| |
အဆိုပါ အစည်းအဝေးတွင် သူရဦးရွှေမန်းက ပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအ နေမှန်များကို ရှာဖွေလေ့လာသုံးသပ်ပြီး ပြည်သူ့အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အ စည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပြည်သူ့သဘောထား၊ ပြည် သူ့ဆန္ဒများည် ကောင်းမွန်အကျိုးရှိပါက ရဲရဲ့ဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ ဒုက္ခမ ရောက်စေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်တို့ကို ပါတီအနေဖြင့် တက် စွမ်းသမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
သတင်း။ ။ Weekly Eleven News Journal
No comments:
Post a Comment