

ပေးမယ် ပေးမယ် အသံထွက်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အခု ပေးလိုက်ပါပြီ တဲ့။
ဒီသတင်းကို Messenger ဂျာနယ် ဖေ့ဘုတ်မှာ အခုလို တွေ့ရမှာပါ -
ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့ ၄း၂၀ နာရီခန့်က MRTV-4 မှ ထုတ်လွှင့်သွားသော Breaking News အရ ....
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမိန် ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်း ချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ ဘာတွေ ပြောနေကြသလဲ
သိန်းစိန်အစိုးရရဲ့ New Year Discount ကတော့ ရက်ရောပါပေတယ် ....း)
လို့ ဖေ့စ်ဘုတ်မှာ အမြဲမပြတ် ရှိနေသူတဦးက မှတ်ချက်ပြုပါတယ်။
နောက်တဦးကလည်း ဖေ့စ်ဘုတ်မှာ အခုလို ဆိုထားပါတယ်။
ပြောင်ပြောင့်အား ဆဲကြမည့်သူများ သိသာစေရန်...
ပိုးဆိုးပက်စက်ဆဲမည့်သူများ နားနားပြီးဆဲရန်၊
အခွန်းသုံးဆယ်ကျော် ဆဲမည့်သူများ အခွန်းသုံးဆယ်သာ ဆဲကြရန်၊
အခွန်း နှစ်ဆယ်နှင့် သုံးဆယ်ကြား ဆဲမည့်သူများ အခွန်းနှစ်ဆယ်သာ ဆဲကြရန်၊
အခွန်းနှစ်ဆယ်အောက် ဆဲမည့်သူများ ဆယ့်ငါးခွန်းသာ ဆဲကြရန်...
ပုံ။ နိုင်ငံတော် ပြောင်ရုံး
ဒါကတော့ Messenger ဂျာနယ် ဖေ့ဘုတ်မှာ ကြေညာထားတာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှိရာ သရက် အကျဉ်းထောင်မှ သတင်းများကို Messenger သတင်း ပရိသတ်များ အတွက် ၃.၁.၂၀၁၂ နေ့တွင် အချိန်နှင့် တပြေးညီ တင်ဆက်ပေးသွားမည် ဖြစ်သည်။ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ မှတ်ဖွယ်မှတ်ရာ မှတ်ချက်တွေထဲက တချို့ကို အခုလို တွေ့ရပါတယ် -
လွတ်ငြိမ်း ချမ်းသာခွင့်တွင် ကိုမင်းကိုနိုင် ပါမည် မပါမည်မှာ မသေခြာသော်လည်း တခြားသော နိုင်ငံရေး အကျဉ်းသားများ၏ သတင်းများ အပြင် သရက် အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သော ထူးခြား သတင်းများကို တိုက်ရိုက် သတင်းပေးပို့နိုင်ရန် Messenger ဂျာနယ်မှ အကြီးတန်း သတင်း အယ်ဒီတာ တစ်ဦး ယနေ့ညနေတွင် သရက်မြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။
ထို့အပြင် တောင်ငူ အကျဉ်းထောင်၊ သာယာဝတီ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သော ထူးခြား သတင်းများကိုလည်း Messenger သတင်း ပရိသတ်များ အတွက် အချိန်နှင့် တပြေးညီ တင်ဆက်ပေးနိုင်ရန် Messenger ဂျာနယ်မှ အကြီးတန်း သတင်း အယ်ဒီတာများနှင့် အကြီးတန်း သတင်းထောက်များ သက်ဆိုင်ရာမြို့ အသီးသီးသို့ ယနေ့ ညနေတွင် ထွက်ခွာသွားပြီဖြစ်သည်။
နည်းနည်းလေးမှကို ယုံကြည်ပေးလို့ မရပါလား၊ နည်းနည်းလေးမှကို အပြုသဘောနဲ့ မြင်ပေးလို့ မရပါလား၊ ပြီးတော့ ပြောလိုက်သေးတယ် အဆိုးမြင် ဝါဒီ, အဆိုးမြင် ဝါဒီနဲ့ အဆိုးချည့်ပဲ လုပ်နေတော့ အဆိုးချည့်ပဲ မြင်နေကြတာ သိပ်တော့ မဆန်းလှပါဘူး။
ယောင်းမမြင်းစီးထွက်သော နှစ်သစ်ကူး လက်ဆောင်.။ ၂၀၁၁ ၏ Icon တစ်ခုအဖြစ် အမွမ်းတင်ခဲ့သူတို့ အတွက် သင်ခန်းစာ.။ ကချင်တွေကိုလဲ တိုက်ဆဲ.. နိုင်ကျဉ်းတွေကိုလဲ ချုပ်မြဲ.. အာဆီယံ ဥက္ကဌဖြစ်သွားတာပဲ အဖတ်တင်တယ်.။
မချမ်းသာတဲ့ လွတ်ငြိမ်းခွင့် အစိုးရက ဒီလိုကလီကမာလုပ်ရတာ ပျော်နေပုံပဲ။ ဒါဟာ အခြေအနေတခုဆီ ဦးတည်နေသလိုဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလိုလုပ်ကိုင်နေတာ အင်မတန်လုပ်ကိုင်သင့်တဲ့ အမှန်တရားပါ။ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲလုပ်ကိုင်ဖို့လိုသေးတာလဲ နောက်ထပ်အမှန်တရားတစ်ခုပါ။ အမှန်တရားကို ရှောင်ရှားတာဟာ မလိုလားအပ်တဲ့ဂျောက်တခုထဲ သွားနေသလိုဘဲ။
အစိုးရရဲ့စေတနာလား...လက်တလုံးချားလှည့်ကွက်တွေလားဆိုတာ စဉ်းစားရခက်ပါတယ်.
သတင်းကောင်းလို့လဲပြောလို့မရပါဘူး..
အရင်ကတဲကပြောနေတာပဲ သိန်းစိန်ကအပြော့ဆွဲ မင်းအောင်လှိုင်က အမာ ကောင် ခုထိမသိကြသေးဘူးလား
နှစ်သစ်မှာ ကာလှုံ (၁၁)ဦးက လူထုတရပ်လုံးကို စိမ်ခေါ်လိုက်ပြန်ပြီ။
No comments:
Post a Comment