Tuesday, January 24, 2012
အေဘီမြောက်ပိုင်းလူသတ်မှု ကျနော့်မှာတာဝန်မရှိဘူး (မိုးသီးဇွန်)
တချို့ လူတွေကသက်သက်မဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာတွေရှိတယ်။ကျနော်တို့ ကအကြိမ်ကြိမ်ရှင်းပြခဲ့တယ်။ မြောက်ပိုင်းကိစ္စတွေဟာ
ဘယ်သူတွေတာဝန်ရှိတာလည်းဆိုတာ။ လူတဖက်သားကို လက်ညိုးမ ထိုး ချင်လို့ ။သမိုင်းဖြစ်ရပ်မှန်တွေရှိတယ်။ ပြန်လေ့လာပါလို့ ပြော ချင် တယ်။ အဲတော့ချဲလင့်လုပ်တာတခုကတော့ အခုအင်တာနက် မှာရေးနေ တဲ့လူုတွေ ကျနော်က အခုအမေ ရိကားမှာနေတယ်။ အင်္ဂလန် ကိုလည်း သွားတယ်။ ဂျပန်လည်းလာတယ်။ တရားဥပဒေရှိတယ်။ ကျနော့် ကိုကျနော်သင်္ဃန်း ကျွန်းနေတုန်းက ကျနော့်ကို ဖိုးတုတ်ကြီး ကနှိပ်စက် ထားတယ်။ခင်ဗျားကိုနှိပ်စက် ထားတယ်။ ဒါမှမဟုတ် တယောက်ယောက်ကိုနှိပ်စက်ထားတယ်။ ဒီရောက် လာရင် ရဲကိုအကြောင်းကြားလိုက်ပေါ့။ အဲဒါကိုလုပ်ပါ။ ချဲလင့်လုပ်ပါ။ သတ္တိရှိရှိနဲ့ ။ ဘာမှန်းမသိအမည် မခံပဲနဲ့ ရေးနေ။ ဒါတချက် ကျနော်ပြောချင်တယ်။
ကျနော်တို့ သည် ဒီမိုကရေစီတော်လှန်ရေးမှာလူ့ အသက်ကိုကယ်ခဲ့တာပဲရှိတယ်။ အဲဒီလိုကယ်ခဲ့ တာ ဟ နအဖတွေပါတယ်။စပိုင်တွေပါတယ်။ အများကြီးကိုကျနော်တို့ ကယ်ခဲ့တယ်။ အဲလို ဘာမှန်းညာမှန်း မသိ။အဲလိုဖြစ်နေတဲ့ လူတွေ။ သူတို့ အသက်တွေရအောင်ကယ်လာခဲ့တယ်။ ၂၃ နှစ်လုံး ကျနော့်အမေ သည် ကျနော် ဘာမှပြန်မလုပ်ပေးနိုင်ဘူး။ အရမ်းဒုက္ခရောက်တယ် ကျနော့်အမေ။ ဟုတ်လား။ သူ့ ရဲ့  property တွေဆုံးရှုံးသွားတယ်။ ဒုက္ခရောက်တယ်။ ကျနော်သားတယောက်အနေနဲ့ တာဝန်မကျေခဲ့ ဘူး။ ကျနော် သူ့ ကိုပြန်ကျေးဇူးဆပ်နိုင်တဲ့ဟာက ကျနော် ကြောင့် အရှက်တကွဲ အကျိုးနည်းမဖြစ်စေရဘူး။ ကျနော့်ကိုချစ်တဲ့မိတ်ဆွေတွေက တပြည်လုံးမှာရှိတယ်။ မင်းကိုနိုင်ရဲ့ မိတ်ဆက်တွေ ပြန်နားထောင်လို့ ရ တယ်။ သူတို့ ကျနော့်အပေါ်ယုံကြည်တယ်။ တချို့ ကတော့ကျနော့်ကို ပျက်စီးစေချင် တယ်။ သူတို့ ကတော့ ဘယ်လိုမှ ရှင်းပြလို့ မရဘူး။ အဲဒီလိုလူတွေမျက်နှာပျက်အောင်ကျနော်မလုပ်ဘူး။ ဥပဒေရှိတဲ့နိုင်ငံ။ ကျနော်ဗမာပြည်လည်းပြန်ရဲတယ်။ ဗီဇာထုတ်ပေးလိုက်။ ကောက်ခနဲပြန်သွားမယ်။ ဟုတ်လား။ ဖမ်းရင် ကျနော်တို့ ဝင်လိုက်မယ်။ ပစ်သတ်ရင် ကျနော်တို့ ရင်ကော့ခံရဲတဲ့ကောင်တွေ။ ဆိုတော့အဲဒီလောက် ဆိုရှင်းပြီထင်ပါတယ်။
ကျနော်တို့ နှစ်ဖွဲ့ ကွဲသွားတော့ လူသတ်မှုကိစ္စတွေဖြစ်နေ တယ်။ မြောက်ပိုင်း မှာ။ ဖြစ်နေတဲ့အတွက် ကန့် ကွက်ခဲ့တယ်။ အေဘီအက်အဖွဲ့ ဝင်ရှစ်ထောင်ရှိတယ်။ ကျနော်တို့ ဖက်မှာ လူနည်း စုပဲပါ တယ်။ နှစ်ထောင်လောက်ပဲပါတယ်။ အများစုကြီး ပါသွားတယ်။ အခုအွန်လိုင်းမှာရေးနေတယ်။ ကျနော်က မပြောချင်ဘူး။ ကျနော်တို့ evidence တွေလည်းရှိတယ်။ ဂျပန်မှာကျနော်တို့ ကိုထောက်ခံတာအဲဒီကာလက အနည်းစုလေးပဲရှိတယ်။ အများစုကြီးကျနော်တို့ ကို အမယ် ဟေ့တော်လှန်ရေးပဲ။သတ်တာဘာဖြစ်လဲ။ ဒီလိုပြန်လာတာခံရတယ်။ ဒီကောင်တွေဒီမိုကရေစီ မလိုက်နာတဲ့ကောင်တွေ။ ဒီမိုကရေစီဟာ principle ရှိတယ် ။ လူသတ်တာမှမဟုတ်တာ။အဲဒီတုန်းက ကိုစိုးဝင်းရှိန်တို့ လည်းကျနော်တို့ ကိုထောက် ခံတဲ့အထဲမှာမပါဘူး။ ကျနောတို့ ရက်ကော့တွေ ရဲဘော်တွေပို့ လာတယ်။ ဒီလူသတ် မှုတွေ ကြောင့်ကျနော် တို့ ဒီလိုကွဲသွား တယ်ပြောတော့ ခင်ဗျား တို့ မပါဘူး။ကျနော်တို့ ရက်ကော့ထဲမှာ။ ကျနော်တို့ ရဲဘော်တွေ မနေ့ က ရီပို့ ပြန်လုပ်တယ်။ ဟေ့ဂျပန်က ငါ့ကိုထောက်ခံတဲ့သူတွေဘယ်သူလဲ။ လူသတ်မှုတွေကြောင့် ကျနော် တို့ နှစ်ဖွဲ့ ကွဲသွားတဲ့ အခါကျတော့။ နာမည်တွေကြည့်တယ်။ ၀မ်းနည်းစွာပဲခင်ဗျားနာမည် မတွေ့ ရဘူး။
ဘယ်သူတွေတာဝန်ရှိတာလည်းဆိုတာ။ လူတဖက်သားကို လက်ညိုးမ ထိုး ချင်လို့ ။သမိုင်းဖြစ်ရပ်မှန်တွေရှိတယ်။ ပြန်လေ့လာပါလို့ ပြော ချင် တယ်။ အဲတော့ချဲလင့်လုပ်တာတခုကတော့ အခုအင်တာနက် မှာရေးနေ တဲ့လူုတွေ ကျနော်က အခုအမေ ရိကားမှာနေတယ်။ အင်္ဂလန် ကိုလည်း သွားတယ်။ ဂျပန်လည်းလာတယ်။ တရားဥပဒေရှိတယ်။ ကျနော့် ကိုကျနော်သင်္ဃန်း ကျွန်းနေတုန်းက ကျနော့်ကို ဖိုးတုတ်ကြီး ကနှိပ်စက် ထားတယ်။ခင်ဗျားကိုနှိပ်စက် ထားတယ်။ ဒါမှမဟုတ် တယောက်ယောက်ကိုနှိပ်စက်ထားတယ်။ ဒီရောက် လာရင် ရဲကိုအကြောင်းကြားလိုက်ပေါ့။ အဲဒါကိုလုပ်ပါ။ ချဲလင့်လုပ်ပါ။ သတ္တိရှိရှိနဲ့ ။ ဘာမှန်းမသိအမည် မခံပဲနဲ့ ရေးနေ။ ဒါတချက် ကျနော်ပြောချင်တယ်။ ကျနော်တို့ သည် ဒီမိုကရေစီတော်လှန်ရေးမှာလူ့ အသက်ကိုကယ်ခဲ့တာပဲရှိတယ်။ အဲဒီလိုကယ်ခဲ့ တာ ဟ နအဖတွေပါတယ်။စပိုင်တွေပါတယ်။ အများကြီးကိုကျနော်တို့ ကယ်ခဲ့တယ်။ အဲလို ဘာမှန်းညာမှန်း မသိ။အဲလိုဖြစ်နေတဲ့ လူတွေ။ သူတို့ အသက်တွေရအောင်ကယ်လာခဲ့တယ်။ ၂၃ နှစ်လုံး ကျနော့်အမေ သည် ကျနော် ဘာမှပြန်မလုပ်ပေးနိုင်ဘူး။ အရမ်းဒုက္ခရောက်တယ် ကျနော့်အမေ။ ဟုတ်လား။ သူ့ ရဲ့  property တွေဆုံးရှုံးသွားတယ်။ ဒုက္ခရောက်တယ်။ ကျနော်သားတယောက်အနေနဲ့ တာဝန်မကျေခဲ့ ဘူး။ ကျနော် သူ့ ကိုပြန်ကျေးဇူးဆပ်နိုင်တဲ့ဟာက ကျနော် ကြောင့် အရှက်တကွဲ အကျိုးနည်းမဖြစ်စေရဘူး။ ကျနော့်ကိုချစ်တဲ့မိတ်ဆွေတွေက တပြည်လုံးမှာရှိတယ်။ မင်းကိုနိုင်ရဲ့ မိတ်ဆက်တွေ ပြန်နားထောင်လို့ ရ တယ်။ သူတို့ ကျနော့်အပေါ်ယုံကြည်တယ်။ တချို့ ကတော့ကျနော့်ကို ပျက်စီးစေချင် တယ်။ သူတို့ ကတော့ ဘယ်လိုမှ ရှင်းပြလို့ မရဘူး။ အဲဒီလိုလူတွေမျက်နှာပျက်အောင်ကျနော်မလုပ်ဘူး။ ဥပဒေရှိတဲ့နိုင်ငံ။ ကျနော်ဗမာပြည်လည်းပြန်ရဲတယ်။ ဗီဇာထုတ်ပေးလိုက်။ ကောက်ခနဲပြန်သွားမယ်။ ဟုတ်လား။ ဖမ်းရင် ကျနော်တို့ ဝင်လိုက်မယ်။ ပစ်သတ်ရင် ကျနော်တို့ ရင်ကော့ခံရဲတဲ့ကောင်တွေ။ ဆိုတော့အဲဒီလောက် ဆိုရှင်းပြီထင်ပါတယ်။
ကျနော်တို့ နှစ်ဖွဲ့ ကွဲသွားတော့ လူသတ်မှုကိစ္စတွေဖြစ်နေ တယ်။ မြောက်ပိုင်း မှာ။ ဖြစ်နေတဲ့အတွက် ကန့် ကွက်ခဲ့တယ်။ အေဘီအက်အဖွဲ့ ဝင်ရှစ်ထောင်ရှိတယ်။ ကျနော်တို့ ဖက်မှာ လူနည်း စုပဲပါ တယ်။ နှစ်ထောင်လောက်ပဲပါတယ်။ အများစုကြီး ပါသွားတယ်။ အခုအွန်လိုင်းမှာရေးနေတယ်။ ကျနော်က မပြောချင်ဘူး။ ကျနော်တို့ evidence တွေလည်းရှိတယ်။ ဂျပန်မှာကျနော်တို့ ကိုထောက်ခံတာအဲဒီကာလက အနည်းစုလေးပဲရှိတယ်။ အများစုကြီးကျနော်တို့ ကို အမယ် ဟေ့တော်လှန်ရေးပဲ။သတ်တာဘာဖြစ်လဲ။ ဒီလိုပြန်လာတာခံရတယ်။ ဒီကောင်တွေဒီမိုကရေစီ မလိုက်နာတဲ့ကောင်တွေ။ ဒီမိုကရေစီဟာ principle ရှိတယ် ။ လူသတ်တာမှမဟုတ်တာ။အဲဒီတုန်းက ကိုစိုးဝင်းရှိန်တို့ လည်းကျနော်တို့ ကိုထောက် ခံတဲ့အထဲမှာမပါဘူး။ ကျနောတို့ ရက်ကော့တွေ ရဲဘော်တွေပို့ လာတယ်။ ဒီလူသတ် မှုတွေ ကြောင့်ကျနော် တို့ ဒီလိုကွဲသွား တယ်ပြောတော့ ခင်ဗျား တို့ မပါဘူး။ကျနော်တို့ ရက်ကော့ထဲမှာ။ ကျနော်တို့ ရဲဘော်တွေ မနေ့ က ရီပို့ ပြန်လုပ်တယ်။ ဟေ့ဂျပန်က ငါ့ကိုထောက်ခံတဲ့သူတွေဘယ်သူလဲ။ လူသတ်မှုတွေကြောင့် ကျနော် တို့ နှစ်ဖွဲ့ ကွဲသွားတဲ့ အခါကျတော့။ နာမည်တွေကြည့်တယ်။ ၀မ်းနည်းစွာပဲခင်ဗျားနာမည် မတွေ့ ရဘူး။
အင်တာနက်မှာတော့ ခင်ဗျားက သူရဲကောင်းကြီးလိုဖြစ်နေတယ်လေ။ ဟုတ်တယ်မဟုတ်လား။ အဲတော့ ဒီလောက်ဆို ရှင်းပြီလို့ မြင် တယ်။
မေး။ ကိုမိုးသီးဇွန်အနေနဲ့ တာဝန်ရှိတယ်လို့ ၊ကိုယ်ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တယ်လို့ ကော ခံစားရလား။
ဖြေ။ မခံစားရဘူး။ ကျနော့်မှာတာဝန်မရှိဘူး။
မေး။ မြောက်ပိုင်းလူသတ်မှုဖြစ်တဲ့အထဲမှာကိုမိုးသီးဇွန်အနေနဲ့ ဘာတာဝန်မှမရှိဘူး။
ဖြေ။ အေဘီအက်စ်ဒီအက်ဖ် တိတိကျကျပြောရရင် အေဘီအက်စ်ဒီအက်ဖက်ကွဲသွားပြီ။ ကွဲ သွားပြီးတော့ လေးငါးလကြာတော့ မှ ဖြစ်တယ်။ အဲဒီကိစ္စတွေ။ သုံးလေးလလောက်လား။ ကျနော်အသေ အချာမမှတ်မိဘူး။ဒါပေမယ့် ကွဲသွားပြီ။ အဲဒီလိုမျိုးမလုပ် ဖို့ ကျနော်တို့ ကချက်ခြင်းအင်န်ဂျီအိုတွေ သံတမာန်တွေကို ကျနော်တို့ ချက်ခြင်းသတင်းပို့ လိုက်တယ်။ သူ့ တို့ အဖွဲ့ ကို လည်းပို့ တယ်။
မေး။ အဲဒီတုန်းက ကိုမိုးသီးဇွန်က အေဘီရဲ့ ဥက္ကဌအနေနဲ့ ..
ဖြေ။ ကွဲသွားပြီ။
မေး။ကိုမိုးသီးဇွန် အေဘီဥက္ကဌအနေနဲ့ ဒီလိုပြဿနာတွေမဖြစ်ခဲ့ဘူးပေါ့။
ဖြေ။ မဖြစ်ခဲ့ဘူး။
မေး။ဒါဆိုကိုမိုးသီးဇွန် ပြီးသွားပြီးမှဒီပြဿနာတွေဖြစ်တာပေါ့။
ဖြေ။ ဟုတ်တယ်။ဟုတ်တယ်။ကျနော်တို့ ရက်ကော့ တွေရှိတယ်။
မေး။ ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဟောင်းတယောက်အနေနဲ့  အခုဖြစ်ပျက်နေတဲ့အပေါ်မှာဘယ် လိုတာဝန်ယူဆောင်ရွက်ပေး မလဲ။
ဖြေ။ အဲဒါကတော့ကျနော်မပြောနိုင်ဘူးလေ။ ခုလောလောဆယ်မှာက ကျနော်တို့  မှာဘာပါဝါမှမရှိတော့ တာဝန်ယူ ဖို့ ဆိုတာပါဝါတခုရှိဖို့ လိုတယ်။ အထူးသဖြင့် ဒီကိစ္စတွေအမှုမှန်ဖော်ထုတ်ဖို့ ဆိုတာက အခြေအနေနဲ့  အချိန်အခါတွေ လိုအပ်လာတယ်။
မေး။ အဲဒီတုန်းကဖြစ်ပျက်တဲ့ဟာတွေက သမိုင်းရဲ့ အဖြစ်အပျက်တွေက ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် တို့ ရဲ့ အုပ်စု ။ဂိုဏ်းဂဏ ကွဲမှုကြောင့်ဖြစ်ကြတယ်လို့ သိရတယ်။ အဲဒီဟာကော ဟုတ်သလား မဟုတ်ဘူးလား။
ဖြေ။ အဲဒါတော့ကျနော်တို့ မပြောတတ်ဘူးလေ။ ဘယ်သူ့ ပဲဖြစ်ဖြစ် နအဖလူ လို့ ပဲစွပ်စွဲစွဲနိုင်အောင် လူလို့ ပဲစွပ်စွဲစွဲ။ ဒီလိုမျိုး human right violation မလုပ်ဖို့ ။အ ဓိက က။ သူ့ ဟာသူ နိုင်ငံရေး အရလည်းကွဲချင်ကွဲမယ်။ မကွဲချင်မကွဲဘူး။ နိုင်ငံရေးကွဲနေတာကို သွားပြီးတော့ ဒီလိုလုပ်တာတော့ လက်မခံဘူး။ ဘေးကနေ ပြီးတော့လျှောက်သုံးသပ်နေတာ ကျနော်တို့ ဘယ်လိုပြော လို့ ရမတုန်း။
မေး။ ဒီကိစ္စတွေကိုပြန်လည်ဖော်ပြနေတဲ့အပေါ်မှာကော ကိုမိုးသီးဇွန် ဖော်ပြသင့်တယ်လို့ မထင်ဘူးလား။
ဖြေ။ ကျနော့်သဘောထားကိုပြောထားပြီးပြီလေ။ ကျနော့်သဘောထားစောစောကပြောထားပြီးပြီ။ ခင်ဗျားအသေးစိတ် တရားခံလိုမေး နေတယ်ဆိုရင်တော့ ဒါတရားခွင်လည်းမဟုတ်ဘူး။ သတင်းစာရှင်းလင်း ပွဲ။ ဟုတ်တယ်မဟုတ် လား။ ကျနော်ဖြေနိုင်တဲ့ဟာကိုဖြေထားပြီးပြီ။ တကယ်မှထပ်ပြီးမေးချင်ရင် ကျနော်ပြောထားပြီးပြီ။ ဂျပန်ရဲကိုတိုင်လိုက်။ ကျနော် လာဖြေရှင်းပေးမယ်။ တရားရုံးတရားစွဲလိုက်။ အဲ ဒီတော့မှ ခင်ဗျားလိုချင်တဲ့အဖြေဆီရောက်မယ်။ ဟုတ်တယ်မဟုတ်လား။
No comments:
Post a Comment