Wednesday, January 25, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အနှစ် ၂၀ ကျော်မှာ ပထမဆုံး ပြန်တွေ့



2012-01-25
အနှစ်နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ မနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။


RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနေကြစဉ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေးတို့ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင် ၉ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြတာပါ။ နှစ်ဦးနှစ်ဘက် မတွေ့ကြရတဲ့ကာလ အတွင်း အတွေ့အကြုံတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာ အတူ စားခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဝန်းရံ ကူညီသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


၈၈ မျိုးဆက် ခေါင်းဆောင်များ အိမ်ထောင်ပြုကြပါ



၈၈ မျိုးဆက် ခေါင်းဆောင်များ အိမ်ထောင်ပြုပါ တဲ့။
မနေ့ညက မင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ခေါင်းဆောင်များကို ညစာ ဖိတ်ကျွေးတဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်းလိုက်တာပါ။

ညစာစားပွဲမှာ ပါဝင်သူများကတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ ကိုပဏ္ဍိတ်ထွန်းတို့ ဖြစ်ပါတယ်။

ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့က အိမ်ထောင်ရှင်တွေပါ။

မင်းကိုနိုင် အသက် ၅၀ ထဲ ရောက်ပါပြီ။
ကိုကိုကြီး ၅၁ ထဲမှာပါ။
ကိုဌေးကြွယ်က ၄၄ ရှိပါပြီ။
ကိုအောင်သူ ??
ကိုအံ့ဘွယ်ကျော် ၄၂
ကိုပဏ္ဍိတ်ထွန်း ၃၆

အသေးစိတ်ကို ဧရာဝတီ ပင်မစာမျက်နှာမှာ သတင်းထောက် လင်းသန့် ရေးထားတဲ့ သတင်း မှာ ဖတ်ရှုနိုင်ပါတယ်။


No comments: