Tuesday, December 7, 2010

သတင်းတွေကိုမေးလ်ထဲကဖတ်ချင်ရင် http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။

ဒီနေ့ ကိုထိန်လင်း မြန်မာပြည်က ပြန်လည် ထွက်ခွာ .......... .....
Posted: 06 Dec 2010 11:48 PM PST









ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(Kim Aris)ဒီနေ့ မနက် ၉နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာ သွားပါပြီ။

နှုတ်ဆက် လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြ နှုတ်ဆက် နေပုံကို ခုလို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ် မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင် ထားတဲ့ မင်းသမီး မီရှဲရိုးဟာ လေယာဉ် တစီးတည်း အတူတူ ပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မီရှဲရိုးဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမ သရုပ်ဆောင် ရမယ့် ဒေါ်အောင် ဆန်းစုကြည် ဇာတ်ကောင် နေရာ အတွက် တွေ့ဆုံ စကားပြော မေးမြန်းတာတွေ လုပ်ခဲ့ပြီး ညစာ တူတူစား ခဲ့ကြတယ်လို့ သိရပါတယ်။

Photo - REUTERS & AP
စစ်သားစိတ် မပျောက်ပဲ လူမဆန်စွာ ဖိနှိပ်နေတဲ့ IBC မှ ဗိုလ်မှူး မောင်ညိမ်း
Posted: 06 Dec 2010 07:01 PM PST

ဗိုလ်မှူး မောင်ညိမ်း
မြန်မာနိုင်ငံတွင် မတရား အုပ်ချုပ်နေသော စစ်အစိုးရ ပေါ်လစီ အရ စစ်တပ်မှ အရာရှိ များကို အရပ်ဘက် ပြောင်းလဲ တာဝန် ချထား ပေးနေကြသည်။ သို့သော် ထိုသို့ အရပ်ဘက် ပြောင်းလဲ လာကြ သော်လည်း အချို့ စစ်တပ် အရာရှိများသည် အရပ်ဘက် ရုံးများတွင် အရပ်သား ၀န်တမ်းများကို စစ်သားစိတ် မပျောက်ပဲ စစ်တပ် ဆန်ဆန် ဖိနှိပ် ချုပ်ချယ် နေမှုကြောင့် ဖြစ်ပေါ်လာသော အစဉ်မပြေ မှုများသည် မြန်မာနိုင်ငံ ၀န်ထမ်း လောကတွင် အဖြစ်များ နေပါသည်။

ယခုလည်း သစ်တော ရေးရာ ၀န်ကြီးဌာန လက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(I.B.C)၏ ဗဟို မန်နေဂျာ ဖြစ်သော ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက် ၀န်တမ်းများ အပေါ် လူဂုဏ် သိက္ခာ ညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ် အုပ်ချုပ်မှုများ ရှိနေကြောင်း (I.B.C) ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သတင်း ရရှိပါသည်။

၎င်း ဗိုလိမှူး မောင်ညိမ်းသည် မိမိလက်အောက် ၀န်ထမ်းများကို ရုံးလုပ်ငန်း ကိစ္စများတွင် သာမက မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများပါ ခိုင်းစေပြီး၊ ထိုခိုင်းစေမှုများကို ၎င်းစိတ် အခက် မသင့်ပါက ကိုယ်ထိ လက်ရောက် ကျုးလွန် စော်ကားလေ့ ရှိသည်။ နေပြည်တော်ရှိ (I.B.C) စားသောက်ဆိုင် ခွဲတွင် တာဝန် ထမ်းဆောင် နေသူ မောင်ကျော်သူထင် အား ဗိုလ်မှူး မောင်ညိမ်း မျှစ်ချဉ်ကန် ပြုလုပ်ရန် စေခိုင်းစေရာ အချိုးမပြေဟု ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ဥိးခေါင်းကွဲ ဒါဏ်ရာ ရရှိပြီး ဆေးခန်းတွင် ချုပ်ရသည့် အထိ ဖြစ်ခဲ့သည်။ သို့ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုး အချို့သည် ဗိုလ်မှူး မောင်ညိမ်း လက်အောက်တွင် တာဝန် ထမ်းနေ ရသဖြင့် မောင်ကျော်သူထင်မှာ သူ့ဆွေမျိုးများကို ဗိုလိမှူး မောင်ညိမ်းမှ အငြိုးထား အလုပ်ဖြုတ်မည် စိုးသဖြင့် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုလုပ်ရဲပဲ ရေငုံ နှုတ်ပိတ် နေခဲ့ရသည်။

ထိုအပြင် မောင်ကျော်သူထင်၏ ဇနီး (I.B.C) ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုန်း ပြုပြင်ခိုင်းရာ အဆင်မပြေဟု ဆိုကာ ဗိုလ်မှူး မောင်ညိမ်းမှ ကိုယ်ထိ လက်ရောက် ပါးရိုက် ခဲ့သည်။

(I.B.C) ရုံးတွင်လည်း ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နှုတ် မိန့်ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) အား ထုတ်မပေးခြင်း (I.B.C) တွင် အလုပ်ဝင်သူ မည်သူ ဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်ဆဲးထား၍ အလုပ်ထွက်ပြီး ခြောက်လ ကြာသည့် အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည့် စည်းကမ်းများ ချထားကြောင်းသိရသည်။ ဗိုလ်မှူး မောင်ညိမ်းသည် သစ်တောရေးရာ ၀န်ကြီးနှင့် ပဏာသင့်သူ တဦးဖြစ်ပြီး ၀န်ကြီးမှ ၎င်းအား ကာကွယ် ပေးနေကြောင်း သိရှိရသည်။

(I.B.C)ရုံးတွင် ၀န်တမ်း ဦးရေ ပျမ်းမျှ (၆၀) ဦးခန့် ရှိကြရာ (၄၀) ဦး လောက်မှာ ဗိုလ်မှူး မောင်ညိမ်း၏ ကိုယ်ထိ လက်ရောက် စော်ကား ခံခဲ့ရဖူးသူများ ဖြစ်နေကြပြီိး အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုရဲကြပဲ ခေါင်းငုတ် ခံနေကြရသည်။
ယခု အခါ ဆက်လက် သည်းမခံနိုင် ကြတော့ပဲ ၀န်ထမ်းများက ဗိုလ်မှူး မောင်ညိမ်းအား အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (I.L.O) သို့ တိုင်ကြားရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
တစ်ဦးလျှင် 10 US$ ဖြင့် လူ ၂၅၀၀ ရရင် ဗမာတွေ အလင်းပွင့်ပြီ
Posted: 06 Dec 2010 05:31 AM PST
အမြင်အာရုံများစူးရှထက်မြက်စေရန်

အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်

အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။

ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သောကုန်ဆုံးမှုများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကိုဖွင့်လှစ်ရန် ကြိုးပမ်းလိုက်တော့သည်။

ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများလိုအပ်လျှက်ရှိသည်။

ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်း ယခုဈာပနအဆောက်အဦးတည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပနအဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်းလက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများလူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။

ထို့ကြောင့် ယခုလက်ရှိသုခကုသိုလ်ဖြစ်ဆေးခန်းအဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာတိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

ယင်းအဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံးအထောက်အကူပြုပစ္စည်းများ ၀ယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။

ယင်းပစ္စည်းစာရင်းမှာ -

* Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)
* KeratoRefractometer 10025 US$ (လက်ရှိပေါက်ဈေး)
* Biometry Machine 7698 US$ (လက်ရှိပေါက်ဈေး)
* OT Table (EYE) 4480 US$ (လက်ရှိပေါက်ဈေး)
* Surgeon Chair 101 US$ (လက်ရှိပေါက်ဈေး)
* Spot Light 2439 US$ (လက်ရှိပေါက်ဈေး)
* Cataract Surgical Set (4 - Set) 1724 US$ (လက်ရှိပေါက်ဈေး)
* Eye Minor Surgical Set (4 - Set) 1752 US$ (လက်ရှိပေါက်ဈေး)
* Operatin Microscope (Motorized) 12348 US$ (လက်ရှိပေါက်ဈေး)

ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အားအလှူရှင် ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ၀ယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေသောပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။

ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြတောက်ပလာရန်အတွက် လျင်မြန်စွာကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။

ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်းတစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါကလူအယောက် (၂၅၀၀) ဦးဆိုပါကလိုအပ်သောမျက်စိခွဲစိတ်ခန်းသုံးကရိယာပစ္စည်းများ ၀ယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာလူ ၂၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။

ကျော်သူ

တိုက်ရိုက်ပေးပို့နိုင်သောလိပ်စာ
F.F.S.S (Yangon), No. (13-A), Bo Mhu Ba Htoo Road,48th Quarter (U-9), North Dagon Township, Yangon, Myanmar.
ဖုန်းနံပါတ်
709277,728089, 581363, 580133, 583514
စင်ကာပူမှ လှူဒါန်းလိုသူများ Donation Collectors -------Names ----------Contact No. (1) Kyaw Zin Latt ------ 9383 7924 (2) Thu Rain Nyunt --- 9337 5590 (3) Aung Phyo Maung - 9185 6851 (4) Aung Than Naing --9771 6436 (5) Ko Kyaw Moe ------ 9059 4838 Bank Account to transfer donation (1) DBS saving Plus 020-5-064104 (Aung Phyo Maung) (2) DBS saving Plus 020-7-071956 (Thu Rain Nyunt) (3) DBS Saving Plus 020-9-071048 (Aung Than Naing)

No comments: