
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးလိုက်ပြီး မကြာခင် မြန်မာပြည် ထပ်သွားဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး အပါအ၀င် သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ မြန်မာအာဏာပိုင်တွေ ဆောင်ရွက်နေတာတွေကို အင်မတန် ကျေနပ်အားရမိပါတယ်" လို့ ဘန်ကီမွန်းက နယူးယောက်မှာ သတင်းထောက်များကို ပြောလိုက်ပါတယ်။
နေပြည်တော်နဲ့ တိုက်ရိုက် စကားပြောနေတယ်၊ ထပ်ပြီးဆွေးနွေးနိုင်ဖို့ သိပ်မကြာခင်အနာဂတ်မှာ မြန်မာပြည်ထပ်သွားဖို့လည်း ပြင်ဆင်နေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
No comments:
Post a Comment