Friday, December 24, 2010

Friday, 24 December 2010 သတင်းများ

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရှော့ခ်ရိုက်ဖို့ လိုနေတယ်

ရန်မင်းအောင်
(မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆင်နွှဲရန် ပိုင်းဖြတ်ထားသူများ ဆင်ခြင်စဉ်းစားနိုင်ဖို့ စာရေးသူ၏ အယူအ ဆကို မျှဝေပေးခြင်း ဖြစ်ပါသည်)

စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေကို ပြည်တွင်းပြည်ပ အာရုံစိုက် မှုလျော့သွားဖို့ ရည်ရွယ်ချက်သက်သက်နဲ့ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် တွေကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုတာကို သူတို့ ကြိုတင်တွက်ဆထားပြီးသားဖြစ်ပါလိမ့်မယ်။ ဒုတိယပင်လုံညီ လာခံ (၂၁ ရာစုပင်လုံညီလာခံ) ဆိုတာလောက်ကတော့ သူတို့အတွက် ပန်းနဲ့ပေါက်သလိုပါပဲ။ တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းတွေနဲ့ သတင်းမီဒီယာတွေ အာရုံရောက်နေတဲ့အပေါ် အခွင့်ကောင်းယူပြီး သူတို့ရဲ့လက်ကိုင်တုတ်ပါတီ ကြံ့ဖွံ့ အစိုးရဖွဲ့ရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို တဆင့်ချင်း ဆောင်ရွက်နေတယ်ဆိုတာ သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်။

လက်ရှိစစ်အစိုးရဟာ ကမ္ဘာကို ဘယ်လိုလှည့်စားရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါးနပ်နေပါပြီ။ သူတို့ လှည့်စားလို့မရတာ ပြည်တွင်းက ပြည်သူတွေပါပဲ။ ပြည်သူတွေကတော့ သူတို့ဘာပြောပြော ဘာလုပ် လုပ်မယုံပါဘူး။ ပြည်သူတွေမယုံတဲ့ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေက ဘယ်လိုယုံကြည်မှုတွေနဲ့များ တွေ့ဆုံဆွေးနွေးရေးတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ ဆုပ်ကိုင်နေသလဲဆိုတာ စဉ်းစားစရာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီလမ်းအပြင် တခြားရွေးချယ်စရာမရှိသလို ဖြစ်နေပါ တယ်။ ဒါကို စစ်အစိုးရကလည်း သဘောကျနေဟန်တူပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း နည်း နည်းမှ ယုံကြည်ကိုးစားလို့မရပါဘူး။ စစ်အစိုးရကို အပြုသဘောနဲ့ ချဉ်းကပ်ပြီး တွေ့ဆုံဆွေးနွေးဖိအားပေးတဲ့ နည်းလမ်းဆိုတာ အချိန်မရွေး စစ်အစိုးရနဲ့ ကုန်သွယ်မှု ကတိက၀တ်တခုခုအပေါ်မှာ မူတည်ပြီး ပြောင်းလဲသွား နိုင်တဲ့ မူဝါဒပါ။ အထူးသဖြင့် အမေရိကန်တွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို ဒါ့ထက် ကူညီဆောင်ရွက်ပေးဖို့ ဆိုတာ မြန်မာစစ်အစိုးရနောက်မှာ တရုတ်ကြီး ရှိနေသရွေ့ မလွယ်လှပါဘူး။ လောလောဆယ် တရုတ်ဟာ အ မေရိကန်ရဲ့ အကြီးမားဆုံး မြီရှင်ဖြစ်နေလို့ပါပဲ။

ဒီလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအတွင်းမှာသာဖြစ်နေပြီး စစ်အစိုးရအတွက်တော့ တလှမ်းချင်းကို သူတို့မူလစီစဉ်ထားတဲ့ အ တိုင်း တိုးလို့နေပါတယ်။ လွှတ်တော်ခေါ်ယူမယ်။ ပြီးရင် အစိုးရဖွဲ့မယ်။ နောင်လာမယ့် ၂၀၁၃ ခုနှစ်ကနေ စတင် အသက်ဝင်မယ့် သဘာဝဓာတ်ငွေ့ အရောင်းအ၀ယ်စာချုပ်အရ တနှစ်ကို ဒေါ်လာသန်းပေါင်း (၉၇၀) နှုန်းနဲ့ နှစ် (၃၀) တိတိ ခံစားခွင့်ရှိတယ်။ အဲဒီအချိန်ကျရင်တော့ စစ်အစိုးရကို ဘယ်သူမှ ကော်ထုတ်လို့တောင် မရနိုင် တော့ပါဘူး။

ရွေးကောက်ပွဲမတိုင်မီက အနည်းအပါး လွတ်လပ်ခွင့်ပေးသယောင်ယောင် နိုင်ငံရေးဆောင်းပါးတွေဟာ ခုချိန် မှာတော့ တင်းတင်းကျပ်ကျပ်နဲ့ အဖြုတ်ခံ၊ အပယ်ခံရတဲ့ဘ၀ကို ရောက်နေပါပြီ။ ရွေးကောက်ပွဲနီး ကာလတွေ တုန်းက အကြောင်းကြောင်းကြောင့် အယ်ဒီတာတွေ၊ စာရေးဆရာတွေကို ကျနော်တို့လည်း နောက်ဆို ရှိချင်မှ ရှိတော့မှာပါလို့ပြောခဲ့တဲ့ စာပေစိစစ်ရေးရုံးက ညွှန်ကြားရေးမှူးနဲ့ အရာရှိတွေဟာ ခုချိန်မှာတော့ ရေငုံနှုတ်ပိတ် ပြီး ဒါ့ထက်တင်းကျပ်တဲ့ စိစစ်ရေးမူတွေနဲ့ စာမူတွေကို ဆက်ပယ်နေ ဖြုတ်နေပါပြီ။

ဆက်သွယ်ရေးနည်းစနစ်တွေ အတော်များများ ဖွင့်လိုက်တယ်ဆိုပေမယ့် စကိုင်းနက် ရုပ်သံလွှင့်လိုင်းလို တီဗီ စလောင်းချယ်နယ်မှာတောင် သတင်းတွေကို နောက်ကျစနစ်နဲ့ ဆင်ဆာဖြတ်တောက်ပြီးမှသာ လွှင့်ပေးမှာပါ။ ဖိုင်ဘာတူးသည်ဟုမ်းတို့၊ စကိုင်းနက်တို့၊ ရွေ့လျားဝိုင်မက်စ်တို့ ... စတဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ကို ချပေးနေပေမယ့် တချိန်တည်းမှာ ရတနာပုံဝက်ပေါ်တယ်လ်ကို အကြီးအကျယ် ရင်းနှီးမြုပ်နှံပြီး လုပ်ဆောင် နေပါတယ်။ ဒါဟာ တရုတ်ပြည်မှာလို နောက်ပိုင်း အင်တာနက်တိုက်ရိုက်ချိတ်ဆက်ခွင့်လုံးဝမပြုတော့ဘဲ အင် ထရာနက်အဆင့်ကို လျှောကျပြီး ပေးမယ့်အလားအလာပါ။

စစ်အစိုးရရဲ့လုပ်ငန်းစဉ်တွေထဲမှာ ဗိုလ်ချုပ်ကြီးတွေနဲ့၊ ဗိုလ်ချုပ်ကြီးတွေနဲ့ ပလဲနံပသင့်တဲ့ စီးပွားရေးသမားတွေ တိုင်းပြည်ကို နည်းအမျိုးမျိုးနဲ့ အမြတ်ထုတ် ဂုတ်သွေးစုတ်ဖို့ကလွဲရင် ဘာဒီမိုကရေစီ၊ ဘာအမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးမှ ချမှတ်ထားတဲ့ပုံမရပါဘူး။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအ တိုင်းလွှတ်ထားပြီး တဖြည်းဖြည်း သြဇာနည်းပါးလာအောင် လုပ်ပါလိမ့်မယ်။ လောက်လောက်လားလား နိုင် ငံရွေးအရွေ့ကို မရွှေ့နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာဟာ အတိုက်အခံများဆီမှာရော၊ ပြည်သူလူထု အပေါ်မှာရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါ တဖြည်းဖြည်း သြဇာကျဆင်းသွားမှာပါ။ သူတို့ အဲဒီအတိုင်း လည်း ရည်ရွယ်ထားပုံရပါတယ်။

ဒါမှမဟုတ် အရွေ့တခုကိုရွှေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က လူထုအင်အားနဲ့ လှုပ်ရှားမှုတခုခုကို ပြုခဲ့ရင်လည်း အချိန်မရွေး သူတို့ပြဌာန်းထားတဲ့ ပုဒ်မတစ်ခုခုတပ်ပြီး အရင်လိုပဲ (၁၀) နှစ် (၁၅) နှစ် နေအိမ်အကျယ်ချုပ် ပြန် ချ ထားလိုက်မှာပါ။ စစ်အစိုးရအနေနဲ့တော့ ဘယ်အတွက်မှ တွေ့ဆုံဆွေးနွေးရေးလုပ်မယ့် အခြေအနေ မရှိပါ ဘူး။ ဒီအခြေအနေမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်အစိုးရကို ဒီအတိုင်းနေသွားလို့ လုံခြုံမှု မရှိတော့ဘူးဆိုတဲ့အသိ ခေါင်းထဲကို ၀င်သွားအောင် ရိုက်သွင်းပေးနိုင်မယ့် ရှော့ခ်တခုတော့ လိုပါတယ်။ အဲဒီ ရှော့ခ်ရအောင် ...

၁။ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လုံးဝအသိအမှတ်မပြုဘဲ တက် လာတဲ့ အစိုးရကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့၊ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဒါ့ထက်တိုးပြီးလုပ်ဖို့ လိုပါတယ် (ဒါတောင် တရုတ်၊ ကုလား၊ ရုရှားနဲ့ အာဆီယံတွေက ဆက်ဆံနေသေးသရွေ့ 
စစ်အစိုးရက မမှုပါ ဘူး)။

၂။ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဘာသံခင်းတမန်ခင်းမှပြောမနေဘဲ ကျနော်တို့တိုင်းပြည်မှာ ကြုံနေရတာ ဓား ပြတိုက်ခံနေရတဲ့ အခြေအနေမျိုးပါလို့ ပြတ်ပြတ်သားသား ပြောရမယ်။ ဘာသဘောတရားရေးကွဲပြားတာမှမ ဟုတ်၊ ဘာအယူအဆရေးရာတိုက်ပွဲမှမဟုတ်။ လက်နက်ကိုင်ထားတဲ့ ဆွေစု၊ မျိုးစုတစုက ကျနော်တို့ မြန်မာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ သယံဇာတတွေကို လုယက်ပြီး မတရား သတ်ဖြတ်ညှင်းပန်းအုပ်ချုပ်နေခြင်းသာဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပဲဖြစ်ဖြစ် ဒီအခြေအနေကို ပြတ်ပြတ်
သားသား တင်ပြပြီး စစ်ရေးအရ 
အမြန်ဆုံးလာရောက်ကူညီဖို့ တောင်းဆိုရတော့မှာ ပါ။

၃။ အဲဒီလိုတောင်းဆိုမှုမလုပ်ရခင်မှာ ဒီမိုကရေစီအင်အားစုတွေထဲက တချို့တွေ ဦးဆောင်ပြီး စစ်အစိုးရကို စစ် ကြေညာပြီး လက်နက်ကိုင်တိုက်ပွဲဆင်နွှဲဖို့လိုပါတယ်။ နယ်စပ်တွေနဲ့ ပြည်နယ်တွေမှာရှိတဲ့ တောတွင်းလက် နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း တပြိုင်နက် ထိုးစစ်ဆင်ဖို့လိုသလို ရန်ကုန်၊ မန္တလေးနဲ့ မြို့ ကြီးတွေက ပြည်သူတွေထဲက စစ်အစိုးရကို ရာဇ၀င်ကြွေးဆပ်ချင်တဲ့ လူငယ်လူရွယ်မှန်သမျှ စစ်တပ်မှန်ရင်၊ ကြံ့ဖွံ့မှန်ရင် မြို့ထဲ ရွာထဲ လမ်းထဲ ဈေးထဲ ၀င်လာတာနဲ့ တိုက်ခိုက်သတ်ဖြတ်တာမျိုး လုပ်ရလိမ့်မယ်။ ကျနော် တို့ ဘာမှ စနစ်တကျ ဖွဲ့စည်းစရာမလိုဘူး။ ကျနော်တို့ ဘီအိုင်အေ မလိုဘူး။

ကျနော်တို့ အနီးစပ်ဆုံး ပြောရရင် အိုင်ယာလန် ရှင်ဖိန်းပဲလိုတယ်။ စစ်တပ်က ရာထူးကြီးတဲ့သူတွေ၊ စစ်ဗိုလ် ထွက် အရပ်ဘက်အရာရှိကြီးတွေ၊ ကြံ့ဖွံ့တွေ၊ အစိုးရနဲ့ပေါင်းသင်းတဲ့ စီးပွားရေးသမားတွေ အကုန်သတ်၊ စနစ် တကျ ဖွဲ့စည်းထားတာ မဟုတ်တဲ့ ခေအော့စ် (chaos) နည်းနဲ့ ပုန်ကန်ထကြွမှုတွေ မြို့ရွာအနှံ့ ပေါ်လာဖို့ လို တယ်။ ဘာလက်နက်မှ မလိုပါဘူး။ လူသတ်တယ်ဆိုတာ လက်ထဲက ကြက်သွန်လှီးတဲ့ ဓားနဲ့လည်း သတ်လို့ ရပါတယ်။ ဘက်ထရီအိုးထဲက အက်ဆစ်နဲ့လည်း သတ်လို့ရပါတယ်။ စစ်ဗိုလ်တွေ၊ သူတို့သားမယားတွေ သွေး မြေမကျမချင်း ပြုပြင်ပြောင်းလဲဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ သူတို့သားမယားတွေ၊ ကျောင်းတက်၊ ရုံးတက်၊ ဈေးသွား အမြဲကျီးလန့်စာစားနေနေရတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောလာပါလိမ့်မယ်။

၎။ စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းရင်လည်း (၂) အချက်က အလိုအလျောက် အကျုံးဝင် လာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဆွေစုမျိုးစုကြီးတစုက ကျနော်တို့တိုင်းပြည်မှာ ဆွေစဉ်မျိုးဆက် လက်နက်ကိုင်ပြီး ပြည်သူအ များစုကို ကျွန်ပြုအုပ်ချုပ်နေတာ မခံချင်ဘူးဆိုရင်တော့ အချိန်မနှောင်းခင် ဒီရှော့ခ်ရိုက်တဲ့နည်းကို သုံးဖို့လိုပြီ လို့ တင်ပြအပ်ပါတယ်။ ။

အားလုံး ညီညွတ်စွာနဲ့ တော်လှန်ရေးသတိရှိနိုင်ကြပါစေ ...
ရန်မင်းအောင်



 
 
Burmese Activists Strike against Norway Government (Photo News)
ရေခဲမှတ်အောက် အအေးဒဏ်ကို အံတုပြီး နော်ဝေအစိုးရကို ဆန္ဒပြတဲ့ ပွဲ (မင်းကြီးညို)

 
 
NLD Weekly Forum - Sprit of the Union (Photo News)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုစိတ်ဓါတ်အကြောင်း ဟောပြောပွဲ (ဒီမိုဝေယံ)

 
Winter Scenes from Buffalo, Upstate New York and Niagara Falls (Photo Album)
နယူးယောက်ပြည်နယ်အထက်ပိုင်း ဘားဖလိုနဲ့ နိုင်ယာဂရာရေတံခွန်ရဲ့ ဆောင်းတွင်းအလှ (ဒေးဒေးဝါး)




ကရင်အမျိုးသားအစည်းအရုံး ပြောက်ကျားတပ်များနှင့် စစ်အစိုးရတပ်များ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအင်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြောသည်။

ကေအင်ယူနယ်မြေ မာနယ်ပလောသို့ အင်အား ၂ဝဝ ကျော်ဖြင့် ချီတက်လာသော စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန ၁၉ လက်အောက်ခံ ခမရ ၁ဝ၆ နှင့် ၆၁ တပ်ရင်း ၂ ရင်းကို အင်အား ၂ဝ ကျော် ပါဝင်သည့် KNU တပ်မဟာ ၇ လက်အောက်ခံ ၂ဝ၂ ပြောက်ကျားတပ်များက မနေ့ မနက် ၇ နာရီက တိုက်ခိုက်ခဲ့သည်။

ပြောက်ကျားတပ်များက မောင်းပြန်ရိုင်ဖယ်များ၊ RPG၊ AK 47 နှင့် ဆွဲမိုင်းများ အသုံးပြု၍ ချုံခို တိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ်မှ တပ်ကြပ်ကြီး တဦး၊ တပ်ခွဲမှူးတဦးနှင့် တပ်သား တဦး ကျဆုံးသွားပြီး တဦး ဒဏ်ရာ ရရှိသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

တိုက်ပွဲဖြစ်သည့်နေရာသည် အစိုးရစစ်တပ်များတည်ရှိရာ မဲသဝေါနှင့် ကပ်နေပြီး မနေ့က KNU များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးဘဲ ယင်းနေရာ၌ပင် စခန်းချနေသည်ဟု ဆိုသည်။

“စစ်တပ်က ဒီနယ်မြေကနေပြီး KNU ကို အပြီးမောင်းထုတ်ဖို့ ကြိုးစားနေတာပါ။ ကျနော်တို့ကလဲ ကိုယ်ရပ် တည် ရှင်သန်ရေးအတွက် အဲဒီကိစ္စအပေါ်မှာ လက်မခံနိုင်တော့ အပြန်အလှန်ရင်ဆိုင် တိုက်ကြတဲ့သဘောပါ” ဟု
KNU အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက မဇ္ဈိမကိုပြောသည်။

ထို့အပြင် မနေ့က ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် လို့လဲ့ ဒေသ တွင်  ခမရ ၅၈၈၊ ၄ဝ၈ တို့နှင့် အပစ်ရပ်ပျက်ပြားသွားသော DKBA ဗိုလ်မှူး ဘငြိမ်း ဦးဆောင်သည့် ၉ဝ၂ တပ်ဖွဲ့များ ရင်ဆိုင်တိုက်ခဲ့ကြသည်ဟု ဒီကေဘီအေ ဆက်သွယ်ရေးဌာနမှ ဗိုလ်မှူး ချစ်စရာက မဇ္ဇျိမကိုပြောသည်။

၂ ဘက်လုံးတွင် သေဆုံး၊ ဒဏ်ရာရရှိသူမရှိသော်လည်း DKBA နှင့် KNU ကရင်တပ်များကို ချေမှုန်းရန် စစ်တပ်မှ ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ထပ်ဖြစ်လာဦးမည်ဟု သူကဆက်ပြောသည်။

နိုဝင်ဘာ ၈ ရက်မှစ၍ တလကျော်အကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ်မှ ဒေသခံ ၃ဝဝဝ ကျော် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရာ့မြို့နယ်နှင့် အုန်းဖန်တို့တွင်  လာရောက် စစ်ဘေးခိုလှုံနေကြကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့် မယ်တော်ဆေးခန်းမှ သိရသည်။

“အခုဟာ ဒုက္ခသည်တွေက များလာတော့ ချက်ပြုတ်ကျွေးလို့မနိုင်တော့ဘူးလေ။ အဲဒါကြောင့် တပတ်တခါ ရိက္ခာခြောက်တွေကို လူဦးရေအလိုက် ကျနော်တို့က လိုက်ပြီး ဝေပေးနေတယ်လေ” ဟု ဒုက္ခသည်များကို အကူညီပေးရာတွင် ကွင်းဆင်းဆောင်ရွက်နေသည့် ကိုနေဦးက ပြောသည်။

ထိုင်းအာဏာပိုင်များထံ ခိုလှုံခွင့်တောင်းလျှင် စစ်ငြိမ်သွားချိန်တွင် ချက်ချင်းပြန်ပို့မည် စိုးသဖြင့်  ဒုက္ခသည်များ လယ်ထဲ ချောင်းနားတွင်  မိုးကာစများခင်း၍  ခိုလှုံနေကြရ၍ ရာသီဥတု အအေးဒဏ်ကိုခံနေရကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲနယ်မြေများတွင် မြန်မာစစ်အစိုးရက စစ်တပ်အင်အားများ တိုးချဲ့စေလွှတ်နေသဖြင့် နယ်စပ်တလျောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာနိုင်သောကြောင့်  မြန်မာဘက်က စစ်ပြေးဒုက္ခသည်တွေပြေးလာလျှင် စောင့်ရှောက်ကူညီနိုင်ဖို့အတွက် ယာယီရွက်ဖျင်တဲများ၊ အိမ်သာ၊ ရေချိုးခန်း၊ အစားအသောက်၊ သောက်ရေသန့်၊ ဆေးဝါးတို့ကို ပြင်ဆင်ထားဖို့ ထိုင်းနယ်စပ်တလျောက် မြို့ပိုင်တွေကို ညွန်ကြားထားကြောင်း တာ့ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖားက ဘီဘီစီ မြန်မာပိုင်းဌာနကို ပြောဆိုထားသည်။

 
သားတွေလည်းပြုံး အမေပြုံး၍
အပြုံးတွေပြိုင် မြိုင်ဆိုင်လှိုင်ခဲ့၊
မဆိုင်သူများ အမုန်းပွါးတဲ့
ထိုနေ့ရက်မှာ ကျနော်တို့မလာနိုင်တာ
ခွင့်လွှတ်ပါအမေ။
နေအိမ်အချုပ် သူရုပ်တို့လက်
အာဏာစက်မှ လွတ်မြောက်ခါစ
တခဏမှာ အမေ့အပြုံးဟာ
ကမ္ဘာကိုငြိမ်းချမ်းစေလောက်တယ်။

သူကခေါင်းဆောင် ပြည့်ကျိုးဆောင်သူ
သည်လူကျောမွဲ ဆင့်တန်းခွဲလျက်၊
ငါကဗမာ ငါ့ဘာသာတွက်
လူမျိုးငဲ့ကွက် ပါတီစွဲလျက်၊
အမေရိက ဥရောပနဲ့
အာရှတိုက်ပဲ ဒေသစွဲလျက်၊
ငါနဲ့မတူ ငါ့ရန်သူဟု
သူ့လူငါ့လူမခွဲခြားတဲ့အမေ။

ချစ်မုန်းကျွမ်းဝင် အာဏာရှင်ပင်
အစဉ်ဖိတ်ခေါ် ရှေ့ရေးမျှော်ခဲ့တဲ့၊
အမေရိက ဥရောပသံတမန်
အာရှပါမကျန် တွေ့ဆုံခဲ့တဲ့၊
မြန်ပြည်သာယာ ၂၁ရာစုမှာ
ညီလာခံခင်း တွေ့ဆုံချင်ခဲ့တဲ့၊
ခွင့်ရေးညီမျှ တူတကွနေကြရအောင်
ပြည့်အရေုးခေါင်းဆောင်နေတဲ့အမေ။

အဲဒါ
                                           ကျနော်တို့မြို့က ကျနော်တို့အမေ။


  ပြန်ပေးဆွဲခြင်းခံရသောစစ်တပ်။

တကယ်တော့-စစ်သည်(၃)သိန်းကျော်ရှိတဲ့မြန်မာစစ်တပ်ကိုယ်၌က-စစ်ဗိုလ်ချုပ်တစုရဲ့
ပြန်ပေးဆွဲခြင်းကိုခံနေရတာပဲ။ဒါကို(၃)သိန်းကျော်ရှိတဲ့စစ်တပ်ကြီးကကိုယ်ကိုယ်ကိုပြန်ပေး
ဆွဲခံလို့ခံရမှန်းမသိဖြစ်နေတာ-တိုင်းပြည်အတွက်အားနာဘို့ကောင်းတယ်။


Posted: 23 Dec 2010 07:20 AM PST
ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီးက ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအား လူ့အခွင့်အရေးဆုကို လာရောက်ပေးအပ် ချီးမြှင့်ခဲ့သည်။

ယခုပေးအပ်သည့် လူ့အခွင့်အရေးဆုသည် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် ပြုလာစေရန် ပြင်သစ်အစိုးရ အနေဖြင့် ၁၉၈၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပေးအပ်သည့် ဆုဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး His Excellency Gildas Le Lidec က ပြင်သစ်အစိုးရ ကိုယ်စား လာရောက်ပေးအပ်ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ဆုရရှိခြင်းနှင့် ပတ်သက်ပြီး ဦးထူးချစ်က “ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အခုလို ပြင်သစ်နိုင်ငံကပေးတဲ့ လူ့အခွင့်အရေး အထူးဆုကို ရရှိတဲ့အတွက် ပြင်သစ်အစိုးရကို အလွန်ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဝန်းထမ်းတွေအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြလို့ အခုလို ဆုရရှိတာ ဖြစ်ပါတယ်” ဟုပြောသည်။

လူ့အခွင့်အရေးဆုကို ပြင်သစ်သံအမတ်ကြီး His Excellency Gildas Le Lidec နှင့် ဇနီးက ယနေ့နံနက် (၉)နာရီတွင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ခစ်ခတ်တိုက်နယ်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရုံးသို့ ရောက်ရှိလာပြီး အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်အား အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီးက “ပြင်သစ်နိုင်ငံရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ဆုကို ကိုယ်စားလာပေးရလို့ ဂုဏ်ယူပါတယ်။ ထိုင်းနိုင်ငံမှာ နေရတဲ့ ရွှေ့ပြောင်းမြန်မာတွေရဲ့ အခြေအနေတွေကို နားလည် ကိုယ်ချင်းစာပါတယ်။ ဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေ အခုလို အောင်မြင်နေတဲ့အတွက် ဂုဏ်ယူပါတယ်”ဟု ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဒီနှစ်ထဲမှာဘဲ ကျနော်တို့နဲ့အတူ ဆုရရှိခဲ့တဲ့ မြန်မာပြည်တွင်းက အဖွဲ့အစည်း နှစ်ခုအတွက်လည်း ဂုဏ်ယူပါတယ်။ ပြည်တွင်းမှာ လူ့အခွင့်အရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ကျနော်တို့လို မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတွေကို ဆုပေးတယ်ဆိုတာ ပြည်တွင်းမှာ အကျဉ်းကျခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုချီးမြှောက်တယ်လို့ဘဲ ကျနော့်အနေနဲ့ မှတ်ယူပါတယ်။ ပြည်တွင်းမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတိုင်းဟာ လူ့အခွင့်အရေး ဆုရသင့်တဲ့ စံပြလူ့အခွင့်အရေး လှုပ်ရှားသူများလို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ဦးထူးချစ်က ဆက်ပြောသည်။

ဆုပေးပွဲ အခမ်းအနားသို့ ဒေသခံ ထိုင်းအစိုးရ ၀န်ထမ်းများ၊ အာဏာပိုင်အဖွဲ့အစည်းမှ ၀န်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ၀န်ထမ်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပြီးနောက် သံအမတ်ကြီးနှင့် ဇနီးသည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း လက်အောက်ရှိ အမျိုးသမီးအဖွဲ့ လုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေး ဂေဟာ (တန်းလျား ၂၀)နှင့် လူငယ့်သိပ္ပံ ကျောင်းများသို့ သွားရောက်လေ့လာခဲ့သည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က စတင်ကာ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန အမည်ဖြင့် ထိုင်းမြန်မာနယ်စပ် စံခလဘူရီတွင် စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဆူနာမီ ဖြစ်ပွားခဲ့ပြီး ရေလှိုင်းဒဏ် ခံခဲ့ရသော ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးနောက် ရွှေ့ပြောင်း အလုပ်သမားများတွက် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနှင့် ရွှေ့ပြောင်းမြန်မာ ကလေးများ၏ ပညာရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျှက် ရှိသည်။ ၂၀၀၇ ခုနှစ်တွင် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမည်ဖြင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်နိုင်ခဲ့ပြီး တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Foundation for Education and Development
(Formerly Grassroots HRE)

P.O Box 13, Takuapa Office,

Takuapa, Phang Nga 82110,

Tel (076) 486 351

www.ghre.org
1223b
1223c

300 red shirts protest in front of Army base in Lop Buri

Lop Buri -
Some 300 red-shirt people staged a noisy protest in front of the 3rd Special Warfare Regiment Friday morning.
The protesters cited the leaked reports of the Department of Special Investigation as the cause for the protest.
The report blamed the military for the deaths of several red shirts.
The angry protesters shouted loudly that troops killed innocent people. Some shouted that troops were trained just to kill people.
They laid black wreaths with the names of Army chief Gen Prayuth Chan-ocha and some troops mentioned by the DSI reports in front of the regiment.
They earlier laid black wreaths with the names of Prime Minister Abhisit Vejjajiva, Deputy Prime Minister Suthep Thaugsuban and DSI Director-General Tharit Pengdit in front of the provincial hall.

 

Friday, 24 December 2010

သတင်းများ

လွှတ်တော်အတွက် မွန် ပါတီ ပြင်ဆင်

ခင်ဦးသာ
မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)သည် မကြာမီပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌ ဆွေးနွေးသွားမည့် ကိစ္စများအတွက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက် နှင့်၂၈ ရက်များတွင် Read More

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး တွေ့ဆုံ

ရန်ပိုင်
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။ Read More

ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်

ဟိန်းသူ
မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေမည့် ထာဝရနှင်းဆီ အငြိမ့် အတွက် ပရိသတ်များ အထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။ Read More

ကရင်ပြည်နယ်တွင် ကုန်တင်ကားများ ချောဆွဲနေ

သန်းထိုက်ဦး
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း Read More

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

ထက်အောင်
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ထိပ်တန်း နျူကလီယား ပညာရှင်ဟောင်း နှစ်ဦးအကြား မြန်မာစစ် အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ Read More

ဂန္ဒီခန်းမကြီးကို နေရာရွှေ့ပြောင်းမည်

ဧရာဝတီ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဒီခန်းမကြီးကို ရန်ကင်းမြို့နယ်ရှိ လယ်/ဆည် ဝန်ကြီးဌာန ရုံးဟောင်းသို့ အာဏာပိုင်များက မကြာမီပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ဂန္ဒီခန်းမသည် သမိုင်းဝင် အဆောက်အအုံတခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD သည် ဂန္ဒီခန်းမတွင် အစည်းအဝေးကျင်းပကာ လွှတ်တော် ခေါ်ယူရေးအတွက် “ဂန္ဒီခန်းမ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။

No comments: