Monday, January 16, 2012
နင်လားဟဲ့ ... ဒီမိုကရေစီ
(စာနှင့် ပုံ - ဟာဂျူလီ - ကသာ၏ ဖေ့စ်ဘုတ်မှ)
မန္တလေးတိုင်း ဒီချုပ်နဲ့ ကျွန်တော် ပူးပေါင်းလုပ်ဆောင်နေတဲ့ ၂၀ ရက်နေ့ ကာတွန်းပြပွဲလေး လုပ်တော့မယ့်အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဒီကနေ့ထုတ် မန္တလေးက သတင်းစာထဲမှာ ဒီကြော်ငြာလေးပါလာပါတယ်၊ ဒါလေးဟာ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ကြော်ငာလေးဖြစ်နေလို့ နိုင်ငံတကာကများ ဖတ်မိလိုက်ကြရင် ထင်ယောင်ထင်မှား ဖြစ်သွားလေမလားရယ်လို့ နိုင်ငံတော် အကြီးအကဲတွေကိုယ်စား စိတ်ပူမိနေပါတော့တယ် ခင်ဗျား...။
အပေါ်က ပုံနဲ့စာကတော့ ကာတွန်း ဟာဂျူလီ (ကသာ) ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ ဒီအတိုင်းဆို တလောက လုပ်သွားတဲ့ ပြပွဲတွေ၊ ထူထောင်တဲ့စာကြည့်တိုက်တွေကို အရေးယူမလို ဖြစ်နေတယ်။ ထောင်ဒဏ်နဲ့ပါ ခြိမ်းခြောက်ထားပါသေးတယ်။
သမ္မတက ရှေ့ကပြော၊ နောက်က သူ့အစိုးရအဖွဲ့ဝင်တွေက ဖျက်ဆိုသလိုပါပဲ။
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဓါတ်ပုံ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment