Monday, January 2, 2012

မလွှတ်ဘူး လွတ်သည်။ ‘လွတ်ငြိမ်းချမ်းသာခွင့်’???????

ဦးဝင်းတင်မှဘီဘီစီနှင့်အင်တာဗျူးတွင်ယခုလိုဦးသိန်းစိန်မှထောင်ကျအကျဉ်းသားတွေကိုလွတ်
ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ပြောလိုက်တဲ့ကိစ္စနှင့်ပါတ်လို့သူက-ပြည်သူလူထုကိုနားလှည့်ပြီးပါး ရိုက်တယ်လို့ကျနော်အဲဒီလိုပဲပြောချင်ပါတယ်။ရှင်း၇ှင်းပြောရရင်တော့မလွှတ်ဘူးလို့ပြောလိုက်တာပါပဲ
ကျနော်ပြောချင်တာကဘယ်လောက်စက်ဆုတ်နှုံချာတဲ့အစိုးရလဲဆိုတာသိနိုင်တာပေါ့။
(ဦးဝင်တင်)
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်...
Udp Myanmar 1:25pm Jan 2
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အမိန်.ထုတ်ပြီး အကျဉ်းသားတွေကို ရက်လျော့ပေးတာ၊ ထောင်ကနေ လွတ်ပေးမည့်လုပ်ရပ်အပေါ် ကြိုဆိုထောက်ခံပါသည်။ အကျဉ်းစံဘ၀မှ လူတွေ လွတ်လပ်မှုရရှိဖို.အတွက် ဆောင်ရွက်ချက်မှန်သမျှကို အားပေးသည်။ လူအများ လွတ်ပေးစေချင်တဲ့သူတွေလဲ ခြွမ်းချက်တွေနဲ. မကြာခင် လွတ်မြောက်လာမည်ဟု ယူဆနေဆဲပါ။ လွတ်ငြိမ်းချမ်းသာခွင့်လို. ပြောလိုက်တာနဲ. လူအများစုဟာ နိုင်ငံရေး အကျဉ်းသားတွေကို အဓိက ထားစဉ်းစားကြတာ ဖြစ်ပြီး တကယ်တမ်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အကျဉ်းစံနေရသည့် အကျဉ်းသားတိုင်းအတွက် မင်္ဂလာရှိတဲ့ ကောင်းသတင်းတွေ ဖြစ်စေတာမို. အားလုံး မျော်လင့်ကြိုဆိုတဲ့အရာပါ။ မြန်မာပြည်က အကျဉ်းစံသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေရှိသလို စစ်ထောက်လှမ်းရေးအုပ်စုတွေနဲ. ရိုးရိုး ရာဇ၀တ် ပစ်မှုတွေနဲ. ထောင်ကျနေသည့် အကျဉ်းသားတွေလဲ ရှိပါသည်။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားတိုင်း ထောင်ထဲမှာ ရှိနေတဲ့သူတွေ အားလုံးကို ခြုံငုံပြီး စဉ်းစာရတာမို. အာဏာပိုင်တွေအတွက် အခက်အခဲတွေလဲ ရှိနိုင်ပါသည်။ ရာဇ၀တ်မှုနဲ. အကျဉ်းကျနေတဲ့သူတွေထဲမှာတောင် အားလုံးဟာ လူဆိုးသူခိုး လူမိုက်တွေ ရာဇ၀တ်ကောင်တွေလို. သိမ်းကျုံးပြောလို. မဖြစ်နိုင်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေတွေ အမျိုးမျိုးကြောင့် စိတ် မထိမ်းနိုင်ပဲ စိတ်လိုက်မာန်ပါ လုပ်မိလို. တချို.လဲ မိသားစုနဲ. စားဝတ်နေရေးအတွက် မမျှော်လင့်ပဲ ပစ်မှုတွေ ကျူးလွန်မိတဲ့သူတွေလဲ ရှိနေတာမို. ဘယ်လိုပဲ ဖြစ်ဖြစ် ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေ ထောင်ကျနေတဲ့ လူသားတွေ အပြင်ကို ထွက်လာပြီး မိသားစုတွေ ဆွေမျိုးတွေနဲ. ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲကို ပြန်လည် ၀င်ရောက်ခွင့်ရရှိတဲ့ အခွင့်အလန်းတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်တိုင်းကို အားပေး ကြိုဆိုတာဖြစ်ပါသည်။ ဒါကြောင့် အပြုသဘောပြောင်းလဲမှုတွေအတွက် အပြုသဘောဆောင်တဲ့အရာတွေ ဆက်ပြီး လုပ်ပေးနေမယ်လို. ယုံကြည်နေတာကြောင့် မျှော်လင့်ချက်တွေကို မစွန်.ပစ်နိုင်သေးပါ။ သူတို.တွေလဲ ပါလာ ထွက်လာပါလိမ့်မည်ဟု ယုံကြည်ယူဆနေဆဲပါ။ လွတ်သင့်တဲ့သူတွေ များများနဲ. မြန်မြန် အိမ်ပြန်လာနိုင်ကြပါစေ။ အိမ်အပြန်စောင့်နေတဲ့မိသားစုတွေလဲ နှစ်သစ်မှာ ကြီးမြတ်တဲ့ဆုလာဒ်တွေရရှိနိုင်ပါစေ။
 ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန်လိုက်သည်။

အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများ ကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။

ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသော စ၀်ဆေထင်တို့ လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။

ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။

No comments: