2012-01-25
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့က လာရောက် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - RFA)
ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး၀န်ကြီးပြော
2012-01-26
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရားနဲ့ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းတို့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အသွင်ပြောင်းမှုသာ ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြောကြားလိုက်ပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်မှ တွေ့ဆုံမေးမြန်းစဉ်။ Photo/RFA
မိမိတို့ စတင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်း၊ အနာဂတ်မှာလည်း အဆင့်လိုက် စနစ်တကျ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေစဉ် ပြောခဲ့တာပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အဲဒီ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ကိုလည်း မိမိတို့ ပြင်ဆင်ပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်လို အခက်အခဲတွေလည်း ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူမှာဖြစ်တဲ့အတွက် နိုင်ငံတကာ တိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုအလေးထား ဆောင်ရွက်သွားမယ် လို့လည်း ပြောပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နဲ့ ဆွေးနွေးစဉ်မှာ အိန္ဒိယမြန်မာ နယ်စပ်က သူပုန်တွေ နှိမ်နင်းရေး၊ နယ်စပ် ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု နှိမ်နင်းရေးနဲ့ လက်နက်ခဲယမ်း ရောင်းဝယ်မှု ပူးတွဲနှိမ်နင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးကလည်း မြန်မာနိုင်ငံက လမ်းပန်း ဆက်သွယ်ရေး နဲ့ စီးပွားရေး စီမံကိန်းတွေကို အကူအညီ ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
No comments:
Post a Comment