Thursday, September 9, 2010

ထိပ်တန်းသတင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ်သမ္မတ ဟူကျင်တောင်း တွေ့ဆုံ

တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်သမ္မတ ဟူကျင်တောင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

တရုတ်၊ မြန်မာ စစ်ရေးပူးပေါင်းမှု ဒေသတွင်း အန္တရာယ်ရှိနိုင်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ သဘောတူခဲ့ကြပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

KIO နယ်မြေအနီး မြန်မာစစ်တပ် အင်အားတိုးချနေ

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ထပ်မံငြင်းဆန်ခဲ့တဲ့ နောက်ပိုင်း KIO ထိန်းချုပ်ရာ နယ်မြေအနီးတ၀ိုက်မှာ မြန်မာစစ်တပ်တွေ တိုးချဲ့လာပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ကြိုးပမ်းမှု တရုတ်သမ္မတ ထောက်ခံ

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို အခုထက် ပိုကောင်းအောင် လုပ်ဖို့ တရုတ်သမ္မတ ဟူကျင်တောင်းက ထောက်ခံ သဘောတူခဲ့ပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

ကိုရမ်ကျမ်းစာ မီးရှို့မယ့် အစီအစဉ် ဗာတီကန် အသင်းတော်ချုပ် စိုးရိမ်

ကိုရမ်ကျမ်း မိတ္တူတွေကို မီးရှို့မယ့် အစီအစဉ်ဟာ စိုးရိမ်စရာ အခြေအနေတွေကို ဖန်တီးနိုင်တယ်လို့ ဗာတီကန် အသင်းတော်ချုပ်က ပြောကြားလိုက်ပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ကြာလာပြီ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ရွှေဝါရောင်စိတ်ဓာတ် ရှိနေဆဲပဲလို့ သံဃာတော်တွေက မိန့်ပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

ပါကစ္စတန်ကားဗုံး လူ ၂၀ ထက်မနည်း သေ

ပါကစ္စတန် အနောက်မြောက်ပိုင်းက ရဲဌာန အဆောက်အဦးတခု အားပြင်းတဲ့ ကားဗုံးခွဲ တိုက်ခိုက်ခံရလို့ လူအနည်းဆုံး အယောက် ၂၀ သေဆုံးသွားပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

နယူးဇီလန် နောက်ဆက်တွဲ အားပြင်းငလျင်လှုပ်

နယူးဇီလန်နိုင်ငံမှာ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ခဲ့တာကြောင့် ငလျင်ဒဏ်သင့် ခရစ်စ်ချာ့ခ်ျမြို့မှာ အပျက်အစီးတွေ နောက်ထပ် ဖြစ်ပေါ်ခဲ့ရပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံ ၅ ရက်ကြာ ခရီးစဉ် စတင်



မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ဒီကနေ့ ရောက်လာပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

မြန်မာရွေးကောက်ပွဲ ပြည်တွင်းရေးမို့ ၀င်မစွက်ဖို့ တရုတ်သတိပေး

မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်ဘူးလို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။


http://media.voanews.com/designimages/graphic-ddd1px.gif

ဆက်ရန်



http://media.voanews.com/designimages/graphic-ddd1px.gif

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း

http://media.voanews.com/designimages/graphic-ddd1px.gif

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

http://media.voanews.com/designimages/graphic-ddd1px.gif

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

http://media.voanews.com/designimages/graphic-ddd1px.gif

http://gmodules.com/ig/images/plus_google.gif






ဘဘ ဦးတင်ဦး၏ အကိုကြီး ကွယ်လွန်ရှာပြီ

Posted: 09 Sep 2010 12:13 AM PDT



လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။



၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။



မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)

Rest of your post
အညာနွေတမာမြေ

Khitpyaing update 9/9/2010

တရုတ်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်


တရုတ်နှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ဟူကျင်းတောင်နှင့် မြန်မာနအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ချိုင်းနားဒေလီးသတင်းတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရုတ်နိုင်ငံက အထူးအလေးထား ဆက်ဆံပါကြောင်း တရုတ်သမ္မတက မြန်မာဗိုလ်ချုပ်မှူးကြီးအား ပြောကြားခဲ့သည်ဟုလည်း သိရသည်။

ပတ်စပို့ အစစ်နှင့်အတုလဲသောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ

အလုပ်မှအထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့က ၎င်းတို့၏ ယာယီပတ်စပို့များနှင့် အလုပ်သမားကတ်ကို ပြန်လည်တောင်းခံသောအခါ နဂိုမူလစာအုပ်များ မဟုတ်သဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ဆန္ဒပြတောင်းဆိုမှုတခု ယမန်နေ့မှစတင်၍ ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ခန်းမြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညနေက ကိုအောင်သီဟ၊ ကိုအောင်ကျော်ဆန်း၊ ကိုသီဟထွန်း၊ မအိသဲဖြူ၊ မထွေးငယ်နှင့် ကိုဇင်လင်းအောင်တို့ အလုပ်သမား (၆) ဦးအား အလုပ်ပျက်ရက်များသည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ကြောင်း စက်ရုံတာဝန်ရှိသူတို့က တရားဝင်စာထုတ်ကြေညာခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမတ်လောင်းတဦး အပယ်ခံရ

ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဗဟိုပြန်ကြားရေးမှူး ဦးလှမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ်မှ အပယ်ခံရကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ရွေးကောက်ပွဲဥပဒေမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ မြန်မာနိုင်ငံအတွင်း (၁ဝ) နှစ် တဆက်တစပ်တည်းနေသူ ဖြစ်ရမယ်လို့ ပါထားတယ်။ အကယ်၍ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာ မြန်မာသံရုံးမှာ ပုံမှန် အခွန်ပေးဆောင်နေသူ ဖြစ်ခဲ့ရင် ရတယ်။ ဦးလှမြင့်က ဂျပန်မှာ (၅) နှစ် အလုပ်လုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်က ပြန်လာတယ်။ ပြန်လာတဲ့အခါ အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းပြီး သူ အပယ်ခံရတာပါ” ဟု ပြောသည်။

ပဲခူးမှ လူငယ် (၂) ဦး သေဆုံးမှု ရှင်းလင်းပွဲမလုပ်

ပဲခူးမြို့  ဇိုင်းဂနိုင်းတောင်ရပ်ကွက်မှ လူငယ် (၂) ဦးကို ခလရ (၅၉) မှ စစ်သားများက သေနတ်ဖြင့်ပစ်သတ်လိုက်သည့်ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ကြောင်း နေပြည်တော်မှ ရဲအရာရှိတဦးက ပြောကြားသည်။

အဆိုပါလူငယ် (၂) ဦး သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီက ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် အဆိုပါ ရဲအရာရှိက ခေတ်ပြိုင်သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။

ကေအိုင်အိုတပ်ဖွဲ့အပေါ် နအဖက ကန့်သတ်မှုများ ပြုလုပ်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ခွင့်ပြုချက်ရရှိမှသာ မြို့၊ ရွာများသို့ ခရီးသွားလာခွင့်ရရှိမည်ဟု သိရသည်။

ယခုလ (၅) ရက်နေ့၌ ကေအိုင်အို ဆက်ဆံရေးရုံးသို့ မပခမှ အရာရှိတဦးက ကေအိုင်အို ခေါင်းဆောင်များအပါအဝင် တပ်ဖွဲ့ဝင်များသည် ခရီးသွားလာရာတွင် နယ်မြေခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ထံ သတင်းပေးပို့ပြီး မပခ၏ ခွင့်ပြုချက်ဖြင့်သာ ခရီးသွားလာရမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်ဟု ကေအိုင်အိုနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

Read more...
http://www.khitpyaing.org

https://blogger.googleusercontent.com/tracker/1121644131588154776-7341904913050647687?l=anyarnwaytamarmyay.blogspot.com

http://feeds.feedburner.com/%7Er/zarni/%7E4/z4L6fxXIaxw?utm_source=feedburner&utm_medium=email

No comments: