ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား...

စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၃) သင်တန်းဆင်းပွဲ သို့ တက်ရောက်လာကြသူများတဲ့ ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမှူးကြိုင်ကြိုင်၊ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်နဲ့ မိသားစု (၄)ယောက်ပုံပဲ ဖော်ပြထားပါတယ်..။ ထိုင်နေကြတာကတော့ ဗိုလ်ချုပ်တွေအားလုံးရဲ့ ရှေ့က ရှေ့ဆုံးတန်းမှာပါ..။ ဗိုလ်ချုပ်တွေ အားလုံးရဲ့ ရှေ့မှာလေ.. ဗိုလ်လောင်းတပ်ရင်းများ အလေးပြုဆိုတော့ ????? မိမိတို့ကို ပြည်သူလူထုက ထောက်ခံ မထောက်ခံသိရအောင် လူထုထဲကို ဒီအတိုင်း အစောင့်အရှောက်တွေ မပါပဲနဲ့ ဆင်းပြစေချင်ပါတယ်.. ကြိုဆိုချင်လွန်းလို့ပါ..။
တံဆိပ်တွေက သံဃာသတ်ဘွဲ့၊ အာဏာရှင်ဘွဲ့၊ အရက်စက်ဆုံးဘွဲ့၊ ကမ္ဘာ့လာဘ်အစားဆုံး နိုင်ငံဘွဲ့၊ ကမ္ဘာ့အင်တာနက် အပိတ်ပင်ဆုံးနိုင်ငံဘွဲ့ စတဲ့ မကောင်းတဲ့ ဘွဲ့တွေအတွက် ရထားတဲ့ တံဆိပ်တွေဖြစ်မလားပဲ..။ သတ္တဝါနဲ့ လက်နက်နဲ့ မမျှဆိုတဲ့ စကားပုံတော့ကြားဘူးပါတယ်..။ တံဆိပ်နဲ့ မမျှဆိုတာတော့?????။ အင်းနောက်ဆုံးတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်ဖွတ်ကြားဖြစ်မည် ဆိုတဲ့ ပေါ်လစီသီချင်း လေးနဲ့အတူ.. ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထားတဲ့..။
No comments:
Post a Comment