Sunday, January 22, 2012

ပြည်ပအသံလွှင့်ဌာနများအပေါ် သဘောထား။(ယူဒီပီ မြန်မာ)


ကချင်မှာ ကျောင်းသားတွေ အသတ် ခံရတဲ့အမှုဟာ သေဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှန်တရားနဲ. သမိုင်းတွေကို ဖော်ထုတ်ပေးဖို. အရေးကြီးယုံတင်မက နောင်လားနောက်သားတွေအတွက် သိထား လေ့လာထားဖို. လိုအပ်တဲ့ လက်နက်ကိုင်တော်လှန်ရေး- တောတွင်းနိုင်ငံရေးအတွက် ကာကွယ်ဆေး ပညာပေး တွေလဲ ဖြစ်သွားပါမည်။ သမိုင်းကင်ဆာကို ကုသရာရောက်သလို နောက်ဖြစ်လာမည့် ရောဂါအသစ်တွေအတွက် မဖြစ်အောင် ကြိုတင်ကာကွယ်ဆေး- ပညာပေး လုပ်ရာလဲ ဖြစ်ပါသည်။ သမိုင်းကင်ဆာဖြစ်တဲ့အတိုင်း--ခံစားခဲ့ရတဲ့ဝေဒနာတွေ နစ်နာချက်တွေကတော့ ဘယ်လောက်ပဲ ကုကု နဂိုမူလအဆင့် မူလအခြေအနေတွေကိုတော့ ပြန်ရောက်တော့မှာ မဟုတ်ပါ။ ။ ဒါပေမယ့် ဒီလိုကုသမှုတွေ အတွေ.အကြုံတွေကပဲ နောင်မှာ တောခိုဖို. လက်နက်ကိုင် လမ်းစဉ်ကို လုပ်မယ်လို. စိတ်ကူးသူ စိတ်ဝင်စားသူတွေ ကျောင်းသားလူငယ်တွေအတွက် ဒီဖြစ်ရပ်တွေ ဒီသမိုင်းတွေကို အရင်လေ့လာပြီး--ဘာလုပ်သင့်သလဲဆိုတဲ့ သင်းခန်းစာတွေ ပညာပေး လက်ဆွဲတွေ ဖြစ်လာစေမှာမို. နောက်ထပ် အနာဂတ်၏ ရတနာကြယ်ပွင့်တွေကို အချိန်မတန်ပဲ လူယုတ်မာတွေ လူရမ်းကား ရာဇ၀တ်ကကောင်တွေ၏ လက်ချက်က လွတ်မြောက်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ အခုအချိန်အထိ လက်နက်ကိုင်တော်လှန်ရေးနဲ. အောင်ပွဲခံရမည်လို. ကြွေးကြော်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေ မပြောနဲ. ကိုယ့်ရဲဘော်တွေ အဖွဲ.၀င်တွေ မတရား အသတ်ခံရတာ နှိပ်စက်ခံရတာတောင် တကယ် လက်တွေ.မှာ ဘာမှ မလုပ်ပေးနိုင်ဘူး ရပ်တည် မပေးနိုင်ဘူးဆိုတဲ့ အရှိတရားကိုလဲ ထင်ဟပ်စေပါသည်။ ။ ထို.အတူ အမှန်တရားတို. တရားဥပဒေ စိုးမိုးရေး လူ.အခွင့်အရေးကို မြတ်နိုးပါတယ် တိုက်ပွဲ ၀င်နေပါတယ်ဆိုတဲ့ Established Leaders-အရှိန်အ၀ါကြီးပြီး ထိပ်တန်းရောက်တဲ့အပြင် သြဇာသက္ကမကြီးတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေအတွက်လဲ သူတို.ဟာ ဘယ်လို လူစားတွေလဲ ဆိုတာ ဒီဖြစ်ရပ်က မှတ်ကျောက်တင်မည့် Measurement Tool ဖြစ်သွားမှာပါ။ ။။ စစ်တပ်။ အစိုးရနဲ. အာဏာပိုင်တွေ မဟုတ်တာလုပ်ရင် ဆပ်ဆပ်ခါအောင် နာတတ် အော်တတ်တဲ့သူတွေ ရပ်ကွက်ထဲက အဒေါ်ကြီး လေလည် ရင်တောင် ဒါ ဘာကြောင့် ဖြစ်တယ် ဘယ်လို ဖြစ်တယ် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုပြီး ကောက်ချက်တွေ မှတ်ချက်တွေ သုံးသတ်ချက်တွေနဲ. ပွားချင် ပြောချင်တဲ့သူတွေ---- အခု ဒီကိစ္စမှာ ဘာကြောင့် ငြိမ်နေသလဲ။ လက်ရှောင်နေသလဲ--- နှာစေးနေသလဲဆိုတာကိုလဲ လူတွေ သိခွင့်ရတော့---သူတို.ပြောတဲ့ အမှန်တရား-- သူတို.ပြောတဲ့ တရားမျှတမှု ဥပဒေ စိုးမိုးမှု လွတ်လပ်မှု လူ.အခွင့်အရေးနဲ. နစ်နာသူတွေ ခံရသူတွေ နိမ့်ကျသူတွေဖက်က ရပ်တည်သူတွေဆိုတာ----အပြောနဲ. အလုပ်။ ခံယူချက်နဲ. လက်တွေ. ဆောင်ရွက်မှုတွေ ညီ မညီ စစ်ဆေးရာလဲ ရောက်ပါသည်။ ဘယ်သူတွေက တကယ် အမှန်တရားကို မြတ်နိုးသူလဲ--- လူတွေ သိခွင့် ရရှိတာမို.--- ဘီလူးတွေ မင်းသား မျက်နှာဖုံးတွေ အချွတ်ခံရ အခွါခံရတဲ့ ပွဲမျိုးပါ။
ပြည်ပသတင်းဌာနတွေ၏ ပြည်သူတွေ ပရိတ်သတ်တွေအပေါ် ဘယ်လောက်အထိ စာနယ်ဇင်း ကျင့်ဝတ်နဲ.အညီ အမှန်တိုင်း သတင်းပေးသလဲ အသိပေးသလဲ--- ထင်ရှားစေပါသည်။ ABSDF( မြောက်ပိုင်း)မှာ ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စ အင်တာနက်တွေ Social Media ဖြစ်တဲ့ Facebook & Blog တွေမှာ ဒီလောက် ရေးသားနေတာ ပြောဆိုနေတာ Crimes for Justices တရားမျှတမှုအတွက် အော်ဟစ် ငိုကြွေးနေတဲ့ကိစ္စတွေကို ဘယ်သတင်းဌာနကမှ လေ့လာစုံစမ်းမှု လုပ်ပြီး ပြည်သူကို အမှန်အတိုင်း အသိပေးတာ သတင်းထုတ်လွှင့်တာ မရှိပါဘူး။ ဒါအပြင် Facebook တွေမှာ ပြည်ပ သတင်းဌာနက သတင်းထောက်တွေ အများကြီး ရှိကြပေမယ့် အဲဒီ မောင်းမင်းကြီးသားတွေ၊ မယ်မင်းကြီးမတွေဟာ ဒီကိစ္စတွေကို မသိနိုင်တာ မကြားဖူး မမြင်ဖူးဆိုတာလဲ မဖြစ်နိုင်ပါ။သတင်းထောက် သတင်းသမားဖြစ်ပြီး ဒီဟာတွေကိုမှ မကြားဘူး မမြင်ဘူး မသိဘူးဆိုရင် ဘယ်မှာလဲ ပြည့်နား ပြည့်မျက်လုံးဆိုတာ---ဖြစ်တော့မှာလဲ။ ဒါ့အပြင် အစိုးရဌာနတွေ ရဲစခန်းတွေမှာ တခုခု ပြဿနာတက်ရင် သက်ဆိုင်ရာ သတင်းဌာနတွေက ပြောလေ့.ရှိသည့် စကားကတော့===” ဒီကိစ္စနဲ. ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်း--သက်ဆိုင်ရာ ဆေးရုံကို---ကျနော် ကျမတို. BBC-RFA-VOA-DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်ဖို. ကြိုးစားခဲ့ပေမည့် ပြန်လည်ဖြေကြားဖို. ငြင်းဆိုခဲ့ပါသည်။ ဖုန်းကိုင်မည့်သူ မရှိပါဘူး။ တာဝန်ရှိတဲ့ လူကြီး အစည်းအဝေး တက်နေပါတယ်လို.သာ--- ပြောပြီး ဖုန်းချသွားတယ်---”ဆိုတာမျိုး ပြည်ပ သတင်းဌာနတွေက လုပ်တတ် ပြောတတ် အကြောင်းပြတတ်ပါသည်။ ဒါပေမယ့် အဲဒီ သတင်းဌာနတွေဆီကို ပြည်သူတွေက စာရေးဆက်သွယ်တာ၊ ဖုန်းဆက်ပြီး အသိပေးတာ၊ မေးမြန်းတာမျိုးဆိုရင်---တုန်.ပြန်ဖြေကြားခြင်း ဖြေရှင်းခြင်းမရှိဘဲ-ဥပက္ခြာ့ပုတာ လျစ်လျူရှုတာက များပါသည်။ ကိုယ်ကတော့ သူများကို ဆက်သွယ်လို. မေးတာ မရရင် သတင်းထဲ ထည့်ပြီး တွယ်တတ်ပေမယ့် ကိုယ့်ကိုယ် ပရိသတ်တွေက မေးတာ မြန်းတာ စာရေးတာမျိုးကျတော့ ဘယ်တော့မှ အကြောင်းမပြန်တတ်တဲ့ ပြည်ပ သတင်းဌာနတွေ၏ ကျင့်ဝတ်နဲ. Professional Standard and Code of Conducts ကိုလဲ ပိုပြီး ပေါ်လွင်စေပါသည်။ အမှန်တရားကို တားလို. ရမည် မဟုတ်ပါ။ ဖုံးကွယ်ဖို. မကြိုးစားပါနဲ.။။ လူထုကို အမှန်အတိုင်း အသိပေးဖို. သတင်းပေးဖို. တာဝန်ရှိပါသည်။(Udp Myanmar)

No comments: