Saturday, December 18, 2010
နိုင်ငံတော် အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊မများ မဖြေကြားနိုင်
အား မနွဲ့ ကြသူများ 
*ရေးသူ-ခင်ငြိမ်းသစ်*
 လူသားတွေရဲ့ အစသမိုင်းဦးဘုံမြေခေတ်တွေကထဲက အမျိုး သားတွေက အုပ်ချုပ်သူနေရာမှာ နေခဲ့ကြတာ ယဉ်ကျေးပါ တယ်ဆိုတဲ့ ယနေ့ခေတ်အထိ ပါပဲ။ အခု အချိန်မှာတောင် အမျိုးသမီးဆိုတာက အားနွဲ့တဲ့ လူသားတွေအဖြစ် သတ်မှတ်ထားကြဆဲပါ။ လူ့ အခွင့်အရေး အပြည့်အဝ ရတဲ့ အမေရိကန်လိုနိုင်ငံ မျိုးမှာတောင် အမျိုးသမီး သမ္မတ မရှိသေးပါဘူး။
ကျမတို့ ငယ်စဉ်က သမိုင်းဖတ်စာအုပ်ထဲမှာ အာဇာနည် ဂျုံး ဆိုတဲ့ မိန်းခလေးတဦး အ ကြောင်းသင်ခဲ့ရဖူးပါတယ်။ သူက ခရစ်ယာန် ဘာသာကို ယုံကြည်ကိုးကွယ်ပါတယ်။ အဲ ဒီ အချိန်တုန်းက ပြင်သစ်နိုင်ငံမှာ ခရစ်ယာန် ဘာသာကို မကိုးကွယ်ကြသေးပါဘူး။ ခရစ် ယာန်ဘာသာ ကိုးကွယ်သူတွေကိုလဲ စုန်း၊ စုန်းမ လို့စွပ်စွဲပြောဆိုနေကြချိန် ဖြစ်ပါတယ်။ သူမကို အာဏာပိုင်တွေက ဖမ်းမိသွားချိန်မှာ ခရစ်ယာန်ဘာသာကို မကိုးကွယ်ပါဘူးလို့ ထွက်ဆိုခိုင်းပါတယ်။ ဒါပေမဲ့ သူမက မထွက်ဆိုခဲ့ပါဘူး။ ဒါကြောင့် သူမကို ရုံးတင် ပါ တယ်။ ရုံးတော်မှာ သူမကို စုန်းမလို့ ဝန်ခံခိုင်းခဲ့ပါတယ်။ သူမက ဝန်မခံခဲ့တဲ့အတွက် မီး ရှို့သတ်ခံခဲ့ရပါတယ်။ သူမရဲ့ သတ္တိကြောင့် လူတွေက ခရစ်ယာန် ဘာသာကို စိတ်ဝင် စားလာခဲ့ကြပါတယ်။
လူတွေ သတ်မှတ်သလို တကယ်ပဲ အမျိုးသမီးတွေက အားနည်းနေသလား၊ တကယ် ကို စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အစဉ်အလာနဲ့ ရှိခဲ့ဘူးပါတယ်။ ၁၉၈၀ခုနှစ် မှာ ကျမက လူမှန်းသိတဲ့ အရွယ်ရောက်နေပါပြီ။ တခါတရံ တီဗွီကနေ အင်္ဂံလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တော်တော်ချောတဲ့ မာဂရက်သက်ချာကို တွေ့ဘူးနေပါတယ်။ သူ့ကို ထက်မြက်တဲ့သူ အဖြစ်သိနေပေမဲ့ သူကိုဘာကြောင့်လူတွေ အသိအမှတ်ပြုလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး။ လူကြီး သူမတွေ ကိုမေးတော့မှ သူ့ရဲ့ အရည်အချင်းကို သိလာပါတယ်။
သူ့ရဲ့ လက်ထက်မှာ အာဂျင်တီးနား နိုင်ငံရဲ့ အရှေ့မှာရှိတဲ့ ဖေါက်ကလန်ကျွန်း အရေး အခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီ အရေးအခင်းမှာ သက်ချာက အင်္ဂလန်တပ်တွေကို ချက်ခြင်း စေလွတ်တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၄ မှာတော့ အိုင်းရစ်ရီပတ်ဘလစ် တပ် (IRA) က ကွန်ဖရင့် ကျင်းပနေစဉ်မှာပဲ ဗုံးခွဲ လုပ်ကြံခဲ့ပါတယ်။ သက်ချာ ကွန်ဖရင့်ကိုလာစဉ် လမ်းမှာ လုပ်ကြံခံရတာပါ။ သူမက ကြောက်ရွံ့တုန်လှုပ်မှု လုံးဝမရှိဘဲ ကွန်ဖရင့်မှာမိန့်ခွန်း ဆက်ပြောခဲ့ပါတယ်။ ဒါကြောင့် လဲ သူမကို အင်္ဂလန် သမိုင်းမှာ အိုင်းရင်းလေဒီလို့ ခေါ်ခဲ့ကြတာပေါ့။
အမေရိကန် နိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝပေးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျား၊ မ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ သမတ မဖြစ်ကြသေး ပါဘူး။ အမျိုးသမီးတွေဟာ အမြင့်ဆုံးရာထူးအဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးကတော့ မယ်ဒလင်းအော်ဘရိုက်ပဲ ဖြစ်ပါ တယ်။
သူမဟာ ချက်ကိုဆလိုဗက်ကီးယား နိုင်ငံသူတဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်တွေ ချက်ကိုသိမ်း ပိုက်တော့ အမေရိကန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ သူဖြစ်ပါတယ်။ သူမဖခင်က ချက် ဒီမိုကရက် တဦးဖြစ်ခဲ့ပြီး သူရဲ့ အဘိုးအသွားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ တွေရဲ့ သတ်ဖြတ်မှု ကိုခံ ခဲ့ရပါတယ်။ သူမဟာ သတင်းစာသမားတဦး ၊ကျောင်းဆရာမ တဦး ဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ သမ္မတ ဘီလ်ကလင်တန်က ကမ္ဘာကုလသမဂ္ဂမှာ အမေရိကန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ရာကနေ စတင်ထင်ရှားလာပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ သူမဟာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။
ကျမတို့နေထိုင်တဲ့ အာရှတိုက်မှာတော့ ကျား၊ မ ခွဲခြားမှုက ပြင်းထန်တယ်လို့ ဆိုနိုင်ပါ တယ်။ မိန်းခလေးမွေးတာဟာ မိဘတွေကို ဂုဏ်ငယ်စေတယ်လို့ ထင်မြင်ယူဆသူတွေ များပါတယ်။ ယောက်ကျားလေးတွေကို မြင့်မြတ်တယ်လို့လဲ ယူဆကြပါတယ်။ ကျမတို့ မြန်မာတွေမှာ စကားပုံတောင်ရှိပါတယ် “ကြက်မတွန်လို့ မိုးမလင်းဘူး” တဲ့ ဒါဆို ကြက် ဖတွေတွန်လို့ မိုးလင်းခဲ့တာလား။
ကျမတို့ အာရှတိုက်မှာတော့ ထူးခြားထင်ရှားတဲ့ အမျိုးသမီးတွေ အများအပြားပေါ်ထွန်း ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အင်ဒီရာဂန္ဒီ ဖြစ်ပါတယ်။ သူမဟာ ဖခင်တည်ထောင် ခဲ့တဲ့ BJP ပါတီမှ ၁၉၆၆-၇၇ ခုနှစ်အထိ ပထမအကြိမ် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ သူ အာ ဏာရစဉ် ၁၉၆၇ ခုနှစ်တွင် အမျိုးသား နျူကလီးယား စီမံကိန်းကို စတင်ခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် အစိမ်းရောင်တော်လှန်ရေးဟု လူသိများသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြုပြင် ပြောင်းလဲ ခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၀ မှ ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ သူ့ဘဝတလျောက်လုံး နိုင်ငံအရေးကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၈၄ ခုနှစ်မှာတော့ ဆစ်ခ် သူပုန်များက လုပ်ကြံခဲ့တဲ့အတွက် အင်ဒီရာဂန္ဒီ သေ ဆုံးခဲ့ရပါတယ်။
ပါကစ္စတန် နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှု တနှစ်ထက် တနှစ်ပိုများလာပါတယ်။ ပါကစ္စ တန်နိုင်ငံမှာ နိုင်ငံရေးအရ ထင်ရှားတဲ့ “ဘူတို” မိသားစုဟာ လုပ်ကြံမှုကြောင့် အားလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ ဖခင်အလီဘူတိုဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပြီး သမ္မတ၊ ဝန်ကြီးချုပ် ရာထူးများဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အလီ ဘူတိုဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်မှာစစ်အာဏာရှင် “မိုဟာမက် ဇီယာအူဟတ်” က အာဏာသိမ်းလိုက်ပြီး အလီဘူတိုကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အလီဘူတိုရဲ့ သမီးအကြီးဆုံး ဘနေဇီရာဘူ တို ကို ဖမ်းဆီးကာ ထောင်ထဲမှာ ၂ နှစ်ထားပြီး နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်နီးပါး ထားခဲ့ ပါတယ်။
၁၉၈၄ ခုနှစ်မှာ နိုင်ငံတကာ ဖိအားတွေကြောင့် ဇီယာအူဟတ်က ဘနေဇီရာ ကို လွတ် ပေးပြီး ဆေးကုသခွင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ဂလန်ထွက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ နောက် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဘနေဇီရာက အဝေးရောက် ပါတီခေါင်း ဆောင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘနေဇီရာ ပါကစ္စတန် ပြန်ရောက်လာခဲ့ပါတယ်။
သူမက ပါကစ္စတန်မှာ လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လှုံ ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာရှင် ဇီယာအူဟတ် လုပ်ကြံခံရပြီး နောက် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘနေဇီရာဘူတို အနိုင်ရ ခဲ့ပါတယ်။ သူမဟာ မူဆလင်နိုင်ငံတွေရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ချိန်မှာ သူမဟာ အသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ လ ၂၀ အကြာမှာ သမ္မတ ဂူလန်အဟတ်ခန်က သူမကို လာဒ်စားမှုနဲ့ ဖယ်ရှားခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ ရွေးကောက်ပွဲ နောက်တကြိမ် ပြန်နိုင်ခဲ့ပြီး ၁၉၉၆ မှာ သမတ ဖာ ရူလီဟာရိ က လာဒ်စားမှုနဲ့ ရုံးတင်တရားစွဲတဲ့အတွက် ဒူဘိုင်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဘနေဇီရာဘူတိုကို ထောင်ဒဏ် ၃ နှစ် ချမှတ်ထားခဲ့ ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ သမ္မတ မူရှာရက်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး လိုက်တဲ့အတွက် ပါကစ္စတန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျင်းပပေးမဲ့ အထွေထွေရွေး ကောက်ပွဲမှာ အဓိက အတိုက်အခံအဖြစ် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။ ၂၀၀၇၊ ဒီဇင်ဘာလမှာတော့ သူမဟာ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဟာ ၁၉၈၀ ခုနှစ် ဝန်းကျင်တွေတုန်းက အာဏာရှင် မားကိုစ့်ရဲ့ လက် အောက်က ဆင်းရဲနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Mr အာကွီနို ကိုလုပ်ကြံခဲ့ပြီးနောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲကို Mrအာကွီနိုရဲ့ ဇနီးဖြစ်သူ ကိုရာဇန် အာကွီနိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ကိုရာဇန်အနိုင်ရခဲ့ပေမဲ့ မား ကိုစ့်က သူအနိုင်ရတယ်ဆိုပြီး ကြေညာတဲ့ အခါမှာတော့ ပြည်သူတွေက ငုံမခံတော့ဘဲ အထွေထွေသပိတ်ကို ဆင်နွဲကြပါတယ်။ အာဏာရှင်က စစ်တပ်နဲ့အနိုင်ယူဘို့ ကျိုးစားခဲ့ ပေမဲ့ စစ်ဦးစီးချုပ် ရားမိုစ့် က ပြည်သူဖက်က အခိုင်အမာ ရပ်တည်ခဲ့တာကြောင့် မား ကိုစ့် နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။
ကျမတို့ ဗမာပြည်မှာလဲ ထူးခြားထက်မြက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ စာရေး ဆရာ မကြီး ဒေါ်ခင်မျိုးချစ်ဆိုရင် ဂျပန်ခေတ်က ဂျပန်တွေရဲ့ရုံးမှာ စာရေးမလုပ်ရင်း တိုက်ပွဲဝင် ရဲဘော်တွေအတွက် သတင်းတွေစုံစမ်းပေးခဲ့ပါတယ်။ ဂျပန်တွေသာ သိသွားခဲ့ရင်တော့ ဆရာမကြီးအတွက် တွေးဝန့်စရာ မရှိပါဘူး။ ဆရာမကြီးဟာ တိုင်းပြည်အတွက် အသက် နဲ့ ရင်းဝံ့သူတဦး ဖြစ်ပါတယ်။ ဆရာမကြီးဟာ သူအသက်ရှင်ခဲ့သမျှ ကာလတလျောက် လုံး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူဖြစ်ပါတယ်။
အမေလူထု ဒေါ်အမာဆိုရင်လည်း အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ ရဲရဲတောက်ကျောင်းသူ တဦး ဖြစ်ခဲ့ပါတယ်။ အမှန်တရားဘက်က ရပ်တည်ရင်း သတင်းစာသမားဘဝမှာ ထောင် အကြိမ်ကြိမ်ကျခဲ့ရသလို၊ အမေ့ရဲ့ သားတွေဟာလဲ တော်လှန်ရေးအတွက် သားကောင်း တွေ ဖြစ်ခဲ့ကြပါတယ်။ အမေက လူထုအတွက် ကြံကြံခိုင်ရပ်ရင်း သားတွေကိုလဲ ထောင်ဝင်စာ ပို့ပေးခဲ့သလို စာပေသားသမီးတွေကိုလဲ မွေးထုတ်ပေးခဲ့ သူဖြစ်ပါတယ်။
ပြည်သူလူထုတွေက ချစ်ခင်မြတ်နိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ရင်သွေးတဦး ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်က ဒ်ါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ မျော်လင့်ချက် ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ် က လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ကိုယ်ပိုင်ဘဝကိုစွန့်လွတ် ထားပြီး ပြည်သူတွေအတွက် သူမ မြှုပ်နှုံခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သူမကို စစ်အာဏာသိမ်းအစိုးရက မြန်မာပြည်က ထွက်ခွါသွားမယ်ဆိုရင် နေအိမ်အ ကျယ်ချုပ်က လွတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမက ငြင်းပယ် ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ သူမကို လုပ်ကြံခဲ့ပေမဲ့ သူမက တုန်လှုပ်မှုမရှိဘဲ ယနေ့ထိတိုင် ပြည်သူ့ ရှေ့မှ မားမားမတ်မတ် ရပ်တည်နေသူ ဖြစ်ပါတယ်။ သေနတ်ကိုင်ထားသူ အမျိုးသားကြီး များရဲ့ ကြောက်ရွံ့ခံနေရသူ လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ကျိုးပမ်း ဆောင်ရွက်နေဆဲပါ။
၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးကို တာဝန်ယူဖို့ အတွက် စစ်ရေးအတွေ့အကြုံ ရှိရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေအရ သမ္မတရဲ့အထက်မှာ စစ်ဦးစီးချုပ် ကနေရာ ယူထားပါတယ်။ ဒါပေမဲ့ အရည်အချင်း ဘယ်လောက်ပြည့်စုံနေပါစေ မြန်မာအမျိုးသမီး တွေဟာ သမ္မတဖြစ်ခွင့် မရပါဘူး။
မြန်မာပြည်ကို စစ်ရေးအတွေ့အကြုံရှိသူတွေဟာ ရာစုနှစ်တဝက်လောက် အုပ်ချုပ်လာ ခဲ့ကြပါတယ်။ ဒါကြောင့် ယနေ့မြန်မာပြည်ဟာ ခေတ်နောက်ကြနေတဲ့ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်နေတဲ့အပြင် ပြည်သူတွေဟာ ဆင်းရဲမွဲတေနေကြပါတယ်။ နိုင်ငံကို တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒအမှန်တကယ်ရှိတယ်ဆိုရင် စစ်ရေးအမြင်ရှိဖို့ထက် တိုင်းပြည်နဲ့ ပြည်သူတွေကို အမှန်တကယ် ချစ်တတ်ဖို့ပဲ လိုပါတယ်။
-ခင်ငြိမ်းသစ်
အလောင်းဘုရား အသင်းဝင်များကို ဖမ်းဆီးရန် ပြင်ဆင်
ထိုင်းနိုင်ငံအတွင်း အနီရောင် ရှပ်အင်္ကျီ ၀တ်ဆင်သော အစိုးရ ဆန့်ကျင်သည့် အင်အားစုများကို ထပ်မံ ဖမ်းဆီးရန် ထိုင်းအစိုးရ ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
အဘယ်ကြောင့် ဖမ်းဆီးမည့် အကြောင်းကို ထိုင်းအစိုးရ ထိပ်တန်းပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုလို ပြောကြားသည်။
"အနီရောင် ဆိုတာ အလောင်းဘုရား အသင်းလေဗျာ။ မြန်မာနိုင်ငံ အခြေခံပညာ ကျောင်းတွေမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဆိုပြီးတော့ အသင်းတွေ ခွဲထားတယ် မဟုတ်လား။ ကျန်စစ်သားက အ၀ါရောင်၊ ဘုရင့်နောင်က အစိမ်းရောင်၊ အလောင်းဘုရားက အနီရောင်၊ ဗန္ဓုလက
အပြာရောင် လေဗျာ။ ဒီတော့ အနီရောင် အင်္ကျီဝတ်သူတွေဟာ အလောင်းဘုရား အသင်းက ဆိုတာ သေချာတယ်။ အလောင်းဘုရား ဆိုတာလဲ ခင်ဗျားတို့ သိတဲ့ အတိုင်း ထိုင်းနိုင်ငံကို မှုန့်မှုန့်ညက်ညက် ကျေအောင် ဖျက်ဆီးသွားတဲ့ သူလေဗျာ။ ဒီတော့ အလောင်းဘုရား အသင်းက လူတွေဟာ ထိုင်းနိုင်ငံကို ဖျက်ဆီးတဲ့ အလောင်းဘုရားရဲ့ နောက်လိုက်တွေပဲ ဖြစ်တယ်။"
http://burmastrangenews.blogspot.com/
နိုင်ငံတော် အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ၊မများ မဖြေကြားနိုင်
ကရင်နီပြည် လွိုင်ကော်မြို့ရှိ မင်္ဂလာရပ်ကွက်မှ မူလတန်း ကျောင်းသူ၊သားများသည် မြန်မာနိုင်ငံ အလံသစ်၏ ဖွင့်ဆိုချက်ကို  ကျောင်းဆရာ၊ မများအား မေးမြန်းရာ ကျောင်းဆရာ၊မများမှ ပြန်လည် ဖြေကြားနိုင်ခြင်း မရှိဟု ကွမ်းယာဆိုင်တန်းများတွင် သတင်းပျံ့နှံ့နေသည်။
“အခု အလံပြောင်းသွားတော့ ကလေးတွေ အတွက် မေးခွန်း ဖြစ်နေတယ်။ သူတို့ သင်ထားတဲ့ အလံကို ဘာဖြစ်လို့ မသုံးတော့လဲပေါ့။ ပြီးတော့ အခုအလံရဲ့ အဓိပ္ပါယ်က ဘာလဲပေါ့” ဟု ကွမ်းယာ ၀ယ်စားသူ တယောက်က ပြန်ပြောပြပါသည်။
ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်း မှ လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်း ဒုတိယတန်းတွင် သင်ကြားနေသော ဒို့အလံ သင်ခန်းစာကို ပြောင်းလဲ ပုံနှိပ် ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု မြန်မာတိုင်း(မ်) အွန်လိုင်းသတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
သင်ခန်းစာသစ်တွင် အဓိကအားဖြင့် အလံပုံအားပြောင်းလဲသွားမည်ဖြစ်ပြီး စာသားများတွင်မူ နိုင်ငံတော်အလံသစ်တွင် ပါဝင်သော အရောင်နှင့် ကြယ်၏ အဓိပ္ပါယ်ကို သင်ကြားသွားမည်ဖြစ်သည်။
“သူတို့ လုပ်ပုံက မူလတန်း ကလေးတွေအတွက်တောင် မေးခွန်း ထုတ်စရာ ဖြစ်နေပြီ။ တွေ့ရှိချက်ပေါ့နော်။ ပြီးတော့ ကျောင်းဆရာ၊မတွေလည်း အရည်အချင်း မပြည့်မီဘူး” ဟု လွိုင်ကော်မှ ကျောင်းသား မိဘတဦးက ပြောပါသည်။
အဆိုပါ နိုင်ငံတော်အလံသစ်တွင် ၀ါ၊ စိမ်း၊ နီ နှင့် အလယ်တွင် အဖြူရောင် ကြယ်တလုံးပါရှိပြီး အ၀ါရောင်သည် ဘာသာ၊ သာသနာနှင့် ပညာတိုးတက်ခြင်း၊ အစိမ်းရင့်ရောင်သည် စပါးဆန်ရေ၊ ကျွဲနွားနှင့် အထွေထွေ ပေါများခြင်း၊ အနီရောင်ခြယ် ထားခြင်းသည် ရဲရင့်သည့် စိတ်ဓာတ်ခွန်အား၊  အလယ်မှ အဖြူရောင် ကြယ်ကြီးသည် ပြည်ထောင်စုကို ကိုယ်စားပြုသည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေဆွဲစဉ်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်အလံအား အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး သုံးရောင်ခြယ် အလံသစ်ကို တပြိုင်နက်တည်း လွှင့်ထူခဲ့ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
မိုးကြောင့် စပါးပျက်စီးကာ လယ်သမားများ အခက်ကြုံနေကြရ
ကောက်သိမ်းချိန်မှာ အဆက်မပြတ် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အတော်များများမှာ စပါးပျက်စီးမှုများရှိကာ လယ်သမားတွေ အခက်အခဲ ကြုံတွေ့နေကြသည်။
for1-300x190“စပါးတွေ သိမ်းခါနီးမှ မိုးက ဆက်တိုက်ရွာချတော့ ဘာမှလုပ်လို့မရဘူး ဘာမှလည်း လုပ်လို့မမီဘူး၊ တချို့ဆို အပင်ပါပေါက်နေပြီး ဘာမှလုပ်လို့မရဘူး၊ ဘယ်လောက်လောက်ကျန်မလဲတော့ မသိဘူး၊ ထမင်းငတ်မှာလားမသိဘူး ဒီနှစ်တော့” ဟု ချောင်းဆုံမှ လယ်သမားတစ်ဦးက ပြောသည်။
အချိန်အခါမဟုတ် ကောက်ရိတ်ချန်မှာ မိုးကြီးဆက်တိုက်ရွာသွန်းမှုကြောင့် ရိတ်ပြီးစပါးကောက်လှိုင်းတွေ တလင်းထဲကောက်ဆိုင်ပုံတွေ တလင်းမှာ နယ်ဖတ်ရန်ပြန့်ထားတဲ့စပါးတွေ မိုးစိုကုန်ကာ စပါးပျက်စီးမှုတွေနှင့် ရင်ဆိုင်နေရတယ်လို့ မုဒုံမြို့နယ် ကော့ပရံကွင်းမှ လယ်သမားတစ်ဦးက ပြောသည်။
“မိုးက နှစ်ရက်ဆက်တိုက်ရွာလိုက်တော့ တလင်းမှာ နယ်ပြီးစပါးပုံတွေ ရေမြုပ်ကုန်တယ်၊ တလင်းမှာ ရေလွှမ်းသွားတာ အမြင့်တစ်ပေလောက်ရှိတယ်၊ တချို့ဆို အညှောက်တောင်ပေါက်နေတယ် ရေစီးထဲမျောသွားတာလည်းရှိတယ်၊ မိုးစိုခံစပါးရဲ့ သုံးပုံမှာ တစ်ပုံလောက် ပျက်စီးဆုံးရှုံးသွားရတယ်’’ ဟု အထက်ပါ လယ်သမားက ပြောသည်။
ယမန်နှစ်က လယ် ၁ဝ ဧကမှာ စပါးတင်း ၃၈၅ လောက်ထွက်ထားသည်ကို ယခုနှစ်မှာ စပါးကောင်းလို့ တင်း ၅ဝဝ ထွက်မည်ဟု မှန်းထားကြသည်ကို ကောက်သိမ်းချိန်မှာ ရုတ်တရက် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စပါးတွေ ရေစိုကုန်ကာ ပျက်စီးမှုတွေရှိတဲ့အတွက် တင်း ၂၀၀ လောက် ဆုံးရှုံးရမည့် အခြေအနေဖြစ်နေကြောင်းကို မုဒုံမြို့နယ် ကမာဝက်ရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ကျိုက္မရောမြို့နယ် ကော့ဒွန်းရွာ၊ ကွမ်းငန်းရွာ၊ ခရုံလက်ပံရွာနှင့် ကော့ကလော့ရွာမှာလည်း သုံးရက်ဆက်တိုက် မိုးရွာတာကြောင့် ရိတ်ပြီးစပါးများ မိုးစိုကုန်ကာ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရတယ်လို့ ကော့ဒွန်းရွာမှ ရေလိုက်စပါး စိုက်ပျိုးသူ လယ်သမားတစ်ဦးက ပြောသည်။
ထိုအတူ သထုံခရိုင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်ဘက်မှာလည်း မိုးရွာသွန်းမှုကြောင့် စပါးအပျက်အစီး ဆုံးရှုံးမှုတွေ အများအပြားရှိနေတယ်လို့ သထုံမြို့စိုက်ပျိုးရေးသိပ္ပံ လယ်ယာသီးနှံဌာနမှ နောင်ကုလားရွာကွင်းတွင် စပါးမျိုး သုတေသနစမ်းသပ်ကွက်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိ အခြအနေအရ မိုးကြောင့် ပျက်စီးဆုံးရှုံးသွားရသည့် အတိုင်းအတာမှာ စပါးရာသီတခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည့် ရိတ်သိမ်းနယ်လှေ့ အဆင့်ဖြစ်သည့်အတွက် မော်လမြိုင်မြို့နယ်အတွင်းမှာ စပါးအထွက်၏ သုံးပုံတစ်ပုံခန့် နစ်နာဆုံးရှုံးနိုင်သည်ဟု မော်လမြိုင်မြို့နယ် မြေစာရင်ဦးစီးဌာန ကွင်းဆင်းစစ်ဆေးနေသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
မန်မာလူ့အခွင့်အရေးချိုးဖောက်မှုမှာ နော်ဝေးအစိုးရ ပတ်သက်နိုင်
VOA - 15 December, 2010 - 16:20
နော်ဝေးအစိုးရဟာ  မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေမှာ  ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကိုထောက်ပြပြီး၊ ဒါဟာ နော်ဝေးအစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့  ညှိစွန်းနေတယ်လို့  သဘာဝ ပတ်ဝန်းကျင်နဲ့  လူအခွင့်အရေးအဖွဲ့ တဖွဲ့ က ထောက်ပြလိုက်ပါတယ်။
ဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေနဲ့  ဆက်နွယ်ပြီး မြန်မာနိုင်ငံတွင်းလူ့ အခွင့်အရေးချိုးဖောက်မှုတွေ တောက်လျှောက် ဖြစ်နေတာကြောင့်  နော်ဝေးအစိုးရအနေနဲ့  သူတို့ ရဲ့  မြန်မာပြည်တွင်း ကုပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့  Earthrights International အဖွဲ့ ရဲ့  ဒီနေ့  ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ တိုက်တွန်းထားပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်ပြီး နော်ရှိုးက စုံစမ်း မေးမြန်းထားပါတယ်။
ဒီနေ့  Earthrights International (ERI) လို့ ခေါ်တဲ့  သဘာဝပတ်ဝန်းကျင်နဲ့ လူ့ အခွင့်အရေးအဖွဲ့ က ထုတ်ပြန်တဲ့  စာမျက်နှာ ၄၀ ရှိတဲ့အစီရင်ခံစာအရ  နော်ဝေးအစိုးရရဲ့  ပင်စင် fund ရံပုံငွေဟာ မြန်မာပြည် တွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့  နိုင်ငံခြားကုပဏီ ၁၅ ခုထဲမှာ  အမေရိကန် ဒေါ်လာသန်းပေါင်း ၄ ထောင့် ၇ ရာ ရှယ်ရှာထည့်ဝင်ရင်းနှီးမြှုပ်နှံထားတယ်လို့  ထောက်ပြထားပါတယ်။
“သူတို့ ရဲ့ guideline ထဲမှာပြောထားတာကတော့  သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုပဏီတွေက လူအခွင့် အရေးချိုးဖောက်မှုမှာ ပါဝင်ပတ်သက်နေတာပဲဖြစ်ဖြစ်  အကျိုးဖြစ်နေတာပဲဖြစ်ဖြစ်  အဲဒါတွေရှိခဲ့မယ်ဆိုရင်  သူတို့ ဘက်ကပြောတာကတော့ သူတို့  ပိတ်ဆံတွေပြန်ရုတ်သိမ်းမယ်၊ ဒါမှမဟုတ် monitor လုပ်မှာပေါ့နော်။  monitor ဆိုတာက  ကုပဏီတွေရှေ့ ဆက်လုပ်ငန်းတွေမှာ အဲဒီလိုချိုးဖောက်မှုတွေ မရှိအောင် ဘယ်လိုမျိုးတားဆီးရမလဲကြိုးစားလုပ်ရမယ်ဆိုတာပါ။”
နော်ဝေးအစိုးရဟာ သူတို့  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကရတဲ့ ငွေတွေကို  ၁၉၉၀ ခုနှစ်ကတည်းက  ပင်စင fund တခုကို ထောင်ပြီး ကမ္ဘာ၀ှမ်းမှာ ရင်းနှီးမြှုပ်နှံလာခဲ့တာပါ။  နော်ဝေးအနေနဲ့  ဘယ်လိုကုပဏီမျိုးမှာပဲ ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို ၂၀၀၂ ခုနှစ်က ချမှတ်ခဲ့ပါတယ်။
အဲဒီစည်းကမ်းသတ်မှတ်ချက်ကိုလိုက်နာမှုရှိ မရှိအကဲဖြတ်ဖို့  ၂၀၀၄ ခုနှစ်မှာ  သီသန့် လွတ်လပ်တဲ့ အကဲဖြတ်တဲ့ အဖွဲ့ တဖွဲ့ ကို ဖွဲ့ စည်းခဲ့ပါတယ်။   ခုနောက်ဆုံးအစီရင်ခံစာကိုမထုတ်ပြန်မီကတည်းက  ဒီအကဲဖြတ်အဖွဲ့ ကို တင်ပြခဲ့ပေမယ့်လည်း  မတုံ့  ပြန်ခဲ့တာကြောင့်  ခုလို အသေးစိတ် အချက်အလက် တွေကို မှတ်တမ်းတင်ပြီးတော့ အစီရင်ခံစာကိုထုတ်ပြန်ရတာဖြစ်တယ်လို့  ကိုနိုင်ထူး ကပြောပါတယ်။
“ဒီ report မတိုင်ခင် ဒီနှစ်အတောအတွင်းမှာ အဲဒီ ethical ကော်မတီအဖွဲ့ ဝင်တွေနဲ့ တွေ့ ပြီး ကျနော်တို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဘာရေရေရာရာ ဘာမှတုံ့ ပြန်မှုမရှိတာကြောင့်  ဒီ report ကို ထုတ်ဝေ ရတာဖြစ်ပါတယ်။”
တဆက်ထဲမှာပဲ  မြန်မာပြည်တွင်း  စစ်ရေးပဋိပက္ခဒေသတွေမှာ လူမှုရေးအကူအညီတွေကို ပေးနေတဲ့   Partners Relief and Development ဆိုတဲ့အဖွဲ့ က  Steve Gumaer က  မြန်မာပြည်တွင်း ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စီမံကိန်းကြီးတွေ ဆောက်လုပ်တော့မယ်ဆိုတဲ့ခါနဲ့  ဆောက်လုပ်နေတဲ့အခါတိုင်းမှာ  လူ့ အခွင့် အရေး ချိုးဖောက်မှုတွေကို  တွေ့ နေရတယ်လို့   ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ သားတွေ သွားခဲ့တဲ့ နေရာတိုင်း   အချိန်တိုင်း  ခုသီတင်းပတ်အတွင်းမှာတောင်  စီမံကိန်းကြီးတွေ  စီးပွားရေးလုပ်ငန်းတွေနဲ့  တိုက်ရိုက်ကြောင့်ဖြစ်စေ၊  လုံခြုံရေးအတွက် နယ်မြေစိုးမိုးမှုရဖို့ ဖြစ်စေ  ကျူးလွန်တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ  တွေ့ ရပါတယ်။   ဒေသခံတွေကို  အတင်းအဓမ္မ ပြောင်းရွှေ့ မှုတွေ၊ အဓ္ဓမလုပ်အားပေးခိုင်းစေမှုတွေ၊  လက်နက်တွေသယ်ခိုင်းတာတွေ ကျယ်ကျယ်ပြန့် ပြန့်  ဖြစ်နေတာပါ။”
ခုဒီအစီရင်ခံစာမှာ မြန်မာပြည်တွင်း  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဂဏ္ဍတွေကိုပဲ လေ့လာထားတာဖြစ်ပါတယ်။ တခြားစီးပွားရေးဂဏ္ဍတွေမှာ နော်ဝေးအစိုးရရဲ့  ရင်းနှီးမြှုပ်နှံမှုတွေရှိုနိုင်သေးတယ်လို့ လည်း  ကိုနိုင်ထူးက ပြောပါတယ်။
“နော်ဝေးအစိုးရဟာ သူ့ ရဲ့ ပိတ်ဆံတွေကို တကမ္ဘာလုံးက ကုပဏီပေါင်း ၈၀၀၀ မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတယ်။ ဆိုတော့ မြန်မာပြည်မှာကျနော်တို့  ၁၅ ခုပြောသည့်တိုင်အောင်  ဒါရေနံနဲ့ သဘာဓာတ်ငွေ့ ဂဏ္ဍမှာပဲ ရှိနေသေးတယ်။ တခြားရေကာတာစီမံကိန်းတို့ ၊ မိုင်းစီမံကိန်းတို့  ကျနော်တို့ မသိတဲ့ ကုပဏီတွေ အများကြီးရှိနိုင်သေးတယ်။”
အရင်ကမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိခဲ့တဲ့ Dutch အစိုးရဟာဆိုရင်လည်း  ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုအတွင်း  စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အင်အားသုံးနှိပ်ကွတ်ခဲ့တဲ့နောက်  Dutch အစိုးရဟာ  မြန်မာပြည်တွင်းက သူတို့ ရဲ့  ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းသွားခဲ့တယ်လို့ လည်း ကိုနိုင်ထူးကပြောပါတယ်။
နော်ဝေးအစိုးရကဖွဲ့ ထားတဲ့  လွတ်လပ်တဲ့အကဲဖြတ်အဖွဲ့ က  နော်ဝေးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စည်းကမ်း သတ်မှတ်ချက်ကို လိုက်နာမှုရှိမရှိ  အကဲဖြတ်ရတာဖြစ်ပြီး၊  ကိုက်ညီမှုမရှိတာတွေတွေ့ တယ်ဆိုရင်  ဘဏ္ဍာရေး ၀န်ကြီးဌာနကို တင်ပြရတာဖြစ်ပါတယ်။  အဲဒီကမှတဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သူတို့ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုတ်သိမ်းရမလား၊ ဒါမှမဟုတ်  အနီးကပ်စောင့်ကြည့်ရမလားဆိုတာကို  ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ဝက်နန်းစိုး-၀က်နန်းစံ ရင်ချင်းဆက် ၀က်အမြွှာညီအစ်မ မွေးဖွား
ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီအချိန်က မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ မြောက်ပိုင်းရပ်ကွက် တွင်နေထိုင် သည့် ဦးအလွမ်း၊ ဒေါ်ဆွေ မိသားစု မွေးမြူထားသော ဝက်မဒန်းကြီး ဒေါ်ဝက်လပြည့်မှနေ၍ ဝက်ကလေးများ မွေးဖွားရာတွင် ရင်ချင်းဆက် ဝက်အမြွှာပူးလေး နှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရှိရသည်။
”ဝက်မကြီး စ မွေး တာက ဒီဇင် ဘာ ၁ ရက်၊ ည ၉ နာရီ လောက် ပါ။ သုံးကောင်မွေးပြီး ဆက်မမွေး နိုင်ဖြစ်နေတာနဲ့ ညအချိန်မှာ လင် မယားနှစ်ယောက် မအိပ်ဘဲစောင့် ကြည့် နေရတယ်။ နောက်တစ်နေ့ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၃ နာရီ၊ ၃ မိနစ်အချိန်လောက်မှာ ရင်ချင်းဆက် ဝက်အမြွှာပူးလေး နှစ်ကောင် မွေးပါတယ်။  ဝက်အမြွှာပူး လေးနှစ်ကောင်စလုံးက အ မ လေး တွေပါ။ မနက်ကျတော့ တစ်ရပ်ကွက်လုံးက လူတွေက ရင်ချင်းဆက်ဝက် အမြွှာပူးလေး နှစ်ကောင်ကို လာကြည့်ကြတယ်။
လာကြည့်သူတွေက ရင်ချင်းဆက် အမ လေးတွေ ဆိုတော့ ရင်ချင်းဆက် အမြွာညီအစ်မတွေကို သတိရပြီး ၀က်နန်းစိုး-၀က်နန်းစံ နာမည်ပေးရင် ကောင်းမလား၊ ၀က်အေးငြိမ်း-၀က်အိငြိမ်း နာမည်ပေးရင် ကောင်းမလား၊ ၀က်မမအောင်-၀က်ပပအောင် နာမည် ပေးရင် ကောင်းမလား ဆိုပြီး အမျိုးမျိုး စဉ်းစားကြတယ်။ ဒီဇင်ဘာ ၃ ရက်နေ့၊ နံနက် ၇ နာရီ၊ ၃ဝ မိနစ် အချိန်လောက် ကျမှ ရင်ချင်းဆက် ဝက်အမြွှာပူး လေးတွေ သေဆုံးသွားပါတယ်၊ ဘာနာမည်မှ မပေးလိုက်ရပါဘူး”ဟု ပိုင်ရှင် ဦးအလွမ်းတို့ ဇနီးမောင်နှံ ကပြောသည်။
ဤကဲ့သို့ ၀က်ရင်ချင်းဆက် အမြွာညီအစ်မ နှစ်ကောင် သေဆုံးသွားခြင်းကြောင့် မြန်မာ့ ဆေးပညာ လောကတွင် သမိုင်းတွင်စေမည့် ရင်ချင်းဆက် ခွဲစိပ်ကုသမှု တစ်ခု လက်လွတ်ဆုံးရှုံးသွားရသည့်အတွက် မြန်မာ့ ခွဲစိပ် အထူးကု ဆရာဝန်ကြီးများ အနေဖြင့် လွန်စွာ နှမြောတသ ဖြစ်လျက်ရှြိေ
1 comment:
Anonymous said...
U tay za news nae pat thet p
thu bae thar thu fri twe ko sg khaw twar tar bar phyit lae? ma nar lo phyit nay tar lar?
giri mone tine tone ka lu twe a chay ma cha thay woo so ya aung a di ka ka bae thu mhar tar won shi tar lae?
thu myar ka a kg nae ku nyi tar ko tar won lo myar ount mae' nay lar ma thi woo
tha din pay tae thu ka lae