Monday, January 2, 2012

လွတ်ငြိမ်းချမ်းသာခွင့် အပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအမြင်

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအမြင်

ကျော်ဇင်မန်း၊ ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 2 Jan, 2012
 
 ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၂ 

လွတ်ငြိမ်းချမ်းသာခွင့် အပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအမြင်ကို ဖော်ပြပေးလိုက်ပါသည်။
 
၈၈မျိုးဆက်ကျောင်းသားကိုကိုကြီး (စမ်းချောင်း)
 
ကိုကိုကြီး (စမ်းချောင်း)က သူ့အနေဖြင့် ယခု ကြေငြာချက်အား အံ့သြမိကြောင်း ၊သူ့အနေနှင့်၂၀၁၂ 

တွင် အများကြီးမျှော်လင့်ထားကြောင်း ပြောင်းလဲလိမ့်မည်ဟုလည်း ယူဆထားခဲ့ကြောင်း   

ယခုကြေငြာချက် အရ နှစ်အနည်းငယ်ကျခံနေရသူများသာ လွတ်မြောက်နိုင်ကြောင်း ပြောသည်။
 
` ကျနော်ကတော့ အညာခံရတယ်လို့ပဲ စိတ်ထဲမှာ ခံစားရတယ်ဗျာ။ ကျွန်တော်တင်မဟုတ်ဘူး၊ 

တစ်နိုင်ငံလုံးလဲ မဟုတ်ဘူး၊ ကမ္ဘာကြီးတောင်အညာခံရတယ်လို့ ယူဆတယ်ဗျာ။ ဟီလာရီကလင်တန်လဲ 

မတတ်နိုင်ဘူးလို့ ယူဆတာပေါ့ဗျာ။ မဖြစ်သင့်ပါဘူးဗျာ ´ ဟု ၎င်းကပြောသည်။
 
ကိုကိုကြီး စမ်းချောင်းသည် အောက်တိုဘာ ၁၂ ရက်နေ့၂၀၁၁ ခုနှစ်တွင် 

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည်။
 
 

ဇေယျာသော်( GW)
 
ယခုကြေငြာသွားသောသတင်းအရ  GW( Generation Wave)မှအဖွဲ့ဝင်များ ပါရှိသေးမည် 

မဟုတ်သေးကြောင်း မိမိတို့အဖွဲ့တွင် အများစုမှာ နှစ်ကြီးသမားများကြောင်း  GW အဖွဲ့ဝင် ဇေယျာသော် 

ကပြောသည်။
 

`ကျနော်တို့အဖွဲ့က လူတွေက နှစ်ကြီးသမားတွေပါ။ သူတို့ကို စာရင်းပြန်ပြုစုရဦးမယ် ဆိုတော့ 

ဘယ်သူတွေ ပါမလဲ ဆိုတာ ပြောနိုင်မယ်။စာရင်းပြုစုရင်လည်း ကျနော်တို့အဖွဲ့တခုတည်းကိုပဲပြုစုမှာ 

မဟုတ်ဘူး။ အားလုံးကို စာရင်းလုပ်မှာပါ`
 
 


ချစ်ကိုလင်း(၈၈ မျိုးဆက်ကျောင်းသား)
 
`ဒီသတင်းက ထောင်ထဲမှာ တစ်ရက် တစ်မနက်နေနေရတဲ့ သူတွေအတွက်တော့ ၀မ်းသာစရာပါ။ 

အမိန့်နဲ့ 

ပတ်သတ်လို့ သဘာဝမကျဘူး။ သူတို့ကို ချွင်းချက်မရှိ မလွှတ်ပေးသေးတဲ့အတွက် 

အများကြီးစိတ်မကောင်း ဖြစ်မိပါတယ် ´ ဟု ကပြောသည်။
 
 
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများအတွက် ထိုကဲ့သို့ အမိန့်မျိုးနှင့် ဘယ်လိုမှ 

အကျုံးမ၀င်ကြောင်း လွတ်မြောက်နိုင်စရာ မရှိသေးကြောင်း 

ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးလုပ်ကိုင်နေကြသူများအဖို့ ယခုလိုအခြေအနေမျိုးတွင် 

အသုံးချသင့်ကြောင်း မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက် 

ကျောင်းသားတစ်ဦးဖြစ်သည့် ကိုချစ်ကိုလင်း ကပြောသည်။
 

ယနေ့ ညနေ(၂.၁.၂၀၁၂) (၄)နာရီ (၂၀)ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သတ်သော 

ကြားဖြတ်သတင်း(Breaking news)အား MRTV-4 ရုပ်သံလိုင်းမှ ထုတ်ပြန်ကြေငြာသွားခဲ့ကြောင်း 

သိရသည်။
 



အဆိုပါကြော်ငြာချက်တွင် `၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန် 

ကြော်ငြာစာ အမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ                                             

  (က) သေဒဏ်ချမှတ်ပေးခြင်း ခံရသူများအတွက် 

ထောင်ဒဏ်နှစ်အကန့်အသတ်မရှိသို့ပြောင်းလဲကျခံစေရန်လည်းကောင်း။                                                                                                 
 (ခ) ထောင်ဒဏ် နှစ် ၃၀ အထက်၊ နှစ်အကန့်အသတ်မရှိနှင့် (ထောင်ဒဏ်တစ်သက်ကျခံနေရသည့် 

အကျဉ်းသားများမပါ)အား ထောင်ဒဏ်နှစ်(၃၀)သို့ လျော့ပေါ့ ကျခံစေရန်လည်းကောင်း  
  
 (ဂ) ထောင်ဒဏ်နှစ်(၂၀) အထက်မှ၊ ထောင်ဒဏ်နှစ်(၃၀)အထိ ကျခံနေရသည့် 

အကျဉ်းသားများအား ထောင်ဒဏ်နှစ်(၂၀)သို့ 

လျော့ပေါ့ကျခံစေရန်လည်းကောင်း                                                                          
  
 (ဃ)ထောင်ဒဏ်နှစ်(၂၀)အောက် ကျခံနေရသည့် အကျဥးသားများအား ယင်းတို့ကျခံနေသော 

ထောင်ဒဏ်၏ လေးပုံ တစ်ပုံအား လျော့ပေါ့ကျခံစေရန်လည်းကောင်း 

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်´ဟု ဖော်ပြပါရှိကြောင်း တွေ့ရသည်။

No comments: