Tuesday, September 7, 2010


အယ်လ်အေ မြန်မာ့အရေးလှုပ်ရှားသူများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်၏စတိတ်ရှိုးကို သပိတ်မှောက်မည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၇၊ ၂၀၁၀

လာမည့် စက်တင်ဘာ ၁၁ ရက်နေ့ အယ်လ်အေမြို့မှာ မြန်မာစတိတ်ရှိုးတခု ကျင်းပမှာ ဖြစ်ရာ၊ မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်တဦး ပါဝင်ကပြမှာ ဖြစ်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ကန့်ကွက် ဆန္ဒ̔ပြရုံတင်သာမက သပိတ်မှောက်ဖို့အထိ တောင်းဆိုလိုက်ပါတယ်။

အရင်က မြန်မာ့အရေးလှုပ်ရှားသူ အယ်လ်အေသြဂနိုင်ဇာအဖွဲ့ကို ပွဲစီစဉ်သူ မောင်မောင်လွင်ဆိုသူက အဆိုပါ ၀ါဒဖြန့်သရုပ်ဆောင် မပါဝင်ဘူးလို့ ပြောထားတာကြောင့် အယ်အေသြဂနိုင်ဇာများက ဆန္̔ဒမပြတော့ရန် ဆုံးဖြတ်ခဲ့ဘူးပေမယ့် ယခုတော့ အဆိုပါသရုပ်ဆောင်က မြန်မာပြည်တွင်းက အလင်းတန်းစာနယ်ဇင်းမှာကော၊ ဆန်ဖရန်ပွဲမှာပါ အယ်အေမှာ သီဆိုမယ်လို့ ကိုယ်တိုင် ပြောလိုက်တာကြောင့် မိမိတို့က ကန့်ကွက်ရတော့မယ်လို့ ဆိုလိုက်ပါတယ်။

ဒီလို ကန့်ကွက်ဆန္ဒပြတာဟာ စစ်အစိုးရရဲ့ သာမန်ဝါဒဖြန့်သရုပ်ဆောင်တဦးကို ရှုတ်ချတာထက် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အကြမ်းဖက်မှုများကို ကျုးလွန်ထားသူ၊ တရားမျှတမှုကို ဖုံးကွယ်၊ ဖျက်ဆီးရန် လုပ်ကြံနေသူ စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲအသွင် ဆောင်နေပြီ ဖြစ်တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အယ်လ်အေက မြန်မာပြည်ဒီမိုကရေစီရေး လိုလားသူများအနေနဲ့ ထိုစတိတ်ရှိုး ကို သပိတ်မှောက်ကြရန်၊ ပွဲအစီအစဉ်များ အထမမြောက်ရန် ယခုကတည်းက ၀ိုင်းဝန်း လှုံဆောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ စတိတ်ရှိုးပွဲ သွားမကြည့်ရန်၊ ၀ယ်ပြီး လက်မှတ်များ ငွေပြန်အမ်းခိုင်းရန်၊ ပွဲနေ့ ဆန္̔ဒပြပွဲမှာ လာရောက် ပူးပေါင်းကြရန် ဖိတ်ခေါ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တရားဝင်သဘောထားထုတ်ပြန်ချက်ကို ကြော်ငြာမယ်လို့လည်း ပြောထားပါတယ်။

ယခု ယာယီထုတ်ပြန်ချက်ကို
ဒီမှာ
ဖတ်ပါ။

https://sites.google.com/site/moemaka2010/moemaka-archives-2010/StatementoftheLAOrganizersforBurma%28LosAngeles%29.pdf?attredirects=0&d=1

ယခင် သဘောထားထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။

https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxtb2VtYWthMjAxMHxneDoyOWUxYTkxODdkNGExZmVk

အမေရိကန်ပြည်အနှံ့ကို ခြေဆန့်ခဲ့တဲ့ အဲဒီစတိတ်ရှိုးပွဲဟာ ရောက်တဲ့နေရာမှာ လူအများကို သဘောထားတွေ ကွဲပြားစေခဲ့တာတော့ အမှန်ပဲလို့ မိုးမခမိတ်ဆွေတဦးက မှတ်ချက်ပေးပါတယ်။

မြန်မာစစ်အစိုးရဲ့ ၀ါဒဖြန့်ကားရိုက်ကူးရာမှာ ပါဝင်တဲ့ သရုပ်ဆောင်တဦးကို ကန့်ကွက်တာက ပထမအချက်၊ ပြီးတော့ အဲသည်လို အငြင်းပွားဖွယ်ဖြစ်နေချိန်မှာ စတိတ်ရှိုးပွဲတွေကို အဲသည်သရုပ်ဆောင်ဖက်က ကာကွယ်ပြီး ပွဲဖြစ်အောင် လိုက်လံစီစဉ်နေသူတွေလည်း ဒုတိယ အချက်၊ နောက်ပြီး အဲသည်သရုပ်ဆောင်ကို အကြောင်းပြုပြီးတော့ အဲသည်လို အာဏာရှင်ရဲ့ နီးရာဒါးကို ကြောက်လို့ လုပ်ရတဲ့ အနုပညာသည်တွေပါဆိုပြီးတော့ ရှေ့နေလိုက် ကာကွယ်ပေးနေသူများက တတိယအချက် တခု ဖြစ်လာတဲ့အပြင် အဲသည်သရုပ်ဆောင်ပါဝင်တဲ့ စတိတ်ရှိုးကို အဲသည်လို အငြင်းပွားစရာဖြစ်နေလို့ တမင်ကို အားပေးမယ်ဆိုပြီး ဇွတ်တိုးချင်တဲ့ ပရိသတ်တွေကလည်း စတုတ္ထအချက် ဖြစ်နေတယ်လို့ ၎င်းက မှတ်ချက်ပေးပါတယ်။

နောက်ထပ် နိုင်ငံရေးရပ်တည်ချက်အရ အငြင်းပွားစရာ အချက်တခုက - အဲဒီစတိတ်ရှိုးကို စီစဉ်သူတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်သူ အမေရိကန်ပြည်ရောက် ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးဒုက္ခသည်များကိုယ်တိုင် ပါဝင်နေကြတဲ့ အကြောင်း ဖြစ်လာပါတယ်။ အဲသည်အင်အားစုတွေက အဆိုပါ အငြင်းပွားဖွယ်ရာအချက်တွေ ရှိနေတဲ့ကြားက ထိုစတိတ်ရှိုးတွေကို ဖြေရှင်းချက်များ ထုတ်ပြန်ခြင်း မပြုဘဲ ဖြစ်မြောက်အောင် လုပ်ခဲ့ကြပါတယ်။

" စစ်အစိုးရရဲ့ လက်ကိုင်တုတ်၊ ၀ါဒဖြန့်သရုပ်ဆောင်တွေကို အမေရိကန်ပြည်က စစ်အစိုးရဆန့်ကျင့်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက စတိတ်ရှိုးပွဲတွေ ခေါ်ယူ ကျင်းပပြီး ရန်ပုံငွေ ရှာကြတယ် ဆိုရင် … ဒီမိုကရေစီအင်အားစုနဲ့ အနောက်အုပ်စုအပေါ် အငြှိုးအတေးကြီးတဲ့ စစ်အစိုးရကိုယ်တိုင်က ဒါကို လက်သင့်ခံနေသလား။ ဒါကို သူတို့ မသိဘဲနဲ့ ခွင့်ပြုထားမှာလား။ ဒီမေးခွန်း တက်လာတယ်။

ဘာသာရေး၊ လူမှုရေး ရန်ပုံငွေတွေအပြင် သူတို့တွေရဲ့ အဖွဲ့အစည်း ရန်ပုံငွေတွေအတွက် သည်လိုပွဲတွေ လုပ်ကြတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားဆိုသူတွေက အချင်းချင်းတွေကြားမှာ အလွတ်သဘောနဲ့ ဖြေရှင်းချက်ပေးနေတယ်။ ဒါဆိုရင် စစ်အစိုးရ မသိဘူးဆိုရင်တောင် အခြားပွဲစပွန်ဆာတွေ၊ သီဆိုကပြသူ အနုပညာရှင်တွေက ဘယ်လိုမျိုး ဖြေရှင်းချက် ပေးမှာလဲ။ ကျနော် ကျမတို့က ဒီမိုကရေစီအင်အားစုတွေရဲ့ နီးရာဒါးကို ကြောက်လို့ အခုလို ပြည်ပမှာ သူတို့ရန်ပုံငွေပွဲတွေ လုပ်ပေးခဲ့ရပါတယ်လို့ မြန်မာပြည်ပြန်ရောက်ရင် အစီရင်ခံကြရမှာလား။ ဒီလို မေးခွန်းမျိုးတွေ ဖြစ်လာတယ်။

ဒါကတော့ စစ်အစိုးရဘက်လိုက်တဲ့ အနုပညာရှင်တွေလား၊ ဒီမိုကရေစီအင်အားစုတွေအတွက် ရန်ပုံငွေရှာပေးဖို့ ဒီဖက်ကို လိုက်ချင်တဲ့ အနုပညာရှင်တွေလား … တချိန်ချိန်မှာ သူတို့ ၀န်ခံကြရလိမ့်မယ်။

ကိုယ်ကျိုးစီးပွားသက်သက် စတိတ်ရှိုးသွင်း ငွေရှာရုံ သက်သက်ကတော့ ဖြေရှင်းနေစရာမလိုပါဘူး။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ရန်ပုံငွေတွေပါလို့ ဆင်ခြေပေးသူတွေကလည်း တချိန်ချိန်မှာ စာရင်းတွေ ရှင်းပြကြရလိမ့်မယ်"

လို့ မိုးမခရဲ့ ၀ိုင်းတော်သား တဦးက စာဖြင့်ရေးသားပြီး ဖြေကြားပေးခဲ့ပါတယ်။


 

 Khitpyaing update 7/9/2010

စစ်တပ်မှပစ်ခတ်၍ သေဆုံးခဲ့သူ လူငယ် (၂) ဦးအလောင်း မီးသင်္ဂြိုဟ် ပြီးစီး

ပဲခူးမြို့တွင် စစ်သားများက သေနတ်ဖြင့်ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံးခဲ့သည့်လူငယ် (၂) ဦး၏အလောင်းများကို ယနေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင် သရဏဂုံတင်ကာ ယင်းသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ပြီး လိုက်ပါပို့ဆောင်သူ ပရိသတ် (၂,၅၀၀) ကျော်ခန့် ရှိမည်ဟု အသုဘ လိုက်ပါပို့ဆောင်ခဲ့သူတဦးက ပြောသည်။

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း

နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက် ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေတပ်မဟာ (၅) ဒေသများသို့ မြ၀တီမှတဆင့် ထွက်ခွာသွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူးတဦးက ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဘူးဖောက "ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။ မနေ့က အလုံပိတ်စစ်ကား (၆) စီးနဲ့ သူတို့တပ်အင်အားတွေဖြည့်ပြီး ၀င်လာတာရှိတယ်။ စစ်မက်ဖြစ်ပွားမယ့် အနေအထားတွေရဲ့ အရိပ်အရောင်တော့စလာပြီ။ ကျနော်တို့ဘက်ကတော့ စစ်ရေးသတိအမြဲထားပါတယ်။ အင်အားခြင်းကွာပေမယ့် ခံစစ်ရှင် ပြောက်ကျားစနစ်နဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်" ဟု ပြောသည်။

အပူလှိုင်း ထိန်းသိမ်းနိုင်ရန် သစ်ပင်စိုက်ပျိုး

ပြီးခဲ့သည့်မေလအတွင်း မန္တလေးမြို့တွင် အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခဲ့ပြီးသည့်နောက် အပူလှိုင်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ စိမ်းရောင်စိုအဖွဲ့မှ (၁၅) ကြိမ်မြောက် သစ်ပင်စိုက်ပျိုးမှု ပြုလုပ်ကြသည်။

အဆိုပါစိုက်ပျိုးမှုအစီအစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၅) ရက်နေ့မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မန္တလေးမြို့မှ လူထုစာပေတိုက်နှင့် စာရေး ဆရာများ၊ ကဗျာဆရာများ၊ ဆရာဝန်များ၊ ကုန်သည်များ စုပေါင်း၍ စိမ်းရောင်စို လှုပ်ရှားမှုဟုခေါ်ဆိုသော သစ်ပင်ချစ်သူများက စိုက်ပျိုးကြခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် ပါတီစည်းရုံးခွင့် ကြိုတင်ကန့်သတ်

ဧရာဝတီတိုင်းအတွင်း စည်းရုံးရေးဆင်းကြမည့် နိုင်ငံရေးပါတီများအား လူစုလူဝေးဖြင့် ဟောပြောခွင့်မပြုရန် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က ညွှန်ကြားထားကြောင်း လပွတ္တာအခြေစိုက် နာဂစ်ကူညီရေး အန်ဂျီအိုတခုမှ အရာရှိတဦးက ပြောသည်။

၎င်းက "ကျမတို့ လပွတ္တာမြို့နယ် ဂန့်အိတ် ကျေးရွာအုပ်စုထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ အဲဒီက ရာအိမ်မှူးတွေ ပြောတာကတော့ မကြာခင် နိုင်ငံရေးပါတီတွေ ဆင်းလာပြီး စည်းရုံးရေး လုပ်နိုင်တယ်။ ဒီတော့ ပါတီက လူတွေ ရောက်လာပြီဆိုတာနဲ့ သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားရမယ်။ နောက် အဲဒီလူတွေကို အိမ်ထဲမှာဖြစ်စေ၊ ဘုန်းကြီးကျောင်းမှာဖြစ်စေ၊ နောက်ဆုံး သစ်ပင်အောက်မှာတောင် စုဝေး ဟောပြောခွင့် မပေးဖို့၊ အသံချဲ့စက် အသုံးပြုခွင့် မပေးဖို့ အမိန့်ထုတ်ထားတယ်။ သူတို့ဘာသာ သူတို့ တအိမ်တက်ဆင်း လိုက်ပြီး စည်းရုံးတာမျိုးကိုတော့ လုပ်ပါစေလို့ ညွှန်ကြားထားတယ်" ဟု ပြောသည်။


Read more..
http://www.khitpyaing.org


 

ထိပ်တန်းသတင်း

တရုတ် နိုင်ငံခြားရေးဝါဒ အခြေခံ ကျယ်ပြန့်လာ


တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီကို မတူကွဲပြားတဲ့ သြဇာအာဏာ အင်အားစုတွေက ပုံဖော်နေတယ်လို့ အကြံပေးအဖွဲ့တခုက ကောက်ချက်ချလိုက်ပါတယ်။


IAEA ကြီးကြပ်မှုကို အီရန် နှောင့်ယှက်


အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာရေးကို အီရန်အစိုးရက အတားအဆီးတွေ လုပ်နေတယ်လို့ IAEA က ပြောလိုက်ပါတယ်။


တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး ဖိအားပေး ခံရဖွယ်ရှိ


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။


ပဲခူးလူငယ် ၂ ဦး စစ်တပ် ပစ်သတ်ခံရမှု အရေးယူမှု မရှိသေး


ပဲခူးမြို့မှာ စစ်တပ်က ပစ်သတ်ခံခဲ့ရတဲ့ လူငယ် ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို စစ်တပ်က ဖုံးကွယ်ထားဆဲ ဖြစ်ပါတယ်။


မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ဟန်ဂေရီနိုင်ငံက ထောက်ခံလိုက်ပါတယ်။


စီးပွားရေးနဲ့ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ပြည်ခိုင်ဖြိုးအတွက် ရွေးကောက်ပွဲဝင်


လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းသမားတွေကို ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်။


၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး ပြည်တွင်းလှုပ်ရှားမှု စတင်


ဗကသက ဦးဆောင်ပြီး စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု ရန်ကုန်မှာ မနေ့က စတင်ခဲ့ပါတယ်။


စပိန်နိုင်ငံက ETA ခွဲထွက်ရေးအဖွဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာ


စပိန်နိုင်ငံက Basque ခွဲထွက်ရေး သူပုန်အဖွဲ့ ETA က အစိုးရနဲ့ အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာလိုက်ပါတယ်။


စီးပွားရေး တိုးတက်မှုရှိကြောင်း G-20 ၀န်ကြီးတွေ ယုံကြည်


ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာနေပြီလို့ G-20 ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေက ယုံကြည်နေတယ် ဆိုတာကို IMF ဒုတိယအကြီးအကဲက ပြောလိုက်ပါတယ်။


ပါတီအားလုံး တန်းတူ အခွင့်အရေးပေးဖို့ NDF တောင်းဆို


၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အားလုံးကို တန်းတူ အခွင့်အရေးပေးဖို့ NDF ပါတီက ပြောဆိုလိုက်ပါတယ်။

ဆက်ရန်

No comments: