Monday, December 27, 2010



ပီတိပန်းကုံး မျှဝေခြင်း
နှင်းပွင့်မကျသေးတဲ့ ဒီဇင်ဘာညချမ်းများထဲ
ခရစ်စမ္မတ်ကို အကြောင်းပြု
ပေါင်းစုညီညွတ်မှုများသယ်ဆောင်
တေးသွားများနဲ့ အတူ စီးနင်း
ဝါရှင်တန်ဒီစီမက်တရိုဒေသ
ကလေးလူငယ်များရဲ့ အလှူ
ဒါနပြုသူတွေက ပြု
မြန်မာပြည်ထဲ အိပ်ခ်ျအိုင်ဗီ ဝေဒနာသည်များအတွက်တဲ့။

(၂) (၃)တန်းကလေးများပါတယ်
ကောလိပ် တက္ကသိုလ်ကျောင်းသားများပါတယ်
လူကြီးတချို့ အထောက်အကူနဲ့ 
သားတို့  သမီးတို့ အချိန်တွေ
လူနာတွေအတွက် လုပ်အားအလှူပါတဲ့။

Chat Room တွေကိုပိတ်
Game တွေကို ချောင်ထိုး
TV ရှေ့ မှာ အချိန်မဖြုန်း
စနေဆို သီချင်းတိုက်
တနင်္ဂနွေမှာ တေးညည်းဆို
လက်ခံဖိတ်ကြားတဲ့အိမ်များဆီ လှည့်
ည(၁၀)နာရီကျော် အိမ်ပြန်ရောက်ပေမယ့်
သားတို့  သမီးတို့ အပျော်
ဝေဒနာရှင်များအတွက်
အသံတွေကိုလှူ
အချိန်တွေကို လှူ
တနင်္ဂနွေ(၃)ပါတ်
ဒေါ်လာ (၅)ထောင် လက်ခံရရှိခဲ့ အလှူငွေ
သီကုံးခဲ့ မေတ္တာပန်း
နိုင်ငံတကာသို့  မွှေးပျံ့ စေသား။
--------ပါဝင်ခဲ့သည့် ကလေးလူငယ်များ (ထူး။ ချမ်း၊ သီရိ။ လပြည့်။ သုတ။ဘုန်း။ သီရိန်။ မင်းညီ။ မင်းဇင်သာ။ မိကျဲ။ အိုက်မွန်။ လမင်း၊ တုတ်တုတ်။ ကြည်ဖြူ)

ဖိုးဇီဝ (၂၅ ဒီဇင်ဘာ၊၂၀၁၀)

No comments: