Saturday, December 11, 2010

ကျိုက္ကဆံကွင်းမှ လက်ဖြောင့်သင်တန်းက ဘယ်သူ့အတွက်လဲ



 

ကျိုက္ကဆံကွင်းမှ လက်ဖြောင့်သင်တန်းက ဘယ်သူ့အတွက်လဲ

ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်း ကျိုက္ကဆံကွင်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ ရဲတပ်ရင်းများသို့ လက်ဖြောင့်သင်တန်း ပို့ချနေကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းနှင့် ပတ်သက်ပြီး လူတစ်ဦးတစ်ယောက်ကို (သို့မဟုတ်) ၈၈၈၈ လူထုအုံကြွမှု (သို့မဟုတ်) ရွှေဝါရောင် တော်လှန်ရေး ကဲ့သို့သော လူထုအုံကြွမှုများ ဖြစ်ပေါ်လာပါက လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင် များအား အသံတိတ်နည်းဖြင့် ဖြေရှင်းရန် နည်းလမ်းတစ်ခုခုဖြစ်နိုင်သည်ဟု လေ့လာအကဲခတ်သူများက သုံးသပ်မှုများ ရှိနေကြကြောင်း သိရှိရပါသည်။

Another one
မြန်မာပြည်ဖွား များခင်ဗျား
ပြည်ပနဲ့  နယ်စပ်ရောက်နေတဲ့
ကျွန်တော်တို့  အတွက်မဖြစ်မနေလုပ်ရမည့်
လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တခုကို
ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ပေး
အကူအညီတောင်းခံလိုက်ပါသည် ။
မိမိတို့ နေထိုင်ရာ နိုင်ငံ ဒေသများမှ
နီးစပ်ရာ လုပ်ဖေါ်ကိုင်ဖက်များ
တိုင်းရင်းသားများ အပြင်
သက်ဆိုင်ရာနိုင်ငံများ အပါအဝင်
ပြည်ထောင်စု စနစ် စိတ်ဓါတ် နဲ့ 
အုပ်ချုပ် ဖွဲ့ စည်းပုံကို ကြေညက်စွာ
လူတိုင်းနားလည်နိုင်သော
အဆင့်ရောက်ရှိရန်   ဦးစားပေး ဆွေးနွေး
ရှင်းလင်း ရေးသား ကြပါရန် မေတ္တာရပ်ခံပါသည်။
အတွေ့ အကြုံနှင့် ဥာဏ်ရည်မြင့်မား သူတွေက
စိတ်ရှည်သီးခံပြီး တဆင့်ခြင်း အချိန်ပေး ဆွေးနွေးရမည် ဟုယူဆပါသည် ။

No comments: