Thursday, January 12, 2012

လာမည့်ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ စာရင်း..

Posted: 12 Jan 2012 06:06 AM PST
 ဓာတ်ပုံ Reuters
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
၂၀၁၂၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်
ကိုယ်စားလှယ်လောင်းများ စာရင်းအား ထုတ်ပြန်ကြေငြာပါသည်။

ရန်ကုန်တိုင်း
၁။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဒေါ်စုစုလွင် သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ဒေါက်တာမျိုးအောင် ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၆။ဒေါက်တာ မေ၀င်းမြင့် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်

ပဲခူးတိုင်း

၁။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးမြင့်ဦး သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးကျော်မင်း လက်ပံတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးမင်းဦး ထန်းတပင်မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇)
၆။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)

မန္တလေးတိုင်း

၁။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးဝင်းထိန် မိထ္တီလာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

မွန်ပြည်နယ်

၁။ဒေါ်ခင်ဋ္ဌေးကြွယ် မော်လမြိုင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ရှမ်းပြည်နယ်

၁။ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိုင်းမြင့်မောင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)

ဧရာဝတီတိုင်း

၁။ ဦးဝင်းမြင့် ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိန်ဝင်းဟန်(ခ) ဦးစိန်ဝင်း မအူပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးသိမ်းဆွေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀။
၅။ဒေါက်တာ လှမြတ်သွေး ရေကြည်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

ကျန်လစ်လပ် နေရာများအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များကိုလည်း ဆက်လက် 
တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း NLD မှ ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ကြေငြာပါသည်။
ကွန်ရက် HRDPမှ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်လိုက်ပါ ဆောင်ရွက်မည်..
Posted: 11 Jan 2012 10:50 AM PST
ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ ဟင်္သာတ GTCကျောင်းဆင်း မသင်းသင်းကြူလှိုင် အမှုအား ပြီးခဲ့တဲ့ 
ဇန္နဝါရီလ(၃)ရက်နေ့က ဟင်္သာတခရိုင် တရားရုံးမှ တရားခံ ဦးမင်းသီလအား အမှုမှတရားသေ 
လွှတ်ပေးခဲ့ပါတယ်...။ အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက်
.. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဆက်လက်လိုက်ပါ
ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်..။

ထို့အတူ အဆိုပါ အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန်
ပေါ်ပေါက်ရေးအတွက် ဟင်္သာတ GTC ကျောင်းသူ/ ကျောင်းသားများမှလည်း 
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တိုင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်...။

အမှုမှာ အသက်(၂၀)အရွယ် ဟင်္သာတ နည်းပညာတက္ကသိုလ် AGTI (Civil) ဘွဲ့ရ
မသင်းသင်းကြူလှိုင်အား ဇလွန်- ညောင်တုန်း  မီးရထားလမ်း ဖောက်လုပ်ရေး ကန်ထရိုက်
တာဝန်ခံ ဦးမင်းသီလမှ (၁.၇.၂၀၁၁)တွင် အလုပ်ခန့်ပြီး ၄ရက်အကြာ (၄.၇.၂၀၁၁)တွင် အလိုမတူပဲ
သားမယားပြုကျင့်ခဲ့သော အမှုဖြစ်ပါသည်။ အမှုဖြစ်စဉ်နှင့် မသင်းသင်းကြူလှိုင် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်... Click

အထက်ပါ အမှုဖြစ်စဉ်နှင့် အတူမိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ 
မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ 
ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ အုပ်စုမှ မစုဝေသော်ရဲ့ အမှု၌လည်း  တရားရုံးမှ
မစုဝေသော်၏ ဖခင်အား ၁၀နှစ်  ပြစ်ဒဏ်ချမှတ် လိုက်ပြီး သားမယား ပြုကျင့်ခံရပြီး ရရှိလာသော
  ခလေးအား ဖျက်ချမှုဖြင့် တရားဆက်စွဲဆိုမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မစုဝေသော် 
အမှုဖြစ်စဉ်နှင့် မစုဝေသော် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်.. Click

လက်ရှိ မြန်မာပြည်ရဲ့ တရားရေး မဏ္ဍိုင်အခြေအနေတွေပါ..။ မိမိထံသို့လည်း 
တရားခံ ဦးမင်းသီလဘက်မှ ကာကွယ်ရေးသားချက်အား တစ်ဦးအီးမေးလ်မှ 
တစ်ဦးမှတစ်ဆင့် ပေးပို့လာသလို ကွန်မာန်ဖြင့်လည်း ဖြေရှင်းထားတာ တွေရပါတယ်..။ ဦးမင်းသီလဘက်မှ ဖြေရှင်းရေးသားထားတဲ့ အီးမေးလ်မှ ပေးပို့လာသူက ဥပဒေပုဒ်မများဖြင့် 
ဖော်ပြထားပါတယ်..။ အဓိက ထွက်ဆိုသူ တော်ဝင်နဂါး စားသောက်ဆိုင်မှ သက်သေ
မောင်စန်းသူရိန်ထွန်းရဲ့ ထွက်ဆိုချက်ကို ရေးသား ဖော်ပြထားပါတယ်...။ မောင်စန်းသူရိန်ရဲ့ 
ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး မသင်းသင်းကြူလှိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြမြထွေး 
(လက်ထောက်ကထိက ဒဿနိသဋ္ဌာန ဟင်္သာတတက္ကသိုလ်)ရဲ့ တိုင်ကြားစာမှာ ဖတ်ရှုနိုင်ပါတယ်..။

တရားကို နတ်စောင့်ပါတယ်လို့ ရေးသားထားတဲ့ ကွန်မာန့်တခုကို ဖတ်ရှုလိုက်ရလို့ လက်ရှိ
မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ တရားစီရင်ချက်တွေမှာ တရားကို နတ်စောင့်၊ မစောင့်ဆိုတာ
အထူးပြောစရာလိုမည် မထင်ပါ..။ အားလုံးသိပြီး ဖြစ်ပါတယ်...။ တရားကို စောင့်တဲ့နတ်က
နတ်ကောင်း၊ နတ်မြတ်လား မာရ်နတ်လား ဥပဒေအထက်မှာ ရှိနေကြတဲ့ အာဏာပိုင်တွေလား၊
ငွေရှင်ကြေးရှင်တွေလား ဆိုတာကတော့ ဆုံးဖြတ်ချက်ချသူ တရားသူကြီးသာ အသိဆုံးဖြစ်ပေလိမ့်မည်..။
Posted: 11 Jan 2012 09:18 AM PST
ရေးမိရေးရာ အတွေးစများ
(ကဗျာရှင် ကိုရွှေတောသား)

၂၀၁၀ ရွေးကောက်ပွဲအလွန်

သူတို့အဆိုအရ

လွတ်လပ်ပြီး တရားမျှတသော

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ပြီးတဲ့ နောက်မှာ

မြစ်ဆုံလိုမျိုး ရှုပ်ထွေးပွေလီတဲ့ တရုတ်စီမံကိန်းများစွာနဲ့

အခွံသာ ကျန်တော့တဲ့ မြန်မာပြည်ကို

ဖက်ဆစ်ကျမ်းကြေတဲ့ သန်းရွှေတို့ လူစုလက်ကနေ

အရပ်သားပုံပြောင်း စစ်သားအစိုးရလက်ထဲ

စုပ်ပြီးသား ကြံဖတ်တစ်ခုလို ရက်ရက်ရောရော လွှဲပေးခဲ့တယ် ။

အစိုးရဖွဲ့စည်းပုံ ပြောင်းလဲပြီဖြစ်ကြောင်း

လက်ဟောင်း ၀န်ကြီးတွေကိုဖြုတ်

သနားသောအားဖြင့်လွှတ်တော်မှာနေရာပေး

ကျေးဇူးတုန့်ပြန်သောအားဖြင့် စစ်အစိုးရကိုယ်စားလှယ်လုပ်

စစ်သားကိုယ်စားလှယ် ဘယ်ရွေ့

အရပ်သားကိုယ်စားလှယ် ဘယ်လောက်နဲ့

အရပ်သားတွေ ကြည့်လိုက်ပြန်တော့

စစ်ထွက်နဲ့ ပြည်ခိုင်ဖြိုး

သောက်ကျိုးနဲ လွှတ်တော်

ဒါပေမဲံ သမ္မတ စနစ်ကိုတော့ ဖော်ဆောင်နိုင်ခဲ့တယ်။


သမ္မတကြီးရဲ့ ဘုန်းသမ္ဘာကြောင့်

ဒေါက်တာက ဘယ် ၊ ရှစ်လုံးက ညာ

ဘဒ္ဒါဝတီ ဆင်မအပါအ၀င်

ရှစ်စီးရှင် သိန်းစိန်ရယ်လို့

အရှေ့တောင် အာရှတလွှား (၁၀) ပြည်ထောင်မင်းတွေကြားမှာ

ရေပန်းစားခဲ့ ရတဲ့အပြင်

မဟာသမ္မတ အာဆီယံ ဥက္ကဌနေရာကိုပါ

လျာထားချီးမြှင့်ခံခဲ့ရတယ် ။


အစိုးရပြောင်းလဲခဲ့ပေမယ့်

နေပြည်တော်ရုံးတွေကြား ဌာနဆိုင်ရာတွေသွားတဲ့အခါ

ဗိုလ်ကြီးက ဘယ်မှာ၊ ဗိုလ်မှူးက ဘယ်ဟာ

ဗိုလ်မှူးကြီးနဲ့တွေ့ချင်လို့ပါ

ဗိုလ်ချုပ်က လွှတ်လိုက်လို့ပါ ......နဲ့

အသွင်ပြောင်းအရပ်သားအစိုးရရဲ့

အရပ်ဖက်ဌာနဆိုင်ရာ ရုံးတွေဟာ

လေးစားပါတယ် ညီလေး

လေးစားပါတယ် အစ်ကိုကြီး......နဲ့

အားလုံး စစ်ရုံးတွေဖြစ်နေကြတယ် ။


အတွေ့အကြုံနဲ့ ပညာ နှစ်များစွာရှာမှီးလာတဲ့

ပညာရှင်ဆိုတဲ့ လူတန်းစားတွေတောင်

အိုဂျီနဲ့ အီကွေ့မင့် မ၀တ်ရုံတမယ်

ရှေ့တန်းစစ်မြေပြင်လိုမျိုး တသွေးတသံတမိန့်နဲ့

လှိမ့်နေအောင်ခံကြရတယ်

အာဏာရှင် ဆိုတာမရှိတော့ပါ

နိုင်ငံရေးအကျဉ်းသား မရှိတော့ပါ

စစ်အစိုးရ မဟုတ်တော့ပါ .......တဲ့

ဆရာကြီးတစ်ဦးပြောသလို ပြောလိုက်ချင်တော့တယ်

အစိုးရ ဆိုတာလေ...........

အစပဲ ရိုးတာ .............................တဲ့ ။
Posted: 11 Jan 2012 09:11 AM PST
ယုံကြည်မှုနဲ့ ဒီပြဇာတ် 
(ကဗျာရှင်မေ.. ၉.၁.၂၀၁၂)

No comments: