Friday, December 17, 2010

12/18/2010







ဝါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို့ အစီရင်ခံစာ
 
 ထပ်မံဖြည့်စွက်ပြီး အမေရိကန် ရှိ မြန်မာ အတိုက်အခံ များ ၊ မြန်မာ ရွှေ့ ပြောင်းနေထိုင် သူများ နှင့် ပတ်သက်၍ ၀ါရှင်တန် ရှိ မြန်မာ သံရုံးမှ မြန်မာ နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက် စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့ သတင်းပေး ပို့မှု တစ်ခု မှာ......
၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို့ မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။

၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။

၁(ဂ) ဘတ်ဖဲလို၊မြောက် ကာရိုးလိုင်း နား နှင့် ဖို့ ဝိန် တွင် လည်း နိုင်ငံရေး လုပ်သည် ဆိုသူများ အချင်းချင်းစည်း လုံးမှု မရှိကြောင်း နှင့် ဖို့ ဝိန် တွင် ၀ိုင်းစုခိုင်သိန်း တို့ ၏ ဖျော်ဖြေပွဲစဉ်ကို အကြောင်း ပြု၍ သဘောထားကွဲလွဲ မှု များ ရှိနေပြီး ABSDF အဖွဲ့ ဝင် ဟောင်းများ စစ်ဝတ်စုံဝတ်ပြီး အလံတင် တာ ကို အခြား နိုင်ငံရေး သမားများ က သဘောမတူ ဟုဖော်ပြထားသည်။ ထို နေ့ စွဲဖြင့် အခြား ကဏ္ဍတစ်ခု တွင် အမေရိကန် မှာ ရန်ကုန် သို့  ငွေလွှဲဝန်ဆောင်မှု ပေးသူ ဦး++++++ကသံရုံး မိသားစု များ ၏ ကထိန် ပွဲတော် သို့  အလှုငွေ ထည့် ၀င်ကြောင်း နှင့် Spaldingအမျိုးအစား Golf Setကိုလည်း ဦး++++ သံတမန် ရေးရာ ဦးစီးဌာန အတွက် ၀ယ်ပေးကြောင်း ပါရှိသည်။

၁(ဃ) အမေရိ ကန်နိုင်တွင် ဆူရှိ လုပ်ငန်းများ ဖြင့် စီးပွားရေ အဆင်ပြေနေ သူများ မြန်မာ နိုင်ငံသို့ပြန်ချင်ကြောင်း အချို့  အမေရိကန် မြို့ များ ရှိ မြန်မာ အတိုက် အခံ များ အတွက် သတင်း ယူရန်မဖြစ် နိုင်ကြောင်း(ထိုမြို့ များ ကို အစီရင်ခံ စာတင်ပြီး) ထိုမြို့ များ ရှိ ဆူရှီ လုပ်သူများ မြန်မာနိုင်ငံ သို
ပြန်ချင် ၍ ဗီဇာ လာလျှောက် လျှင်မည် သည်
အကြောင်း ကြောင်း ဖြင့် ၎င်းတို့ ရောက်ရှိ လာသော် လည်း ပေးသင့်ကြောင်း နှင့် ထိုသူများကို သံရုံး က သတင်း အလို့ ငှာ အသုံးချ ၍ ရကြောင်း သံအမတ်ကြီး ကိုယ်တိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သတင်းပေး ပို့ ထားသည်။ နောက်ထပ် တစ်ဆက်တည်းသတင်းပေးမှု တွင် ++++++ ၏ သတင်း ပေးပို့ မှု အရ ညီညီအောင် နှင့် ၀ါဝါကျော်တို့ မင်္ဂလာမဆောင်ရ သေး ဟု ပါရှိသည်။ ထိုနေ့ သတင်းပေးပို့ မှု နှင့် တစ်ဆက် တည်း တွင် ပင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက် James Defense Weekly , Foreign Affairs နှင့် မိသားစု အတွက်Burberry ရေမွေး 75 ML နှစ် ပုလင်း ၊ မျက်နှာကျက် မီးဆိုင်း Dolce and Gabana နှစ်ပုလင်း ၊ PBS ဒီဗီဒီ ၊ စစ်လက်နက်ပစ္စည်းမဂ္ဂဇင်း များ ( ၁၈ အုပ်) ပေး ပို့ သည် ဟု ပါရှိသည်။
 
၁(င) စက်တင်ဘာလ ၂၉ ရက်နေ့ နေ စွဲဖြင့် ပေးပို့ သည့် အစီရင် ခံစာတွင်အမေရိ ကန် နိုင်ငံဆန်ဖရန် စစ္စကို မြို့ မှ မြန်မာ အတိုက် အခံများ ဆန္ဒပြ ပွဲများ နှင့် ဖို့ ဝိန် နှင့် ဘတ်ဖဲလိုး မြို့ ၊ယူတီကာ မြို့ မှ မြန်မာ အတိုက် အခံ တို့ ၏ သတင်းများ မြန်မာ နိုင်ငံပြန်ရန် အတွက် ဗီဇာလာလျှောက်သူ ၁၈ ဦးကို ဗီဇာ ပေး နိုင်ရန် စီစဉ်ပေး ရန် တင်ပြမှု ၊ အမေရိကန် ခြောက်ဦး ဗီဇာ လျှောက်ထားမှု ၊ အမေရိကန် သတင်း စာ တစ်ခု မှ သံအမတ်ကြီးနှင့် တွေ့ ဆုံမေးမြန်းမှု ၊ စသည် တို့ ကို ဖော်ပြထားသည်။

၁(စ) အမေရိကန်အစိုး ဧည့် ခံပွဲ တစ်ခု တွင် သံအမတ် ကြီး နှင့် အတွင်းဝန် ၀ါရှင်တန် သို့ သွားရောက်ပုံ ၊ သြစတေးလျှ သံအမတ်ကြီး က မြန်မာ့ ရွေးကောက် ပွဲအား မေး မြန်း ခဲ့ ပုံ တို့ ကို ဖော်ပြထားပြီး စက်တင်ဘာ ၂၉ နေ့ စွဲဖြင့် နောက် တစ်ခု တွင် အမေရိကန် ရှိ ဘုန်းကြီးများ သတင်း ၊ နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး အိမ်ပွဲ စား လုပ်နေ သည့် သတင်းနှင့် သတင်းပေးများ မြို့ တိုင်း တွင် ထားရှိနိုင်ရန် စီစဉ် ထားမှု သီးသန့်  လှို့ ဝှက် အစီရင် ခံစာ နှင့် ဘုန်းတော်ကြီး ဦး ပညာဇောတ ၏ မော်တော်ကား သစ်ပင် ပိကျမှု နှင့် နယူးယောက် တွင် ဘုန်းကြီး ကျောင်း နေရာ ၀ယ်သည့် သတင်း တို့ ပါရှိသည်။ဦးပညာ ဇောတ မော်တော်ကား သစ်ပင်ပိကျမှု တွင် ဘုန်းကြီး အာမခံ မလုပ်ထား ပါက ကားလျှော်ကြေမရ နိုင်ဘဲ ဘုန်းကြီးမော်တော် ကားစီးရတော့ မည် မဟုတ် ဟု ပါရှိသည်။

၂. ရွေးကောက်ပွဲ နီးလာပေမယ့် အမေရိကန် က မြန်မာ နိုင်ငံရေး သမားတွေ ဘာမှ မလုပ် နိုင်တဲ့အပြင်ဒေါက်တာ စိန်ဝင်း က နောက်ထပ် ဖွဲ့ တဲ့ အစိုးရ သစ် မှာ ရှုံ့ ချဉ် နှပ်ချဉ် ဖြစ်နေတာကို စက်တင်ဘာ ၂၉နေ့ စွဲ နဲ့  သတင်း မှာဖော်ပြထား ပါတယ်။ ကျန်ရှိ နေသည့် သံရုံး အစီရင် ခံစာ များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပြီး အင်္ဂလန် နိုင် ငံ တကာ အကူအညီပေး ရေး ဧဂျင်စီ နှင့်မြန်မာ အဖွဲ့ အစည်းများ ဆက်သွယ် ထားသော ဖိုင်များ ကို လည်း ဆက်လက် ဖော်ပြပါမည်။ 
၈၈၈၈ ပြည်သူ့ သတင်းစဉ်၏ ဆန္ဒမွန်

နယ်စပ်ဒေသတိုက်ပွဲများ တလကျော်လာခဲ့ပေပြီ၊ ပြည်တွင်းစစ်ပွဲတွင် နှစ်ဖက်အကျအဆုံးများဖြင့် တ ဘက်နှင့်တဘက် စစ်ရေး အားသာ မှုများရရန်ကြိုးစားနေချချိန်တွင် ဒေသခံကျေးရွာမှတိုင်းရင်းသားများ အတိဒုက္ဒရောက်ကြရ၏၊ လက်နက်ကြီးထိမှန်၍ သေဆုံးကြရလို မိတကွဲဖတကွဲဖြစ်ကာ အိုးအိမ်ပြစ်ခါ ပြေးကြရသည်။
နအဖစစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲပြီးက တိုင်းရင်းသားတို့ နှင့် စစ်ခင်းရန်ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ပြီး ယခုဖြစ်နေသည့် စစ်ပွဲတွင် အမျိုးသားရေးအခြေမခံဘဲ ဖြေရှင်းမရသည့် အကျိုးစီးပွား အပေးအယူများဖြင့် ရှုပ်ထွေးနေ သဖြင့် နယ်မြေတွင်းငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန် ခက်ခဲပေမည်။
မည်သည့်နိုင်ငံရေးခေါင်းဆောင် အစိုးရဖွဲ့ ပါစေ စစ်တပ်မပါက ရမည်မဟုတ်ဆိုသည့် ကိုလက်ခံလာရအောင် လည်း တဘက်မှနေ စစ်ရေးတိုက်ပွဲများပြကာ သိမ်းသွင်းနေခြင်းလည်းဖြစ်သည်။ယခုကဲ့သို့  နယ်စပ်စစ်ပွဲများ ဖြစ်လာရသည်မှာ လက်နက်ကိုင်အင်အားစုများကို လုပ်ပိုင်ခွင့်များ-ကိုယ်ကျိုးစီးပွားအခွင့်လမ်းများ ပေးကာ စည်းရုံးထားခဲ့ပြီးမှ ရပိုင်ခွင့်များလက်လွတ်လိုက်ရသဖြင့် မကြေနပ်ရာမှ စတင်ခဲ့ရခြင်းဖြစ်သည်။
ယခုအချိန်သည် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တို့ သည်  ပြည်တွင်းစစ်ပွဲအမြန်ဆုံးရပ်စေရန် လူထုလှုပ် ရှားမှု များဖြင့် တောင်းဆိုရမည် ပါတီနှင့် လူမျိုးအကျိုးစီးပွားထက် တမျိုးသားလုံးငြိမ်းချမ်း ရေးရ စေရန် ဦးတည် မည်ဆိုပါက ရဟန်းတော်များ-ဘာသာရေးခေါင်းဆောင်များ ဦးဆောင်လျှက် လူထုခေါင်းဆောင်များ-ကျောင်းသားခေါင်းဆောင်များ အားလုံး ရှေ့ မှဦးဆောင်ကာ လူထုနှင့်အတူ စစ်ဖြစ်နေသော တိုင်းရင်းသား နယ် မြေသို့  ငြိမ်းမ်းချမ်းရေး ခရီးရှည်ချီ တတ်သင့်သည်။
ထိုမှသာ တိုင်းပြည်အတွင်းဖြစ်နေသော စစ်ပွဲများကို လူထုကိုယ်တိုင်ပါဝင်ဖြေ၇ှင်းခြင်း နည်းလမ်းဖြစ်သဖြင့် စစ်မှန် သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုလူထုအားဖြင့်သာ ရလာနိုင်မည်ဖြစ်သည် ။ ငြိမ်းချမ်း ရေးသည် ပြည်သူတရပ်လုံးပါဝင်လာမှသာ အောင်မြင်နိုင်သည်ကို လူထုကိုလမ်းပေါ်မထွက်ဘဲ နှင့်လူထုအင် အားမပါဘဲနှင့် ရလာနိုင်မည်မဟုတ် မိမိရန်သူကို သင့်အောင်ပေါင်းလျှက် ပြန်လည်သင့်မြတ်ရေး ကို တဘက် သတ် လုပ်နေသော်လည်း ကျပ်မပြည့်သောဗိုလ်ချုပ်များက နားလည်ပေးမည်မဟုတ်ပေ။
သန်းရွှေ သေသွားပြီးရင်တော့ နေ၀င်းတို့  ခင်ညွှန့် တို့ လို သားသမီးဆွေစဉ်မျိုးဆက်လိုက် ဒုက္ခရောက်တော့မယ်။






 

သန်းရွှေ သေသွားပြီးရင်တော့ နေ၀င်းတို့  ခင်ညွှန့် တို့ လို သားသမီးဆွေစဉ်မျိုးဆက်လိုက် ဒုက္ခရောက်တော့မယ်။

နစ်နေမန်း

ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)

ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)

မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။  တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။  ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။


ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့  မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ  ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။


လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။


နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။  ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။


အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။


ရတနာပုံ Virus


ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။

စစ်အစိုးရ ၀ါဒဖြန့်ရုပ်ရှင် မီဒီယာကို ဝေဖန်မည်

E-mail Print
၆၆ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရိုက်ကူးမည့် ၀ါဒဖြန့် ဇာတ်ကားတွင် ပြည်တွင်း သတင်း မီဒီယာများကို ဝေဖန် ထားသည့် အကြောင်းအရာများ ထည့်သွင်း ရိုက်ကူးမည်ဟု သိရှိရသည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဇာတ်ကားကို “တုနှိုင်းမဲ့ သစ္စာ” ဟု အမည်ပေးထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံ
ရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး(ကက-ပြည်) မှ တာဝန်ယူ ရိုက်ကူးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းက ပြောသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကျော်ရဲအောင်၊ ရဲအောင်၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ နေမင်း၊ နေအောင်၊ ကောင်း ခန့်၊ မင်းသွေး၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဖာဦး၊ န၀ရတ်၊ ၀တ်မှုန်ရွှေရည်၊ မိုးယုစံ၊ ခေမီကို၊ မယ်လိုဒီ စသည့် သရုပ်ဆောင်များစွာ ပါဝင် မည်ဟု သိရသည်။

“၀တ်မှုန်ရွှေရည်က သတင်းကြေညာတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာ။ မီဒီယာနဲ့ ပတ်သက်ပြီး ဝေဖန်ချင်တာတွေပါသလို စစ်သား တွေကို အထင်မကြီးတဲ့ ပြည်သူတွေနဲ့  မြန်မာပြည်ကို အထင်မကြီးတဲ့ နိုင်ငံခြားပြန်တွေအကြောင်း ပါမယ်လို့ ပြော တယ်။ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပေမယ့် စစ်တိုက်တာတွေချည်းပဲ ပြသွားမှာ မဟုတ်ဘဲနဲ့ စီးပွားရေးနဲ့  ပတ်သက်တာ တွေလည်း ပါမယ်”ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် အမျိုးသမီး သရုပ်ဆောင်တဦးက ပြောသည်။

ဒု ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာ တင်သန်းဦးက ယခုနှစ်အတွင်း ရေးသားရိုက်ကူးခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” အစိုးရ ၀ါဒဖြန့် ဇာတ်ကားသည်လည်း သမိုင်းအမှားကို ရိုက်ကူးထားသည့် ဇာတ်လမ်းအဖြစ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီး အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များသည် ပြည်ပ ခရီးစဉ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ရသည်။

“တုနှိုင်းမဲ့ သစ္စာ” ဇာတ်ကားကို ရေးသားရိုက်ကူးမည့် ဗိုလ်ကြီး တင်အောင်စိုး(ပန်းမြို့တော်)သည် “ကြယ်စင်မော်ကွန်း” တပ်မတော် သမိုင်း ရုပ်ရှင်ကား ဇာတ်လမ်းကို ရေးသားခဲ့သူဖြစ်ပြီး တခြား ၀ါဒဖြန့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြောင်း တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး(ကက-ကွန်) နှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက“ဂျာနယ်တွေရဲ့ အခန်းကဏ္ဍက ပြည်သူလူထုဆီ တော်တော် တာသွားတယ်ဆိုတာ ရွေးကောက်ပွဲကာလ၊ ဒေါ်အောင် ဆန်းစုကြည် လွတ်ပြီးအချိန်တွေမှာ အာဏာပိုင်တွေဘက်က လွှတ်ပေးလို့ မရတော့ဘူးဆိုတာ ပိုသိလာတယ်။ ပိုပြီး သတိ ထား လာတယ်။ ပြည်တွင်းမီဒီယာတွေ သတင်းဌာနတွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကို ဇာတ်ကားမှာ ထည့်ထားတယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်တွင် ဓာတ်ပုံနှင့် စာသားများ သတ်မှတ်ချက်ထက် ကျော်လွန် ဖော်ပြသောကြောင့် စာပေစိစစ်ရေးက ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်းခဲ့သည်။

“ရွေးကောက်ပွဲအပြီးမှာ သတင်းဂျာနယ်ကြီးတချို့ကို သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့သလို ပြန်
ကြားရေးကနေ ကက-ပြည်ကို အကြောင်းကြားထားတာတွေ ရှိတယ်။ အဲဒီတုန်းက ပဏာမအနေနဲ့ ခွင့်ပြုပေးတဲ့အထိ ဖြစ်ခဲ့
ပေမယ့် ရွေးကောက်ပွဲကာလ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်၊ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ ဖြစ် ခဲ့တာရှိခဲ့တယ်။ ဂျာနယ်အတွင်း မျက်နှာဖုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖော်ပြတာမျိုးတွေပေါ့။ ဒီအခြေအနေတွေကို သုံးသပ်ပြီး သတင်းစာတွေ ထုတ်ခွင့်ပေးဖို့ မဖြစ်တော့ဘူး ဆုံးဖြတ်လိုက်တာ”ဟု အဆိုပါ ကက-ကွန်နှင့် နီးစပ်သည့် အရာရှိက ဆိုသည်။

အာဏာပိုင်များနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သည့် ပြည်တွင်း ဂျာနယ်ကြီး ၅ စောင်ခန့်ကို ပြန်ကြားရေး ဝန်ကြီးဌာန က ပဏာမ အနေဖြင့် သတင်းစာထုတ်ဝေခွင့်ပြုရန် စီစဉ်ခဲ့သော်လည်း၊ စိတ်မချရတော့ဟုဆိုကာ ခွင့်မပြုတော့ကြောင်း၊ ဂျာနယ်ကြီး တစောင်ကိုမူ ပုဂ္ဂလိကတ၀က်၊ စစ်ဘက်အုပ်ချုပ်မှုတ၀က် လုပ်လိုပါက ခွင့်ပြုပေးမည်ဟု သိရကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန နှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ” နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ထုတ်ဝေဆဲ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများအပြင် ရန်ကုန်မြို့တော်စည်ပင်မှ ထုတ် ဝေနေသည့် “မြို့တော် သတင်းစာ”၊ မန္တလေးတွင် ထုတ်ဝေနေသော “ရတနာပုံ သတင်းစာ” တို့ကို လက်ရှိထက် တိုးချဲ့၍ သတင်းစာကြီးများအနေနှင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ 
FTUB မှ အာဏာရှင် ဦးမောင်မောင်၏ မတရားမှု လုပ်ရပ်များ ဖြေရှင်းပေးကြရန်

FTUB က ဦးမောင်မောင်သည် ၄င်းသမဂ္ဂ၏ အတွင်းရေးမှူးများ ၊ဗဟိုကော်မတီဝင်များကို ဆက်တိုက်ထုတ်ပယ် နေသည်ဟု ကျနော်တို့ ကြားသိရသည်။FTUB အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များဖြစ်သောကိုချို၊ကိုတင်ထွန်းအောင်၊ကိုဇော်ထွန်းနှင့် မအိရွှေစင်ညွန့်တို့ အား FTUB  မှ ဖယ်ရှားထုတ်ပယ်နေခြင်းသည် အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးမှ  အာဏာရှင် ဆန်သောလုပ်ဆောင်မှု ဖြစ်သည်။ထုတ်ပယ်ခံရသော အတွင်းရေးမူးများသည် FTUB တွင် ၂၀ နှစ်တိုင်မြန်မာပြည်အလုပ်သမားရေးကို ILO နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများဖြစ်သည်ဟုကျနော်တို့ ကြားသိရသည်။  
ယခုအခါပြည်ပလွှတ်တော်ဟူ၍အဓမ္မဖွဲ့စည်းခဲ့သောလွှတ်တော်တွင်ဦးမောင်မောင်သည်အတွင်းဝန်ရာထူးယူထားသူသော် လည်း ဦးမောင်မောင်၏ပြည်ပလွှတ်တော်အား မည်သည့်တော်လှန်ရေးအင်းအားစုကမှလက်ခံ သဘောတူညီခြင်းမရှိပါ။ မြန်မာနိုင်ငံတွင် ဦးမောင်မောင်သည် ၀န်ကြီးတစ်ဦးသာ ဖြစ်ခဲ့လျှင်တိုင်းပြည်အတွက် အလွန် အန္ဘရယ်ကြီးမည်ကို အလုပ်သမားတစ်ဦးအနေနှင့် စိုးရိမ်ပါသည်။ ဦးချို ဦးဇော်ထွန်း၊ဦးတင်ထွန်းအောင်၊ ဒေါ်အိရွှေစင်ညွန့် တို့ အား ထုတ်ပယ်သည့် သတင်းမှန်ကန်ပါက အင်မတန်မှကြောက်စရာကောင်းသည့် အပြူအမူဖြစ်ပြီး FTUB အလုပ်သမားသမဂ္ဂသည် အလုပ်သမားများ အတွက် စိုးရိမ်စရာကောင်း သောသမဂ္ဂတခုပင်ဖြစ်ပေသည်။

ဤကိစ္စအားဝိုင်းဝန်းစုံစမ်းပြီး
ပြည်ပသမဂ္ဂများသို့ အကြောင်းကြားပေကြ ပါရန်နှင့်နိုင်ငံတကာ သမဂ္ဂများမှလည်း FTUB ၏ အခြေအနေအားစုံစမ်းမေးမြန်းရန် အထူးလိုအပ်ပါသည်။ 

  ကျောမွဲ အလုပ်သမားတစ်ဦး
မှတ်ချက် -

အီမေးလ်တွေက နေ ဒီသတင်းကိုရတာ။ ပြန်စုံစမ်းကြည့်တော့ ဒီသတင်း ကအမှန်ပဲ ။  တော်တော်ဆိုးတဲ့လုပ်ရပ်ဖြစ်လို့  တင်ပေးလိုက်တာပါ။ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း မှာ ဒီလိုမတရားလုပ်တဲ့လုပ်ရပ်တွေကို ကျနော်တို့ လက်ခံလို့ မရဘူး။ကာယကံရှင်တွေက ကိုယ်တိုင် ဖြေရှင်းပေးဖို့ တောင်း ဆိုသင့်တယ်။ 

ကိုမောင်မောင်က နိင်ငံတကာ အလုပ်သမားသမဂတွေက ရတဲ့ ထောက်ပံငွေတွေ နဲ့  ကိုယ်ကျိုး ရှာ အာဏာ တည်ဆောက်၊ အုပ်စုဖွဲ့   ထိုင်းနိင်ငံရေးသမား တပ်ဆင်လို လုပ်နေတဲ့လုပ်ရပ်တွေကို ရပ်တန်း က ရပ်သင့်နေပြီ လို့  အကြံပြုလိုပါတယ်။ 

_
 


(1)The most selfish one-letter word is' I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့
ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။

(2)The most satisfying two-letter word is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

(3)The most poisonous three-letter word is' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။ 

(4)The most used four-letter word is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ 
ပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter word is' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter word is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letter word is' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(8)The most troublesome eight-letter word is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letter word is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letter word is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

DNA
 

No comments: