Tuesday, December 21, 2010

စိန်စီသောည ထက် ကိုးဆယ်ဆ သာမည့် လက်ထပ်ပွဲ


All Eyes On Myanmar Celebrities Couples Wedding
ချစ် သစ္စာ ပနက်နှံ တော့ မည့် နာမည် ကျော်သရုပ်ဆောင် စုံတွဲ
နေမျိုးဦး ၊            ၊ဇန်န၀ါရီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့ များ တွင် ရန်ကုန် မြို့ ရှိ နေရာအသီးသီး ဉ်
ခြောက်ကြိမ်ခွဲ၍ ကျင်းပမည့် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့  ၏ လက်ထပ် မင်္ဂလာ ပွဲ မှာ လှည်းနေလှေ
အောင်း မြင်းဇောင်း မကျန် စိတ် ၀င်စားနေကြသည် ဟု သိရှိ ရသည်။

ရဲဘော် သုံးကျိပ် ၀င် ဗိုလ်ဇေယျ ၏ မြေးဖြစ်သူ အိန္ဒြာကျော်ဇင် နှင့် နာမည် ကျော် သရုပ်ဆောင်
ပြေတီဦး တို့ ၏ မင်္ဂလာ ဆောင် မှာ စပွန်ဆာ အများအပြား ရရှိပြီး ကျော်ကြားသူ တို့ မင်္ဂလာ ပွဲ
သမိုင်း တစ်လျှောက်တွင် အများ ဆုံး ရရှိခြင်း ဖြစ်သည် ဟု ဒီဇင်ဘာ နှင်း က Freedom News
Group သို့ ပြောသည်။

နေ့ ရက် အချိန် နှင့် နေရာ အတိအကျ ကို မသိရသေးသော်
လည်း ထို နေ့ တွင် မင်္ဂလာဆောင်မည့် နေရာ သို့ သူ၏
ပရိသတ်များ က အများ အပြားသွား နိုင်သည် ဟု ရန်ကုန်
မြို့ တွင် အလှပြင် ဆိုင် ဖွင့်ထား သည့် အိန္ဒြာကျော်ဇင် ၏
ပရိသတ် တစ်ဦး ကပြောသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့ လက်ထပ် မင်္ဂလာ ပွဲ ကို MRTV4 မှ
တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ပြီး ကျန် မင်္ဂလာဆောင် မှတ်
တမ်း များ ကို လည်း ရိုက်ကူး ပြသမည် ဖြစ်ကြောင်း MRTV 4
မှ အမှုဆောင် အရာ ရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။အတည်မပြု နိုင် သော သတင်းများ အရ ထို
သရုပ်ဆောင် ဇနီးမောင် နှံ၏ မင်္ဂလာ ဆောင်အား မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အား
ဖိတ်ကြားခြင်း မပြုရန်စာပေ စိစစ်ရေး မှ ဖိအား ပေးမှု များ ရှိ
သည် ဟု သိရပြီး မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ သမီးများ က ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ 
၏ မင်္ဂလာ ဆောင် အား သ၀န်တို မနာ လို  မှု များ ဖြစ်
နေသည် ဟု သိရသည်။

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် သည် ၎င်း တို့ ၏ ကိုယ်ပိုင်ငွေများ ထဲ မှ ငွေကြေးချို့ တဲ့ ၍
ပညာသင်ယူရန် ခက်ခဲ သည့် ကျောင်းသား၊ကျောင်းသူ များ အတွက် ဖောင်ဒေးရှင်း တစ်ခု
တည်ထောင်ကာ ငွေကြေးထောက် ပံ့မှု များ ပြုလုပ် ၍ ပညာသင် ဆုများ ချီးမြှင့်သည်။

မန္တလေး မြို့ မှ ထိုးမုန့် လုပ်ငန်း ရှင် တစ်ဦးက ပြေတီဦး နှင့် အူဝဲ တို့ ၏ မင်္ဂလာဆောင် သည်
ဗိုလ်သန်းရွှေ ၏ သမီး မင်္ဂလာ ဆောင် ဖြစ်သည့် စိန်စီသောည ထက် ပိုမို စည်ကားပြီး ကျက်
သရေ ရှိ လိမ့် မည် ဟု ခန့် မှန်းပြောဆိုသည်။

ဇော်ဖြိုးဝင်း နှင့် သန္တာရွှေ တို့ ၏ စိန်စီသော ည မင်္ဂလာဆောင် တွင် လက်ဖွဲ့ ငွေပေါင်း အမေရိ
ကန် ဒေါ်လာ လေးသန်း ကျော်ရရှိသည် ဟု သိရသည်။

အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး တို့  နှစ် ယောက် စလုံး သည် သရုပ်ဆောင် သက် ၁၀ စုနှစ်
တစ် ခု ကျော်ပြီ ဖြစ်သည်။ ပြေတီဦး သည် ၁၉၉၈ ခုနှစ် ခန့် ကတည်း မြန်မာ့ ရုပ်မြင် သံကြား
မှ တင်ဆက် သည့် မြန်မာ စာ မြန်မာ စကား အစီအစဉ် တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

မင်္ဂလာ ပွဲ ကျင်းပမည့် နေရာ နှင့် အချိန်များ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ တောင်းရမ်း မင်္ဂလာ(အိန္ဒြာကျော်ဇင် ၏ နေအိမ်)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လက်မှတ်ရေး ထိုးပွဲ ( Traders Hotel)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်  ဆွမ်းကျွေးမင်္ဂလာ (မဟာစည် သာသနာ့ရိပ်သာ)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၆ စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာ (Sedona Hotel)
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်  လက်ထပ်မင်္ဂလာပွဲကို (Sedona Hotel )
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel
မင်္ဂလာ ၀တ်စုံ
ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက်
လက်ဝတ်ရတနာ
She Shine၊ စိန်နန်းတော် ၊ SP Gems
ပန်းအလှ ဆင်ယင်မှု
Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး
ဖိနပ်
ရွှေနဂါးဖိနပ်ဆိုင်

မင်္ဂလာ ပွဲ နှင့် ပတ်သက် ၍ အချက် အလက် အချို့ ကို Eleven Media Group ၏ News-
Eleven အင်တာနက် စာမျက်နှာ မှ ရယူပါသည်။

ဆက်စပ် သတင်း (အိန္ဒြာကျော်ဇင် လက်ထပ်မည့် သတင်း ပရိသတ် က စိတ်ဝင်စားနေ)
ဓာတ်ပုံများ ကို့ မြန်မာ ပလန်းနက် ၊ ရွှေ အမြုတေ နှင့်  မြန်မာ ကျော်ကြားသူများ အင်တာ နက် စာမျက် နှာ တို့ မှ ရယူထားပါသည်။

 
----------------------------------------------------------------------------------------------------
 
Print ၆၆ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရိုက်ကူးမည့် ၀ါဒဖြန့် ဇာတ်ကားတွင် ပြည်တွင်း သတင်း မီဒီယာများကို ဝေဖန် ထားသည့် အကြောင်းအရာများ ထည့်သွင်း ရိုက်ကူးမည်ဟု သိရှိရသည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဇာတ်ကားကို “တုနှိုင်းမဲ့ သစ္စာ” ဟု အမည်ပေးထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံ
ရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး(ကက-ပြည်) မှ တာဝန်ယူ ရိုက်ကူးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းက ပြောသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကျော်ရဲအောင်၊ ရဲအောင်၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ နေမင်း၊ နေအောင်၊ ကောင်း ခန့်၊ မင်းသွေး၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဖာဦး၊ န၀ရတ်၊ ၀တ်မှုန်ရွှေရည်၊ မိုးယုစံ၊ ခေမီကို၊ မယ်လိုဒီ စသည့် သရုပ်ဆောင်များစွာ ပါဝင် မည်ဟု သိရသည်။

“၀တ်မှုန်ရွှေရည်က သတင်းကြေညာတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာ။ မီဒီယာနဲ့ ပတ်သက်ပြီး ဝေဖန်ချင်တာတွေပါသလို စစ်သား တွေကို အထင်မကြီးတဲ့ ပြည်သူတွေနဲ့  မြန်မာပြည်ကို အထင်မကြီးတဲ့ နိုင်ငံခြားပြန်တွေအကြောင်း ပါမယ်လို့ ပြော တယ်။ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပေမယ့် စစ်တိုက်တာတွေချည်းပဲ ပြသွားမှာ မဟုတ်ဘဲနဲ့ စီးပွားရေးနဲ့  ပတ်သက်တာ တွေလည်း ပါမယ်”ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် အမျိုးသမီး သရုပ်ဆောင်တဦးက ပြောသည်။

ဒု ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာ တင်သန်းဦးက ယခုနှစ်အတွင်း ရေးသားရိုက်ကူးခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” အစိုးရ ၀ါဒဖြန့် ဇာတ်ကားသည်လည်း သမိုင်းအမှားကို ရိုက်ကူးထားသည့် ဇာတ်လမ်းအဖြစ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီး အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များသည် ပြည်ပ ခရီးစဉ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ရသည်။

“တုနှိုင်းမဲ့ သစ္စာ” ဇာတ်ကားကို ရေးသားရိုက်ကူးမည့် ဗိုလ်ကြီး တင်အောင်စိုး(ပန်းမြို့တော်)သည် “ကြယ်စင်မော်ကွန်း” တပ်မတော် သမိုင်း ရုပ်ရှင်ကား ဇာတ်လမ်းကို ရေးသားခဲ့သူဖြစ်ပြီး တခြား ၀ါဒဖြန့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြောင်း တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး(ကက-ကွန်) နှင့် နီးစပ်သူတဦးက ဆိုသည်။
 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 
Question for ပြေတီဦး

Don't you think ?

စစ်အစိုးရ အလိုကျလိုက်ပြီးတော့ လူတွေကို လမ်းမှားရောက်အောင် အနုပညာတွေ ဖန်တီးထုတ်လုပ်တာ၊ လုပ်ကြံဝါဒဖြန့်မှိုင်းတွေ တိုက်တာဟာ ရှက်စရာ၊ ကြောက်စရာ အမှုဖြစ်ပါတယ် ?????

With money you can buy a position,but not respect!


 Ans: ............................
 

 
Quantcast ပကာသနအတွက် အသုံးပြုမှုတွေ များပြားလွန်းပါတယ်၊ အခုမင်္ဂလာဆောင်မှာ သုံးစွဲရန် ရည်ရွယ်ထားသောငွေများအနက် မင်္ဂလာဆောင်ကို တော်ရုံသင့်ရုံးသုံးစွဲပြီ၊ ကျန်ငွေတွေကို အမှန်တကယ်ဆင်းရဲနွမ်းပါသော လိုအပ်ချက်များပြားသော၊ ခေါင်ခိုက်သော ဒေသ အသီးသီးမှာ ကျောင်းဆောက်တာပဲဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းဆောက်ပေးတာပဲဖြစ်ဖြစ်၊ လမ်းဖောက်ပေးတာပဲဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အသုံးပြုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ သူတို့ဆီမှာ ရှိနေသောငွေကြေးများကလည်း သူတို့အမြဲကျေးဇူးရှင်လို့ပြောပြောနေတဲ့ ပရိသတ်ကြီးဆီက ရထားတဲ့ ၀င်ငွေတွေပဲ ဆိုတော့ သူတို့ ပြည်သူကို ၊ ပရိသတ်ကြိးကို တကယ်ချစ်၊ တကယ်ကျေးဇူးတင်တယ်ဆိုရင် အကျိုးပြုလုပ်ငန်းတွေမှာပဲ အသုံးချသင့်တယ်။ ဖောင်ဒေးရှင်းထောင်ပြိး ငွေကြေးလှူဒါန်းမှုတစ်ခုလုပ်ဖူးတာကိုချီးကျူးပေမဲ့ မရင့်ကျက်သေးဘူးလို့တော့ မြင်မိပါတယ်။
 
 
ဗမာပြည်ထဲမှာ မုန်တိုင်း တွေ ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလဲမိဘမဲ့ဖြစ်ခဲ့ကြရတယ်။
ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာ, တိုင်းသူပြည်သားတွေ ပူဆွေးနေတဲ့အချိန်မှာ ကူညီတာထောက်ပံ့တာတွေလုပ်ရမည့်အစား

 
ခင်ညားတို.ကလဲ စိန်စီသောညနဲ. ရန်တိုက်ပေးမနေနဲ.လေ။ တော်ကြာ သိပ်ကဲတယ်လို. ထင်သွားရင် မင်းသမီးမင်းသားပဲနစ်နာမယ်။
 
 

1 comment:

Tenissary said...

ကိုးဆယ်ဆသာလိမ့်မယ်