ပြည်ပတွင်ခိုလှုံ၍ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထမ်းဆောင်ရသည် ပြစ်မှုတာဝန်များနှင့် ငြိစွန်းနေပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရမည်ဖြစ် ကြောင်း ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောသည်။
" နိုင်ငံခြားကို ရောက်နေတဲ့သူတွေကို ပြန်လာဖို့လည်း ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထမ်းဆောင်ရတဲ့ တာဝန်ကြီးလေးရပ် ရှိပါတယ်။ နိုင်ငံခြားကပြန်လာသည်ဖြစ်စေ၊ မ လာသည်ဖြစ်စေ ဒီအချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုရင် အရေးယူရမှာပါပဲ" ဟု ပြောသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်ကတည်းက ပြည်ပသို့ရောက်ရှိနေသည် အမြင်သဘောထားမတူသူများကို မြန်မာ့ဒီမိုကရေစီရေး ခရီးလမ်းတွင် တူညီသည်များပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်းသို့ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသူများလည်း ရှိခဲ့သည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများရှိသလို ယခုအခါ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသူများကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီ ဖြစ်ရာ ပြည်ပသို့ ထွက်ပြေးသွားသူများအပေါ် သဘော ထားနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက " သူတို့ဒီမှာဘာတွေလုပ်သွားလဲ သူတို့မြန်မာနိုင်ငံအတွင်း မှာသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း ရာဇာဝတ်ပြစ်မှုတွေ ကျူးလွန်ထားတယ်ဆိုရင် အဲဒီပြစ် မှုတွေနဲ့ ပတ်သက်လို့တော့ခံရမှာပါပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာက တိုင်းပြည်နဲ့ လူမျိုးအကျိုးကို လုပ်တာနိုင်ငံ ရေး လုပ်တာ အဲဒီတော့ အကျိုးကိုလုပ်တဲ့သူကို အရေးယူတယ်ဆိုတာမရှိဘူး။ ဒါကို လုပ်ရင်းနဲ့ ရာဇ၀င်မှုတွေ ကျူးလွန်လို့ ဥပဒေအရ အရေးယူရတာ" ဟုပြောသည်။
No comments:
Post a Comment