Monday, December 13, 2010

Dec 13, 2010



ဒို့လုံချည်
ကျွန်တော်တို့ ကျွန်မတို့ကျောင်းရှေ့ ရှိ ၀ါးလုံးတိုင်ထိပ်တွင် လုံချည်
တစ်ထည် လွှင့်တင်ထားပါသည်။ လုံချည်တွင် အ၀ါရောင်၊ အနီရောင်၊
အစိမ်းရောင်ဟူသော အရောင် ၃ မျိုးကို ပေါင်းစပ် တွဲချုပ်ထားပါသည်။
လုံချည်ကို ချုပ်နေ စဉ် ကြွက်ကိုက်သွားသဖြင့် အဖြူရောင်ရှိသော
ကြယ်တလုံးဖြင့် အစားထိုး ဖာထေးလိုက်ရပါသည်။
အနီရောင်က တရုတ်၊ အ၀ါရောင်က အိန္ဒိယကို ကိုယ်စားပြုသည်ဟု သိရှိရပြီး
အစိမ်းရောင်သည်  ကျွန်တော်တို့ ကျွန်မတို့ အိမ်နားမှ ဘာမယ်မယ်ရရ အလုပ်မှ
မရှိကြသော၊ လမ်းခင်းပေးမယ်အမှန်ခြစ်ပါ ဟု လိမ်ပြောသူများ ၀တ်ဆင်သည့်
လုံချည်ကို ကိုယ်စားပြုပါသည်။ အ၀ါနှင့် အနီရောင်ကြားတွင် အစိမ်းရောင်ကို
ထားရှိခြင်းမှာမူ တရုတ်နှင့် အိန္ဒိယတို့၏ ဂုတ်သွေးစုတ်ခြင်းကို
ကိုယ်စားပြုပါသည်။
ဖာထေးလိုက်ရသော ကြယ်ကြီးမှာမူ ကိုယ်စားပြုစရာ မရှိသေးပါ။ ၎င်းကို ကိုယ်
စားပြုရန်အတွက် လေလံပစ်ရာ  ထူးကုမ္ပဏီ က အောင်နိုင်သွားသဖြင့် မာဆတ်နှင့်
ကေတီဗွီကို ကိုယ်စားပြုခိုင်းမည်ဟု သိရပါသည်။
ထိုလုံချည်ကို ကျွန်တော်တို့ ကျွန်မတို့ နေ့တိုင်းအလေးပြုကြရပါသည်။
ကျွန်တော်တို့ကျွန်မတို့  အလွန် ၀မ်းနည်း ကြပါသည်။
(အသစ်ပြဌာန်းလိုက်သည့်၂၀၁၁ ခုနှစ်တွင် ထုတ်ဝေမည့် ဒုတိယတန်းဖတ်စာ စာအုပ်၊
(ဖတ်စာ- ၁)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာသင်ရိုးညွှန်းတန်း၊ သင်ရိုးမာတီကာနှင့်
ကျောင်းသုံစာအုပ် ကော်မတီ- စာမျက်နှာ- ၁ မှ)

မြန်မာနိုင်ငံတွင် အသစ်ပြောင်းလဲလိုက်သော နိုင်ငံတော် အလံသစ်အား ၂၀၁၁

ပညာသင်နှစ်မှ စတင်ကာ
ဒုတိယတန်း သင်ခန်းစာ၌ အသစ်ပြောင်းလဲ သင်ကြားပေးတော့မည် ဖြစ်ကြောင်းသိရပါတယ်။
“အလံကတော့ ခိုးလာတာလို့ကြားပါတယ်။ ဘယ်က ခိုးလာတယ်ဆိုတာတော့မသိပါဘူး။
ဘာပဲပြောပြော နေ့တိုင်း အလေးပြုနေရလို့ အဓိပ္ပါယ်ကို သိထားချင်ပါတယ်။”
လို့ မူလတန်း ကျောင်းသားတဦးက ပြောကြား သွားပါတယ်။
“အလံအသစ်နဲ့ပတ်သက်တဲ့ အရောင်တွေရဲ့  အကြောင်းတွေ.ဘာတွေကိုတော့
အလံအသစ်ဖြစ်တဲ့အတိုင်း ပို့စ်မော်ဒန် နည်းနဲ့ အဓိပ္ပါယ်ဖွင့် ဆိုထားမယ်.
ဒါကိုသင်ပေးရမယ်လို့ သိရပါတယ်” ဟုလည်း မူလတန်းသင် ဆရာမတဦးက ပြောပါတယ်။
ယခုအလံတော်သစ်ဟာ နအဖအစိုးရက ပြည်သူ့ဆန္ဒမပါရှိပဲ
လဲလှယ်ခဲ့ခြင်းဖြစ်ပြီးတော့ အလံပြောင်း အခမ်းအနား ကိုလည်း
တိတ်တခိုးကျင်းပခဲ့တာဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ရန်ကုန်မြို
့တော်ခန်းမ အလံသစ် လဲလှယ် လွှင့်ထူပွဲမှာ မြို့ တော်ဝန် ဦးအောင်သိန်းလင်း
အလံကိုင်ပြီး ထွက်လာစဉ် လမ်း၃၀ နေ အရူးမတဦးက “အဲဒါ ငါ့ ထမီ- ငါ့ထမီ”
ဆိုပြီး အတင်း ၀င်လုနေလို့ အလံတင်အခမ်းအနားကို မိနစ် ၃၀ နောက်ကျပြီး
မှကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
(ပြည်တွင်း သတင်းထောက် သတင်းပေးပို့သည်)

 

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း



Saturday, October 23, 2010

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း


အမျိုးသားညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)အထိ အတိုက်အခံပါတီများ၊ တိုင်းရင်းသား အင်အားစုက ကန့်ကွက်နေသည့်ကြားမှပင် ငါ့မြင်းငါစိုင်းတဲ့ စစ်အစိုးရက အမျိုးသားညီလာခံကို အတင်းဇွတ်မှိတ်ဆွဲပြီး။ လာမယ့် မေလမှာ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုချက်ယူတော့မယ်တဲ့ဗျာ။ လူထုထောက်ခံသလား မထောက်ခံသလား ဘာမှမသိသေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံကြေညာလိုက်သေးသည်။

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းမပါ။ ရွေးကောက်ပွဲ အနိုင်ရပါတီလည်းမပါဘဲ ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၄၇။ ၇၄ အခြေခံဥပဒေများထဲမှ ပြောင်းသင့်ပြောင်းထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး ဆွဲခဲ့တယ်တဲ့ခင်ဗျ။ ပြောင်းလိုက်တဲ့ထဲမှာ နိုင်ငံတော်ရဲ့မြို့တော်နဲ့ နိုင်ငံတော်အလံလဲ ပါသွားတယ်ဗျ။ ဇွတ်လုပ်ကြတဲ့ သူများ အချိန်ယူ အချိန်ဆွဲ ရေးဆွဲခဲ့တဲ့ အလံဟာ ဘယ်လိုပုံစံလဲ ဆိုတာ အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်တယ်။ ကျနော်လည်း စိတ်ဝင်စား ကြည့်မိခဲ့တယ်ဗျ ...

ကဲ ... တွေ့ပါပြီဗျာ။ မူကြမ်းထဲက အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော် ဆိုပြီး စာမျက်နှာ (၁၇၅)မှာ ဒီအလံပါပဲ၊

အော် ဒီအလံပုံကို နောက်တနေရာမှာလည်း တွေ့ဖူးသလိုပေါ့၊ မှတ်မိပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံနဲ့ တထပ်တည်းတူပါတယ်။ ဓါတ်ပုံများကို ထပ်ကြည့်နိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ခုနှစ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ ခုနှစ်ကတည်းက ၀ါ စိမ်း နီ သုံးရောင်ခြယ်၊ အလယ်တွင် ကြယ်ဖြူတပွင့်ဖြင့် စတင်တည်ထောင်ကတည်းက ဒီအလံတခုတည်းကိုပဲ အတည်ပြု သတ်မှတ်ပြီး အသုံးပြုလာရာ ယနေ့တိုင်ဖြစ်သည်။




အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ


မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် "စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးတိုက်ပွဲ" တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။


အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။

အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။

အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။

အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ် စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........

လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို ၀ိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။

(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)

ရေးသားသူ...မောင်ရေခဲ

ပေးပို့ ပေးသော မောင်ရေခဲ အားကျေးဇူးတင်ရှိပါသည်။




Mon, December 13, 2010 6:01:19 PM
[8888peoplepower] ဒေါ် အောင် ဆန်း စု ကြည် သို့ အိတ် ဖွင့် ပေး စာ
...
From:
August8888
...
View Contact
To:8888peoplepower@yahoogroups.com

 

ဒေါ် အောင် ဆန်း စု ကြည် သို့ အိတ် ဖွင့် ပေး စာ

ပထီးပကော်
အ မေ စု က ပြည် သူ တွေ ရဲ့ အ သံ ကို ကြား ချင် တယ် ဆို လို့ သာ မန် တိုင်း ရင်း သား တစ် ယောက် ဖြစ် တဲ့ ကျွန် တော် ရဲ့ အ သံ ကို တင် ပြ လိုက် ပါ တယ်။

၁) အ မေ စု ရဲ့ ကွန် ရက် ဖွဲ့ စည်း ဖို့ သ ဘော တူ ပါ တယ်။ အား တက် သ ရော ကူ ညီ ခွင့် ရ ရင် ကူ ညီ သွား ပါ မယ်။ ပါ လဲ ပါ ၀င် ပါ မယ်။

၂) အ မေ စု နောက် ဆက် ခံ မဲ့ အ မေ စု လို တိုင်း ရင်း သား တွေ ပါ လက် ခံ နိုင် မဲ့ မျိုး ဆက် သစ် ခေါင်း ဆောင် မွေး ထုတ် ဖို့၊ လက် တွဲ ခေါ် ဖို့ လို တယ် လို့ အ ကြံ ပေး ပါ ရ စေ။ အ မေ စု လို အား ရှိ တဲ့ ခေါင်း ဆောင် ရှိ မှ ပဲ ကျွန် တော် တို့ အ နာ ဂတ် ဖယ် ဒ ရယ် ပြည် ထောင် စု ကို တည် ထောင် နိုင် မှာ ပါ။

၃) ဒု တိ ယ ပင် လုံ ကို သ ဘော တူ ပါ တယ်။ အ ရေး တ ကြီး လို အပ် တယ် ဆို တာ ကို လဲ ချွင်း ချက် မ ရှိ လက် ခံ ပါ တယ်။ ဒါ ပေ မဲ့ ကေ ပီ ပီ ပါ တီ တာ ၀န် ရှိ သူ ပြော ခဲ့ သ လို ပဲ အား လုံး ပါ ၀င် အောင် လုပ် ဖို့ လို ပါ တယ်။ တပ် မ တော် သာ မ က တိုင်း ရင်း သား လက် နက် ကိုင် ခေါင်း ဆောင် တွေ အား လုံး ပါ ၀င် ဖို့ လို အပ် ပါ တယ်။ ဒီ လို ပါ ၀င် ဖို့ ဟာ အ ရမ်း အ ရေး ကြီး ပါ တယ်။ ဒီ လို ပါ ၀င် မှ ပဲ ကျွန် တော် တို့ ငြိမ်း ချမ်း တဲ့ အ နာ ဂတ် နိုင် ငံ သစ် ကို တည် ထောင် နိုင် မှာ ဖြစ် ပါ တယ်။ တပ် မ တော် သာ ပါ ၀င် ပြီး တိုင်း ရင်း သား တပ် မ တော် တွေ ရဲ့ ခေါင်း ဆောင် မ ပါ ၀င် ရင် တော့ လုံး ၀ လက် မ ခံ နိုင် ပါ။

၎) နောက် ပြီး စစ် ခေါင်း ဆောင် တွေ ကို နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် မဲ့ ကိ စ္စ ကို မူ အ ရ သ ဘော တူ စေ ချင် ပါ တယ်။ အ မေ စု ရဲ့ အ နေ အ ထား အ ရ စစ် ခေါင်း ဆောင် တွေ ဆွေး နွေး ပွဲ ကို မ တက် လာ မှာ စိုး လို့ သူ တို့ ရဲ့ လုံ ခြုံ ရေး ကို အာ မ ခံ တဲ့ အ နေ နဲ့ ဒီ ကိ စ္စ မျိုး တွေ ကို မ ပြော ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လက် မ ခံ ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လဲ နိုင် ငံ ရေး အ ရ လက် ရှောင် ချင် တာ ဖြစ် ချင် လဲ ဖြစ် မယ်။ ဒါ ကို နား လည် နိုင် ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဘက် က လည်း ကိုယ် ချင်း စာ နား လည် ပေး ဖို့ မေ တ္တာ ရပ် ခံ ပါ ရ စေ။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တပ် မ တော် ရဲ့ အ မျိုး တုန်း စစ် ဆင် ရေး ကို လွတ် လပ် ရေး အ ကြို ကာ လ က တည်း က ခံ ခဲ့ ရ တာ ပါ။ လွတ် လပ် ရေး ရ ပြီး နောက် ပိုင်း မှ လဲ တောက် လျှောက် အ မျိုး ဖြုတ် စစ် ဆင် ရေး ကို ခံ ရ ပါ တယ်။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တ ခြား သော တိုင်း ရင်း သား တွေ ထက် ပို ပြီး ခံ ခဲ့ ရ ပါ တယ်။ တပ် မ တော် ရဲ့ ဗိုလ် ချုပ် တစ် ယောက် ပြော ခဲ့ ဘူး တဲ့  "နောက် ကျ ရင် က ရင် လူ မျိုး ကို တွေ့ ချင် ရင် ပြ တိုက် ထဲ မှာ သွား ကြည့်" ဆို တဲ့ စ ကား ဟာ တပ် မ တော် ဟာ က ရင် လူ မျိုး တွေ ကို အ မျိုး တုန်း စစ် ဆင် ရေး ကို ဆင် နွဲ နေ တယ် ဆို တာ ကို ပေါ် လွင် စေ တဲ့ သူ တို့ ကိုယ် တိုင် ပါး စပ် နဲ့ ဖွင့် ထုတ် ပြော ခဲ့ တဲ့ သက် သေ ပါ။ ဒီ စ ကား လုံး ဟာ လုပ် ကြံ စ ကား လုံး မ ဟုတ် ပါ ဘူး။ အဲ ဒီ ဗိုလ် ချုပ် (နာ မည် သိ ပါ တယ်။ နေ ရာ သိ တယ်။ မ ရေး ချင် လို့ ပါ) က အ ရပ် ဖက် ဆိုင် ရာ အ ရာ ရှိ တွေ နဲ့ အ စည်း အ ဝေး တ ခု မှာ ပြော ခဲ့ တာ ပါ။ နောက် ပြီး အဲ ဒီ စ ကား ကို အဲ ဒီ တ ကြိမ် ထက် မ က အ ကြိမ် ကြိမ် ပြော ခဲ့ တာ ပါ။ နောက် ပြီး အ နီး စပ် ဆုံး တပ် မ တော် ရဲ့ က ရင် တွေ အ ပေါ် ရက် စက် စွာ အ မျိုး ဖြုတ် တာ ရဲ့ သက် သေ က တော့ ဒီ ကေ ဘီ အေ က သူ တို့ ဖမ်း ထား တဲ့ စစ် သုံ့ ပန်း ကို အ ရှင် လွတ် ပေး လိုက် တဲ့ အ ချိန် မှာ တပ် မ တော် က သူ တို့ ဖမ်း ထား တဲ့ (သူ တို့ ငြိမ်း ချမ်း ရေး ယူ ထား တဲ့၊ စစ် သုံ ပန်း တောင် မ ဟုတ် တဲ့) ငြိမ်း အ ဖွဲ့ က ရဲ ဘော် တွေ ကို သတ် ပြစ် လိုက် တာ ပဲ။ သတ် တာ တောင် ရိုး ရိုး သတ် တာ မ ဟုတ် ဘူး။ လူ မ ဆန် စွာ ညှင်း ပန်း နှိပ် စက် ပြီး မှ ရက် ရက် စက် စက် မီး ရှို့ သတ် တာ။ ဒီ လို ရက် စက် မှု တွေ ဟာ မ ရေ မ တွက် နိုင် သော အ ဖြစ် အ ပျက် တွေ ထဲ က အ နီး စပ် ဆုံး ဥ ပ မာ တစ် ခု ပါ။) ဒီ ဥ မ မာ မှာ ရက် ရက် စက် စက် အ သတ် ခံ ရ တဲ့ လူ တွေ ဟာ လက် နက် ကိုင် က ရင် ရဲ ဘော် တွေ ပါ။ လက် နက် ကိုင် မ ဟုတ် တဲ့ က ရင် အ ရပ် သား တွေ တို ရင် ဒီ ထက် မ က ခံ ရ ပါ တယ်။ ဒါ တွေ အား လုံး အ တွက် ဒီ စစ် အာ ဏာ ရှင် တွေ ကို မူ အ ရ နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် စေ ချင် ပါ တယ်။ မူ အ ရ လို့ သုံး နှုံး တာ ဟာ လက် တွေ့ မှ သူ တို့ ရဲ့ အ ဘ တ ရုတ် နဲ့ ရု ရှား ကြောင့် တ ကယ် လက် တွေ့ ဖြစ် လာ ဖို့ အ ရမ်း ခက် လို့ ပါ ပဲ။ ဒါ ပေ မဲ့ ဒါ ကို ကျွန် တော် တစ် ယောက် တည်း အ နေ နဲ့ မူ အ ရ တောင်း ဆို ပါ တယ်။ တ ကယ် လို့ နိုင် ငံ တ ကာ ခုံ ရုံး မ တင် ဖြစ် ရင် တောင် မှ ကျွန် တော် တို့ နိုင် ငံ ဒီ မို က ရေ စီ ရ လာ တဲ့ တ နေ့ ( ဘယ် စစ် အ ဏာ ရှင် မှ ထာ ၀ ရ မ တည် မြဲ နိုင် ပါ ဘူး၊ အ ဏာ ရှင် ဆို တာ အ ချိန် တ ခု ရောက် တဲ့ အ ခါ ကျ ရင် ကျ ဆုံး ကြ တာ ဟာ ဓ မ္မ တာ ပါ) ကျ ရင် ဒီ ကိ စ္စ တွေ ကို စစ် ဆေး ပြီး တ ရား ခံ တွေ ကို ဖေါ် ထုတ် ပေး ဖို့ တောင်း ဆို ပါ တယ်။ အ ပြစ် ပေး တာ မ ပေး တာ က နောက် တ ပိုင်း ထား ကျ ရ အောင်။ ဘာ ဖြစ် လို့ လဲ ဆို တော့ အ မေ စု တို့ က အ မျိုး သား ရေး ရင် ကြား စေ့ ဆွေး နွေး ၀ိုင်း ကို တပ် မ တော် က လူ တွေ မ တက် လာ မှာ စိုး လို့ အ လုံး စုံ သင် ပုန်း ချေ ချင် ကြ တယ် မ ဟုတ် လား။ အ မေ စု တို့ က ကိုယ် တိုင် ခံ ခဲ့ ရ တဲ့ ကာ ယ ကံ ရှင် တွေ အ နေ နဲ့ သင် ပုန်း ချေ လို့ ရ ပေ မဲ့၊ က ရင် နဲ့ တ ခြား သော လူ မျိုး စု တွေ က တော့ အ မျိုး စု နဲ့ ချီ ခံ ရ တာ ဖြစ် တဲ့ အ တွက် အ လုံး စုံ သင် ပုန်း ချေ ဖို့ ဆို တာ မ ဖြစ် နိုင် လို့ ပါ။ အ နည်း ဆုံး ဒီ ကျူး လွန် ခံ တဲ့ တ ရား ခံ ကို သ မိုင်း မှတ် တမ်း အ ဖြစ် ဖေါ် ထုတ် ပေး မှ ပဲ ခေတ် အ ဆက် ဆက် က အ ပြစ် မဲ့ ခံ ခဲ့ ရ တဲ့ ကျွန် တော် တို့ လူ မျိုး စု လူ သား တွေ အ တွက် တာ ၀န် ကျေ မယ် လို့ ကျွန် တော် ခံ ယူ လို့ ပါ။ အ ပြစ် ဒဏ် က တော့ တ မျိုး သား လုံး နဲ့ ဆိုင် တဲ့ အ တွက် က ရင် တ မျိုး သား လုံး ညီ လာ ခံ ခေါ် ပြီး ဆုံး ဖြတ် စေ ချင် ပါ တယ်။ အဲ ဒီ အ ချိန် မှာ အ မေ စု က သူ တို့ ကို လွတ် ငြိမ်း ချမ်း သာ ခွင့် ပေး စေ ချင် ရင် တော့ သူ တို့ ဖက် က ရပ် တည် ပြီး တောင်း ဆို မယ် ဆို ရင် တော့ ကျွန် တော် ထင် ပါ တယ် က ရင် လူ မျိုး တွေ ဟာ မ ရိုင်း တတ် ပါ ဘူး။ ကျွန် တော် အ ခု လို တောင်း ဆို တာ ဟာ ကျွန် တော် ဟာ က ရင် လူ မျိုး စု ခေါင်း ဆောင် တ ဦး အ နေ နဲ့ မ ဟုတ် ပါ ဘူး။ က ရင် တိုင်း ရင်း သား တစ် ဦး အ နေ နဲ့ ကျွန် တော့ ရဲ့ တစ် ဦး တည်း သောအ သံ ပါ။

၎) နောက် ဆုံး က တော့ တ ရုတ် နိုင် ငံ နဲ့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ပြော ချင် ပါ တယ်။ စစ် အာ ဏာ ရှင် ကို ရပ် တည် အ ကာ အ ကွယ် ပေး နေ တဲ့ တ ရုတ် နိုင် ငံ ကို သံ တ မန် နည်း အ ရ စည်း ရုံး လို့ ကျွန် တော် တို့ ဖက် ကို မှ နည်း နည်း လေး မ ငဲ့ ညှာ ဘူး ဆို တော့ ကျွန် တော် တို့ ဖက် က လဲ ပြတ် ပြတ် သား သား ပြော ဖို့ လို မယ် ထင် ပါ တယ်။ စစ် အာ ဏာ ရှင် တွေ ကျ ဆုံး လို့ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ ကျွန် တော် တို့ တ တွေ လဲ တ ရုတ် နဲ့ အ ကျိုး တူ စီး ပွား ရေး လုပ် ငန်း တွေ ကို ပြန် သုံး သပ် ရ ပါ လိမ့် မယ် လို့ ပြတ် ပြတ် သား သား ပြော ရ ပါ လိမ့် မယ်။ တ ရုတ် ဟာ သူ တို့ အ ကျိုး စီး ပွား ကို ပဲ ကြည့် ပါ တယ်။ နောက် ပြီး စစ် အာ ဏာ ရှင် တွေ ဒီ အ တိုင်း ကြာ ကြာ အ နေ နိုင် ဘူး ဆို တာ လဲ သူ တို့ သိ ပါ တယ်။ အဲ ဒီ လို ပြတ် ပြတ် သား သား ပြော ပါ မှ လဲ အ မေ စု တို့ ဖက် ကို နည်း နည်း လှည့် လာ လိမ့် မယ် လို့ ထင် ပါ တယ်။ ကျွန် တော် နိုင် ငံ ရေး နား မ လည် ပါ။ သံ တ မန် ရေး ကို နား မ လည် ပါ။ သာ မန် တိုင်း ရင်း သား ပြည် သူ တစ် ယောက် ရဲ့ ရိုး ရိုး အ မြင် ပါ။

နောက် ပြီး စစ် အာ ဏာ ရှင် တွေ နဲ့ ပေါင်း ပြီး နိုင် ငံ တော် ပိုင် တွေ ကို အ ကျိုး တူ ခိုး နေ တဲ့ စီး ပွား ရေး သ မား အ မည် ခံ နေ တဲ့ သူ တွေ ပါ။ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ တော့ အား လုံး ကို စုံ စမ်း စစ် ဆေး ပြီး တော့ တ ရား မျှ တ မှု တွေ ကို ရ အောင် ပြန် ယူ မယ်၊ အ ပြစ် ပေး စ ရာ ရှိ ရင် လဲ  တ ရား ဥ ပ ဒေ အ ရ အ ပြစ် လို့ တိ တိ ကျ ကျ အ သိ ပေး ထား ဖို့ လို ပါ တယ်။ ဒါ မှ လဲ သူ တို့ လုပ် ချင် သ လို မ တ ရား ဆီ က မ တ ရား သိမ်း ယူ နေ တာ တွေ တန့် သွား လိမ့် မယ် လို့ ထင် ပါ တယ်။

ကျွန် တော် ဟာ အ မေ စု ကို ကျွန် တော့ ရဲ့ သူ ရဲ ကောင်း၊ စံ ထား ရဲ့ ပု ဂ္ဂိုလ် အ နေ နဲ့ ထာ ၀ ရ လေး စား အား ကိုး ယုံ ကြည် တဲ့ လူ တစ် ယောက် ပါ။ တ ကယ် လို့ ကျွန် တော် စာ ဟာ အ မေ စု ကို တ စုံ တ ခု ထိ ခိုက် စေ မယ် နစ် နာ စော် ကား သ လို ဖြစ် နေ ဆို ရင် တော့ အ နူး အ ညွတ် တောင်း ပန် ပါ တယ်။
Posted by pahteepakaw ပထီးပကော်http://www.pahteepakaw.blogspot.com/
 
 
 
 
 
Mon, December 13, 2010 6:28:54 AM
   
ဘိုဘိုကျော်ငြိမ်းမှားခဲ့လေရော့သလား






  အကယ်၍ ကဗျာဆရာကြီးက မဇ္ဖျိမကို သူ့တုန့်ပြန်ချက်ကို ပို့မယ်ဆိုရင်တော့ အမှန်ပဲထည့်ပေးသင့်တာထက် ထည့်ပေးရမယ့်တာဝန်ကိုရှိတယ်လို့ မြင်ပါတယ်။
 


Subject: Re: [8888peoplepower] ဘိုဘိုကျော်ငြိမ်းမှားခဲ့လေရော့သလား

 
အဲဒီ (ဝင်းတင့်ထွန်း) တုန့်ပြန်ချက်ကို မဇ္ဈိမ က ဖေါ်ပြပေးသင့်တာပေါ့။ ဒါမှ မျှတမှာပေါ့။ မဟုတ်ဘူးလား။

No comments: