Sunday, January 15, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကူခ်ျနာတို့တွေ့ဆုံ


ဝင့်သင်ဇာကျော်(ရွှေမြစ်မခ)
by Myit Makha Mediagroup on 16 Jan, 2012


၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၅ရက် နံနက် ၁၀နာရီခွဲခန့်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကူခ်ျနာ တို့တွေ့ဆုံခဲ့ပြီးနောက် ပြင်သစ်သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခြင်း ၊ ပြင်သစ်မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 မြန်မာနိုင်ငံအနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအကိစ္စများ ၊ မြန်မာနိုင်ငံစီးပွားရေး ပိတ်ဆို့ခံထားရခြင်းကိစ္စ ၊ တိုင်းရင်းသားအရေး ကိစ္စများအစရှိသော မေးမြန်းချက်များကို ပြင်သစ်သတင်းစာ ဆရာများမှ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံအနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စအတွက် ကြိုတင်မပြောနိုင်သော်လည်း ကြိုးစားလုပ်ဆောင်သွားရန် အစီစဉ်ရှိကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး ခရီးစဉ်ဖြစ်သည်။
ဇန်န၀ါရီလ ၁၆ရက်နေ့တွင် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဘားနတ် ကူခ်ျနာသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
……………………………….

ပြင်သစ်နိုင်ငံအမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ပေးအပ်


ပြင်သစ်နိုင်ငံအမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အာလန်ယွိပ် မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်စဉ်

No comments: