Sunday, December 19, 2010

12/19/2010


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူအဖွဲ့ ဖွဲ့စည်းခြင်း
 
San Francisco တွင် မြန်မာနိုင်ငံအကျဉ်းသားများလွတ်မြောက်ရေးအ
တွက်
 
 

ဖိတ်ကြားခြင်း

နေ့ စွဲ ။     ၁၇၊၁၂၊၂၀၁၀


နော်ဝေနိုင်ငံတွင်း အခြေချနေထိုင်ကြသော မြန်မာပြည်သား ညီအကိုမောင်နှမများခင်ဗျား

      နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရေနံ နှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၇၀၀(လေးထောင့်ခွန်နှစ်ရာ) ဘိုးရင်းနှီးမြှတ်နှံ လုပ်ကိုင် နေ ပါ သည်။ ထိုယင်းနှီးမြှတ်နှံ မှု့ ကြောင့် မြန်မာပြည်သူတို့  အပေါ် ၏ လူ့ အခွင့်အရေးချိုးဖေါက်မှု့ များ ဖြစ်ပေါ်လျှက်ရှိပါသည်။ ထို့ အတူ နော်ဝေနိုင်ငံ၏ ပြဒ္ဒန်းထားသော ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ
ဥပဒေကိုချိုးဖေါက်ပြီးရင်းနှီးမြှတ်နှံထားခြင်းလဲဖြစ်သည်။
    
     မြန်မာပြည်အတွက် ရရှိလာသော နိုင်ငံခြားဝင်ငွေများအား စစ်အာဏာရှင်မှ ပြည်သူလူထု အ တွက်အကျိုးရှိသောလုပ်ငန်းများတွင် အသုံးပြုခြင်းမရှိပဲ ၎င်းတို့ ၏ အာဏာရေရှည်တည် မြဲး ရေး အတွက် အဓိကလိုအပ်သည့်  စစ်လက်နက်များဝယ်ယူခြင်း၊ အနုမြုလက်နက်ထုတ်လုပ် နှင့်  ပုန်းခို  ကျင်းများဆောက်လုပ်ခြင်း အပြင့်  ကိုယ့်ကျိုးစီးပွားအတွက်သာ အသုံးပြုခြင်းများ လုပ် ဆောင်နေ သည်ကို မြန်မာပြည်သားများ အားလုံးအသိပင်ဖြစ်သည်။

    သို့ ဖြစ်ပါ၍ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့်  မြန်မာပြည်သူများ အတွက် အကျိုးမရှိယုံမျှမက နော်ဝေနိုင်ငံ၏ ကျင့်ဝတ်သိက္ခာ နှင့်  မညီညွတ်သည့်ရင်းနှီးမြှပ်နှံမှု့ ကို ဆန့် ကျင်သည့်  အစာငတ်ခံ ဆန္ဒပြပွဲ ပြုလုပ်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားတိုင်းပူးပေါင်းပါဝင် နိုင်ရန် နှင့် လာရောက်အားပေးနိုင်ရန် လေးစားစွာကြိုတင်အကြောင်းကြားဖိတ်အပ်ပါသည်။


အစာငတ်ခံဆန္ဒပြပွဲ
စတင်မည့် အချိန် ။     ။ မနက်( ၈ ) နာရီ   (8-am)
ကျင်းပမည့် နေရာ။     ။ နော်ဝေပါလီမာန်ရှေ့ (In front of Stprtinget)
နေ့ စွဲ                        ၂၂ ဒီဇင်ဘာလ ၂၀၁၀ ( 22.12.2010)

ကောင်းတဲ့  အတုကိုယူ
မူစလင်ဘုရားကို စာနဲ့ ရေးယုံနဲ့  လူ ၃၀၀၀ လောက် အောင်စလိုမြို့ ပေါ်တက် ဆန္ဒပြကြတယ်
မြန်မာပြည်ထဲ မှာလက်တွေ့  လူသတ်မှု့ တွေကြူးလွန်နေတာကို ကို ဒီအတိုင်းထိုင် ကြည့် 
နေယင် လို့  မရဖူး
ကျင်းပရေးကော်မတီ

နော်ဝေးနိုင်ငံတွင်ပြုလုပ်ကျင်းပမယ့် အစာငတ်ခံဆန္ဒပြခြင်ကို အပြည့်ဝထောက်ခံကြိုဆိုပါသည်။ ထို့ အပြင်လိုအပ်သည့်
အကူညီများအား ကူညီပံ့ပိုးပေးသွားမည်။
 
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
    ONSOB(HQ)Denmark

မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းများ အကြောင်း.....

မြန်မာစစ်အာဏာရှင်တွေရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခု တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုပုံပါ...။ ပြည်တွင်းမှ မျိုးချစ် စစ်သည်တစ်ဦး ပေးပို့လာတဲ့ ဓာတ်ပုံ၊ သတင်းအချက်အလက် များထဲမှ သတင်းဓာတ်ပုံ တစ်ပုံကို တင်ပြပေးလိုက်ပါတယ်...။ ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘာတွေလုပ်နေကြတယ်ဆိုတဲ့ သတင်း အပြည့်အစုံ အချက်အလက်များ မကြာမှီ တင်ပြပေးပါမယ်....။

ဒီမိုဝေယံ....

အာဏာကို ဘယ်သူပိုင်သလဲ.....?

တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထား ထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူလူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။

ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာလျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီအတွက် တုန့်ပြန်လာတဲ့ သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ.. တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြား သိမြင်မှုတွေ ရှိလာတယ်။

အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်း ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ 

ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။ ၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက် ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထုခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်းဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။ 

နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်းဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင် တည်မြဲလေပဲပေါ့။ ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့ ကိစ္စပါ။ စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။

ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက် မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ်သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့်အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ်တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။ ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ်မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ်က ထွက်ပြေးသွားပါပြီ။

ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေးမြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါတယ်။ ကျနော်ပြောချင်တာက စစ်တပ်အပေါ် ကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။ ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကုသတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။ ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေး စေ့စပ်မှုလုပ်တာဟာ စစ်ခေါင်းဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အမိန့်မနာခံတော့ဘူးဆိုရင် ဘယ်လို အာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေကြောင့်သာ ဖြစ်ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါလား။

တပ်ကြပ်ကြီး – နေမင်းသူ
၁၇-ဒီဇင်ဘာ-၂၀၁၀
ပေးပို့ပေးတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။  

တေဇရဲ့ စေတနာဆိုလားပဲ... (စင်ကာပူ အလည်အပတ်ခရီးတဲ့)


ရန်ကုန်မြို့ ကမာရွတ် TTC ကျောင်းသားဟောင်းဖြစ်သူ မြန်မာစစ်အာဏာရှင်တွေရဲ့ အကျိုးတူ အကျိုးဖက် စီးပွါးရေး လုပ်ငန်းရှင် တေဇဟာ သူ့ရဲ့ တီတီစီ ဆရာ ဆရာမဟောင်းများနှင့် သူငယ်ချင်း ဖြစ်သူ အချို့တို့ ကို မြန်မာ့လေကြောင်း နှင့် လေယာဉ် စဉ်းလုံးဌားခ စားရိတ်ခံပြီး စင်ကာပူနိုင်ငံ ကို အလည်အပတ် ပို့ဆောင်မယ်လို့ သိရပါတယ်။ သွားမဲ့ လူပေါင်း အယောက် ၆၀ အတွက် စားရိတ်စားခ တွေ အကုန်ကျခံမယ့် အပြင် တစ်ယောက်ကို စင်ကာပူ ဒေါ်လာ နှစ်ထောင် စီ သုံးစွဲဖို့  ပေးပါတယ်။ သွားရောက်မဲ့ စင်ကာပူ အလည်ခရီးစဉ် ရက်ကတော့ ဇန်န၀ါရီလ ၅ရက် နေ့ ကနေ ၁၀ရက်နေ့ထိ ဖြစ်ပါတယ်။ ဒါကောလဟာလ သတင်း မဟုတ်ပါ။

ရန်ကုန်သားမှ ပေးပို့လာပါတယ်....။ 

 အကျိုးအမြတ်တွေ လုပ်ပိုင်ခွင့်တွေ တစ်ဦးတည်း မောင်ပိုင်စီး လုပ်ပိုင်ခွင့်ရနေတဲ့ တေဇရဲ့ စေတနာတဲ့.. ယခုလောလောဆယ် ပြည်သူတွေ ငတ်နေပါတယ်...။ ဂီရိမုန်တိုင်းခံ ပြည်သူတွေလည်း အခုထိ အခြေမကျသေးပါဘူး.... မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း ပြန်ဖတ်ချင်ရင် Click
 

ကိုရီးယားအရေး ကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်

19 December, 2010 - 15:31
ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားကျွန်းပေါ်မှာ တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စနေနေ့က ရွှေ့ဆိုင်းလိုက်တာဟာ ရာသီဥတု ဆိုးဝါးလှတဲ့ အတွက်ကြောင့်သာ ဖြစ်ပြီး ဘယ်လို သံတမန်ရေး ဖိအားတွေကြောင့်မှ မဟုတ်ဘူးလို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ တနင်္ဂနွေနေ့ နေ့လယ် ၁၁ နာရီမှာ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပဖို့ ရှိပါတယ်။ တကယ့်လက်နက်နဲ့ ပစ်ခတ် လေ့ကျင့်မယ့် အစီအစဉ်ကို အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ရုရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တရုတ်နိုင်ငံက နှစ်နိုင်ငံလုံးရဲ့ သံအမတ်ကြီးတွေကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်ရင် ပြီးခဲ့တဲ့လက ပစ်ခတ်ခဲ့တာထက် ပိုပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ပိုင်းဖြတ်ထားပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ နောက်ထပ် တင်းမာတဲ့ အခြေအနေတွေ ဖြစ်လာမယ့် ရန်စတဲ့ အပြုအမူတွေ ထပ်ဖြစ်လာမလား ဆိုတဲ့အပေါ် သတိကြီးစွာ စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
 

တင်းမာမှုတွေလျော့ပါးစေဖို့ တောင်နဲ့မြောက်ကိုရီးယားအပေါ် တရုတ်ဖိအားပေး

18 December, 2010 - 23:30
ကိုရီးယားကျွန်းဆွယ်ပေါ်မှာ စစ်ဖြစ်လုလု အလွန့်အကျွံတင်းမာနေတာကို လျော့ပါးအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြဖို့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံလုံးကို တရုတ်က ဖိအားတိုးမြှင့်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားဘက်က ကျွန်းပေါ်မှာ တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စိုးရိမ်မကင်းဖြစ်မိကြောင်း တရုတ်နိုင်ငံက နှစ်နိုင်ငံလုံးက သံအမတ်ကြီးတွေကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်ရင် ပြီးခဲ့တဲ့လက ပစ်ခတ်ခဲ့တာထက် ပိုပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ပိုင်းဖြတ်ထားပါတယ်။ ရာသီဥတု ဆိုးဝါးလှတဲ့အတွက် ယောင်ဖြွန်းကျွန်းပေါ်မှာ စနေနေ့က စစ်ရေး လေ့ကျင့်မယ့် အစီအစဉ်ကို တောင်ကိုရီးယားက ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့တွေမှာ လေ့ကျင့်မယ်လို့ မျှော်လင့်ထားကြောင်း စစ်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။ တောင်ကိုရီးယားမှာ အဲဒီလို စစ်ရေးလေ့ကျင့်ခွင့် ရှိပါတယ်လို့ သူက ပြောပါတယ်။
အခြေအနေကို ဆွေးနွေးဖို့ ရုရှားက တောင်းဆိုခဲ့တဲ့အတွက် အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို ကျင်းပဖို့ တနင်္ဂနွေနေ့မှာ ခေါ်ထားပါတယ်။ တကယ့်လက်နက်တွေနဲ့ ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်ကို အလွန်အမင်း စိုးရိမ်မိကြောင်း ရုရှားက ပြောပါတယ်။

သမ္မတဟောင်း ဘုရှ်ကတော် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်

18 December, 2010 - 00:17
အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးအကြိမ် အဖြစ်တယ်လီဖုန်းကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သောကြာနေ့ မနက်ပိုင်းက တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့ချိန်မှာ၊ လူသားတွေ လွတ်လပ်ခွင့်အတွက် စေ့ဆော်ပေးနိုင်သူအဖြစ် ခိုင်မာပြီး ခွန်အားထက်သန်တဲ့ အသံကို ကြားရတဲ့အတွက် ၀မ်းမြောက်မိတဲ့အကြောင်း အမေရိကန် သမ္မတ ကတော်ဟောင်းက ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ယုံကြည်မှုတွေ ရပ်တန့်မသွားသလို၊ မျှော်လင့်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး သူနဲ့ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ လွတ်မြောက်စေရေးအတွက် ဆက်လက် ကြိုးပမ်းနေတဲ့ အတွက်လည်း အားရမိတယ်လို့လည်း ဆိုပါတယ်။ တယ်လီဖုန်းစကားပြောဆိုမှုကိုတော့ ကြားဖြတ်နားထောင်နေပုံ ရတယ်လို့လည်း သမ္မတကတော်ဟောင်းက ပြောခဲ့တာပါ။
ဒါပေမဲ့လည်း နောက်တကြိမ်စကားပြောခွင့်ရဖို့၊ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်းလည်း အမေရိကန် သမ္မတ ကတော်ဟောင်း လော်ရာ ဘုရှ် က ပြောဆိုခဲ့ပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရကတော့ သမ္မတဟောင်း ဂျော့ဂ်ျ ဘုရှ် လက်ထက်က မူဝါဒတွေက ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်မယ့် မူဝါဒတွေနဲ့အတူ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
To:8888peoplepower@yahoogroups.com

 

မိုင်းဆတ်ရောက် ကိုကိုကြီး ၄၉ နှစ်ပြည့်

အညာနွေတမာမြေ



ကိုကိုကြီး (၁၉၆၁ - ) ၏ ကိုယ်ရေးအကျဉ်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မွေးနေ့အမှတ်တရ

၁၉၆၁ ဒီဇင်ဘာ ၁၈ တွင် ဖွားမြင်သည်။

၁၉၇၇ နိုဝင်ဘာလတွင် စက်မှုလက်မှုအထက်တန်းကျောင်း အမှတ် ၁၊ ရန်ကုန်မှ လျှပ်စစ် ဘာသာရပ်ဖြင့် အောင်မြင်သည်။

၁၉၇၈ အခြေခံပညာအထက်တန်း ခ အဆင့်ဖြင့် အောင်မြင်သည်။

၁၉၈၀ - ၈၃ တွင် AGTI (EP) စက်မှုလက်မှုသိပ္ပံ မှ လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာ ရရှိအောင်မြင်သည်။

၁၉၈၄ အခြေခံပညာစာမေးပွဲတွင် သချာင်္၊ ရူပ/ဓာတု၊ ဂုဏ်ထူးတို့ဖြင့် အောင်မြင်သည်။

၁၉၈၄ - ၈၅ တက္ကသိုလ်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ပထမဦးဆုံးအသုတ်အဖြစ် စတင်တက်ရောက် သင်ကြားသည်။

၁၉၈၆ တွင် HGP အထက်တန်းရှေ့နေ စာမေးပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။

၁၉၈၈ မတ်လ ၁၆ ရက် - တံတားနီ ကျောင်းသားလှုပ်ရှားမှုမှ စတင်၍ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။

၁၉၈၈ ဇွန်လ အရေးအခင်း နောက်ပိုင်း ကျောင်းများပိတ်သွားပြီး ပြန့်ကျဲသွားသော ကျောင်းသားအင်အားစုများကို စုစည်း၍ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန် ဦးဆောင်စည်းရုံးခဲ့သူ တဦးအဖြစ် ပါဝင်ခဲ့သည်။

၈ ၈ ၈ ၈ အရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး သြဂုတ်လ ၂၈ ရက် ရန်ကုန်တက္ကသိုလ် - သမဂ္ဂမြက်ခင်းပြင်တွင် ညီလာခံကျင်းပဖွဲ့စည်းခဲ့သော “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်” ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ ၀န်ကြီးချုပ်ဦးနု၏ စင်ပြိုင်အစိုးရ ထောက်ခံရေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
န၀တ (တပ်မတော်) က အာဏာသိမ်းပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းရေးတွင် ပံ့ပိုးကူညီမှု ပေးခဲ့သည်။

၁၉၈၉ ဇန်န၀ါရီ ၇ ရက်နေ့တွင် တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂများနှင့် စုစည်း၍ ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဒုဥက္ကဋ္ဌ - ၁ အဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဗကသများအဖွဲ့ချုပ်၊ အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (LS)၊ ရဟန်းပျိုများအဖွဲ့၊ အထိန်းသိမ်းခံကျောင်းသားဟောင်းများ အဖွဲ့ (၇၄ - မှိုင်း) ၊ အခြားတပ်ဦးများနှင့် ပူးပေါင်း၍ ဒေါ်ခင်ကြည်ဈာပနကော်မီတီ အမည်ဖြင့် ဇန်န၀ါရီလ ၂ ရက်နေ့တွင် တပ်ပေါင်းစုအသွင် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။

၁၉၈၉ မတ်လ ၁၃ ရက် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မီတီ၊ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံရေးပါတီများ၊ အင်အားစုများကြား တောင်းဆိုချက် ၅ ချက်ကို ဘုံ သဘောတူညီမှုဖြင့် ညှိနှိုင်းချမှတ် စုစည်းနိုင်ခဲ့သည်။


၁၉၈၉ မတ်လ ၁၃ ရက် တွင် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည် ၀မ်းနည်းခြင်းရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းမြို့နယ် အနှံ့အပြားတွင် ဒီမိုကရေစီရေး လူထုဟောပြောပွဲများ ကျင်းပဟောပြောခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရပြသနာ ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ကို ဗကသ ခေါင်းဆောင်များအကြား တင်သွင်းဆွေးနွေးခဲ့ပြီး ယင်းစာတမ်းနှင့်အတူ ၁၉၈၉ ဧပြီလတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။

၁၉၈၉ ဇွန်လတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး အထိမ်းအမှတ်၊ အခမ်းအနားများ စည်းဝေး ဟောပြောမှုများ၊ စည်းရုံးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ် ခဲ့သည်။

၁၉၈၉ ဒီဇင်ဘာလတွင် ဗကသ၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လူငယ်) တို့ ညှိနှိုင်းဆွေးနွေး၍ ရွေးကောက်ပွဲဖြတ်သန်းရေး၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်ရေး ဟူသော အချက်လေးချက်ကို ပါတီဂိုဏ်ဂဏစွဲမပါပဲ အမျိုးသားရေး ဦးတည်ချက်ဖြင့် ချမှတ်ထုတ်ပြန်နိုင်ခဲ့သည်။

၁၉၉၀ မေလ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရှိရေး ကြိုးပမ်းခြင်းများကို ဆောင်ရွက်လှုပ်ရှားခဲ့သည်။

၁၉၉၀ ဇူလိုင်လ ဂန္ဒီညီလာခံကျင်းပရေး ကူညီပံ့ပိုးခဲ့ပြီး၊ ဂန္ဒီသဘောထားကြေငြာချက်ကို ဗကသ အနေဖြင့် ထောက်ခံကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

၁၉၉၀ သြဂုတ်လတွင် န၀တ နှင့် အမျိုးသားဒီမိုကရေစီအဖွဲချူပ် ထိပ်တိုက်တွေ့ဆုံနေရမှု (၁/၉၀ နှင့် ဂန္ဒီ) ကို ကြားဝင်ဖြန်ဖြေပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အား မေတ္တာရပ်ခံသည့် ကြေငြာချက်ကို ဦးရေတ(ပျံလွန်) (အထက်ဗမာပြည် လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးပညိန္ဒ (အောက်ဗမာပြည် ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချူပ် ဥက္ကဋ္ဌ)၊ ဦးမောင်ကို (ကွယ်လွန်) (အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့) တို့နှင့်အတူ လေးဦးပူးတွဲ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

၁၉၉၀ အောက်တိုဘာလ (သီတင်းကျွတ်လပြည့်နေ့) သံဃာတော်များ သပိတ်မှောက်ကံဆောင်ပွဲ (ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ) အတွက် ပံ့ပိုးကူညီပေးခဲ့သည်။

၁၉၉၁ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် လက်ရှိသင်ယူနေသော နိုင်ငံတကာဆက်ဆံရေးပညာ နောက်ဆုံးနှစ်ကို ယင်းပညာသင်နှစ်မှ နူတ်ထွက်ကြောင်း တင်ပြခဲ့သည်။

၁၉၉၁ ဇူလိုင်လ ၁၅ ရက် နေ့စွဲဖြင့် ပညာရေးဝန်ကြီးထံ လိပ်မူ၍ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းတည်ရှိခွင့်ကို တင်ပြတောင်းဆိုခဲ့သည်။

၁၉၉၁ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သည် ဟူသော စွဲချက်ဖြင့် ၁၉၉၂ မတ်လ ၂၅ တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

၁၉၉၄ ဇွန်လ ၁၁ ရက်နေ့တွင် သရက်အကျဉ်းထောင် သို့ ပြောင်းရွေ့ခံရပြီး ၁၉၉၉ အောက်တိုဘာ ၂၀ ရက်နေ့တွင် လွတ်မြောက်ကြောင်း အသိပေးခံခဲ့ရသည်။ ယင်းနေ့မှစ၍ တစ်ဆက် တည်း ပုဒ်မ ၁၀(က) ဖြင့် ဆက်လက်ချူပ်နှောင်ခြင်းခံရသည်။

၁၉၈၈ မတ်လ နိုင်ငံရေးစတင်လှုပ်ရှားစဉ်မှ စ၍ ဖမ်းဆီးထိမ်းသိမ်းခံနေရချိန်များ အပါအ၀င် ကျောင်းသားသမဂ္ဂသည် လွတ်လပ်ပြီး အမှီအခိုကင်းသော ( Natural and Independent) သမဂ္ဂ ဖြစ်ရမည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရမည် ဟူသော မူ ကို တစိုက်မတ်မတ် စွဲကိုင်ရင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်လျှက်ရှိသည်။

၎င်း၏ ကိုယ်ရေးအကျဉ်းမှာ အထက်ပါအတိုင်းဖြစ်ပါတယ်။ ၎င်းနောက်ပိုင်း ဖြစ်စဉ်ကို သတင်းများမှ အောက်ပါအတိုင်း ကောက်နုတ်ဖြည့်စွက်လိုက်ပါတယ်။

၂၀၀၅ မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထောင်ထဲတွင် စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ရသည်။

၂၀၀၅ စက်တင်ဘာတွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ၈၈ အရေးတော်ပုံက ကျောင်းသားလူငယ်များ၊ အမျိုးသမီးများကို စုစည်းပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့နှင့်အတူ စုစည်း ထူထောင်ခဲ့သည်။

၂၀၀၆ တွင် အင်န်အယ်ဒီ၊ သက်ကြီးနိုင်ငံရေးသမားကြီးများ၊ စာပေအနုပညာရှင်ကြီးများ၊ ကိုဇာဂနာနှင့် မိတ်ဆွေများ၊ မျိုးဆက်သစ် လူငယ်ကျောင်းသားများနှင့် လက်တွဲပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို လေ့လာဆွေးနွေးခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းများကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။
၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ နှစ်ဆန်းအထိ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ်၊ ပြုံးချို နှင့် မင်းဇေယျာ တို့ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၀၆ အောက်တိုဘာမှ အစပြုပြီး ကျန် ၈၈ မျိုးဆက်တို့က အဖြူရောင်လှုပ်ရှားမှုအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို တောင်းဆိုခဲ့သည်။ ဒေါ်အမာ၊ ဇာဂနာ စသည့် အတိုက်အခံစာပေပညာရှင်များ အပါအ၀င် လူထု လူတန်းစားပေါင်းစုံပါဝင် လက်မှတ်ထိုးခဲ့ကြသည်။

၂၀၀၇ ဇန်န၀ါရီ ထိမ်းသိမ်းခံထားရာမှ လွတ်မြောက်လာပြီး အဖြူရောင်လှုပ်ရှားမှုများကို တိုးမြှင့်ခဲ့ရာ ပြည်သူလူထု၏ ရင်ဖွင့်ချက်များကို ထုတ်ပြန်ခြင်း၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို သွားရောက်အားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ စစ်အုပ်စု၏ ကြံ့ဖွတ်များ၊ စွမ်းအားရှင်များက နှောက်ယှက်ခဲ့ကြသည်။

၂၀၀၇ သြဂုတ်လတွင် ၈ လေးလုံး ၁၉ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်စု၏ လောင်စာဆီဈေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းကို ကန့်ကွက်ဆန္ဒပြလမ်းလျောက်ခဲ့ပြီးနောက် သြဂုတ်လ ၂၁ ရက်နေ့တွင် မင်းကိုနိုင်နှင့် အခြား ၈၈ မျိုးဆက်ကျောင်းသား ၁၂ ဦးနှင့်အတူ ဖမ်းဆီးခြင်း ခံရသည်။

၂၀၀၈ နိုဝင်ဘာတွင် စစ်အစိုးရက ထောင် ဒဏ် ၆၅ နှစ် ချလိုက်သည်။ ယခု ရှမ်းပြည် မိုင်းဆတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည်။အညာနွေတမာမြေ
 


 

No comments: