီလိုတိုင်ရမယ်ဆိုတာလည်းမသိကြပါဘူးတဲ့။ တောင်မြင့်အုပ်စုနဲ့ ခင်ရှည်အုပ်စုမှာရှိတဲ့ နယ်မြေခံ
ရယကတွေကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ဥက္ကဌ တစ်ယောက်ကို ငွေငါးသောင်းပေးရမယ်လို့ တောင်းခံတာကြောင့် ကျေးလက်နေပြည်သူတွေကို ကောက်ခံရတာဖြစ်ကြောင်း ခင်ရှည် ရယကအဖွဲ့ဝင်တဦးကလည်း ပြောပြတယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ၈၈ကျောင်းသား ကိုအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ဟာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်ကြမယ် ဆိုတာနဲ့ပတ်သက်လို့

"ဒီရွေးကောက်ပွဲဟာ တရားမ၀င်တဲ့ အာဏာသိမ်းစစ်အစိုးရကနေ တရားဝင်အစိုးရလုပ်ယုံ သက်သက်ပဲဆိုတာ အားလုံးသိကြပါတယ်။ မဲပုတ်နေတဲ့ ကြံ့ဖွတ်နဲ့ အစိမ်းရောင်ပေါင်းပြီး ထွက်လာမဲ့အစိုးရက အစိမ်းပုတ်ရောင်အစိုးရဖြစ်ယုံကလွဲလို့ ပြည်သူအတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ပါဘူးလို့ " အဆိုပါ ဒေသခံက ဆိုပါတယ်။

ဒါကြောင့် ဒေသခံ နိုင်ငံရေးအသိရှိတဲ့ သူတွေက မဲမပေးရေးတွေလှုံ့ဆော်နေကြတယ်လို့သိရပါတယ်။ အကယ်လို့ မဖြစ်မနေထည့်ရမယ်ဆိုရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြဖို့ ဆုံးဖြတ်ထားကြတယ်လို့လည်း ပြောပြသွားပါတယ်။ ပေါက်မြို့နယ် တောင်မြင့်အုပ်စုနဲ့ ခင်ရှည်အုပ်စုမှာ တအုပ်စု ရွာ ၅ရွာစီရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်နိုင်ခဲ့ခြင်းမရှိပါ။





အညာနွေတမာမြေ



No comments: