Saturday, September 11, 2010


 

__.

စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်ရဲ့ စတိတ်ရှိုးကို အယ်လ်အေမှာ နက်ဖြန်ဆန္ဒပြကန့်ကွက်မည်

အိုရီဂွန်နဲ့ ယူတီကာအရပ်များမှာ စတိတ်ရှိုး မကျင်းပဖြစ်တော့

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၁၀၊ ၂၀၁၀

နက်ဖြန်မှာ ကျင်းပမယ့် အယ်လ်အေက မြန်မာစတိတ်ရှိုး ကို အယ်လ်အေသြဂနိုက်ဇာနှင့် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများ စုဝေးဆန္ဒပြ ကန့်ကွက်ကြမည် ဖြစ်သည်။ ၎င်းတို့ အစီအစဉ်ကို သည်နေရာမှာ ကြည့်နိုင်သည်။ မြန်မာစစ်အစိုးရ၏၀ါဒဖြန့်ကား၏ သရုပ်ဆောင်သူတဦး ပါဝင်သည့် စတိတ်ရှိုးပွဲများ အမေရိကန်အနှံတွင် သြဂုတ်လဆန်းကတည်းက လိုက်လံကပြလျက်ရှိရာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။

          ယခင်ပွဲများဖြစ်သည့် ဆန်ဖန်စစ္စကို၊ ဘတ်ဖဲလိုး၊ အယ်ဘနီ၊ မင်နီဆိုးတား၊ မြောက်ကယ်လိုရိုင်းနားတို့တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဖို့ဝိန်းမြို့တွင် စတိတ်ရှိုးပွဲသွင်းရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြသည်ဟု ဆိုသည်။ နယူးယောက် စတိတ်ရှိုးပွဲတခုသာ အနှောက်အယှက် မရှိဟု သိရသည်။

 ယခု လာမည့် အစီအစဉ်များထဲတွင် အမေရိကားအရှေ့ခြမ်း ယူတီကာအရပ်တွင်၎င်း၊ အမေရိကားအနောက်ခြမ်း အိုရီဂွန်အရပ်တွင်၎င်း စတိတ်ရှိုးအစီအစဉ်များ မဖြစ်တော့ဟု သိရသည်။

          "ပွဲတွေကို မဖြစ်ဖြစ်အောင် ပွဲစီစဉ်သူတွေက လိုက်ညှိတယ်ပြောတယ်။ ပထမကတော့ အဲဒီသရုပ်ဆောင် မပါဘူးပေါ့။ အဲလိုညှိတယ်။ အယ်လ်အေမှာ အဲလိုညှိပြီး ပွဲလည်း အတည်ဖြစ်ကော အဲသည်သရုပ်ဆောင်က ဆိုမယ် ဖြစ်သွားတာမျိုးတွေ ရှိတော့၊ နောက်ပွဲတွေမှာ ဒါကို သေချာအောင် မေးတယ်လေ။ နောက်တော့ အဲသည်သရုပ်ဆောင်က ပွဲတိုင်းမှာ ကမှာပဲလို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ပွဲကို မလုပ်နိုင်တော့ဘူး"

          ယူတီကာအရပ်ဖက်က စတိတ်ရှိုးပွဲ မဖြစ်တော့သည့်အကြောင်းကို မျက်မြင်တဦးက မိုးမခကို ပြောပြခြင်း ဖြစ်သည်။

          "နည်းအမျိုးမျိုးနဲ့ သည်စတိတ်ရှိုးပွဲတွေကို မဖြစ်ဖြစ်အောင် လုပ်နေတာကို တွေ့ရတယ်။ အိုရီဂွန်ဖက်မှာ ဆိုရင် ပွဲမှာ အဲသည်နအဖသရုပ်ဆောင် မပါဘူးပေါ့။ နောက်ပြီး ပွဲဝင်ငွေကို ကော်မရှင်တွေ ခွဲယူကြမယ်ပေါ့။နောက်တော့ ပွဲသွင်းဖို့ ဒေါ်လာ ၃ ထောင် လောက်ပဲ ပေးပါပေါ့။ ဒါမျိုးအထိ လိုက်ညှိတယ် ကြားတယ်။ ဒါပေမယ့် အိုရီဂွန်ဖက်က လူတွေက မလုပ်ဘူးလို့ ငြင်းလိုက်တယ် ပြောတယ်" ဟု မိုးမခမိတ်ဆွေတဦးက သတင်းပေးသည်။

          "အစက ဒီလိုနအဖ လက်ကိုင်တုတ် ဆိုတဲ့ မင်းသမီးမျိုးကို အဖက်လုပ်ပြီး ဆန္ဒပြတာ ကန့်ကွက်တာမျိုး စိတ်ထဲမှာ မရှိပါဘူး။ ပွဲကြည့်ချင်သူတွေကိုလည်း ဘယ်လိုမှ သဘောမထားဘူး။ နောက်ပိုင်းကျတော့ ပွဲစီစဉ်သူတွေကော၊ အဖွဲ့အစည်းတွေကော၊ ဟိုက ဒီက အမျိုးမျိုး ပြောလာတာတွေ ဖြစ်လာတယ်။ အဲသည်လိုမျိုးကတော့ သွေးရိုးသားရိုးလို့ မယူဆနိုင်တော့ဘူး။ ဒါကြောင့် ဒီလိုစတိတ်ရှိုးတွေကို ကျနော်တို့က အများကြီး စဉ်းစားရတယ်။ စောင့်ကြည့်ရတယ်" လို့ မိုးမခမိတ်ဆွေက ဆက်လက် မှတ်ချက်ပေးသည်။

          လာမည့် စက်တင်ဘာ ၁၉ တွင် မြန်မာနိုင်ငံရေးဒုက္ခသည် အများစုနေထိုင်ရာ ကော်လိုရာဒိုပြည် အော်ရိုရာမြို့တွင် အဆိုပါ စတိတ်ရှိုး ကျင်းပရန် ကြေညာချက် ထုတ်ထားပြီး ဖြစ်သည်။ ပထမ ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ရုံသွင်းရန် ဖြစ်ပြီး ၀ိုင်းဝန်းဆွေးနွေးမှုများကြောင့် ဘုန်းကြီးကျောင်းရန်ပုံငွေ မဖြစ်တော့ဘဲ အခြားအဖွဲ့တခုက ရုံသွင်းရန် လွှဲပြောင်းရယူခဲ့သည်ဟု ဆိုသည်။

          "စစ်အစိုးရရဲ့ ၀ါဒဖြန့်လက်ကိုင်တုတ် အသေးအမွှားလေးတခုကိုတောင် မဆန့်ကျင်ရဲမှတော့ စစ်အစိုးရကိုယ်တိုင်ကြီးကို ဘယ်လိုလုပ် ဆန့်ကျင်ရဲတဲ့ စိတ်၊ ရှင်းလင်းပြတ်သားတဲ့ စိတ် ရှိနိုင်ပါ့မလဲ …" ဟု မိုးမခစာဖတ်ပရိသတ်တဦးက ရန်ကုန်မြို့မှ စာရေးသားပေးပို့ပြီး ၎င်းထင်မြင်ချက်ကို ပြောသည်။


 


 

 
 

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 100911

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

 
 

Bribes Put Break On Illegal Car Registration

Myanmar says defused bombs aimed at disrupting Nov poll

Burma media denounce election boycott

Myanmar authorities defuse bomb in Yangon

Senior CPC official leaves for Myanmar, Nepal

Construction starts on China section of Sino-Myanmar oil-gas pipeline

Pegu shooting victims' relatives muzzled

Attempting to change Burma from the inside

Rangoon team all face axe without national league win

Attempting change from within Burma

Myanmar riot fears after two men shot by troops

Opposition leader: China's Burma policy could backfire - Wai Moe

Footage shows scorched earth Karen state

No political prisoners in Insein release

Myanmar's Bob Marley seeks freedom in reggae - Rob Bryan

Burmese workers continue 3rd day of strike

ASEAN, U.S. leaders to touch on S. China Sea, Myanmar in N.Y.

CNPC to ready Myanmar pipelines, refinery by 2013 - Jim Bai and Chen Aizhu

China's pariah friends worth the risk: experts

Life is no easier for legal Burmese migrants in Thailand - Andy Hall

UN-backed project helps villagers in Myanmar rebuild lives following floods

Deadly Crime Story Emerges as Flash Point in Burma

Myanmar tells baffled voters to do their duty

Myanmar state media denounce those who advocate boycotting 1st election in 20 years

Burma's Junta fears boycott after soldiers killed two civilians

 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

မှိုင်းဋီကာ မှိုင်းဗေဒ သို့မဟုတ် သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တွေ NLD ဆွမ်းကပ်

မိတ္ထီလာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ဆွေးနွေး

ရွှေဝါရောင် အလွန်မှာ - အပိုင်း (၁)

ဥပဒေအရ စစ်ဆေးရန် ရခိုင် ဆရာတော်ကြီးများ တောင်းဆို

ပဲခူးပစ်ခတ်မှု အစိုးရသတင်း ဘက်လိုက်ဟု နယ်ခံတွေ ဝေဖန်

တွန်းအားများ ...

ထိုင်းငါးဖမ်းပိုက်စက်ရုံမှ မြန်မာများ သုံးရက်မြောက် ဆန္ဒပြနေဆဲ

ကလေးစစ်သား ရဲဘက်စခန်း ရောက်

ပဲခူး လူငယ် နှစ်ဦးအသတ်ခံရမှု ကြေးမုံသတင်းစာ စွပ်စွဲရေးသား

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ

ပြည်သူ့စစ်သား - အတွဲ (၂) အပိုင်း (၉)

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးကျော် ကေအဲန်ယူနှင့် ပူးပေါင်းခဲ့

ပအိုဝ်းပါတီနှင့် လက်ကိုင်တပ်ဖွဲ့ ဒေသခံများထံမှ အဓမ္မ ငွေကောက်ခံ

၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း

ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှုတ်ချ

ပြောင်းစိုက် တောင်သူတွေရဲ့ ဘ၀ သံသရာ

ကုန်တင်ကားကြီးများကို သွားလာရေး ပိတ်ပင်

ကြံ့ဖွတ်ပါတီက မှတ်ပုံတင်၊ အိမ်ထောင်စု အခမဲ့လုပ်ပေးကာ လူထုမဲဆွယ်နေ

လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲ ဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း

ဦးပိုင် ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ

စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးနိုင်

နေပြည်တော် အမျိုးသမီး ဝန်ထမ်းအိမ်ရာ လုံခြုံရေး စိတ်မချရ

အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ

မြန်မာ မိန်းကလေးများကြား တက်တူး ဖက်ရှင် ခေတ်စားလာ

အလုပ်သမား ၁၀၀၀ ကျော် ဆက်တိုက် ဆန္ဒပြ

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ

ထိုင်းအာဏာသိမ်း နှစ်ပတ်လည် အကြမ်းဖက်မှုဖြစ်နိုင်

တရုတ်စစ်အင်အား ဂျပန်စိုးရိမ်

ရာမဒန် ဥပုသ်လအကုန် ပွဲတော် ကမ္ဘာတ၀ှမ်း ကျင်းပ


--

  • ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့် (ဆောင်းပါး - ဦးကျော်မောင်) ဖတ်ရှုရန်>>>>>>
  • ဆရာတော် ဦးပညာစာရနှင့်ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများက တိုင်းမှူးကြီးထံ မေတ္တာရပ်ခံစာ ဖတ်ရှုရန်>>>>>>

__._,_.___

ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား

ပြည်နယ်လွှတ်တော်တွေဟာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ အာမခံပေးနိုင်မှု မရှိဘူးလို့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။


9/11 အမှတ်တရ အောက်မေ့ဘွယ်နေ့ အမေရိကန် ကျင်းပ

စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်နှစ်လုံး တိုက်ခိုက်ခံခဲ့ရမှု နှစ်ပတ်လည် အခမ်းအနားများ ကျင်းပ။


ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှုတ်ချ

နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမထည့်ဝင်ကြဖို့ လှုံ့ဆော်နေသူတွေကို စစ်အစိုးရ သတင်းစာတွေက ရှုတ်ချသွားပါတယ်။


ထိုင်းအာဏာသိမ်း နှစ်ပတ်လည် အကြမ်းဖက်မှုဖြစ်နိုင်

ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည် အချိန်ကာလမတိုင်ခင် အစိုးရဆန့်ကျင် အကြမ်းဖက်မှုတွေ လုပ်နိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။


တရုတ်စစ်အင်အား ဂျပန်စိုးရိမ်

တရုတ်နဲ့ ဂျပနှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာနဲ့အမျှ တရုတ်စစ်အင်အား ကြီးထွားလာနေတဲ့အပေါ် ဂျပန်တို့ဘက်က စိုးရိမ်တဲ့အသံ ထွက်လာပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း

ရွေးကောက်ပွဲဝင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲ မိတ်ဖက် ပါတီများဆိုပြီး စုစည်းဖို့ ကြိုးစားနေကြပါတယ်။


ပဲခူးပစ်ခတ်မှု အစိုးရသတင်း ဘက်လိုက်ဟု နယ်ခံတွေ ဝေဖန်

ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် စစ်အစိုးရသ တင်းစာတွေမှာ သတင်းအဖြစ်နဲ့ ရေးသားဖော်ပြပါတယ်။


ရာမဒန် ဥပုသ်လအကုန် ပွဲတော် ကမ္ဘာတ၀ှမ်း ကျင်းပ

ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ တလတာ ဥပုသ်စောင့်ကြတဲ့ သန့်ရှင်းတဲ့ ရာမဒန် လအဆုံးသတ်တဲ့ Eid ပွဲတော်ကို ကမ္ဘာတ၀ှမ်းက မူစလင်တွေ ဆင်နွှဲခဲ့ကြပါတယ်။


ကိုရမ် ကျမ်းစာ မီးရှို့မယ့် အစီအစဉ် ဖျက်သိမ်း

ခရစ်ယာန် ဘုရားကျောင်းငယ်တခုရဲ့ သင်းအုပ်ဆရာတဦးက ကိုရမ် ကျမ်းစာအုပ်တွေကို မီးရှို့မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။


ဘန်ကောက်မြို့မှာ ဗုံး ၃ လုံး တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆက်ရန်


 

နိုင်-ကျဉ်းမပါတဲ့ အင်းစိန်ထောင်က လွတ်ငြိမ်းချမ်းသာ

Posted: 10 Sep 2010 02:39 AM PDT


နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ဒီကနေ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်လို့ပြောပြီး လွက်ရက်စေ့ကာနီးသူတွေကို လွှတ်ပေးနေပါတယ်။ အစိုးရမီဒီယာတွေကလည်း ဗီဒီယိုကင်မရာ ဓါတ်ပုံကင်မရာတွေနဲ့ စောင့်ရိုက်ပြီးတော့ ထောက်လှမ်းရေးတွေကလည်း ထောင်ဘူးဝမှာ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

လွှတ်ပေးလိုက်တဲ့သူ အားလုံးပေါင်းမှာ အမျိုးသမီး ၃၀၊ အမျိုးသား ၇၀ ပါတယ်လို့ ဆိုပါတယ်။ အများစုက ထောင်ဒဏ် တလလောက်ပဲ ကျတဲ့သူတွေနဲ့ လွတ်ရက်နီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်မှာရှိတဲ့ဆရာတော်က အကျဉ်းသားတွေ အားလုံးကို တရားဟောပြီး `ဦးသန်းရွှေ ဒလ အံ့ကြီး´ ရေးတဲ့ နိဗ္ဗာန်ရည်စူး မဂ်ဖိုလ်တရားထူးဆိုတဲ့ ကမ္မဌာန်းဘာဝနာ ပွားများနည်း စာအုပ်လေးတွေကို ထောင်လွတ်တဲ့သူ အားလုံးက ကိုင်ပြီးထွက်လာကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက အင်းစိန်ထောင်တွင်းမှာ တရားဟောခဲ့တဲ့ သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ တရားပွဲအပြီးမှာလည်း ဒီလိုပဲ အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးခဲ့ပါသေးတယ်။

၂ ကြိမ်လုံးမှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှ မပါခဲ့ပါခင်မျာ။ ပြည်သူကို နိပ်စက်ဖို့ ခိုးဆိုးနိုက်တွေပဲ လွှတ်ပေးလိုက်လေသလား?။ ရာဇ၀တ်မှုတွေကိုအားပေးတဲ့ ရာဇ၀တ်သားခေါင်းဆောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားကို ဆက်ဖမ်းပြီး ရာဇ၀တ်အကျဉ်သားတွေကို လွှတ်ပေးတာမဆန်းပေမဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး သတိပေးတဲ့အနေနဲ့ ဒီပိုစ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။



 


 


 


 

No comments: