Friday, December 10, 2010

BANNED IN BURMA
1959ခုနှစ်ဂျွန်လမှာမြန်မာနိုင်ငံဆိုင်ရာဆိုဗီယက်သံရုံးမှ၂၇နှစ်အရွယ်KGBအရာရှိAlexandr Kaznacheev ဆိုသူဟာအမေရိကန်သံရုံးမှာနိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။
အမေရိကန်မှာ”Inside a Soviet Embassy”ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။
စာအုပ်ထွက်တော့ဗမာပြည်ဟာနေ၀င်းစစ်အစိုးရလက်အောက်နေပါပြီ။
ထူးထူးခြားခြားအဲ့ဒီစာအုပ်ကိုတင်သွင်းခွင့်၊ဖတ်ရှုခွင့်ပင်မပေးခဲ့ပါဘူး။
စစ်အစိုးရကဘာကြောင့်ဒီစာအုပ်ကိုဖတ်ခွင့်မပေးခဲ့တာလဲ
အဲဒီအချိန်ကဗိုလ်နေ၀င်းဟာမြေပေါ်ကွန်မြူနစ်တွေကိုအတွေးအခေါ်ဆရာကြီးတွေအဖြစ်ခန်.အပ်ပြီးတပါတီအာဏာရှင်စံနစထူထောင်ဘို.စိုင်းပြင်နေတဲ့အချိန်ဖြစ်လို.ပါဘဲ။
ုKaznacheevဟာKGBအနေနဲ.ထဲထဲဝင်ဝင်သိရှိခဲ့တဲ့အတွက်ဗမာကွန်မြူနစ်တို.ရဲ.လုပ်ရပ်တွေကိုပီပီပြင်ပြင်ဖွင့်ချထားခဲ့ပါတယ်။
ကြေးမုံ၊ဗိုလ်တထောင်၊လူထုသတင်းစာတို.ဟာKGBနဲ.ပေါင်းပြီးIndia, Cambodia စသည့်နိုင်ငံများမှ Moraji Desai  (နောင်ဝန်ကြီးချုပ်)   ကဲ့သို.ကွန်မြူနစ်မဟုတ်တဲ့ခေါင်းဆောင်တွေကို(character assassinatin)စာရိတ္တလုပ်ကြံမှုတွေလုပ်ခဲ့ကြပါတယ်။
တည်ဆဲဒီမိုကရေစီအစိုးရကိုလည်းနောက်ကြောဒါးနဲ့ထိုးလုပ်ကြံခဲ့ကြပါသေးတယ်။                                                                                                
အိုယမ်ဟိုင်းတေးသံတို.ချောအိမန်တို.ငုရင်ဗန်ထရိုင်တို.၊နော်မန်ဘက်သွန်းတို.ကိုသွက်သွက်
ကြီးဘာသာပြန်ကြ၊ထုတ်ဝေကြ၊ဖြန်ဝေခဲ့ကြတဲ့မြန်မာ့တတ်သိတွေဆိုတဲ့အလည်လည်သောစာရေးဆရာတွေဟာအနှစ်၅၀အတွင်းမှာKaznacheevရဲ.စာအုပ်အကြေင်းကိုယဲ့ယဲ့လေးမျှဟတောင် မဟခဲ့ကြပါဘူး၊

အခုကြုံလို.ရှယ်လိုက်ပါတယ်။


Another news

လျှို့ ဝှက် တည်ဆောက် နေတဲ့ မြန်မာ ညူကလီးယား စီမံကိန်း အသေးစိတ် - Wikileaks


မြန်မာစံတော်ချိန် နံနက် ၅း၂၀ မိနစ် အချိန် Wikileaks ကနေ ထပ်မံပေါက်ထွက်လာတဲ့ အမေရိကန် ရုံးကြေးနန်း ရှစ် ခု မှာ တော့ မြန်မာ စစ်အစိုးရ ရဲ့ ညူကလီးယား အစီအစဉ် ကိုဖော်ပြထားပါတယ်။ ကြေးနန်း ကို ဂါးဒီယား သတင်း စာ မှာ အခု လို အခုလို ဖော်ပြထားပါတယ်။

ဒီကြေးနန်း ရှစ် ခု ထဲ က တစ်ခု မှာ မြန်မာ အတိုက် အခံ တွေ ဟာ အသက် အရွယ်ကြီးရင့် နေပြီ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ထိုင်း နိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ကလည်း ကုလ သံ နဲ့  ညစာစားပွဲ မှာ ထိုင်းက မြန်မာ အတိုက် အခံ တွေ ဟာ ပိုးသာကုန် မောင်ပုန် စောင်မတတ် ဖြစ်နေ ပြီ လို့ ဆိုထားတာ ကို Embassy of Bangkok leak က ဖော်ပြထားပါတယ်။

နောက် ဆုံး ထွက် လာတဲ့ ကြေးနန်း တစ် ခု မှာတော့ တရုတ် က မြန်မာ နိုင်ငံ နဲ့ ပတ် သက်ပြီး သည်း မခံ နိုင် တော့ တာ ကို ဖော်ပြထားပါတယ်။ တရုတ် ဟာ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲ ရေး အတွက် အားမရ တဲ့ အာဏာတည်မြဲ ရေး အတွက် ဗိုလ်သန်းရွှေ က လုပ်နေတာ ဟာ စိတ် ကုန်စရာ ဖြစ် တယ် လို့ ဆိုပါတယ်။ တရုပ်နိုင်ငံဆိုင်ရာသံအမတ်ရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆက်လက်သည်းမခံနိုင်အောင်ကို ဖြစ်နေကြောင်းကို ဝီကီလိခ် သတင်းစာမျက်နှာပေါ်မှာဒီဇင်ဘာ ၉ရက်နေ့နေစွဲနေ့ တင်ပြခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ တရုပ်အစိုးရအနေနဲ့ အချိန်ကြာမြင့်စွာကျားကန်ရပ် တည် ပေးခဲ့သော်လည်း မြန်မာစစ်အာဏာရှင်တို့ ဘက်မှ တစုံတရာပြောင်းလဲမှုမျိုး ပဲဖြစ်ဖြစ် ပြောင်းလည်းမှု လို့ ဆိုရတဲ့ အရိပ်အယောင် တစ်ခု မှ တွေမြင့်လာရခြင်းမရှိကြောင်းကို တရုပ်သံအမတ်က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အသိဥာဏ်ခေါင်း ပါးလှပြီး လုပ်ဆောင်နေတဲ့အရာတွေဟာ လက်ခံနိုင်မှုမရှိအကျိုးမရှိဘဲ စီးပွားရေးနှင့် နိုင်ငံ ရေးအာဏာပျောက်ဆုံး လာပြီး တွေ့ဆုံညှိနိုင်းအဖြေရှာရေးစားပွဲဝိုင်းကို ဝေးဝေးရှောင် နေကြောင်း တရုပ်ဘက်ကစိတ်ပျက်မှုများကို ဝီကီလိခ်စာမျက်နှာတွင်ဖေါ်ပြထားသည်။

ဒီတစ်ခါ ၀ီကီလိခ် ပေါက်ကြးမှု မှ တရုတ် အစိုးက မြန်မာ စစ်အစိုးရ ကို အပြစ်တင်ထားပြီး
အမေရိကန် သံတမန် ကတော့ မြန်မာ အတိုက် အခံ တွေ ကို ပြစ် တင် ဝေဖန် ထားတာ
တွေ့ ရမှာပါ။
မူရင်းကြေးနန်း (၁) ညူကလီယား လက်နက် ထုတ်လပ်သည့် အဆောက်အဦမြောက်ကို ရီယားတည်ဆောက်ပေး

မူရင်းကြေးနန်း (၂ )(သင်္ဘော ကျင်း နှင့် မြောက်ကိုရီးယား သင်္ဘော)

မူရင်ကြေးနန်း (၃) (မြောက်ကိုရီးယား မြန်မာ ညူလက် နက် အတွက် နည်းပညာကူညီ)

မူရင်းကြေးနန်း (၄) နည်းပညာ

မူရင်းကြေးနန်း (၅) ယူရေနီယံ နှင့် လောင်စာ

မူရင်း ကြေးနန်း (၆) မြန်မာ ကို တရုတ် က သည်းမခံ နိုင်တော့ (တရုတ် သံအမတ်ကြီး)

မူရင်းကြေးနန်း (၇) (ဘိုးဘွား ရိပ်သာလို ဖြစ်နေသည့် NLD အလုပ် မဖြစ်တော့)

www.myanmarwikileaks.org မှ ပြန်လည်မျှဝေသည်။

Another one

မင်္ဂလာပါ

ရဲဘော်ဇော်ကိုနိုင်ကို လေးစားပါတယ်

ဒါပေမဲ့ သတင်းရေးရင် သေသေချာချာလေ့လာပြီးမှ ရေးသင့်ပါတယ်၊ ဖြန့် သင့်ပါတယ်၊
မာနယ်ပလောကို ၀င်တိုက်တဲ့အထဲမှာ ကျောင်းသားတပ်မတော်မပါဝင်ပါဘူး၊
ဆုံဆည်းရာ ဘလော့မှာကြည့်ပါ၊ အဲဒီဘလော့ကို အမြဲကြည့်သင့်ပါတယ်၊ နေသစ်ဘလော့ကိုလဲကြည့်သင့်ပါတယ်၊ အဲဒီဘလော့တွေမှာ ကျောင်းသားတပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို အမြဲထင်ဟပ်စေမဲ့ သတင်းတွေ အချိန်နဲ့ တပြေးညီတက်နေပါတယ်၊
ရဲဘော်ထော်ကြီး။ ရဲဘော်ဇင်မိုးတို့ က အဲဒီဘလော့တွေကို ဦးဆောင်လုပ်နေတာဖြစ်ပါတယ်၊


လေးစားလျက်
ရဲဘော်မိုးကျော်ဦး
ပြန်ကြားရေးဌာန
ကျောင်းသားတပ်မတော်

မကဒတ ရဲဘော်ဟောင်းများ

-  ကိုဆလိုင်းရေးတဲ့အထဲမှာ KNU , ABSDF တို့ပူးတွဲပြီး မာနယ်ပုလောကို သိမ်းတယ်လို့မပါ ပါဘူး ။ ကျနော်တို့တပ်တွေ နယ်မြေခံများနှင့် ပူးတွဲတိုက်ပွဲဝင်လျက် ရှိပါတယ် ။ လို့ပဲ ရေးထားတာပါ ။ ဒါကြောင့် နယ်မြေခံတပ်တွေနဲ့အတူတိုက်နေတဲ့အတွက် မာနယ်ပုလော တိုက်ပွဲမှာ ပါတယ်လို့ ကျနော်ယူဆပြီး ကဒတ ရဲဘော်ဟောင်းတွေကို FW လုပ်လိုက်တာဖြစ်ပါတယ် ။ ဒါပေမယ့် တချို့က အားရ၀မ်းသာဖြစ်ပြီး (အုပ်စုမေးလ်)တွေမှာ ဖြန့်ကြ ။ Facebook မှာတင်ကြ ဖြစ်ကုန်တော့တာပါပဲ ။ နောက်ဆို သတိထားပြီးရေးပါ့မယ် ။ မဟုတ်ပဲရေးတာ မကောင်းပါ ။  လိမ်သလိုဖြစ်တယ် ။  သတင်းမှန်တွေပဲ သိသင့်တယ် ။

ဇော်ကိုနိုင်
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း

Moe Thiha Aung
Thank for your honest!!!!!!!!!

Another..........................one






 

ဝီကီလိခ် ဂယက် -Hackers launch cyber attacks after WikiLeaks’ funding cut

Operation PayBack က အမေရိကန် ခရက်ဒစ် ကဒ် ကုမ္ပဏီများ ကို စတင် တိုက်ခိုက်နေပြီဖြစ်ရာ
ထိုကဒ်များ ၏ ၀န်ဆာင်မှု များ ရပ်တန့် ကုန်ပြီ ဖြစ်သည်။
ဝီကီလိခ် ၏ ငွေကြေးများ ကို လွှဲပြောင်းမပေး ဘဲထိန်းချုပ် ထားသည့် မာစတာ နှင့် ဗီဇာ ခရက်ဒစ် ကဒ်များ ကို DDoS တိုက်ခိုက်မှု အား ဂျူလီယန် အဆန်း အား ထောက်ခံသူများ က ယနေ့ မနက် လင်းအားကြီး အချိန် မှ စ၍ အကြိမ် တစ်သောင်း ကျော် တိုက်ခိုက် ခဲ့ရာ အမေရိကန် အွန်လိုင်း ငွေကြေးဝန်ဆောင်မှုသမိုင်း တစ်လျှောက် အဆိုးရွား ဆုံး အခြေအနေ နှင့် ကြုံတွေ နေ ရသည်။ ပုံတွင် တွေ့ ရသည် မှာ ငါ့ ပိုက်ဆံ ပြန်ပေး စစ်ဆင်ရေး ၏ လိုဂို ဖြစ်သည်။
Hackers launch cyber attacks after WikiLeaks’ funding cut
Hackers claimed Wednesday to have attacked the websites of Mastercard and a Swiss bank in revenge for their decisions to choke off funding for whistleblowing website WikiLeak.
Bangkok Post
ဝီကီလိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်ကို အားပေးထောက်ခံကြတဲ့ အင်တာနက် ထိုးဖောက်ဝင်ရောက်သူ Hackers တွေက အင်တာနက်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလိုက်ကြပါတယ်။
အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ ၀ီကီလိခ် ၀က်ဘ်ဆိုက်အတွက် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးဖို့ ငြင်းဆန်ခဲ့ကြတာကို တုံ့ပြန်တဲ့ အနေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ Hackers တွေက နာမည်ကျော် Credit အကြွေးကတ် ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ ထိုးနှက် တိုက်ခိုက်ခဲ့ကြတာပါ။
အကြွေးဆပ်တဲ့ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ တိုက်ခိုက်မှုရဲ့ နောက်တဆင့်အဖြစ်နဲ့ Visa အကြွေးကတ် ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ကို တိုက်ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြဆိုပြီး အမည်မသိ အဖွဲ့အဖြစ် အမည်ပေးထားတဲ့ ဒီအုပ်စုက Twitter အင်တာနက် ၀က်ဘ်ဆိုက်ပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။
အချက်အလက် တောင်းခံမှုတွေ စုပြုံဝင်ရောက်လာပြီး ဗုဒ္ဓဟူးနေ့ တနေ့လုံးနီးပါး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ MasterCard အကြွေးကုမ္ပဏီကို တိုက်ခိုက်မှုဟာလည်း သူတို့လက်ချက် ဖြစ်တယ်လို့ ဒီအုပ်စုကပဲ ပြောဆိုခဲ့တာပါ။
အမေရိကန် သံတမန် ဆက်သွယ်မှု လျှို့ဝှက်မှတ်တမ်းတွေကို ဖွင့်ချခဲ့တဲ့အတွက် နိုင်ငံရေးအရ အပြင်းအထန် ဖိအားပေး ခံနေရစဉ် Visa နဲ့ Master Card ကုမ္ပဏီတွေက ၀ီကီလိခ်ကို လှူဒါန်းနေတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။
ဝီကီလိခ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် စာတစောင်ထဲမှာတော့ ဒီနှစ် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာတုန်းက MasterCard နဲ့ Visa အကြွေးကတ်ပြား ကုမ္ပဏီတွေရဲ့ ကိုယ်စားအဖြစ်နဲ့ ရုရှားနိုင်ငံက အသစ်ပြဋ္ဌာန်းဖို့ ရှိနေတဲ့ ဥပဒေက ဒီလုပ်ငန်းတွေကို မထိခိုက်စေရေး အမေရိကန် တာဝန်ရှိသူတွေက ကြားဝင်စေ့စပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့တာပါ။


Thank for your time....
AM

No comments: