ရဲဘော်ကိုကျော်သန်း
NLD ဟာဗဟိုဦးစီးစနစ်ကို စဖွဲ့ကတည်းကျင့်သုံးခဲ့တာပါ။ ဒီအတွက်လည်းဘ၀တွေကျိုးကြေခဲ့ရ၊ လူမသိသူမသိအသက်ပေးခဲ့ရတဲ့အမည်ဖော်လို့မရခဲ့တဲ့ NLD အဖွဲ့ဝင်တွေအများကြီးပါ။ ဥပမာ ကုန်ဈေးနှုန်းကျဆင်းရေးကိုထင်ကျော်တို့၊ အင်္ဂါနေ့လွတ်မြောက်ရေးလှုပ်ရှားသူ မနော်အုန်းလှတို့ဟာ ထင်ရှားတဲ့သာဓကတွေပါ။ဒီအထဲမှာဒေါ်မြင့်မြင့်အေးလဲပါတာပဲ။ ဒီလိုအသက်ပေးအနစ်နာခံပြီး စွန့်လွတ်ခဲ့ကြတဲ့ အလေးပြုဂုဏ်ယူလောက်တဲ့ အဖွဲ့ဝင်တွေကြောင့် ကမ္ဘာကအသိအမှတ်ပြုတဲ့ခေါင်းဆောင်၊ ကမ္ဘာကအသိအမှတ်ပြုတဲ့အဖွဲ့အစည်းရယ်လိုဖြစ်ခဲ့တာပါ။
ဒီအာဇာနည်သူရဲကောင်းတွေ့နဲ့အမှန်တရားဖက်ကကျနော်တို့ရပ်ကြတာပေါ့။ ဒီနေ့ NLD ဟာအယင်ကNLD မဟုတ်တော့ဘူးဆိုတာ နိုဝင်ဘာ(၁၈)ရက်၂၀၁၁ခုနှစ်နေ့မှာသူတို့ရဲ့အတွင်းသရုပ်သကန်ကိုအတိအလင်းဖော်ပြပြီးဖြစ် တယ်။ မင်းသားယောင်ဆာင်ဖို့ကြိုးစားနေတဲ့နိုင်ငံ့စစ်ရာဇ၀တ်ကောင်တွေနဲ့ NLD စဉ်းစားပုံခြင်းတူနေပြီဖြစ်ပါတယ်။ ဒါကြောင့် NLD ဟာလူထုဦးဆောင်ပါတီမဟုတ်တော့ ဘူး။ စစ်အုပ်စု ကဘောင်ခတ်ထားတဲ့ ၂၀၀၈ ကြေးရည်စိမ် ဖွဲ့စည်းပုံကို နာခံတဲ့ သာမန် နိုင်ငံရေးပါတီဖြစ်သွားပါပြီ။ ဒီတော့ ပါတီတွင်းဒီမိုကရေစီဘယ်မှာလဲလို့မေးမနေနဲ့အချိန်ကုန်ပါတယ်။
ကျနော်တို့ဟာ တုတ်တုတ်ချင်း၊ ဓါးဓါးချင်းစိန်ခေါ်ခံခဲ့ရလို့ စစ်အုပ်စုရဲ့ သံနံရံတွေကို သွေးရဲရဲနီတဲ့ဦးခေါင်းတွေနဲ့တွန်းလှန်အာခံလာတဲ့လူတွေပဲ။ပြည်သူလူထုကို တကယ်(တကယ့်)လွတ်လပ်စေချင်၊ လွတ်မြောက်စေချင်လို့ပေးဆပ်ခဲ့ကြတာပဲ။ဒီသစ္စာတရားတွေ၊ဒီငိုကြွေးသံတွေ၊အပေါ်မှာဘယ်တော့မှသစ္စာမဖောက်ဘူး။
ကိုယ်တယုတယမွေးမြူတည်ဆောက်ခဲ့ရတဲ့တော်လှန်ရေးတပ်ဦးဟာ ကြွေတလှဲ့ကြက်တခုန်တည်းနဲ့ပျက်ဆီးသွားပြီဖြစ်တယ်။ တစချင်းကြေမွနေတဲ့ကျနော်တို့ရဲဘော်တွေကိုပြန်စုပြီးအစကနေပြန်စဖို့စဉ်းစားပါ။ဒေါ်စုပြောခဲ့သလို ကျနော်တို့ဟာယောက်ကျားကောင်းတွေဟုတ်မဟုတ်ဆိုတာကို အလုပ်နဲ့အချိန်နဲ့သက်သေပြကြတာပေါ့ ဗျာ ။ ဒီနေ့ကိုမင်းကိုနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းသား(၆၅၀)ပြန်လွတ်တယ်လို့သတင်းကြားရတယ်။
ဒီလွတ်မြောက်မှုတွေအတွက်အရမ်းဝမ်းမြောက်ပါတယ်။ဒါဟာအခြေခံလိုအပ်ချက်တခုအနေနဲ့လုပ်ကိုလုပ်ပေးရမယ်ကိစ္စဖြစ်တယ်။ ဓါးစားခံလိုလုပ်ဖို့မဟုတ်ဘူး။လွတ်ပေးလိုက်၊ပြန်ဖမ်းလိုက်ပေါ်လစီကိုကျင့်သုံးဖို့မဟုတ်ဘူး။ ဟိုတနေ့က ဦးစိုးကြွယ်ရဲ့ဖြစ်ရပ်ကိုပဲကြည့်ပါ။သူပြီးခဲ့တဲ့အသုတ်ကပြန်လွတ်လာတယ်၊ တနေ့က သူ့ရဲ့တကိုယ်တော်ဆန္ဒပြမှုအတွက်ပြန်ဖမ်းလိုက်တယ်။ ဆန္ဒပြခွင့်တွေလွတ်တော်မှာပြဌာန်းလိုက်ပြီဆို။သက်သက်နိုင်ငံတကာတရားဝင်မှုရအောင်၊ အာဏာသက်ဆိုးရှည်အောင်စစ်အုပ်စုကစနစ်တကျလုပ်နေတာ။
ကျနော်တို့တောင်းဆိုနေတာဟာ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအပြင်၊ ကမ္ဘာကိုဝင်ဆန့်နိုင်တဲ့မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုကြီးတရပ်လုံး တကယ်လွတ်မြောက်ရေးအတွက်ပဲဖြစ်တယ်။စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြစ်တယ်။ ရင်ထဲကတကယ့်သဘောထားအမှန်နဲ့ခုချက်ချင်းလုပ်ပေးကြ။ ခုချက်ချင်းတောင်းပန်ကြ။ ခုချက်ချင်းကြေးအေးမှုတွေလုပ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ မည်သည့်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ မည်သူတဦးတယောက်ပဲဖြစ်ဖြစ်၊ကိုယ်ပြောတာ၊ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရမယ်။ကိုယ်တာဝန်ခံရလိမ့်မယ်။ ဒါဒီနေ့ခေတ်သစ်မြန်မာလူအသိုင်းအ၀န်းရဲ့အမှန်တကယ်လိုအပ်ချက်နဲ့တောင်းဆိုစိန်ခေါ်ချက်ဖြစ်တယ်။
သဘောထားမမှန်တဲ့ အတွေး၊အပြော၊အရေး၊ အလုပ်၊အပြုအမူတွေဟာသွေးတွေခင်းထားတဲ့တော်လှန်ရေးရဲ့ ကျိန်စာတွေသင့်ပါလိမ့်မယ်။
ဒီသတင်းသိရလို့လည်းကျေးဇူးတင်ပါတယ်။
တော်လှန်ရေးပြီးရင်ဘယ်သူတွေကဘာလဲဆိုတာ စာရင်းရှင်းကြ၊ တွေ့ကြရအုန်းမှာပေါဗျာ။
ခင်မင်လေးစားသော
တော်လှန်ရေးသစ္စာဖြင့်
ရဲထွဋ်ပါတီတွင်း ဒီမိုကရေစီဘယ်မှာလဲ အန်အယ်လ်ဒီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကိုတွေ့မိတယ်။ တခြားအပြင်က စကားတွေလည်းကြားနေရတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ အဖုအထစ်တွေ မကျေလည်မှုတွေဖြစ်နေတယ်လို့ သိရတယ်။ အန်အယ်လ်ဒီရဲ့ အတွင်းရေးကိစ္စသာဖြစ်တဲ့အတွက် ၀င်ပြောရတာသိပ်တော့မသင့်တော်လှပါဘူး ။ ကျုပ်တို့ပြည်ပကိုရောက်လာတဲ့ အန်အယ်လ်ဒီရဲ့ ငမျောက်ငခြောက်အမတ်တွေလို ထပ်ပေါ်လာရင်တော့ အန်အယ်လ်ဒီ နောက်ထပ် နစ်နာစရာတွေ ဆုံးရှုံးစရာတွေဖြစ်လာမှာကို စိုးရိမ်မိတဲ့အတွက် ၀င်ပြောကြည့်တာပါ။ ကြားမိတဲ့ မိတ္ထိလာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကတော့ တော်တော်လူပြောသူပြောများနေတယ်။
အန်အယ်လ်ဒီပါတီရဲ့ အထက်အောက်ဆက်ဆံရေးပုံစံနဲ့ ပါတီတွင်းဒီမိုကရေစီ ကျင့်သုံးတဲ့ပုံစံက ဘာတွေလဲ၊ ဘယ်လိုတွေလဲ ။ လူထုကို အခြေခံတဲ့ပါတီက လူထုသဘောထားကို မျက်ကွယ်ပြုနေသလားဘဲ။ လစ်လပ်သွားတဲ့ မိတ္ထိလာနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်မြင့်မြင့်အေးကို နယ်သူနယ်သားတွေက လိုလားကြတယ်။ လက်မှတ်ဝိုင်းထိုးပြီးတော့ ပါတီဗဟိုကို အဆိုပြုထားတဲ့ဟာ လက်မှတ်ပေါင်း ၄ထောင်ကျော်ရှိတယ်လို့ဆိုတယ်။ ဒီလက်မှတ် ၄ထောင်ကျော်ရဲ့ ဆန္ဒကိုမျက်ကွယ်ပြုပြီး ဦးဝင်းထိန်ကို ချထားလိုက်သတဲ့၊ ကြားရတာ မသက်သာပါဘူး
တကယ်ပြောရရင်တော့ ဦးဝင်းထိန်လည်း ပေးဆပ်မှုတွေအများကြီးနဲ့ လေးစားထိုက်တဲ့သူဖြစ်တယ်။ ကိုယ်စားလှယ်လောင်းဖြစ်ထိုက်သူလို့မြင်ပါတယ်။ သို့သော်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်က မဲဆန္ဒနယ်က သူတို့ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြောင်း လိုလာကြောင်းပြသပြီးဖြစ်တဲ့ထဲက ဒီနယ်ကိုမှ ထပ်ဝင်တယ်ဆိုတာက ဦးဝင်းထိန်လိုလူတယောက်အတွက်တော့ သိပ်မသင့်တော်လှဘူးထင်ပါတယ်။
အိန္ဒိယမှာ လူထုကျောထောက်နောက်ခံအားနည်းပြီး ဗဟိုပါတီရာထူးကြီးကြီးယူထားတဲ့ ခေါင်းဆောင်တချို့ ဥပမာ လက်ရှိအိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ပရာနပ်မူခါကြီး( Pranab Mukherjee) လိုပုဂ္ဂိုလ်တွေက ပါတီအားကောင်းတဲ့နယ်တွေမှာ( safe constituency) သေချာပေါက်အနိုင်ရဖို့ အောက်ခြေကတင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုဖိနှိပ်ပြီး ဗဟိုဆုံးဖြတ်ချက်ဆိုပြီး ဘိုကျနဲ့တူနေသလိုဘဲ
ဦးဝင်းထိန်အနေနဲ့ တခြားကိုယ်စားလှယ်လောင်းအားနည်းတဲ့ နယ်တွေကိုရွေးချယ်မယ်ဆိုရင် ပါတီအတွက် ပိုပြီးမသင့်တော်ပေဘူးလား မိတ္ထိလာက မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို လေးစားရာ မကျပေဘူးလား
ပြီးတော့ အန်အယ်လ်ဒီပါတီဟာ လူထုကိုအခြေခံတဲ့ လူထုဆန္ဒတွေကို လေးစားတဲ့ လူထုပါတီတရပ်အဖြစ် ပုံပေါ်မသွားပေဘူးလား ဒါပေမယ့် ထားပါတော့ ဒါတွေက အန်အယ်လ်ဒီရဲ့ အတွင်းရေးကိစ္စဘဲ သို့သော်လည်း အန်အယ်လ်ဒီပါတီရဲ့ အထက်အောက်ဆက်ဆံရေးနဲ့ ပါတီတွင်းဒီမိုကရစီကတော့ ဘာလဲဘယ်လိုလဲ စဉ်းစားစရာတွေ ကျန်ခဲ့တော့မှာပါဘဲ
ရဲဘော်ကျော်သန်း

No comments:
Post a Comment