Tuesday, January 17, 2012

ဖားကန့်ပြန်များအတွက် အကူအညီ


တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ဘူတာမှာ တွေ့ရတဲ့ NLD အလံနဲ့ ထမင်းထုတ်များ။ (photos: Reuters)

တထုတ်မှာတော့ ပိုက်ဆံ ပါပါတယ်။

ဒီအစားအစာတွေက ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ ပြန်လာတဲ့သူတွေကို ဝေငှဖို့ပါ တဲ့။

ရထားစောင့်နေတဲ့ ကောလင်း ဒေသခံများ


ကချင်ပြည်နယ်ထဲက ရပ်လို့ မရသေးတဲ့ တိုက်ခိုက်မှုတွေ ကျောက်စိမ်းတွင်းထဲအထိ ရောက်လာနိုင်တဲ့ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် အစုလိုက်အပြုံလိုက် ဆင်းလာကြတာပါ တဲ့။

ဒါကတော့ NLD အဖွဲ့ဝင်တချို့၊ ဒေသခံများ နဲ့ ဦးစောလှိုင် (၉၀ ရွေးကောက်ပွဲ အင်းတော်မဲဆန္ဒနယ်မှာ အရွေးခံရပြီး မကြာသေးခင်က ထောင်က ပြန်လွတ်လာသူ)




  ကောလင်းမြို့က သနပ်ခါးအဖွေးသားနဲ့ ကလေးတယောက် ပါးမှာ NLD တံဆိပ် ကပ်ထားပါတယ်။ ဖားကန့်က ပြန်လာတဲ့ အလုပ်သမားတွေကို အစာရေစာ ဝေငှဖို့ တနင်္ဂနွေနေ့က စောင့်နေကြတာပါ။ (ဓာတ်ပုံ - Reuters)

No comments: